မင်္ဂလာပါ။Shwe Nyan Shin ပေ့ချ်မှ ကြိုဆိုလိုက်ပါတယ်။ ကိုယ်ကြုံရတဲ့ ပြသာနာမှ အကြီးအကျယ်ဖြစ်တယ်လို့ထင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကို ကြည့်လိုက်ရင် ကိုယ်ကြုံတွေ့ရတဲ့ စိတ်ရှုပ်စရာတွေက သိပ်ပြီးမကြီးမားဘူးဆိုတာကို သဘောပေါက်သွားမှာသေချာပါတယ်။ ကြည့်လိုက်ရုံနဲ့တင် စိတ်အကြီးအကျယ်ရှုပ်ထွေးရတဲ့ ခံစားချက်ကို ပေါ်လွင်စေနိုင်မယ့် ဓာတ်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်။ (ဖော်ပြပါအကြောင်းသည် Shwe Nyan Shin ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)
(၁)
အော် ဒီကိစ္စမပြီးသေးဘူး နောက်ကိစ္စက ထပ်ပေါ်လာပြီ။
(၂)
အိပ်ချင်မူးတူးနဲ့ ရုံးသွားရတဲ့ တနင်္လာမနက်ခင်းလေးကတော့ ဒီလောက်တော့ရှိမှာပေါ့ (Shwe Nyan Shin)
(၃)
ဘယ်လိုလုပ်ကြမတုန်း…ကယ်ဆယ်ပေးမယ့်သူတွေမလာသေးခင် ပြုတ်မကျဖို့ပဲ ဆုတောင်းရမှာပဲ
(၄)
အာဝုလည်း ဝိတ်ချဖို့လိုအပ်နေလို့ ဝိတ်ကျစေတဲ့ ချောကလက်လေးခိုးစားမိလိုက်တာ။ ဟူးမန်းကတော့ လမ်းလျှောက်ထွက်ဝယ်လိုက်တော့နော် ပိုဝိတ်ကျတာပေါ့ (Shwe Nyan Shin)
(၅)
အိမ်ထဲရောက်ဖို့ သော့ကျိုးသွားပြီဆိုတော့ ဒီည အပြင်မှာပဲ အိပ်လိုက်ရကောင်းမလား
(၆)
ခါးနာနေလို့ ကပ်ခွာလာဝယ်ပါတယ်ဆိုမှ ခါးကုန်းပြီးပြုတ်ကျတာကို ကောက်ရတော့မယ် ကောင်းတာပေါ့(Shwe Nyan Shin)
(၇)
အရေးကြီးကိစ္စသွားစရာရှိလာသောအခါ
(၈)
မီးပူဒီဇိုင်းအသစ်ဖြစ်သွားတာပေါ့ (Shwe Nyan Shin)
(၉)
၇နာရီကြာ ကားမောင်းပြီး သွားကြည့်ရတဲ့ ပွဲ..အခုတော့ သူတို့ရဲ့နောက်ကျောကိုပဲ ထိုင်ကြည့်ရတော့မယ်
(၁၀)
တစ်ရှူးအရမ်းလိုအပ်နေချိန်ဆိုတော့လည်း အားတွေထုတ်သုံးရတာပေါ့(Shwe Nyan Shin)
(၁၁)
သင်္ဘောတစ်ခုလုံးမှောက်သွားတာကြောင့် အလုပ်ရှုပ်တော့မယ့်သူတစ်ယောက်ရဲ့ နေ့ရက်လောက်ဆိုးတဲ့ရက် ရှိပါ့မလား
(၁၂)
အမလေး..အေးအေးဆေးဆေးအိပ်ခွင့်ရပါ့မလား။ သေချာတယ် ဒါသြစတေးလျနိုင်ငံမှာပဲဖြစ်ရမယ်။ (Shwe Nyan Shin)
(၁၃)
ဆေးသုတ်ပြီးခါစ ခုံမှာ မသိဘဲထိုင်မိသူ..တော်သေးတာပေါ အင်္ကျီက အရောင်တူနေတော့ ပုံသိပ်မပျက်ဘူးပေါ့
(၁၄)
မေ့မရနိုင်ဖြစ်သွားစေမယ့် မွေးနေ့အမှတ်တရ (Shwe Nyan Shin)
(၁၅)
ဒီနေ့က လှေကားတွေသုံးကြမယ့်နေ့လို့ ပြောထားတဲ့ ဓာတ်လှေကား…နောက်နေ့ပြန်ဖတ်လည်း ဒီနေ့ပဲဆိုတော့ နေ့တိုင်းလှေကားပဲသုံးရမှာလား
(၁၆)
ကားတစ်ခုလုံး ဒီလိုစုတ်ပြတ်သွားအောင် ဘယ်လိုများတောင်လုပ်လိုက်လဲမသိဘူး။ (Shwe Nyan Shin)
(၁၇)
ဘယ်သူကဘယ်လိုဖောက်စားသွားတာလဲ
(၁၈)
တစ်စုံတစ်ယောက်တော့ ပါဇယ် ဆက်ရင်း ခေါင်းစားနေတော့မှာပဲ (Shwe Nyan Shin)
(၁၉)
ဘရောင်နီမု့န်လေးတွေ လုပ်ပြီး ရေခဲသေတ္တာထဲ အအေးခံထားတာလေ..ဘယ်လိုဖြစ်ပြီး အလယ်က မုန့်တွေ ပျောက်သွားရတာလဲ
(၂၀)
ဗယ်လင်တိုင်းနေ့လေးမှာ ချစ်သူကို ပေးမယ့်လက်ဆောင်လေးတော့ ပုံပျက်ပါပြီ။(Shwe Nyan Shin)
(၂၁)
အချိန်ပေါင်းများစွာ ဆက်ပြီးမှ တစ်ခုပျောက်နေတာကို သိလိုက်ရတဲ့အခါ
(၂၂)
ညွှန်ကြားထားတဲ့အတိုင်းဖောက်လိုက်တာပဲလေ..ဘယ်လိုဖြစ်ရတာတုန်း။ (Shwe Nyan Shin)
(၂၃)
ကလေးတွေထိန်းရလွန်းလို့ ဂိမ်းဆော့ဖို့အချိန်မရဘူး။ အချိန်ရလိုဆော့မယ်ကြံတော့မှ ကွန်ပြူတာက ရက်စက်တယ်။
(၂၄)
အိမ်ရှုပ်ပွနေတာကို အနုပညာပြခန်းလိုလို ပြောင်းလိုက်တော့ မမိုက်ဘူးလား (Shwe Nyan Shin)
(၂၅)
အတန်းတက်နေတာဆိုပေမယ့်လည်း ဒါလေးတော့သောက်ပါရစေ
(၂၆)
ဟိတ် ငါ့နေ့လည်စာကို ဘယ်ကောင်လာခိုးတာလဲကွ(Shwe Nyan Shin)
(၂၇)
ငါ့ခြံဝန်းရှေ့ မစင်လာစွန့်တဲ့ခွေးကို မိလို့ကတော့ ပိုင်ရှင်ရဲ့အိမ်ရှေ့မှာ ငါကိုယ်တိုင် မစင်လာစွန့်မယ်လို့ ကြုံးဝါးလိုက်တဲ့ အိမ်ပိုင်ရှင်။ ကြည့်ရတာ တော်တော်ပေါက်ကွဲနေပြီထင်ပါရဲ့
(၂၈)
ဒီဆိုင်မှာ သန့်ရှင်းရေးဝန်ထမ်းဖြစ်ရတဲ့ ကံက မသေးဘူး။ (Shwe Nyan Shin)
(၂၉)
အာဝုတွေတင် လမ်းမပေါ်ကို ဖျက်ဆီးတတ်တာမဟုတ်ပါဘူး။ ကြောင်တွေလည်းအပါအဝင်ပါပဲ
(၃၀)
စိတ်ရှုပ်စရာကောင်းလွန်းတဲ့နေ့တွေ သည်းမခံနိုင်တော့ရင် တူနဲ့ထုမယ့်ပုံ (Shwe Nyan Shin)
(၃၁)
စိတ်ရှုပ်စရာနေ့လေးတွေကို ကြုံရပြီဆိုရင်တော့ ဒီလိုမျိုးမုန့်ဖုတ်တာပဲဖြစ်ဖြစ် ကိုယ်ဝါသနာပါတာလေးတွေ လုပ်လိုက်တာပဲဖြစ်ဖြစ်လုပ်ကြည့်ပြီး စိတ်အပန်းဖြေနိုင်တာပေါ့
ပရိသတ်တို့ရော ဘယ်လိုမျိုး စိတ်ရှုပ်စရာအခြေအနေတွေကို ကြုံဖူးကြလဲ။ ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေကိုလည်း ကောမန့်မှာ ပြောပြခဲ့ကြပါအုံးနော်။
Written By Yoshi (Shwe Nyan Shin)
Ref:Brightside