ဟာသရုပ်ရှင်ကြည့်တာထပ်တောင် ပိုပြီးပျော်ရွှင်သွားစေမယ့် တိလေးတို့ရဲ့ ချစ်စရာဓာတ်ပုံများ

မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ သင့်ကိုတဝါးဝါး တဟားဟားရီမောစေဖို့အတွက် ဟာသပညာရှင်တွေပဲပြုလုပ်နိုင်တာမဟုတ်ပါဘူး။ သင့်ရဲ့အချစ်တော် တိလေးတွေကလည်း စိတ်ပျော်ရွှင်သွားစေဖို့ သူတို့တတ်သလောက် မျက်နှာပြောင်တတ်ကြပါသေးတယ်။ ဟာသရုပ်ရှင် ကြည့်သလိုမျိုး ပျော်ရွှင်စေမယ့်အပြင် စိတ်ချမ်းသာစေနိုင်မယ့် တိလေးတို့ရဲ့ ချစ်စရာဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ (ဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်းဖြစ်ပါသည်)

(၁)

တနင်္ဂနွေနေ့ညက အသေသောင်းကျန်းထားပြီး တနင်္လာနေ့မနက်ကျ ရုံးသွားဖို့ အိပ်ရာထတဲ့အခါမှာ ဖြစ်နေကြရုပ်…ဟုတ်တယ်မလား

(၂)

မ…အေး…ပါ..ဘူး။ အမွှေးလေး နည်းနည်းခဲသွားတာပါ။ ရေထဲကနေ ပြန်မခေါ်ပါနဲ့လို့

(၃)

အိမ်မြှောင်လေးက သူ့ကိုလည်း ချီသွားပေးပါလို့ ပြောလို့ပါ မေမေ..

(၄)

ရပါပြီ။ရပါပြီ။ တော်ပြီနော်…ဓာတ်ပုံတစ်ပုံပဲရိုက်လေနော်..

(၅)

ကိုယ်က ဓာတ်ပုံရိုက်တိုင်း ပေါတောတော ရိုက်တတ်ပေမယ့် သူငယ်ချင်းဖြစ်သူက ကျောက်ရုပ်လိုပဲ ရိုက်တတ်တဲ့အခါမှာတော့

(၆)

ဒီနယ်မြေမှာ ဆရာကြီးဆိုလို့ ငါတစ်ယောက်တည်းရှိတာကွ…

(၇)

ဘယ်လိုလုပ်ရတာလဲ သင်ပေးစမ်းပါအုံးကွ….အော်သိပြီ ငါလည်း လိုက်လုပ်မယ်

(၈)

မေမေရေ…မုန့်မုန့်လေ ..ဒီမှာ သားသားဗိုက်ဆာလို့ပါ။

(၉)

မှိုရလို့ ပျော်တဲ့ မျက်နှာ ဆိုတာ ဒါပါပဲ…တောအုပ်ထဲမှာ မှိုရှာတွေ့လို့ ပျော်တဲ့ ရုပ်လေးလေ။

(၁၀)

အရှေ့မှာ အီးပေါက်ပြီး ဖြစ်ပျက်နေတဲ့ ရုပ်ကို ကြည့်ပါအုံး..နောက်က ကောင်လေးက ရှုမိပြီးရင် ဖြစ်လာမယ့် ရုပ်လေး သိချင်ပါရဲ့

(၁၁)

ဓာတ်ပုံရိုက်မလို့ ပြုံးပြပါဆိုမှ မဲ့ပြနေရသလား ဘေဘီလေးရေ

(၁၂)

ပင်လယ်ဖျံနဲ့ သားသားနဲ့က အမျိုးမတော်ပါဘူး။ ဒါပေမယ့် ဘာလို့ ရုပ်သွားတူနေလဲ စဉ်းစားမရတော့ဘူးနော်။

(၁၃)

ပေါကြောင်ကြောင်ရုပ်လေးနဲ့ ချစ်ဖို့ကောင်းတယ်ဆိုတာ ဒီရုပ်မျိုးလေး….

(၁၄)

ဟေ့ရောင် မင်းခေါင်းပေါ်မှာဘာကြီးလဲမသိဘူး ကပ်နေတယ်ကွ..ဟေဟုတ်လား ဖယ်ပေးစမ်းပါအုံး

(၁၅)

ဒါနောက်ဆုံးအကြိမ်ပါဆိုပြီး ကောင်မလေးက ဓာတ်ပုံခဏခဏပြန်ရိုက်နေမှတော့ အာဝုလည်း စိတ်ဆိုးပြီးပေါ့

(၁၆)

ဟူးမန်းက ချစ်ဖို့ကောင်းလို့ဆိုပြီး ပန်ဒါလေးက မေးလေးထောက်ပြီး ကြည့်နေတာလေ

(၁၇)

ဒီဟူးမန်း တော်တော်စပ်စုပါလားဆိုပြီး ကိုလိပ်ကြီးက တွေးနေတာထင်ပါရဲ့

(၁၈)

မွေးနေ့သီချင်း ဆိုတာ မပြီးသေးဘူးလားလို့…အာဝု အရမ်းတွေသရေကျနေပြီလေ

(၁၉)

တံခါးအပေါက်လေးနောက်မှာ ဘာရှိလဲလို့ အာဝုက စပ်စုချင်ရုံပါပဲ။ မျက်နှာနဲ့ မဆန့်လို့ ပြန်ဆွဲထုတ်ပေးကြပါအုံး

(၂၀)

ဝက်ဝံလေးလား ခွေးယောင်ဆောင်ထားတဲ့ ဝက်ဝံလေးလားဟင်…

(၂၁)

အူလိမ့်နေအောင် ရယ်ရတယ်ဆိုတာကို နမူနာ လုပ်ပြနေတာပါနော်ကလေးက…

ချစ်စရာကောင်းတဲ့ တိလေးတွေရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး စိတ်တွေ ပြန်လန်းဆန်းလာမယ်ထင်ပါတယ်။ ကိုယ့်ရဲ့ အချစ်တော်လေးတွေရဲ့ အူယားစရာပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါအုံးနော်။

Written By Yoshi (Shwe Nyan Shin)
Ref:Brightside

  နဲ့