သင်မသိသေးတဲ့ ဂျပန်နိုင်ငံက ကျောင်းတွေရဲ့ ထူးခြားတဲ့အချက် (၁၀)ချက်

(Unicode)

မင်္ဂလာပါ – သင်္ကေတရဲ့ ပေချ့်ဖြစ်တဲ့ ရွှေဉာဏ်ရှင်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အခုတစ်ခေါက်တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ သင် မသိသေးတဲ့ ဂျပန်နိုင်ငံက ကျောင်းတွေရဲ့ ထူးခြားတဲ့အချက် (၁၀)ချက်ပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ တခြားနိုင်ငံတွေရဲ့ ပညာရေးစနစ်နဲ့ မတူရုံသာမက ကျောင်းအတွင်းနေထိုင်ပုံ ၊ နေထိုင်နည်းတွေပါ ကွဲပြားကြပါတယ်။ ဒါကြောင့် ဘယ်အချက်တွေလဲဆိုတာ လိုက်ကြည့်ကြရအောင်။

(၁) မသင်မနေရ မူကြိုစနစ်

ဂျပန်နိုင်ငံရဲ့ စနစ်အရ မူကြိုနဲ့ မူလတန်းကျောင်းသားတွေက ပညာရေးစနစ်အတွက် အလွန်အရေးပါတဲ့ နေရာလို့ ခံယူထားပါတယ်။ ဒါကြောင့်မို့လို့ အရွယ်ငယ်ငယ်လေးတွေက အစ မူကြိုမသင်မနေစနစ်ကိုပါ ပြဌာန်းထားတာပါ။ မိဘတွေအနေနဲ့ မိမိရဲ့ သားသမီးတွေ အရွယ် ၃ နှစ်လောက်အရောက်မှာ မူကြိုစတင်ထားနိုင်ပါတယ်။ မူကြိုတက်ရောက်နေတဲ့ ကလေးငယ်တိုင်းက ဂဏန်းသချာင်္အခြေခံ ပေါင်း၊ နှုတ်၊ မြောက်၊ စားတွေကို သင်ယူလေ့လာရပြီး ဂျပန်စာလုံးတွေကို ဖတ်တတ်အောင် လေ့ကျင့်ပေးပါတယ်။

(၂) အမူအကျင့်က ပထမ၊ အသိပညာက ဒုတိယ

ထူးခြားတဲ့ ယဉ်ကျေးမှုတွေရှိပြီး ခမ်းနားခဲ့တဲ့ သမိုင်းကြောင်းတွေရှိခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ကလေးငယ်တွေကို အသိပညာတိုးပွားရေးကို ဦးစားပေးပြီး သင်လေ့မရှိပါဘူး။ အသိဉာဏ်ပညာထက် လူတစ်ယောက်ရဲ့ အမူအကျင့်က ပထမအရေးကြီးတဲ့အရာလို့ ခံယူထားပါတယ်။

ဂျပန်နိုင်ငံက ကျောင်းသားငယ်တွေက အသက် ၁၀နှစ်အရွယ် Grade 4 အထိ စာမေးပွဲရယ်လို့ ဖြေဆိုစရာမလိုပါဘူး။ တကယ့်စာမေးပွဲတွေအစား စစ်ဆေးချက်အနည်းငယ်တချို့သာပြုလုပ်ပြီး အတန်းတွေကို မြင့်တင်ပေးလေ့ရှိပါတယ်။ ဂျပန်ပညာရေးစနစ်ရဲ့ ယုံကြည်လက်ခံမှုအရ ကျောင်းပညာရေးစနစ်ရဲ့ ပထမဆုံး (၃)နှစ်ဆိုတာ အသိပညာဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးကြီးတဲ့ ဦးစားပေးစနစ်တစ်ခုမဟုတ်ပါဘူး။

လူသားချင်းစာနာတန်ဖိုးထားမှု၊ ကိုယ်ချင်းစာနာမှု၊ တစ်ယောက်နဲ့ တစ်ယောက် အလေးထားမှုတို့ကို စာသင်နှစ်(၃)နှစ်အတွင်းမှာ ပထမဆုံးသင်ကြားပေးပြီး မိမိကိုယ့်ကိုယ် ထိန်းကျောင်းနိုင်ဖို့နဲ့ သဘာဝတရားအပေါ် အလေးထားမှုတို့ကို ဦးစားပေးသင်ကြားပေးလေ့ရှိပါတယ်။

(၃) စာသင်နှစ်

ဂျပန်နိုင်ငံရဲ့ပညာရေးစနစ်အရ စာသင်နှစ်တိုင်းက နှစ်စဉ် ဧပြီလ ၁နှစ်ရက်နေ့တိုင်းမှာစတင်လေ့ရှိပါတယ်။ အဆိုပါ ဧပြီလဟာ ဂျပန်နိုင်ငံရဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ ဆာကူရာပန်းတွေပွင့်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဧပြီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၂၀ ရက်နေ့အထိ တစ်ကြိမ်၊ စက်တင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိတစ်ကြိမ်၊ ဇန်နဝါရီလ ၇ ရက်နေ့ကနေ မတ်လ ၂၅ ရက်နေ့အထိတစ်ကြိမ် စုစုပေါင်း ၃ ကြိမ်အဖြစ် စာသင်နှစ် ၁နှစ်ကို ၃ ပိုင်းခွဲခြားပြီး စီစဉ်ထားလေ့ရှိပါတယ်။

(၄) စာသင်ကျောင်းတွေမှာ သန့်ရှင်းရေးဝန်ထမ်းမရှိ

ဂျပန်နိုင်ငံရဲ့ စာသင်ကျောင်းတွေမှာ သန့်ရှင်းရေးဝန်ထမ်းတွေကို မခန့်အပ်ထားတာကလည်း ထူးခြားမှုတစ်ခုပဲဖြစ်ပါတယ်။ စာသင်ကျောင်းအတွင်းမှာ ရှိတဲ့ စာသင်ခန်းတွေ၊ ကော်ရစ်ဒါတွေ၊ အိမ်သာတွေကို ကျောင်းသားတွေကိုယ်တိုင် သန့်ရှင်းရေးလုပ်ရမှာပဲဖြစ်ပါတယ်။ ဒီလို စီစဉ်ထားခြင်းအားဖြင့် ကျောင်းသားတွေ အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် အစုအဖွဲ့နဲ့ လုပ်ကိုင်တတ်တဲ့ သဘောတရားကို အလိုလိုသင်ကြားမိစေမှာဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကူညီတဲ့အကျင့်တွေကို ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

(၅) စာသင်ကျောင်းတွေမှာသတ်မှတ်ထားတဲ့ အစားအစာတွေကိုသာ စားရမည်

ဂျပန်နိုင်ငံရဲ့ ကျောင်းသားတွေဟာ ကျောင်းမှာ စားဖို့အတွက် ထမင်းချိုင့်တွေနဲ့ မုန့်တွေကို ယူလာခွင့်မရှိပါဘူး။ အဲဒီအစား ကျောင်းကနေပဲ ကျောင်းသားတွေအတွက် အစားအစာတွေကို စီစဉ်ပေးထားလေ့ရှိပါတယ်။ ထမင်းစားချိန် နားချိန်က ကျောင်းက ကျွေးတဲ့ အစားအစာတွေကို ကျောင်းသားတွေနဲ့ အတူတူစားသုံးရမှာဖြစ်ပါတယ်။ မူလတန်းနဲ့ အလည်တန်းကျောင်းတွေအတွက် အထူးစီမံထားတဲ့ နေ့လည်စာတွေကို ပြင်ဆင်ပေးထားလေ့ရှိပါတယ်။ အဲဒီ အစားအစာတွေက စားဖိုမှူးတွေ ချက်ပြုတ်ထားတဲ့ အရသာအစုံဟင်းလျာတွေ မဟုတ်ဘဲ ဆရာဝန်တွေရဲ့အကြံပြုချက်အတိုင်း အာဟာရပြည့်ဝအောင် စီမံချက်ပြုတ်ထားတဲ့ အစားအစာတွေသာ ဖြစ်ပါတယ်။ အရသာရှိဖို့ထက် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် အစားအစာတွေကိုသာ ကျွေးလေ့ရှိတာပါ။

ကျောင်းသားတွေနဲ့ အတူတူ နေ့လည်စာစားရတာကတော့ ကျောင်းဆရာတွေပါ။ ဆရာတွေကိုယ်တိုင်ကလည်း ကျောင်းသားတွေနဲ့ ကြမ်းတပြေးတည်း အတူတူ စားသုံးရမှာဖြစ်ပါတယ်။

(၆) အဓိကဘာသာရပ်များ

ဂျပန်နိုင်ငံရဲ့ ကျောင်းတွေမှာ အဓိကထားပြီး သင်ကြားရတဲ့ ဘာသာရပ်တွေကတော့ သင်္ချာဘာသာ၊ ဂျပန်ဘာသာစကား၊ လူမှုသိပ္ပံဘာသာ၊ လက်မှုအတတ်ပညာ၊ တေးဂီတနဲ့ ကာယပညာတို့ပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ မူလတန်းကျောင်းတွေမှာ အင်္ဂလိပ်စာဘာသာရပ်ကို ထည့်သွင်းပြီး သင်ကြားပေးနေပါပြီ။ ဒါ့အပြင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် လူမှုနေထိုင်မှုပုံစံတွေ၊ ကွန်ပျုတာသိပ္ပံဘာသာရပ်၊ ရိုးရာအနုပညာများ၊ တေးဂီတ၊ အနုပညာနဲ့ အိမ်တွင်းစီးပွားရေးလုပ်ငန်းတွေကိုပါ ထပ်တိုးပြီး သင်ကြားနေပါတယ်။

(၇) ကျောင်းသားအားလုံးရဲ့ ယူနီဖောင်းများ

အလယ်တန်းအဆင့်ကနေ စပြီး ဂျပန်ကျောင်းသားတွေဟာ တူညီဝတ်စုံကို ဝတ်ဆင်ရလေ့ရှိပါတယ်။ ဂျပန်နိုင်ငံက စာသင်ကျောင်းတွေမှာ တစ်ကျောင်းချင်းစီအလိုက် တူညီဝတ်စုံရှိကြပါတယ်။ ဒီလိုမတူညီကွဲပြားတဲ့ ယူနီဖောင်းတွေ ရှိကြပေမယ့်လည်း ဂျပန်နိုင်ငံရဲ့ ရိုးရာ ကျောင်းဝတ်စုံကတော့ သတ်မှတ်ထားတဲ့ ဒီဇိုင်းတွေပဲဝတ်ဆင်ရပါတယ်။ အဲဒီ ရိုးရာယူနီဖောင်းတွေကတော့ ကျောင်းသားတွေအတွက်ဆိုရင် စစ်တပ်မှာအသုံးပြုတဲ့ အဝတ်အစားဒီဇိုင်းတွေသာ ကျောင်းဝတ်စုံအဖြစ်မြင်တွေ့ရမှာ ဖြစ်ပြီး ကျောင်းသူတွေအတွက်တော့ သင်္ဘောသားဝတ်စုံ ဒီဇိုင်းတွေကို ယူနီဖောင်းအဖြစ်မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(၈) စာသင်ကျောင်းတွေရဲ့ ဘုံစည်းမျဉ်းစည်းကမ်းများ

ကျောင်းသားကျောင်းသူတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း တင်းတင်းကျပ်ကျပ်ထုတ်ပြန်ထားပါသေးတယ်။ ကျောင်းအများစုကတော့ ကျောင်းသားတွေရဲ့ ဆံပင်အရောင်ကို မူလဆံပင်အရောင်အတိုင်းသာ လက်ခံလေ့ရှိပြီး ဆံပင်ဆေးဆိုးတာတွေကို တားမြစ်ထားပါတယ်။ ဒါ့အပြင်ကျောင်းသားတွေဆိုရင်လည်း ဆံပင်အရှည်ထားတာကို တားမြစ်ထားပါတယ်။
ကျောင်းသူတွေအတွက်တော့ ဆံပင်ကောက်ခြင်း၊ အလှအပပစ္စည်းများ အလွန်အကျုးအသုံးပြုထားခြင်း၊ လက်သည်းအလှပြုပြင်ခြင်း၊ တန်ဖိုးကြီးလက်ဝတ်ရတနာများ ဝတ်ဆင်ခြင်းတို့ကို တားမြစ်ထားပါတယ်။

(၉) အရေးအကြီးဆုံး ဖိုင်နယ်စာမေးပွဲ

ကျောင်းသားတွေအနေနဲ့ အထက်တန်းကျောင်းပြီးဆုံးခါနီးအချိန်မှာ အရေးကြီးတဲ့ စာမေးပွဲတစ်ခုကို ဖြေဆိုရလေ့ရှိပါတယ်။ အဆိုပါ စာမေးပွဲကကောလိပ်တွေဆီကို ထပ်မံပညာဆည်းပူးဖို့ တံတားတစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါ စာမေးပွဲကို အောင်မြင်ဖို့အတွက် အပြင်းအထန်ကြိုးစားရပြီး အဲဒီစာမေးပွဲကြီးက ကျောင်းသားတွေရဲ့ လာမယ့်အနာဂါတ်ကို ဆုံးဖြတ်ပေးတဲ့ အရာတစ်ခုလည်းဖြစ်တာကြောင့် ပြိုင်ဆိုင်မှု အင်မတန်ပြင်းထန်လို့ အဲဒီစာမေးပွဲကို ငရဲခန်းစာမေးပွဲလို့တောင် ခေါ်ဝေါ်ကြပါတယ်။

(၁၀) အသက် ၁၈ နှစ်အောက်ကျောင်းသားတွေရဲ့ အိမ်ပြန်သတ်မှတ်ချက်

အသက်၁၈ နှစ်အောက်ကျောင်းသားတွေအနေနဲ့ ဂျပန်နိုင်ငံရဲ့ လမ်းတွေမှာ ညနက်သန်းခေါင်ကျော်အချိန်မှာ တွေ့ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ အသက် ၁၈ နှစ်အောက် ကျောင်းသားတွေရဲ့ အိမ်ပြန်ဖို့ အချိန်သတ်မှတ်ထားပြီး ည ၁၀ နာရီကျော်တဲ့အချိန်အထိ အပြင်မှာနေလို့မရပါဘူး။ အထူးသဖြင့် တိုကျိုနဲ့ ယိုကိုဟားမားမြို့တွေမှာ အဲဒီစနစ်ကိုကျင့်သုံးလျက်ရှိပါတယ်။

 

(Zawgyi)

 

မဂၤလာပါ – သေကၤတရဲ႕ ေပခ်႕္ျဖစ္တဲ့ ေ႐ႊဉာဏ္ရွင္ကေန ျပန္လည္ႀကိဳဆိုလိုက္ပါတယ္။ အခုတစ္ေခါက္တင္ဆက္ေပးသြားမယ့္အေၾကာင္းအရာကေတာ့ သင္ မသိေသးတဲ့ ဂ်ပန္ႏိုင္ငံက ေက်ာင္းေတြရဲ႕ ထူးျခားတဲ့အခ်က္ (၁၀)ခ်က္ပဲျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံရဲ႕ ပညာေရးစနစ္ဟာ တျခားႏိုင္ငံေတြရဲ႕ ပညာေရးစနစ္နဲ႔ မတူ႐ုံသာမက ေက်ာင္းအတြင္းေနထိုင္ပုံ ၊ ေနထိုင္နည္းေတြပါ ကြဲျပားၾကပါတယ္။ ဒါေၾကာင့္ ဘယ္အခ်က္ေတြလဲဆိုတာ လုိက္ၾကည့္ၾကရေအာင္။

(၁) မသင္မေနရ မူႀကိဳစနစ္

ဂ်ပန္ႏိုင္ငံရဲ႕ စနစ္အရ မူႀကိဳနဲ႔ မူလတန္းေက်ာင္းသားေတြက ပညာေရးစနစ္အတြက္ အလြန္အေရးပါတဲ့ ေနရာလို႔ ခံယူထားပါတယ္။ ဒါေၾကာင့္မို႔လို႔ အ႐ြယ္ငယ္ငယ္ေလးေတြက အစ မူႀကိဳမသင္မေနစနစ္ကိုပါ ျပဌာန္းထားတာပါ။ မိဘေတြအေနနဲ႔ မိမိရဲ႕ သားသမီးေတြ အ႐ြယ္ ၃ ႏွစ္ေလာက္အေရာက္မွာ မူႀကိဳစတင္ထားႏိုင္ပါတယ္။ မူႀကိဳတက္ေရာက္ေနတဲ့ ကေလးငယ္တိုင္းက ဂဏန္းသခ်ာအၤေျခခံ ေပါင္း၊ ႏႈတ္၊ ေျမာက္၊ စားေတြကို သင္ယူေလ့လာရၿပီး ဂ်ပန္စာလုံးေတြကို ဖတ္တတ္ေအာင္ ေလ့က်င့္ေပးေလ့ရွိပါတယ္။

(၂) အမူအက်င့္က ပထမ၊ အသိပညာက ဒုတိယ

ထူးျခားတဲ့ ယဥ္ေက်းမႈေတြရွိၿပီး ခမ္းနားခဲ့တဲ့ သမိုင္းေၾကာင္းေတြရွိခဲ့တဲ့ ဂ်ပန္ႏိုင္ငံရဲ႕ ကေလးငယ္ေတြကို အသိပညာတိုးပြားေရးကို ဦးစားေပးၿပီး သင္ေလ့မရွိပါဘူး။ အသိဉာဏ္ပညာထက္ လူတစ္ေယာက္ရဲ႕ အမူအက်င့္က ပထမအေရးႀကီးတဲ့အရာလို႔ ခံယူထားပါတယ္။

ဂ်ပန္ႏိုင္ငံက ေက်ာင္းသားငယ္ေတြက အသက္ ၁၀ႏွစ္အ႐ြယ္ Grade 4 အထိ စာေမးပြဲရယ္လို႔ ေျဖဆိုစရာမလိုပါဘူး။ တကယ့္စာေမးပြဲေတြအစား စစ္ေဆးခ်က္အနည္းငယ္တခ်ိဳ႕သာျပဳလုပ္ၿပီး အတန္းေတြကို ျမင့္တင္ေပးေလ့ရွိပါတယ္။ ဂ်ပန္ပညာေရးစနစ္ရဲ႕ ယုံၾကည္လက္ခံမႈအရ ေက်ာင္းပညာေရးစနစ္ရဲ႕ ပထမဆုံး (၃)ႏွစ္ဆိုတာ အသိပညာဖြံ႕ၿဖိဳးတိုးတက္ေရးဟာ အေရးႀကီးတဲ့ ဦးစားေပးစနစ္တစ္ခုမဟုတ္ပါဘူး။

လူသားခ်င္းစာနာတန္ဖိုးထားမႈ၊ ကိုယ္ခ်င္းစာနာမႈ၊ တစ္ေယာက္နဲ႔ တစ္ေယာက္ အေလးထားမႈတို႔ကို စာသင္ႏွစ္(၃)ႏွစ္အတြင္းမွာ ပထမဆုံးသင္ၾကားေပးၿပီး မိမိကိုယ့္ကိုယ္ ထိန္းေက်ာင္းႏိုင္ဖို႔နဲ႔ သဘာဝတရားအေပၚ အေလးထားမႈတို႔ကို ဦးစားေပးသင္ၾကားေပးေလ့ရွိပါတယ္။

(၃) စာသင္ႏွစ္

ဂ်ပန္ႏိုင္ငံရဲ႕ပညာေရးစနစ္အရ စာသင္ႏွစ္တိုင္းက ႏွစ္စဥ္ ဧၿပီလ ၁ႏွစ္ရက္ေန႔တိုင္းမွာစတင္ေလ့ရွိပါတယ္။ အဆိုပါ ဧၿပီလဟာ ဂ်ပန္ႏိုင္ငံရဲ႕ အမွတ္သေကၤတတစ္ခုျဖစ္တဲ့ ဆာကူရာပန္းေတြပြင့္ခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနပါတယ္။ ဧၿပီလ ၁ ရက္ေန႔ကေန ဇူလိုင္လ ၂၀ ရက္ေန႔အထိ တစ္ႀကိမ္၊ စက္တင္ဘာလ ၁ ရက္ေန႔ကေန ဒီဇင္ဘာလ ၂၆ ရက္ေန႔အထိတစ္ႀကိမ္၊ ဇန္နဝါရီလ ၇ ရက္ေန႔ကေန မတ္လ ၂၅ ရက္ေန႔အထိတစ္ႀကိမ္ စုစုေပါင္း ၃ ႀကိမ္အျဖစ္ စာသင္ႏွစ္ ၁ႏွစ္ကို ၃ ပိုင္းခြဲျခားၿပီး စီစဥ္ထားေလ့ရွိပါတယ္။

(၄) စာသင္ေက်ာင္းေတြမွာ သန႔္ရွင္းေရးဝန္ထမ္းမရွိ

ဂ်ပန္ႏိုင္ငံရဲ႕ စာသင္ေက်ာင္းေတြမွာ သန႔္ရွင္းေရးဝန္ထမ္းေတြကို မခန႔္အပ္ထားတာကလည္း ထူးျခားမႈတစ္ခုပဲျဖစ္ပါတယ္။ စာသင္ေက်ာင္းအတြင္းမွာ ရွိတဲ့ စာသင္ခန္းေတြ၊ ေကာ္ရစ္ဒါေတြ၊ အိမ္သာေတြကို ေက်ာင္းသားေတြကိုယ္တိုင္ သန႔္ရွင္းေရးလုပ္ရမွာပဲျဖစ္ပါတယ္။ ဒီလို စီစဥ္ထားျခင္းအားျဖင့္ ေက်ာင္းသားေတြ အခ်င္းခ်င္းတစ္ေယာက္နဲ႔တစ္ေယာက္ အစုအဖြဲ႕နဲ႔ လုပ္ကိုင္တတ္တဲ့ သေဘာတရားကို အလိုလိုသင္ၾကားမိေစမွာျဖစ္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ကူညီတဲ့အက်င့္ေတြကို ရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။

(၅) စာသင္ေက်ာင္းေတြမွာသတ္မွတ္ထားတဲ့ အစားအစာေတြကိုသာ စားရမည္

ဂ်ပန္ႏိုင္ငံရဲ႕ ေက်ာင္းသားေတြဟာ ေက်ာင္းမွာ စားဖို႔အတြက္ ထမင္းခ်ိဳင့္ေတြနဲ႔ မုန႔္ေတြကို ယူလာခြင့္မရွိပါဘူး။ အဲဒီအစား ေက်ာင္းကေနပဲ ေက်ာင္းသားေတြအတြက္ အစားအစာေတြကို စီစဥ္ေပးထားေလ့ရွိပါတယ္။ ထမင္းစားခ်ိန္ နားခ်ိန္က ေက်ာင္းက ေကြၽးတဲ့ အစားအစာေတြကို ေက်ာင္းသားေတြနဲ႔ အတူတူစားသုံးရမွာျဖစ္ပါတယ္။ မူလတန္းနဲ႔ အလည္တန္းေက်ာင္းေတြအတြက္ အထူးစီမံထားတဲ့ ေန႔လည္စာေတြကို ျပင္ဆင္ေပးထားေလ့ရွိပါတယ္။ အဲဒီ အစားအစာေတြက စားဖိုမႉးေတြ ခ်က္ျပဳတ္ထားတဲ့ အရသာအစုံဟင္းလ်ာေတြ မဟုတ္ဘဲ ဆရာဝန္ေတြရဲ႕အႀကံျပဳခ်က္အတိုင္း အာဟာရျပည့္ဝေအာင္ စီမံခ်က္ျပဳတ္ထားတဲ့ အစားအစာေတြသာ ျဖစ္ပါတယ္။ အရသာရွိဖို႔ထက္ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစမယ့္ အစားအစာေတြကိုသာ ေကြၽးေလ့ရွိတာပါ။

ေက်ာင္းသားေတြနဲ႔ အတူတူ ေန႔လည္စာစားရတာကေတာ့ ေက်ာင္းဆရာေတြပါ။ ဆရာေတြကိုယ္တိုင္ကလည္း ေက်ာင္းသားေတြနဲ႔ ၾကမ္းတေျပးတည္း အတူတူ စားသုံးရမွာျဖစ္ပါတယ္။

(၆) အဓိကဘာသာရပ္မ်ား

ဂ်ပန္ႏိုင္ငံရဲ႕ ေက်ာင္းေတြမွာ အဓိကထားၿပီး သင္ၾကားရတဲ့ ဘာသာရပ္ေတြကေတာ့ သခ်ၤာဘာသာ၊ ဂ်ပန္ဘာသာစကား၊ လူမႈသိပၸံဘာသာ၊ လက္မႈအတတ္ပညာ၊ ေတးဂီတနဲ႔ ကာယပညာတို႔ပဲျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ မူလတန္းေက်ာင္းေတြမွာ အဂၤလိပ္စာဘာသာရပ္ကို ထည့္သြင္းၿပီး သင္ၾကားေပးေနပါၿပီ။ ဒါ့အျပင္ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစမယ့္ လူမႈေနထိုင္မႈပုံစံေတြ၊ ကြန္ပ်ဳတာသိပၸံဘာသာရပ္၊ ႐ိုးရာအႏုပညာမ်ား၊ ေတးဂီတ၊ အႏုပညာနဲ႔ အိမ္တြင္းစီးပြားေရးလုပ္ငန္းေတြကိုပါ ထပ္တိုးၿပီး သင္ၾကားေနပါတယ္။

(၇) ေက်ာင္းသားအားလုံးရဲ႕ ယူနီေဖာင္းမ်ား

အလယ္တန္းအဆင့္ကေန စၿပီး ဂ်ပန္ေက်ာင္းသားေတြဟာ တူညီဝတ္စုံကို ဝတ္ဆင္ရေလ့ရွိပါတယ္။ ဂ်ပန္ႏိုင္ငံက စာသင္ေက်ာင္းေတြမွာ တစ္ေက်ာင္းခ်င္းစီအလိုက္ တူညီဝတ္စုံရွိၾကပါတယ္။ ဒီလိုမတူညီကြဲျပားတဲ့ ယူနီေဖာင္းေတြ ရွိၾကေပမယ့္လည္း ဂ်ပန္ႏိုင္ငံရဲ႕ ႐ိုးရာ ေက်ာင္းဝတ္စုံကေတာ့ သတ္မွတ္ထားတဲ့ ဒီဇုိင္းေတြပဲဝတ္ဆင္ရပါတယ္။ အဲဒီ ရိုးရာယူနီေဖာင္းေတြကေတာ့ ေက်ာင္းသားေတြအတြက္ဆိုရင္ စစ္တပ္မွာအသုံးျပဳတဲ့ အဝတ္အစားဒီဇိုင္းေတြသာ ေက်ာင္းဝတ္စုံအျဖစ္ျမင္ေတြ႕ရမွာ ျဖစ္ၿပီး ေက်ာင္းသူေတြအတြက္ေတာ့ သေဘၤာသားဝတ္စုံ ဒီဇိုင္းေတြကို ယူနီေဖာင္းအျဖစ္ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

(၈) စာသင္ေက်ာင္းေတြရဲ႕ ဘုံစည္းမ်ဥ္းစည္းကမ္းမ်ား

ေက်ာင္းသားေက်ာင္းသူေတြနဲ႔ ပတ္သက္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြကိုလည္း တင္းတင္းက်ပ္က်ပ္ထုတ္ျပန္ထားပါေသးတယ္။ ေက်ာင္းအမ်ားစုကေတာ့ ေက်ာင္းသားေတြရဲ႕ ဆံပင္အေရာင္ကို မူလဆံပင္အေရာင္အတိုင္းသာ လက္ခံေလ့ရွိၿပီး ဆံပင္ေဆးဆိုးတာေတြကို တားျမစ္ထားပါတယ္။ ဒါ့အျပင္ေက်ာင္းသားေတြဆိုရင္လည္း ဆံပင္အရွည္ထားတာကို တားျမစ္ထားပါတယ္။
ေက်ာင္းသူေတြအတြက္ေတာ့ ဆံပင္ေကာက္ျခင္း၊ အလွအပပစၥည္းမ်ား အလြန္အက်ဳးအသုံးျပဳထားျခင္း၊ လက္သည္းအလွျပဳျပင္ျခင္း၊ တန္ဖိုးႀကီးလက္ဝတ္ရတနာမ်ား ဝတ္ဆင္ျခင္းတို႔ကို တားျမစ္ထားပါတယ္။

(၉) အေရးအႀကီးဆုံး ဖိုင္နယ္စာေမးပြဲ

ေက်ာင္းသားေတြအေနနဲ႔ အထက္တန္းေက်ာင္းၿပီးဆုံးခါနီးအခ်ိန္မွာ အေရးႀကီးတဲ့ စာေမးပြဲတစ္ခုကို ေျဖဆိုရေလ့ရွိပါတယ္။ အဆိုပါ စာေမးပြဲကေကာလိပ္ေတြဆီကို ထပ္မံပညာဆည္းပူးဖို႔ တံတားတစ္ခုလည္းျဖစ္ပါတယ္။ အဆိုပါ စာေမးပြဲကို ေအာင္ျမင္ဖို႔အတြက္ အျပင္းအထန္ႀကိဳးစားရၿပီး အဲဒီစာေမးပြဲႀကီးက ေက်ာင္းသားေတြရဲ႕ လာမယ့္အနာဂါတ္ကို ဆုံးျဖတ္ေပးတဲ့ အရာတစ္ခုလည္းျဖစ္တာေၾကာင့္ ၿပိဳင္ဆိုင္မႈ အင္မတန္ျပင္းထန္လို႔ အဲဒီစာေမးပြဲကို ငရဲခန္းစာေမးပြဲလို႔ေတာင္ ေခၚေဝၚၾကပါတယ္။

(၁၀) အသက္ ၁၈ ႏွစ္ေအာက္ေက်ာင္းသားေတြရဲ႕ အိမ္ျပန္သတ္မွတ္ခ်က္

အသက္၁၈ ႏွစ္ေအာက္ေက်ာင္းသားေတြအေနနဲ႔ ဂ်ပန္ႏိုင္ငံရဲ႕ လမ္းေတြမွာ ညနက္သန္းေခါင္ေက်ာ္အခ်ိန္မွာ ေတြ႕ဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့ အရာတစ္ခုပါ။ ဘာေၾကာင့္လဲဆိုေတာ့ အသက္ ၁၈ ႏွစ္ေအာက္ ေက်ာင္းသားေတြရဲ႕ အိမ္ျပန္ဖို႔ အခ်ိန္သတ္မွတ္ထားၿပီး ည ၁၀ နာရီေက်ာ္တဲ့အခ်ိန္အထိ အျပင္မွာေနလို႔မရပါဘူး။ အထူးသျဖင့္ တိုက်ိဳနဲ႔ ယိုကိုဟားမားၿမိဳ႕ေတြမွာ အဲဒီစနစ္ကိုက်င့္သုံးလ်က္ရွိပါတယ္။

  နဲ့