(Unicode)
တစ်ချိန်က WWE Superstars တစ်ယောက်ဖြစ်ခဲ့ပြီး နပန်းပွဲတွေ သတ်ပုတ်ခဲ့တဲ့ The Rock ခေါ် Dwayne Johnson တစ်ယောက်ဟာ ဟောလိဝုဒ်ရုပ်ရှင်လောကကို ရောက်ရှိလာချိန်မှာတော့ သူမတူတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူဟာ နှစ်စဉ်နှစ်တိုင်းလိုလို ရုပ်ရှင်ကားတွေကို စဉ်ဆက်မပြတ်ရိုက်ကူးနေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှုအများအပြားကို ရရှိထားသူလည်း ဖြစ်ပါတယ်။ ကမ္ဘာကျော် Forbes ကနေပြီး ဟောလိဝုဒ်မင်းသား၊ မင်းသမီးတွေရဲ့ တစ်နှစ်တာကာလ ရရှိတဲ့ ဝင်ငွေတွေအလိုက် ကမ္ဘာ့ဝင်ငွေအများဆုံးသရုပ်ဆောင်တွေကို ရွေးချယ်ပေးလေ့ရှိပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက ဒီလို ရွေးချယ်ခဲ့ရာမှာ ပထမဆုံးနေရာမှာ ရှိနေတာကတော့ Dwayne Johnson ပါ။ အခုတစ်ခေါက် ၂၀၂၀ မှာလည်း ထပ်မံ ရွေးချယ်ခဲ့ရာမှာလည်း Dwayne Johnson ပဲ နံပတ်တစ်နေရာမှာ ရှိနေဆဲပဲဖြစ်ပါတယ်။
Dwayne Johnson ဟာ (၁-ဇွန်-၂၀၁၉) ကနေပြီး (၁-ဇွန်-၂၀၂၀)အထိ ဝင်ငွေ ဒေါ်လာ ၈၇.၅ မီလျံထိ ရှိခဲ့ပါတယ်။ သူ့ရဲ့ ဝင်ငွေတွေရဲ့ ထက်ဝက်ကျော်ကျော်လောက်ဟာ ရုပ်ရှင်နယ်ပယ်ကနေ ရရှိတာဖြစ်ပြီး အဲဒီထဲမှာ Netflix ရဲ့ Red Notice ဆိုတဲ့ ရုပ်ရှင်ကားအတွက် ဒေါ်လာ ၂၃.၅ သန်းအထိ ပါဝင်ထားပါတယ်။ Dwayne Johnson ဟာ လက်ရှိအချိန်မှာတော့ Project Rock လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ကိုယ်ပိုင်အားကစားအဝတ်အထည်တွေကို ရောင်းချနေပါတယ်။
Forbes က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး သရုပ်ဆောင် ၁၀ ယောက်ရဲ့ တစ်နှစ်တာ ဝင်ငွေတွေ ပေါင်းလိုက်ရင် ဒေါ်လာ ၅၄၅.၅ မီလျံအထိ ရှိတယ်လို့ သိရပါတယ်။ အဲဒီပမာဏထဲက လေးပုံတစ်ပုံဟာ Netflix ကုမ္ပဏီဆီကလာတဲ့ ပိုက်ဆံတွေဖြစ်တယ်လို့ Forbes မဂ္ဂဇင်းက ရေးသားထားပါတယ်။
Ryan Reynolds ကတော့ ဒေါ်လာ ၇၁.၅ မီလျံနဲ့ နံပတ် (၂) ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်နေရာမှာ ရပ်တည်နေပါတယ်။ သူ့ တစ်နှစ်တာဝင်ငွေရဲ့ ထက်ဝက်လောက်က Netflix ကုမ္ပဏီဆီက ရရှိထားတာပဲ ဖြစ်ပါတယ်။ Mark Wahlberg ကတော့ ဒေါ်လာ ၅၈ မီလျံနဲ့ နံပတ် (၃) နေရာမှာရှိနေပြီး Ben Affleck က အဆင့် (၄) နဲ့ Vin Diesel က အဆင့်(၅) နေရာမှာ အသီးသီး ရှိနေပါတယ်။
ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ၁၀ ယောက်ထဲမှာ ဘောလိဝုဒ်မင်းသားတစ်ယောက်တော့ ရှားရှားပါးပါ ပါဝင်လာပါသေးတယ်။ အဲဒီသူကတော့ Akshay Kumar ဖြစ်ပြီး ဝင်ငွေ ဒေါ်လာ ၄၈.၅ မီလျံနဲ့ နံပတ် (၆ ) နေရာမှာရှိနေပါတယ်။ သူ့ရဲ့ ဝင်ငွေအများစုကတော့ ကြော်ငြာရိုက်ကူးရေးကိစ္စတွေဆီက လာတာဖြစ်တယ်လို့ Forbes မဂ္ဂဇင်းက သုံးသပ်ထားပါတယ်။
ဒီဝင်ငွေအကောင်းဆုံးသရုပ်ဆောင်များစာရင်းမှာ နာမည်ကျော် Hamilton ပြဇာတ်ကို ရေးသားခဲ့သူ Lin-Manuel Miranda , Will Smith , Adam Sandler နဲ့ Jackie Chanတို့လည်း ပါဝင်ပါတယ်။
(Zawgyi)
တစ္ခ်ိန္က WWE Superstars တစ္ေယာက္ျဖစ္ခဲ့ၿပီး နပန္းပြဲေတြ သတ္ပုတ္ခဲ့တဲ့ The Rock ေခၚ Dwayne Johnson တစ္ေယာက္ဟာ ေဟာလိဝုဒ္႐ုပ္ရွင္ေလာကကို ေရာက္ရွိလာခ်ိန္မွာေတာ့ သူမတူတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ သူဟာ ႏွစ္စဥ္ႏွစ္တိုင္းလိုလို ႐ုပ္ရွင္ကားေတြကို စဥ္ဆက္မျပတ္႐ိုက္ကူးေနတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး ပရိသတ္အားေပးမႈအမ်ားအျပားကို ရရွိထားသူလည္း ျဖစ္ပါတယ္။ ကမာၻေက်ာ္ Forbes ကေနၿပီး ေဟာလိဝုဒ္မင္းသား၊ မင္းသမီးေတြရဲ႕ တစ္ႏွစ္တာကာလ ရရွိတဲ့ ဝင္ေငြေတြအလိုက္ ကမာၻ႔ဝင္ေငြအမ်ားဆုံးသ႐ုပ္ေဆာင္ေတြကို ေ႐ြးခ်ယ္ေပးေလ့ရွိပါတယ္။ ၂၀၁၉ ခုႏွစ္တုန္းက ဒီလို ေ႐ြးခ်ယ္ခဲ့ရာမွာ ပထမဆုံးေနရာမွာ ရွိေနတာကေတာ့ Dwayne Johnson ပါ။ အခုတစ္ေခါက္ ၂၀၂၀ မွာလည္း ထပ္မံ ေ႐ြးခ်ယ္ခဲ့ရာမွာလည္း Dwayne Johnson ပဲ နံပတ္တစ္ေနရာမွာ ရွိေနဆဲပဲျဖစ္ပါတယ္။
Dwayne Johnson ဟာ (၁-ဇြန္-၂၀၁၉) ကေနၿပီး (၁-ဇြန္-၂၀၂၀)အထိ ဝင္ေငြ ေဒၚလာ ၈၇.၅ မီလ်ံထိ ရွိခဲ့ပါတယ္။ သူ႔ရဲ႕ ဝင္ေငြေတြရဲ႕ ထက္ဝက္ေက်ာ္ေက်ာ္ေလာက္ဟာ ႐ုပ္ရွင္နယ္ပယ္ကေန ရရွိတာျဖစ္ၿပီး အဲဒီထဲမွာ Netflix ရဲ႕ Red Notice ဆိုတဲ့ ႐ုပ္ရွင္ကားအတြက္ ေဒၚလာ ၂၃.၅ သန္းအထိ ပါဝင္ထားပါတယ္။ Dwayne Johnson ဟာ လက္ရွိအခ်ိန္မွာေတာ့ Project Rock လို႔ အမည္ေပးထားတဲ့ သူ႔ရဲ႕ ကိုယ္ပိုင္အားကစားအဝတ္အထည္ေတြကို ေရာင္းခ်ေနပါတယ္။
Forbes က ထုတ္ျပန္လိုက္တဲ့ ကမာၻ႔ဝင္ေငြအေကာင္းဆုံး သ႐ုပ္ေဆာင္ ၁၀ ေယာက္ရဲ႕ တစ္ႏွစ္တာ ဝင္ေငြေတြ ေပါင္းလိုက္ရင္ ေဒၚလာ ၅၄၅.၅ မီလ်ံအထိ ရွိတယ္လို႔ သိရပါတယ္။ အဲဒီပမာဏထဲက ေလးပုံတစ္ပုံဟာ Netflix ကုမၸဏီဆီကလာတဲ့ ပိုက္ဆံေတြျဖစ္တယ္လို႔ Forbes မဂၢဇင္းက ေရးသားထားပါတယ္။
Ryan Reynolds ကေတာ့ ေဒၚလာ ၇၁.၅ မီလ်ံနဲ႔ နံပတ္ (၂) ဝင္ေငြအေကာင္းဆုံး သ႐ုပ္ေဆာင္ေနရာမွာ ရပ္တည္ေနပါတယ္။ သူ႔ တစ္ႏွစ္တာဝင္ေငြရဲ႕ ထက္ဝက္ေလာက္က Netflix ကုမၸဏီဆီက ရရွိထားတာပဲ ျဖစ္ပါတယ္။ Mark Wahlberg ကေတာ့ ေဒၚလာ ၅၈ မီလ်ံနဲ႔ နံပတ္ (၃) ေနရာမွာရွိေနၿပီး Ben Affleck က အဆင့္ (၄) နဲ႔ Vin Diesel က အဆင့္(၅) ေနရာမွာ အသီးသီး ရွိေနပါတယ္။
ကမာၻ႔ဝင္ေငြအေကာင္းဆုံး ၁၀ ေယာက္ထဲမွာ ေဘာလိဝုဒ္မင္းသားတစ္ေယာက္ေတာ့ ရွားရွားပါးပါ ပါဝင္လာပါေသးတယ္။ အဲဒီသူကေတာ့ Akshay Kumar ျဖစ္ၿပီး ဝင္ေငြ ေဒၚလာ ၄၈.၅ မီလ်ံနဲ႔ နံပတ္ (၆ ) ေနရာမွာရွိေနပါတယ္။ သူ႔ရဲ႕ ဝင္ေငြအမ်ားစုကေတာ့ ေၾကာ္ျငာ႐ိုက္ကူးေရးကိစၥေတြဆီက လာတာျဖစ္တယ္လို႔ Forbes မဂၢဇင္းက သုံးသပ္ထားပါတယ္။
ဒီဝင္ေငြအေကာင္းဆုံးသ႐ုပ္ေဆာင္မ်ားစာရင္းမွာ နာမည္ေက်ာ္ Hamilton ျပဇာတ္ကို ေရးသားခဲ့သူ Lin-Manuel Miranda , Will Smith , Adam Sandler နဲ႔ Jackie Chanတို႔လည္း ပါဝင္ပါတယ္။