သင်မသိသေးတဲ့ မင်းသားကြီးစတားလုံးရဲ့ အရှုံးမပေးခဲ့တဲ့ စိတ်ဓာတ်အကြောင်း

အခုအချိန်မှာဆိုရင်တော့ စတားလုံးဆိုတာ မြန်မာပြည်က ရုပ်ရှင်ကြည့်ပရိသတ်တွေရင်းနှီးနေပြီးသား လူတစ်ယောက်ဖြစ်ပါတယ်။ စတားလုံးဟာ ဟိုးအရင်ကတည်းကနေ နာမည်ကျော်အက်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်ပြီး အခုအချိန်အထိလည်း ရုပ်ရှင်ကားတွေကို မရပ်မနားဆက်လက်ဖန်တီးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့မှာတော့ စတားလုံးတစ်ယောက် ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်ပြီး အရှုံးမပေးတဲ့ဇွဲလုံလနဲ့ ဒီလို နေရာကို ရောက်ရှိလာခဲ့သလဲဆိုတာကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

သူ့ရဲ့ ထူးခြားတဲ့ စကားပြောဟန်နောက်ကွယ်က တကယ့်အဖြစ်အပျက်

စတားလုံးဟာ ရဲ့ ဖြတ်သန်းလာခဲ့တဲ့ ဘဝက ထင်ထားတာထက် ပိုကြမ်းတမ်းခဲ့ပါတယ်။ စတားလုံးလို့ဆိုလိုက်တာနဲ့ သူ့ရဲ့ အမှတ်သင်္ကေတတစ်ခုလိုဖြစ်နေတဲ့ သူ့ရဲ့ပါးစပ်ဟန်ပန်နဲ့ စကားပြောပုံကို မြင်မိကြမှာပါ။ အဲဒီ ထူးခြားတဲ့ ပါးစပ်ပုံစံက တစ်ဖက်ကို စောင်းနေတဲ့ ပုံဖြစ်ပြီး ဒီလိုဖြစ်ခဲ့ရတာကလည်း သူ ဟန်ဆောင်ပြီးတော့ သက်သက်မဲ့ စတိုင်ထုတ် ပြောနေခဲ့တာမဟုတ်ပါဘူး။
သူ မွေးဖွားစဉ်အချိန်တုန်းက မွေးခန်းအတွင်းမှာပဲ သူနာပြုဆရာမတစ်ယောက်ရဲ့ အမှားတစ်ခုကြောင့် သူ့ရဲ့ မျက်နှာက မတော်တဆ ထိခိုက်မိခဲ့ပါတယ်။ ဒီထိခိုက်မှုဟာ ပြန်ပြင်လို့မရတော့တဲ့ သေရာပါဒဏ်ရာတစ်ခုဖြစ်သွားခဲ့ပြီး အကျိုးဆက်ကတော့ ယခုမြင်တွေ့နေရတဲ့ စတားလုံးရဲ့ မျက်နှာဟန်ပန်အတိုင်းဖြစ်လာခဲ့တာပါ။ သူ့ရဲ့ နှုတ်ခမ်း၊ လျှာနဲ့ မေးရိုးတို့ဟာ ပုံမှန်အနေအထားမဟုတ်တော့ဘဲ အခုလို မြင်တွေ့နေတဲ့အတိုင်းဖြစ်လာခဲ့ပါတော့တယ်။ ဒါကြောင့် စတာလုံးက စကားပြောရင် အခြားသူတွေကို စောင်းမြောင်း ပြီး ရွဲ့ကာ မဲ့ကာပြောဆိုတာမျိုး မဟုတ်ခဲ့ပါဘူး။

 

View this post on Instagram

 

A post shared by Sly Stallone (@officialslystallone) on

စကားလုံးရဲ့ ကြမ်းတမ်းတဲ့ ခရီးလမ်းကြောင်းအစ

မင်းသားကြီး စတားလုံးက ကျောင်းသားဘဝမှာကတည်းက ရုပ်ရှင်ကားတချို့မှာ ဖြတ်လျှောက်အနေနဲ့လည်း သရုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ သူ့အတွက်တော့ ရုပ်ရှင်လောကထဲကို ပထမဆုံး ဝင်ရောက်ခြင်းတစ်ခုသာဖြစ်တယ်လို့ဆိုရမှာပါ။ ၁၉၆၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Downhill Racer ဆိုတဲ့ ရုပ်ရှင်ကားမှာတော့ သူ့ကို ဖြတ်လျှောက်တစ်ယောက်အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူ ပထမဆုံး မင်းသားတစ်ယောက်အဖြစ် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ အက်ရှင်ကားတစ်ကားတော့မဟုတ်ပါဘူး။ သူဟာ ညစ်ညမ်းရုပ်ရှင်နွယ်တဲ့ ရုပ်ရှင်ကားတစ်ကားမှာ မင်းသားတစ်ယောက်အဖြစ် ပထမဆုံး စတင် သရုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ ရုပ်ရှင်ကားအတွက် သူဟာ ဒေါ်လာ ၂၀၀ လောက်သာ သရုပ်ဆောင်ခ ရရှိခဲ့ပါတယ်။

အဆိုပါရုပ်ရှင်ကားရိုက်ပြီးသွားချိန်မှာတော့ ပြဿနာတွေ စတက်လာပါတော့တယ်။ သူ ငှားရမ်းနေထိုင်နေတဲ့ အိမ်ပိုင်ရှင်ဟာ စတားလုံးတစ်ယောက် ဒီလို ညစ်ညမ်းကားထဲမှာ သရုပ်ဆောင်နေတယ်ဆိုတာကို သိသွားချိန်မှာတော့ အိမ်ကနေ ချက်ချင်းပဲ နှင်ချခဲ့ပါတယ်။
ဒီအချိန်က စပြီး စကားလုံးဟာ သွားစရာအိမ်မရှိတော့ဘဲ လမ်းပေါ်မှာ ရက်ပေါင်းများစွာ အိမ်ရာမဲ့တစ်ယောက်ဖြစ်ခဲ့ပါတယ်။ လမ်းတွေပေါ်မှာ လျှောက်သွားကာ နေစရာနေရာလည်း မရှိတော့တဲ့သူဟာ အိမ်ရာမဲ့တစ်ယောက်ဘဝကို ရောက်ရှိသွားခဲ့ပြီး ၂၄ နာရီပြေးနေတဲ့ ဘတ်စ်ကားလိုင်းတွေပေါ်မှာပဲ အိပ်စက်ရတဲ့ လူတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ ဒီလိုခက်ခဲကြမ်းတမ်းတဲ့ အချိန်ကို စတားလုံးတစ်ယောက်ပြန်ပြောပြခဲ့တုန်းက သူ့အနေနဲ့ အဲဒီအချိန်တုန်းက ရုပ်ရှင်ကားတစ်ကား ရိုက်ရရင်ရိုက်ရ ၊ မရိုက်နိုင်ခဲ့ဘူးဆိုရင် သူ ဓါးပြတိုက်ဖို့ ဝန်လေးမှာ မဟုတ်ဘူးလို့တောင် ဝန်ခံခဲ့ပါတယ်။
သူ့ရဲ့ အနားနားမှာ သူ ပိုင်ဆိုင်တဲ့ အရာဆိုလို့ သူ့ရဲ့ အချစ်တော်ခွေးတစ်ကောင်ပဲ ကျန်ရှိခဲ့ပါတော့တယ်။ နောက်ဆုံး ငတ်ပြတ်မှုဒဏ်ကို မခံနိုင်တဲ့အဆုံးမှာတော့ အရက်ဆိုင်တစ်ဆိုင်မှာပဲ သူ့ရဲ့ အချစ်တော်ခွေးကို ၂၅ ဒေါ်လာနဲ့ သူစိမ်းတစ်ယောက်ကို ရောင်းခဲ့ပါတော့တယ်။ အဆိုပါ ခွေးလေးဟာ သူ့ဘဝအတွက် အရေးပါတဲ့ခွေးလေးတစ်ကောင်ဖြစ်ပြီး ဒီလိုရောင်းချခဲ့ရတာကြောင့် စတားလုံးဟာ အပြင်းအထန်ကို ငိုကြွေးပူဆွေးခဲ့ရပါတယ်။

ရုပ်ရှင်ဇာတ်ညွှန်းကောင်းကောင်းရေးတတ်ဖို့ ဘယ်လိုပြင်ဆင်ခဲ့သလဲ

ဘဝရဲ့ အခက်အခဲဆုံးအချိန်ကိုရောက်ရှိနေခဲ့တဲ့ စတားလုံး ဟာ ငွေကြေးအတွက် ရရာအလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့ရပါသေးတယ်။ သူ လုပ်ခဲ့တဲ့ အလုပ်တွေထဲမှာ တိရစ္ဆာန်ရုံသန့်ရှင်းရေးသမားတစ်ယောက်အဖြစ်လည်း လုပ်ကိုင်ခဲ့ရပါသေးတယ်။ ဧည့်ကြိုအဖြစ် သူ အလုပ်လုပ်ချိန်မှာတော့ သူဟာ ဝင်ခွင့်လက်မှတ်တွေကို မသမာမှုတစ်ခုပြုလုပ်ခဲ့တာကြောင့် အလုပ်ကနေလည်း အထုတ်ခံခဲ့ရပါသေးတယ်။ ဒီလိုမျိုး ခက်ခဲကြမ်းတမ်းတဲ့ ဘဝတစ်ခုကို ရောက်ရှိနေခဲ့ပေမယ့် သူက ဘဝရှေ့ရေးအတွက်တော့ အမြဲတမ်းပြင်ဆင်နေခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အားလပ်ချိန်တွေတိုင်း အနီးတစ်ဝိုက်က စာကြည့်တိုက်တွေဆီကို သွားပြီး စာအရေးအသားတချို့ကိုသွားလေ့လာခဲ့ပါတယ်။ ဒီလိုမျိုး စာပေပညာရပ်တွေအပေါ်မှာ အချိန်ပေးပြီး လေ့လာခြင်းက နောင်တစ်ချိန်မှာတော့ သူ့ကို ရုပ်ရှင်ဇာတ်ညွှန်းကောင်းကောင်းရေးတတ်တဲ့ မင်းသားတစ်ယောက်ဖြစ်လာစေခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Sly Stallone (@officialslystallone) on

အပယ်ခံဖြစ်ခဲ့ရသူ

စတားလုံးဟာ သူ့ရဲ့ ဘဝတစ်လျှောက်လုံး အဆင်မပြေမှုတွေချည်းပဲ ဆက်တိုက်ကြုံတွေ့ခဲ့ရတာလို့ ပြောလို့ရပါတယ်။ အဆင်မပြေမှုတွေ၊ နေစရာနေရာမရှိမှုတွေ၊ ငွေကြေးပြတ်လတ်ခြင်းတွေ၊ ငတ်မွတ်ခြင်းဒဏ်တွေကို အပြင်းအထန်ခံစားခဲ့ရပြီး မျှော်လင့်ချက်မဲ့တဲ့ ဘဝတစ်ခုကို ဖြတ်သန်းခဲ့ရသူပဲဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်လောကထဲမှာ နာမည်တစ်လုံးရဖို့အတွက် အပြင်းအထန်ကြိုးစားခဲ့ပေမယ့် ရုပ်ရှင်ဒါရိုက်တာတွေ ၊ ရုပ်ရှင်ရိုက်ကူးရေးကုမ္ပဏီတချို့က သူ့ကို ပြင်းပြင်းထန်ထန်ငြင်းဆန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာတော့ နာမည်ကျော် Godfather (ဂေါ့ထ် ဖားသား) ရုပ်ရှင်ကားမှာ သရုပ်ဆောင်တစ်ယောက် ပါဝင်ဖို့အတွက်လည်း ကြိုးစားခဲ့ပါသေးတယ်။ Godfather ဒါရိုက်တာဖြစ်သူ နဲ့ ရိုက်ကူးရေးကုမ္ပဏီတို့က စကားလုံးအနေနဲ့ ဒီ ရုပ်ရှင်အတွက်မသင့်တော်ဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် Godfather ရုပ်ရှင်ကားနဲ့ လွဲချော်ခဲ့ရပါတယ်။

 

 

View this post on Instagram

 

A post shared by Sly Stallone (@officialslystallone) on

ဖြတ်လျှောက်ဘဝကနေ အောင်မြင်မှု လမ်းဆီသို့

အဆင်မပြေမှုတွေ၊ အရှုံးတွေနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ စကာလုံးဟာ ရုပ်ရှင်လောကကိုတော့ စိတ်ပျက်မသွားခဲ့ပါဘူး။ ရုပ်ရှင်တစ်ကားမှာပါရမယ်ဆိုရင် ဘယ်နေရာက ပါရ၊ ပါရ ဆိုတဲ့ စိတ်ဓာတ်နဲ့ တကယ့်နာမည်ကျော် ရုပ်ရှင်ကားတွေရဲ့ ဖြတ်လျှောက်နေရာတချို့မှာ သရုပ်ဆောင်ခဲ့ပါတယ်။ သူဖြတ်လျှောက်အဖြစ် သရုပ်ဆောင်ခဲ့ရတဲ့ ရုပ်ရှင်ကားတွေထဲမှာ နာမည်ကျော်ရုပ်ရှင်ကားတွေအများအပြားပါဝင်ပြီး အဲဒီရုပ်ရှင်ကားတွေထဲမှာ သူဟာ မျက်နှာမပေါ်တဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ်သာ အဖြည့်ခံ သရုပ်ဆောင်ခဲ့ရပါတယ်။ တစ်ခါတစ်ရံမှာတော့ နာမည်ကျော်မင်းသားကြီးတွေရဲ့ အရက်ဝိုင်းတွေကို အရက်လာချပေးတဲ့ စားပွဲထိုးနေရာတွေမှာလည်း စတားလုံးကို မြင်တွေ့နိုင်ပါသေးတယ်။ ဒီလိုမျိုး ကျရှုံးမှုတွေ၊ လူမသိ သူမသိ ဖြတ်လျှောက်ဘဝနဲ့ ရင်ဆိုင်နေရတဲ့ စတားလုံးအတွက်တော့ ကမ္ဘာကျော်မင်းသားတစ်ယောက်အဖြစ် ဖြစ်လာစေမယ့် အခွင့်အလမ်းတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။
တစ်နေ့မှာတော့ သူဟာ တီဗွီကြည့်နေရင်းမှာပဲ ထိုအချိန်က နာမည်ကြီးနေခဲ့တဲ့ လက်ဝှေ့ကျော် မိုဟာမက်အလီရဲ့ လက်ဝှေ့ပွဲတစ်ခုကို အမှတ်မထင်ကြည့်ရှု့ခဲ့ရပါတယ်။ အဲဒီ လက်ဝှေ့ပွဲကို ကြည့်ပြီး စိတ်ကူးတစ်ခုရသွားကာ စတာလုံးက လက်ဝှေ့နဲ့ သက်ဆိုင်တဲ့ ရုပ်ရှင်ဇာတ်ညွှန်းတစ်ခုကို စတင်ဖန်တီးရေးသားလာခဲ့ပါတယ်။ အဆိုပါ ဇာတ်ညွှန်းကတော့ နောင်တစ်ချိန်မှာ ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ အထင်ကရ ရုပ်ရှင်ကားတစ်ကားဖြစ်လာမယ့် ရော်ကီ(Rocky) ဇာတ်ကား ပဲ ဖြစ်ပါတယ်။

Rocky ဇာတ်ညွှန်းကို စတားလုံးဟာ နာရီ ၂၀အတွင်းမှာပဲ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စာကြည့်တိုက်တွေမှာ သင်ယူလေ့လာခဲ့တဲ့ စာပေပညာရပ်တွေက Rocky ဇာတ်ညွန်းရေးသားရာမှာ အကောင်းဆုံးအထောက်အကူတစ်ခုဖြစ်လာခဲ့ပါတယ်။ Rocky ဇာတ်ညွှန်းရေးသားပြီးပြီးချင်းမှာပဲ သူဟာ ရုပ်ရှင်ရိုက်ကူးရေးကုမ္ပဏီတွေဆီကို သူ့ရဲ့ ဇာတ်ညွှန်း သွားရောင်းခဲ့ပါတယ်။

ဒီလို ရောင်းချရာမှာလည်း ဇာတ်ညွှန်းကို ဒေါ်လာ တစ်သိန်း နှစ်သောင်း ငါးထောင်နဲ့ စတင်ရောင်းချခဲ့ပြီး ရုပ်ရှင်ကုမ္ပဏီတွေဆီကို သူ့ဘက်က တောင်းဆိုမှုတစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒါကတော့ သူ့ရဲ့ ဇာတ်ညွှန်းအတိုင်းရိုက်မယ့်ရုပ်ရှင်မှာ သူကိုယ်တိုင်ပဲ ခေါင်းဆောင်မင်းသားတင်ပြီး ရိုက်ဖို့ပဲ ဖြစ်ပါတယ်။
ရုပ်ရှင်စတူဒီယိုဘက်ကတော့ သူရေးလာတဲ့ ဇာတ်ညွှန်းကို သဘောကျခဲ့ပေမယ့် စကားလုံးကို မင်းသားနေရာမှာ ထားပြီး သရုပ်ဆောင်ဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ သူ့ရဲ့မျက်နှာပေါက်ဟာ ရယ်ရတဲ့မျက်နှာပေါက်ဖြစ်ပြီး စကားပြောရမှာလည်း အဆင်မပြေတဲ့အတွက်ဆိုပြီး ရုပ်ရှင်လူကြီးတွေက စတားလုံးကို ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ စတားလုံးဟာ သူ့ကို မင်းသားအဖြစ် တင်မရိုက်ရင် သူ့ဇာတ်ညွှန်းကိုလည်း မရောင်းချနိုင်ဘူးဆိုပြီး စတူဒီယိုအပြင်ဘက်ကို ထွက်လာခဲ့ပါတော့တယ်။ သူ ရေးထားတဲ့ဇာတ်ညွှန်းဟာ ဟောလိဝုဒ်ရုပ်ရှင်လောကမှာ တစ်ခါမှ မရှိသေးတဲ့ ထူးခြားတဲ့ ဇာတ်ညွှန်းတစ်ခုလည်း ဖြစ်ပါတယ်။
ရုပ်ရှင်စတူဒီယိုဘက်ကလည်း အဆိုပါ ဇာတ်ညွှန်းအတွက် ဒေါ်လာ ၂သိန်းခွဲအထိ ဈေးတင်ပြီး ဝယ်ယူခဲ့ပေမယ့် သူ သရုပ်ဆောင်ခွင့် မရတဲ့အတွက် ဇာတ်ညွန်းကို ရောင်းချခဲ့ပါဘူး။ နောက်ထပ် ဒေါ်လာ ၃သိန်းခွဲအထိ ရုပ်ရှင်စတူဒီယိုက ထပ်တိုးပြီး ကမ်းလှမ်းခဲ့ပေယ့် သူ ကိုယ်တိုင် သရုပ်ဆောင်အဖြစ် ရိုက်ကူးခွင့်မရှိတာကြောင့် ငြင်းဆန်ခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ ရုပ်ရှင်ကုမ္ပဏီဘက်ကနေပြီး အဲဒီဇာတ်ညွှန်းကို ဒေါ်လာတစ်သန်းပေးပြီး ရုပ်ရှင်ရိုက်ကူးဖို့ ဝယ်ယူခဲ့ပြီး စတားလုံးကိုလည်း အဲဒီရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ခွင့်ကိုပါ ပေးခဲ့ပါတယ်။

ဝင်ငွေများစွာ ရရှိသွားပြီ ဖြစ်တဲ့ စတားလုံး က အရက်ဆိုင်တစ်ဆိုင်ထဲမှာ ရောင်းခဲ့တဲ့ သူ့ရဲ့ အချစ်တော်ခွေးလေးကို ပြန်သွားဝယ်ခဲ့ပါတယ်။ သူက အဲဒီအရက်ဆိုင်ရှေ့မှာပဲ တစ်နေကုန်ထိုင်စောင့်နေပြီး သူ့ခွေးဝယ်သွားတဲ့ လူလာတာကို စောင့်နေခဲ့ပါတယ်။ တတိယမြောက်နေ့မှာပဲ ခွေးပိုင်ရှင်ရောက်လာတာကြောင့် သူ့ရဲ့ ခွေးကို ပြန်ဝယ်ယူချင်ကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ခွေးပိုင်ရှင်က သူ့ရဲ့ ခွေးကို စတားလုံးကို ပြန်မရောင်းခဲ့ပါဘူး။ ဒါကြောင့် စတားလုံးက သူ့ရဲ့ အချစ်တော်ခွေးလေးကို ပိုင်ရှင်အသစ်ဆီကနေ ဒေါ်လာ တစ်သောင်းခွဲပေးပြီး ပြန်ယူလာခဲ့ပါတယ်။ တစ်ချိန်က ၂၅ ဒေါ်လာနဲ့ ရောင်းချခဲ့တဲ့ ခွေးလေးဟာ ပြန်ဝယ်ယူလိုက်ချိန်မှာတော့ အဆပေါင်းများစွာပေးပြီး ပြန်ဝယ်ခဲ့ရတာပဲဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Sly Stallone (@officialslystallone) on

သူ့ရဲ့ Rocky ရုပ်ရှင်ရုံတင်ပြသပြီးချိန်မှာတော့ ထင်မထားလောက်အောင် အောင်မြင်မှုတွေ ရရှိခဲ့ပြီး အော်စကာဆုအတွက် ကိုးနေရာမှာ ဇကာတင်စာရင်းဝင်ခဲ့ကာ ဒေါ်လာသန်း ၂၀၀ လောက်ဝင်ငွေပြန်လည် ရရှိခဲ့ပါတယ်။ အဲဒီ Rocky ရုပ်ရှင်အောင်မြင်ပြီးသွားချိန်မှာတော့ စတားလုံးလည်း ကမ္ဘာကျော်မင်းသားတစ်ယောက်ဖြစ်သွားခဲ့ပြီး နောက်ပိုင်းမှာတော့ ရမ်ဘို လို နာမည်ကြီးရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတော့တယ်။

 

(Zawgyi)

 

သင္မသိေသးတဲ့ မင္းသားႀကီးစတားလုံးရဲ႕ အရႈံးမေပးခဲ့တဲ့ စိတ္ဓာတ္အေၾကာင္း

အခုအခ်ိန္မွာဆိုရင္ေတာ့ စတားလုံးဆိုတာ ျမန္မာျပည္က ႐ုပ္ရွင္ၾကည့္ပရိသတ္ေတြရင္းႏွီးေနၿပီးသား လူတစ္ေယာက္ျဖစ္ပါတယ္။ စတားလုံးဟာ ဟိုးအရင္ကတည္းကေန နာမည္ေက်ာ္အက္ရွင္ကားေတြကို ႐ိုက္ကူးခဲ့တဲ့ မင္းသားတစ္ေယာက္ျဖစ္ၿပီး အခုအခ်ိန္အထိလည္း ႐ုပ္ရွင္ကားေတြကို မရပ္မနားဆက္လက္ဖန္တီးေနသူတစ္ေယာက္လည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီကေန႔မွာေတာ့ စတားလုံးတစ္ေယာက္ ဘယ္လိုအခက္အခဲေတြကို ေက်ာ္ျဖတ္ၿပီး အရႈံးမေပးတဲ့ဇြဲလုံလနဲ႔ ဒီလို ေနရာကို ေရာက္ရွိလာခဲ့သလဲဆိုတာကို ေျပာျပေပးသြားမွာပဲျဖစ္ပါတယ္။

သူ႔ရဲ႕ ထူးျခားတဲ့ စကားေျပာဟန္ေနာက္ကြယ္က တကယ့္အျဖစ္အပ်က္

စတားလုံးဟာ ရဲ႕ ျဖတ္သန္းလာခဲ့တဲ့ ဘဝက ထင္ထားတာထက္ ပိုၾကမ္းတမ္းခဲ့ပါတယ္။ စတားလုံးလို႔ဆိုလိုက္တာနဲ႔ သူ႔ရဲ႕ အမွတ္သေကၤတတစ္ခုလိုျဖစ္ေနတဲ့ သူ႔ရဲ႕ပါးစပ္ဟန္ပန္နဲ႔ စကားေျပာပုံကို ျမင္မိၾကမွာပါ။ အဲဒီ ထူးျခားတဲ့ ပါးစပ္ပုံစံက တစ္ဖက္ကို ေစာင္းေနတဲ့ ပုံျဖစ္ၿပီး ဒီလိုျဖစ္ခဲ့ရတာကလည္း သူ ဟန္ေဆာင္ၿပီးေတာ့ သက္သက္မဲ့ စတိုင္ထုတ္ ေျပာေနခဲ့တာမဟုတ္ပါဘူး။
သူ ေမြးဖြားစဥ္အခ်ိန္တုန္းက ေမြးခန္းအတြင္းမွာပဲ သူနာျပဳဆရာမတစ္ေယာက္ရဲ႕ အမွားတစ္ခုေၾကာင့္ သူ႔ရဲ႕ မ်က္ႏွာက မေတာ္တဆ ထိခိုက္မိခဲ့ပါတယ္။ ဒီထိခိုက္မႈဟာ ျပန္ျပင္လို႔မရေတာ့တဲ့ ေသရာပါဒဏ္ရာတစ္ခုျဖစ္သြားခဲ့ၿပီး အက်ိဳးဆက္ကေတာ့ ယခုျမင္ေတြ႕ေနရတဲ့ စတားလုံးရဲ႕ မ်က္ႏွာဟန္ပန္အတိုင္းျဖစ္လာခဲ့တာပါ။ သူ႔ရဲ႕ ႏႈတ္ခမ္း၊ လွ်ာနဲ႔ ေမး႐ိုးတို႔ဟာ ပုံမွန္အေနအထားမဟုတ္ေတာ့ဘဲ အခုလို ျမင္ေတြ႕ေနတဲ့အတိုင္းျဖစ္လာခဲ့ပါေတာ့တယ္။ ဒါေၾကာင့္ စတာလုံးက စကားေျပာရင္ အျခားသူေတြကို ေစာင္းေျမာင္း ၿပီး ႐ြဲ႕ကာ မဲ့ကာေျပာဆိုတာမ်ိဳး မဟုတ္ခဲ့ပါဘူး။

စကားလုံးရဲ႕ ၾကမ္းတမ္းတဲ့ ခရီးလမ္းေၾကာင္းအစ

မင္းသားႀကီး စတားလုံးက ေက်ာင္းသားဘဝမွာကတည္းက ႐ုပ္ရွင္ကားတခ်ိဳ႕မွာ ျဖတ္ေလွ်ာက္အေနနဲ႔လည္း သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါဟာ သူ႔အတြက္ေတာ့ ႐ုပ္ရွင္ေလာကထဲကို ပထမဆုံး ဝင္ေရာက္ျခင္းတစ္ခုသာျဖစ္တယ္လို႔ဆိုရမွာပါ။ ၁၉၆၉ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Downhill Racer ဆိုတဲ့ ႐ုပ္ရွင္ကားမွာေတာ့ သူ႔ကို ျဖတ္ေလွ်ာက္တစ္ေယာက္အျဖစ္ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သူ ပထမဆုံး မင္းသားတစ္ေယာက္အျဖစ္ ႐ိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္ကေတာ့ အက္ရွင္ကားတစ္ကားေတာ့မဟုတ္ပါဘူး။ သူဟာ ညစ္ညမ္း႐ုပ္ရွင္ႏြယ္တဲ့ ႐ုပ္ရွင္ကားတစ္ကားမွာ မင္းသားတစ္ေယာက္အျဖစ္ ပထမဆုံး စတင္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ အဆိုပါ ႐ုပ္ရွင္ကားအတြက္ သူဟာ ေဒၚလာ ၂၀၀ ေလာက္သာ သ႐ုပ္ေဆာင္ခ ရရွိခဲ့ပါတယ္။

အဆိုပါ႐ုပ္ရွင္ကား႐ိုက္ၿပီးသြားခ်ိန္မွာေတာ့ ျပႆနာေတြ စတက္လာပါေတာ့တယ္။ သူ ငွားရမ္းေနထိုင္ေနတဲ့ အိမ္ပိုင္ရွင္ဟာ စတားလုံးတစ္ေယာက္ ဒီလို ညစ္ညမ္းကားထဲမွာ သ႐ုပ္ေဆာင္ေနတယ္ဆိုတာကို သိသြားခ်ိန္မွာေတာ့ အိမ္ကေန ခ်က္ခ်င္းပဲ ႏွင္ခ်ခဲ့ပါတယ္။
ဒီအခ်ိန္က စၿပီး စကားလုံးဟာ သြားစရာအိမ္မရွိေတာ့ဘဲ လမ္းေပၚမွာ ရက္ေပါင္းမ်ားစြာ အိမ္ရာမဲ့တစ္ေယာက္ျဖစ္ခဲ့ပါတယ္။ လမ္းေတြေပၚမွာ ေလွ်ာက္သြားကာ ေနစရာေနရာလည္း မရွိေတာ့တဲ့သူဟာ အိမ္ရာမဲ့တစ္ေယာက္ဘဝကို ေရာက္ရွိသြားခဲ့ၿပီး ၂၄ နာရီေျပးေနတဲ့ ဘတ္စ္ကားလိုင္းေတြေပၚမွာပဲ အိပ္စက္ရတဲ့ လူတစ္ေယာက္ျဖစ္သြားခဲ့ပါတယ္။ ဒီလိုခက္ခဲၾကမ္းတမ္းတဲ့ အခ်ိန္ကို စတားလုံးတစ္ေယာက္ျပန္ေျပာျပခဲ့တုန္းက သူ႔အေနနဲ႔ အဲဒီအခ်ိန္တုန္းက ႐ုပ္ရွင္ကားတစ္ကား ႐ိုက္ရရင္႐ိုက္ရ ၊ မ႐ိုက္ႏိုင္ခဲ့ဘူးဆိုရင္ သူ ဓါးျပတိုက္ဖို႔ ဝန္ေလးမွာ မဟုတ္ဘူးလို႔ေတာင္ ဝန္ခံခဲ့ပါတယ္။
သူ႔ရဲ႕ အနားနားမွာ သူ ပိုင္ဆိုင္တဲ့ အရာဆိုလို႔ သူ႔ရဲ႕ အခ်စ္ေတာ္ေခြးတစ္ေကာင္ပဲ က်န္ရွိခဲ့ပါေတာ့တယ္။ ေနာက္ဆုံး ငတ္ျပတ္မႈဒဏ္ကို မခံႏိုင္တဲ့အဆုံးမွာေတာ့ အရက္ဆိုင္တစ္ဆိုင္မွာပဲ သူ႔ရဲ႕ အခ်စ္ေတာ္ေခြးကို ၂၅ ေဒၚလာနဲ႔ သူစိမ္းတစ္ေယာက္ကို ေရာင္းခဲ့ပါေတာ့တယ္။ အဆိုပါ ေခြးေလးဟာ သူ႔ဘဝအတြက္ အေရးပါတဲ့ေခြးေလးတစ္ေကာင္ျဖစ္ၿပီး ဒီလိုေရာင္းခ်ခဲ့ရတာေၾကာင့္ စတားလုံးဟာ အျပင္းအထန္ကို ငိုေႂကြးပူေဆြးခဲ့ရပါတယ္။

႐ုပ္ရွင္ဇာတ္ၫႊန္းေကာင္းေကာင္းေရးတတ္ဖို႔ ဘယ္လိုျပင္ဆင္ခဲ့သလဲ

ဘဝရဲ႕ အခက္အခဲဆုံးအခ်ိန္ကိုေရာက္ရွိေနခဲ့တဲ့ စတားလုံး ဟာ ေငြေၾကးအတြက္ ရရာအလုပ္မ်ိဳးစုံကို လုပ္ကိုင္ခဲ့ရပါေသးတယ္။ သူ လုပ္ခဲ့တဲ့ အလုပ္ေတြထဲမွာ တိရစာၦန္႐ုံသန႔္ရွင္းေရးသမားတစ္ေယာက္အျဖစ္လည္း လုပ္ကိုင္ခဲ့ရပါေသးတယ္။ ဧည့္ႀကိဳအျဖစ္ သူ အလုပ္လုပ္ခ်ိန္မွာေတာ့ သူဟာ ဝင္ခြင့္လက္မွတ္ေတြကို မသမာမႈတစ္ခုျပဳလုပ္ခဲ့တာေၾကာင့္ အလုပ္ကေနလည္း အထုတ္ခံခဲ့ရပါေသးတယ္။ ဒီလိုမ်ိဳး ခက္ခဲၾကမ္းတမ္းတဲ့ ဘဝတစ္ခုကို ေရာက္ရွိေနခဲ့ေပမယ့္ သူက ဘဝေရွ႕ေရးအတြက္ေတာ့ အၿမဲတမ္းျပင္ဆင္ေနခဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။ အားလပ္ခ်ိန္ေတြတိုင္း အနီးတစ္ဝိုက္က စာၾကည့္တိုက္ေတြဆီကို သြားၿပီး စာအေရးအသားတခ်ိဳ႕ကိုသြားေလ့လာခဲ့ပါတယ္။ ဒီလိုမ်ိဳး စာေပပညာရပ္ေတြအေပၚမွာ အခ်ိန္ေပးၿပီး ေလ့လာျခင္းက ေနာင္တစ္ခ်ိန္မွာေတာ့ သူ႔ကို ႐ုပ္ရွင္ဇာတ္ၫႊန္းေကာင္းေကာင္းေရးတတ္တဲ့ မင္းသားတစ္ေယာက္ျဖစ္လာေစခဲ့ပါတယ္။

အပယ္ခံျဖစ္ခဲ့ရသူ

စတားလုံးဟာ သူ႔ရဲ႕ ဘဝတစ္ေလွ်ာက္လုံး အဆင္မေျပမႈေတြခ်ည္းပဲ ဆက္တိုက္ႀကဳံေတြ႕ခဲ့ရတာလို႔ ေျပာလို႔ရပါတယ္။ အဆင္မေျပမႈေတြ၊ ေနစရာေနရာမရွိမႈေတြ၊ ေငြေၾကးျပတ္လတ္ျခင္းေတြ၊ ငတ္မြတ္ျခင္းဒဏ္ေတြကို အျပင္းအထန္ခံစားခဲ့ရၿပီး ေမွ်ာ္လင့္ခ်က္မဲ့တဲ့ ဘဝတစ္ခုကို ျဖတ္သန္းခဲ့ရသူပဲျဖစ္ပါတယ္။ သူဟာ ႐ုပ္ရွင္ေလာကထဲမွာ နာမည္တစ္လုံးရဖို႔အတြက္ အျပင္းအထန္ႀကိဳးစားခဲ့ေပမယ့္ ႐ုပ္ရွင္ဒါ႐ိုက္တာေတြ ၊ ႐ုပ္ရွင္႐ိုက္ကူးေရးကုမၸဏီတခ်ိဳ႕က သူ႔ကို ျပင္းျပင္းထန္ထန္ျငင္းဆန္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ၁၉၇၂ ခုႏွစ္မွာေတာ့ နာမည္ေက်ာ္ Godfather (ေဂါ့ထ္ ဖားသား) ႐ုပ္ရွင္ကားမွာ သ႐ုပ္ေဆာင္တစ္ေယာက္ ပါဝင္ဖို႔အတြက္လည္း ႀကိဳးစားခဲ့ပါေသးတယ္။ Godfather ဒါ႐ိုက္တာျဖစ္သူ နဲ႔ ႐ိုက္ကူးေရးကုမၸဏီတို႔က စကားလုံးအေနနဲ႔ ဒီ ႐ုပ္ရွင္အတြက္မသင့္ေတာ္ဘူးလို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ Godfather ႐ုပ္ရွင္ကားနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

ျဖတ္ေလွ်ာက္ဘဝကေန ေအာင္ျမင္မႈ လမ္းဆီသို႔

အဆင္မေျပမႈေတြ၊ အရႈံးေတြနဲ႔ ရင္ဆိုင္ေနခဲ့ရတဲ့ စကာလုံးဟာ ႐ုပ္ရွင္ေလာကကိုေတာ့ စိတ္ပ်က္မသြားခဲ့ပါဘူး။ ႐ုပ္ရွင္တစ္ကားမွာပါရမယ္ဆိုရင္ ဘယ္ေနရာက ပါရ၊ ပါရ ဆိုတဲ့ စိတ္ဓာတ္နဲ႔ တကယ့္နာမည္ေက်ာ္ ႐ုပ္ရွင္ကားေတြရဲ႕ ျဖတ္ေလွ်ာက္ေနရာတခ်ိဳ႕မွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ သူျဖတ္ေလွ်ာက္အျဖစ္ သ႐ုပ္ေဆာင္ခဲ့ရတဲ့ ႐ုပ္ရွင္ကားေတြထဲမွာ နာမည္ေက်ာ္႐ုပ္ရွင္ကားေတြအမ်ားအျပားပါဝင္ၿပီး အဲဒီ႐ုပ္ရွင္ကားေတြထဲမွာ သူဟာ မ်က္ႏွာမေပၚတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္သာ အျဖည့္ခံ သ႐ုပ္ေဆာင္ခဲ့ရပါတယ္။ တစ္ခါတစ္ရံမွာေတာ့ နာမည္ေက်ာ္မင္းသားႀကီးေတြရဲ႕ အရက္ဝိုင္းေတြကို အရက္လာခ်ေပးတဲ့ စားပြဲထိုးေနရာေတြမွာလည္း စတားလုံးကို ျမင္ေတြ႕ႏိုင္ပါေသးတယ္။ ဒီလိုမ်ိဳး က်ရႈံးမႈေတြ၊ လူမသိ သူမသိ ျဖတ္ေလွ်ာက္ဘဝနဲ႔ ရင္ဆိုင္ေနရတဲ့ စတားလုံးအတြက္ေတာ့ ကမာၻေက်ာ္မင္းသားတစ္ေယာက္အျဖစ္ ျဖစ္လာေစမယ့္ အခြင့္အလမ္းတစ္ခုေပၚေပါက္လာခဲ့ပါတယ္။
တစ္ေန႔မွာေတာ့ သူဟာ တီဗြီၾကည့္ေနရင္းမွာပဲ ထိုအခ်ိန္က နာမည္ႀကီးေနခဲ့တဲ့ လက္ေဝွ႔ေက်ာ္ မိုဟာမက္အလီရဲ႕ လက္ေဝွ႔ပြဲတစ္ခုကို အမွတ္မထင္ၾကည့္ရႈ႕ခဲ့ရပါတယ္။ အဲဒီ လက္ေဝွ႔ပြဲကို ၾကည့္ၿပီး စိတ္ကူးတစ္ခုရသြားကာ စတာလုံးက လက္ေဝွ႔နဲ႔ သက္ဆိုင္တဲ့ ႐ုပ္ရွင္ဇာတ္ၫႊန္းတစ္ခုကို စတင္ဖန္တီးေရးသားလာခဲ့ပါတယ္။ အဆိုပါ ဇာတ္ၫႊန္းကေတာ့ ေနာင္တစ္ခ်ိန္မွာ ေဟာလိဝုဒ္႐ုပ္ရွင္ေလာကရဲ႕ အထင္ကရ ႐ုပ္ရွင္ကားတစ္ကားျဖစ္လာမယ့္ ေရာ္ကီ(Rocky) ဇာတ္ကား ပဲ ျဖစ္ပါတယ္။

Rocky ဇာတ္ၫႊန္းကို စတားလုံးဟာ နာရီ ၂၀အတြင္းမွာပဲ ေရးသားခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ စာၾကည့္တိုက္ေတြမွာ သင္ယူေလ့လာခဲ့တဲ့ စာေပပညာရပ္ေတြက Rocky ဇာတ္ၫြန္းေရးသားရာမွာ အေကာင္းဆုံးအေထာက္အကူတစ္ခုျဖစ္လာခဲ့ပါတယ္။ Rocky ဇာတ္ၫႊန္းေရးသားၿပီးၿပီးခ်င္းမွာပဲ သူဟာ ႐ုပ္ရွင္႐ိုက္ကူးေရးကုမၸဏီေတြဆီကို သူ႔ရဲ႕ ဇာတ္ၫႊန္း သြားေရာင္းခဲ့ပါတယ္။

ဒီလို ေရာင္းခ်ရာမွာလည္း ဇာတ္ၫႊန္းကို ေဒၚလာ တစ္သိန္း ႏွစ္ေသာင္း ငါးေထာင္နဲ႔ စတင္ေရာင္းခ်ခဲ့ၿပီး ႐ုပ္ရွင္ကုမၸဏီေတြဆီကို သူ႔ဘက္က ေတာင္းဆိုမႈတစ္ခုကို ျပဳလုပ္ခဲ့ပါေသးတယ္။ အဲဒါကေတာ့ သူ႔ရဲ႕ ဇာတ္ၫႊန္းအတိုင္း႐ိုက္မယ့္႐ုပ္ရွင္မွာ သူကိုယ္တိုင္ပဲ ေခါင္းေဆာင္မင္းသားတင္ၿပီး ႐ိုက္ဖို႔ပဲ ျဖစ္ပါတယ္။
႐ုပ္ရွင္စတူဒီယိုဘက္ကေတာ့ သူေရးလာတဲ့ ဇာတ္ၫႊန္းကို သေဘာက်ခဲ့ေပမယ့္ စကားလုံးကို မင္းသားေနရာမွာ ထားၿပီး သ႐ုပ္ေဆာင္ဖို႔ကို ျငင္းဆန္ခဲ့ပါတယ္။ သူ႔ရဲ႕မ်က္ႏွာေပါက္ဟာ ရယ္ရတဲ့မ်က္ႏွာေပါက္ျဖစ္ၿပီး စကားေျပာရမွာလည္း အဆင္မေျပတဲ့အတြက္ဆိုၿပီး ႐ုပ္ရွင္လူႀကီးေတြက စတားလုံးကို ေခါင္းေဆာင္မင္းသားအျဖစ္ ႐ိုက္ကူးဖို႔ ျငင္းဆန္ခဲ့ၾကပါတယ္။ စတားလုံးဟာ သူ႔ကို မင္းသားအျဖစ္ တင္မ႐ိုက္ရင္ သူ႔ဇာတ္ၫႊန္းကိုလည္း မေရာင္းခ်ႏိုင္ဘူးဆိုၿပီး စတူဒီယိုအျပင္ဘက္ကို ထြက္လာခဲ့ပါေတာ့တယ္။ သူ ေရးထားတဲ့ဇာတ္ၫႊန္းဟာ ေဟာလိဝုဒ္႐ုပ္ရွင္ေလာကမွာ တစ္ခါမွ မရွိေသးတဲ့ ထူးျခားတဲ့ ဇာတ္ၫႊန္းတစ္ခုလည္း ျဖစ္ပါတယ္။
႐ုပ္ရွင္စတူဒီယိုဘက္ကလည္း အဆိုပါ ဇာတ္ၫႊန္းအတြက္ ေဒၚလာ ၂သိန္းခြဲအထိ ေဈးတင္ၿပီး ဝယ္ယူခဲ့ေပမယ့္ သူ သ႐ုပ္ေဆာင္ခြင့္ မရတဲ့အတြက္ ဇာတ္ၫြန္းကို ေရာင္းခ်ခဲ့ပါဘူး။ ေနာက္ထပ္ ေဒၚလာ ၃သိန္းခြဲအထိ ႐ုပ္ရွင္စတူဒီယိုက ထပ္တိုးၿပီး ကမ္းလွမ္းခဲ့ေပယ့္ သူ ကိုယ္တိုင္ သ႐ုပ္ေဆာင္အျဖစ္ ႐ိုက္ကူးခြင့္မရွိတာေၾကာင့္ ျငင္းဆန္ခဲ့ပါေသးတယ္။ ေနာက္ဆုံးမွာေတာ့ ႐ုပ္ရွင္ကုမၸဏီဘက္ကေနၿပီး အဲဒီဇာတ္ၫႊန္းကို ေဒၚလာတစ္သန္းေပးၿပီး ႐ုပ္ရွင္႐ိုက္ကူးဖို႔ ဝယ္ယူခဲ့ၿပီး စတားလုံးကိုလည္း အဲဒီ႐ုပ္ရွင္ထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခြင့္ကိုပါ ေပးခဲ့ပါတယ္။

ဝင္ေငြမ်ားစြာ ရရွိသြားၿပီ ျဖစ္တဲ့ စတားလုံး က အရက္ဆိုင္တစ္ဆိုင္ထဲမွာ ေရာင္းခဲ့တဲ့ သူ႔ရဲ႕ အခ်စ္ေတာ္ေခြးေလးကို ျပန္သြားဝယ္ခဲ့ပါတယ္။ သူက အဲဒီအရက္ဆိုင္ေရွ႕မွာပဲ တစ္ေနကုန္ထိုင္ေစာင့္ေနၿပီး သူ႔ေခြးဝယ္သြားတဲ့ လူလာတာကို ေစာင့္ေနခဲ့ပါတယ္။ တတိယေျမာက္ေန႔မွာပဲ ေခြးပိုင္ရွင္ေရာက္လာတာေၾကာင့္ သူ႔ရဲ႕ ေခြးကို ျပန္ဝယ္ယူခ်င္ေၾကာင္း ကမ္းလွမ္းခဲ့ပါတယ္။ ဒါေပမယ့္ ေခြးပိုင္ရွင္က သူ႔ရဲ႕ ေခြးကို စတားလုံးကို ျပန္မေရာင္းခဲ့ပါဘူး။ ဒါေၾကာင့္ စတားလုံးက သူ႔ရဲ႕ အခ်စ္ေတာ္ေခြးေလးကို ပိုင္ရွင္အသစ္ဆီကေန ေဒၚလာ တစ္ေသာင္းခြဲေပးၿပီး ျပန္ယူလာခဲ့ပါတယ္။ တစ္ခ်ိန္က ၂၅ ေဒၚလာနဲ႔ ေရာင္းခ်ခဲ့တဲ့ ေခြးေလးဟာ ျပန္ဝယ္ယူလိုက္ခ်ိန္မွာေတာ့ အဆေပါင္းမ်ားစြာေပးၿပီး ျပန္ဝယ္ခဲ့ရတာပဲျဖစ္ပါတယ္။

သူ႔ရဲ႕ Rocky ႐ုပ္ရွင္႐ုံတင္ျပသၿပီးခ်ိန္မွာေတာ့ ထင္မထားေလာက္ေအာင္ ေအာင္ျမင္မႈေတြ ရရွိခဲ့ၿပီး ေအာ္စကာဆုအတြက္ ကိုးေနရာမွာ ဇကာတင္စာရင္းဝင္ခဲ့ကာ ေဒၚလာသန္း ၂၀၀ ေလာက္ဝင္ေငြျပန္လည္ ရရွိခဲ့ပါတယ္။ အဲဒီ Rocky ႐ုပ္ရွင္ေအာင္ျမင္ၿပီးသြားခ်ိန္မွာေတာ့ စတားလုံးလည္း ကမာၻေက်ာ္မင္းသားတစ္ေယာက္ျဖစ္သြားခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ရမ္ဘို လို နာမည္ႀကီး႐ုပ္ရွင္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခြင့္ရခဲ့ပါေတာ့တယ္။

  နဲ့