“အပြင်မှာ တကယ်ကောရှိရဲ့လား” လို့ မေးခွန်းပြန်ထုတ်မိစေမယ့် ထူးဆန်းလွန်းလှတဲ့ ဓာတ်ပုံ (၃၀) ပုံ

မင်္ဂလာပါ။  ရွှေဉာဏ်ရှင်ပေ့ချ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်။ သဘာဝတရားကြီးရဲ့ လှပမှုဟာ လက်ရာမြောက် ပန်းချီကားတွေတောင် တုပလိုက်ဆွဲရင် မှီမယ်မထင်ပါဘူး။ ကံကောင်းတာတစ်ခုက အခုခေတ်လိုမျိုး အလွယ်တကူ ဓာတ်ပုံရိုက်လို့ရတဲ့ ခေတ်ကြီးမှာတော့ ကိုယ့်ရှေ့က အလှတရားတွေကို မြန်မြန်ဆန်ဆန် သိမ်းဆည်းနေနိုင်ပါပြီ။ သဘာဝတရားကြီးရဲ့ လှပမှုတွေကလည်း မြင်သူတိုင်းကို အံ့အားသင့်စေရပါတယ်။ ပရိသတ်တို့ကို အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ လှလွန်းလို့ တကယ်အပြင်မှာရှိရဲ့လားလို့ မေးခွန်းပြန်ထုတ်မိစေမယ့် ဓာတ်ပုံတွေပဲဖြစ်ပါတယ်။ (ယခုဖော်ပြပါ အကြောင်းအရာမှာ ရွှေဉာဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်း ဖြစ်ပါသည်)

(၁)

Iceland က ရေခဲတုံးတစ်တုံးကို လက်ပေါ်တင်ပြီး ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။

စိန်တုံးတစ်တုံးလို ကြည်လင်တောက်ပနေပြီး အလင်းတွေဖြာထွက်နေတော့လည်း ဒါဟာ ရေခဲတုံးတစ်တုံးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံမှ ဟုတ်ရဲ့လားလို့ သံသယဝင်စရာကောင်းလွန်းပါတယ်။

(၂)

ကြည်လင်နေတဲ့ ရေပြင်ဖြစ်တာကြောင့် အမျိုးသမီးဟာ လေမြှုပ်ပေါ်မှာ ပေါလောပေါ်နေတယ်ထင်ရလောက်ပါတယ်။

ရေပြင်က အထဲထိ ဖောက်မြင်ရလောက်အောင် ကြည်လင်နေတာကတော့ အံ့မခန်းပါပဲ။

တစ်ကြိမ်လောက်တော့ ဒီနေရာလေး ကို ရောက်ဖူးသင့်ပါတယ်။

(၃)

မိုးကောင်းကင်မှာရှိတဲ့ တိမ်တွေက ပုံစံအမျိုးမျိုးနဲ့ လှနေနိုင်ပါတယ်။

ဒီဓာတ်ပုံထဲမှာဆိုရင်တော့ ဖိုတိုရှော့များလုပ်ထားသလား အောက်မေ့ရအောင် တိမ်စိုင်အစု က ပန်းရောင် အသဲပုံလေးဖြစ်နေတာပါ။

(၄)

သက်တမ်းကြာမြင့်နေပြီဖြစ်လို့ အရွက်အခက်တွေ မရှိတော့ပေမယ့် သဘာဝအတိုင်းလှချင်တိုင်းကို လှနေတဲ့ သစ်ပင်ကြီး

(၅)

မြက်ခင်းပြင်နဲ့ လူသွားလမ်းကို ဒီလို ညီညီညာညာလုပ်ထားတာဟာဆိုရင် အရမ်းကို ကြည့်ကောင်းလို့နေပါတယ်။

(၆)

သဘာဝတရားကြီး ထူးဆန်းတယ်ဆိုတာ ဒီလိပ်လေးက သက်သေပြလိုက်သလိုပါပဲ။

လိပ်ရဲ့ ကျောဘက် က အခွံဟာ လက်ရာမြောက်ပန်းချီဆရာတစ်ဦး ရေးဆွဲထားတဲ့ ဂန္တဝင် ပန်းချီကားတစ်ချပ်လိုပါပဲ။

(၇)

ကျောက်တုံးကြီးက သဘာဝအတိုင်း ဒီလိုပုံစံ ဖြစ်နေတာပါလို့ ပြောရင် ဘယ်သူက ယုံမလည်းနော်..

ဖိုတိုရှော့လုပ်ထားတာမဟုတ်ဘဲ တကယ့်လက်တွေ့မှာ အခုလိုမျိုး လှပစွာဖြစ်တည်နေပါတယ်။

(၈)

ရုတ်တရက် ကြည့်လိုက်တော့ ဒီမြင်ကွင်းက ပန်းချီကားတစ်ချပ်များလားလို့ ထင်မိပါတယ်။

ကောင်းကင်၊တောင်နံရံ ၊အုပ်ဆိုင်းနေတဲ့ သစ်ပင်များနဲ့ စမ်းချောင်းလေးတို့က အပြင်မှာ တကယ်ရှိနေတာဆိုရင် ယုံရခက်ခက်ပဲနော်။

(၉)

ကဲ ဒီပုံဆိုရင် တကယ့်အစစ်ပါလို့ ပြောရင် ဘယ်သူယုံမလဲ ..သဘာဝတရားဟာ တကယ့်ကိုတော်တဲ့ ပန်းချီဆရာတစ်ဦးပါပဲ။

လှလိုက်တဲ့ ကောင်းကင်ယံ မြင်ကွင်းတစ်ခုဖြစ်ပါတယ်။

(၁၀)

၁၉၁၆ ခုနှစ်တုန်းက ပျက်စီးခဲ့တဲ့ သင်္ဘောပျက်ကြီးတစ်စီးက အခုချိန်မှာတော့ ရေအလယ်မှာ တောအုပ်လေးနဲ့ သိပ်ကို လှပတဲ့ နေရာလေးတစ်ခုဖြစ်နေပါပြီ။

(၁၁)

ကောင်းကင်ယံပေါ်မှာ ဒီလိုအလှတရားတွေလည်းရှိပါတယ်။

အတောင်ပံသာပါလို့ကတော့ ကောင်းကင်ယံ ခရီးထွက်ချင်ပါရဲ့..

(၁၂)

နတ်ဘုံနတ်နန်းကို ရိုက်ကူးထားတဲ့ ဓာတ်ပုံများလားလို့ ထင်မှတ်မှားစရာပါပဲ။

ဒီလောက်ရှုခင်းလှမှတော့ သွားလည်ချင်စိတ်တွေ တဖွားဖွားဖြစ်နေပါပြီနော်။

(၁၃)

ဂူးဂဲလ်မြေပုံကနေ လှမ်းတွေ့ရတဲ့ နေရာတစ်ခုရဲ့ မြင်ကွင်း..

ထူးဆန်းတာက နို့နဲ့ ကော်ဖီရောထားသလို လှပနေတာကြောင့်ပါ။

(၁၄)

လမ်းမကို အပြည့်ခင်းထားတာဖြစ်ပေမယ့် သစ်ပင်က အရွက်ဟောင်းတွေ ကြွေကျပြီး အခုလို လမ်းမက ကျဉ်းကျဉ်းလေးပဲ ကျန်ခဲ့တာပါ။

(၁၅)

ဒီဓာတ်ပုံဆိုရင် လက်တွေ့မှာ တကယ်ရှိနေတဲ့ နေရာလေးလို့ ပြောရင် ယုံရခက်မှာပဲနော်..

ဒါပေမယ့်လည်း တကယ်ကြီး ရေခဲတွေ ဖုံးလွှမ်းနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

(၁၆)

နေကြတ်တိုင်း ကောင်းကင်ပေါ်ကို မရမက ကြည့်ဖူးကြသူများ ရှိမလား..

ဒီဓာတ်ပုံထဲမှာဆိုရင်တော့ နေကြတ်ခြင်းဖြစ်စဉ်ကို ထင်ထင်ရှားရှားရိုက်ကူးထားတော့ တစ်ဝကြည့်လိုရပြီနော်။

(၁၇)

ဖိုတိုရှော့တွေနဲ့ ပြုပြင်စရာမလိုလောက်အောင် သဘာဝပတ်ဝန်းကျင်က လှပနေတာပါ။

(၁၈)

တောင်ကိုရီးယားနိုင်ငံရှိ ကမ်းခြေတစ်ခုမှာ တည်ဆောက်ထားတဲ့ ဟိုတယ်တစ်ခုရဲ့ ပုံစံက မြင်သူတိုင်း ကို အံ့အားသင့်စေပါတယ်။

ဘာကြောင့်လဲဆိုရင်တော့ ကုန်းမြင့်ပေါ်မှာ ဟိုတယ်ကို သင်္ဘောပုံစံ တူ ဆောက်လုပ်ထားလို့ပဲဖြစ်ပါတယ်။

(၁၉)

အပြင်ကနဲ့ တစ်ထပ်တည်း တူအောင် ဘယ်လိုများ ပန်းချီရေးဆွဲလိုက်ပါလိမ့်..

လှရက်လိုက်တာ

(၂၀)

ပုတ်သင်ညိုလေး အရောင်စုံလေးနဲ့ လှနေသလို သူ့ခေါင်းပေါ်မှာ လိပ်ပြာလေး နားလိုက်တော့ ပိုပြီးတော့ ပြီးပြည့်စုံသွားပါတော့တယ်။

(၂၁)

လူတွေမှာတင် ခေါင်းချင်းဆက် အမြွှာဆိုတာ ရှိတာမဟုတ်ဘူးနော်..

ထူးထူးဆန်းဆန်းပဲ ငါးတွေမှာလည်း ခေါင်းချင်းဆက် အမြွှာတွေရှိပါသေးတယ်။ ဒီဓာတ်ပုံကတော့ သက်သေပေါ့

(၂၂)

ကျွန်တော့် သူငယ်ချင်းရဲ့အိမ် ပြတင်းပေါက်နေ လှမ်းမြင်နေရတဲ့ အရမ်းကို လှပတဲ့ ရှုမြင်ကွင်း

(၂၃)

ဒါကတော့ သိုးကို တစ်ခြမ်း အမွေးရိတ်ထားတဲ့ ပုံလေးပဲ ဖြစ်ပါတယ်

(၂၄)

လမ်းပေါ်မှာ ရှိုးပြနေတဲ့ အနုပညာရှင်

(၂၅)

ဂျပန်က ဒီဘွန်ဆိုင်းသစ်ပင်က နှစ်ပေါင်း ၈၀၀ သက်တမ်းရှိပီလို့ သိရပါတယ်

(၂၆)

Bagger 288 လို့ခေါ်တဲ့ ဒီစက်ကြီးကတော့ ဆောက်လုပ်ဖို့ ကုန်ကျစရိတ် ဒေါ်လာ သန်း ၁၀၀ ကျော်ရှိပြီး  တန်ချိန်ပေါင်း ၁၄၅၀၀ ရှိပါတယ်

(၂၇)

ဒီမျောက်လေးကတော့ တော်တော်လက်ဆော့ပုံရတယ်

(၂၈)

တွေ့ဖို့ ခဲရင်းလှတဲ့ အရင်က ပုံဟောင်းတစ်ပုံ

(၂၉)

ဒါလေးကတော့ မျက်မမြင်ခွေးလေးအတွက် ခေါင်းနဲ့ မတိုက်မိအောင် ကာကွယ်ပေးထားတဲ့ အရာပဲ ဖြစ်ပါတယ်

(၃၀)

ရေလှိုင်းစီသူတွေက အလုပ်ကြိုးစားသူတွေဖြစ်ပြီး ခုလို ရေအောက်မှာ လေ့ကျင့်ခန်းလုပ်တာတွေလည်း ရှိပါတယ်

 

ပရိသတ်တွေရဲ့ ရင်ထဲအထိ ရောက်သွားတဲ့ အလှဆုံးဓာတ်ပုံလေးတွေရှိရင်လည်း ပြန်လည်မျှဝေခဲ့ကြပါအုံးနော်။

Ref:Brightside

  နဲ့