ဖြစ်ပျက်ခါနီး စက္ကန့်ဝက်အလိုမှာ အချိန်ကိုက် ရိုက်ကူးမိခဲ့တဲ့ အံ့ဖွယ်ဓာတ်ပုံ (၃၀) ပုံ

မင်္ဂလာပါ။ သင်္ကေတရဲ့ရွှေဉာဏ်ရှင်ပေ့ချ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အကောင်းဆုံး နဲ့ အတော်ဆုံး ဓာတ်ပုံဆရာတွေတောင် ရိုက်ကူးလို့မရတဲ့ ဓာတ်ပုံတွေရှိပါတယ်။ အချိန်ကိုက်ကွက်တိ ရိုက်ကူးမိတဲ့ ဓာတ်ပုံမျိုးဆိုတာ လုပ်ယူပြီး ရိုက်လို့တောင်မရတဲ့ ဓာတ်ပုံတွေပါ။ ပရိသတ်တွေကို အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ နောက်ထပ်တစ်ကြိမ်ထပ်ရိုက်ကူးဖို့ မလွယ်တော့ဘဲ အချိန်ကိုက်ရိုက်ကူးမိခဲ့တဲ့ ဓာတ်ပုံတွေပဲဖြစ်ပါတယ်။

(ယခုအကြောင်းအရာသည် ရွှေဉာဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်း ဖြစ်ပါသည်)

(၁)

ကောင်မလေးနှစ်ယောက် ဘောလုံးကို အပြေးအလွှားဖမ်းရင်း လေပေါ်ရောက်နေကြတာကို မှ အမိအရ ရိုက်ကူးမိခဲ့တဲ့ ဓာတ်ပုံ

(၂)

မှောက်အိပ်နေတဲ့ ကောင်မလေး တစ်ကိုယ်လုံး ရေရွှဲရွှဲမနစ်သွားအောင် စက္ကန့်ပိုင်းအလို ကွက်တိမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံ

(၃)

ရေကန် တစ်ဖက်ကို ကူးဖို့ ကြိုးစားနေတဲ့ခွေးလေး…

ဒီပုံကတော့ သူရေထဲကို ဗွမ်းခနဲ မနစ်ခင် ရိုက်ကူးမိခဲ့တာပေါ့..

မသိရင် ရေပေါ် လမ်းလျှောက်နိုင်တဲ့ ခွေးလေးလို့ တောင်ထင်နိုင်တယ်နော်။

(၄)

အဆင်သင့်ပြင္ ရိုက်မယ်…

မြေပဲ လှမ်းပစ်ပေးပြီး ရှဉ့်လေးက အမိအရ ဖမ်းနေတာကို ရိုက်ကူးခဲ့တဲ့ အသက်အဝင်ဆုံးသော ဓာတ်ပုံ

(၅)

ခွင့်မတောင်းဘဲ ဓာတ်ပုံ ရိုက်လို့ ပညာပြခံလိုက်ရတဲ့ အမျိုးသမီး…

ဓာတ်ပုံကလည်း အဲ့ဒီအချိန်ကို မှကွက်တိရိုက်ကူးမိခဲ့တာနော်။

(၆)

အဝေးက လှမ်းပစ်ပေးလိုက်တဲ့ ဝက်အူချောင်းကို ကြောင်တောင်တောင်နဲ့ မတ်တပ်ရပ်ကြည့်နေတဲ့ ခွေးလေး..

ဝက်အူချောင်းကို သူဖမ်းမှဖမ်းမိရဲ့လားမသိပါဘူး။

(၇)

ရုတ်ပျက်ဆင်းပျက် ချော်လဲ နေတာကိုမှ ကွက်မိမက်စိ ရိုက်ခဲ့မိတာနော်..

(၈)

ကောင်မလေးကိုယ်တိုင်တောင် သူပြုတ်ကျတာကို သဘောမပေါက်လောက်သေးဘူးနော်…

မျက်နှာကို ကြည့်ပြုံးနေတာပဲ….

ဓာတ်ပုံကလည်း တကယ့်ကို မှအချိန်ကိုက် ရိုက်ခဲ့မိတာ။

(၉)

ရေပေါ်မှာ ဒိုက်ထိုးလေ့ကျင့်ခန်း လုပ်နေတဲ့ ဝက်ဝံများလား…

တကယ်တော့ ဝက်ဝံလေး ဒိုက်ဗင် ထိုး ပြီး ရေထဲအဆင်း ကို လှမ်းရိုက်လိုက်တာဖြစ်ပြီး အကောင်းဆုံးရိုက်ချက်ကိုမှ ရခဲ့ပါတယ်။

(၁၀)

ဘီယာခွက်တွေ မှောက်ကျနေလည်း ခပ်မိုက်မိုက်စတိုင်က တော့ အပျက်မခံနိုင်ပါဘူးနော်…

(၁၁)

ကလေးကို ဓာတ်ပုံရိုက်ပေးနေတဲ့ ဓာတ်ပုံဆရာ ပြီးရင် ဘာဆက်ဖြစ်မလဲဆိုတာ ပြောမပြတောင် ခန့်မှန်းလို့ ရနေပြီနော်..

အပေါ်ကအဖွားက မသိလို့ လုပ်မိတာ နေမှာပါ။

(၁၂)

အတွင်းအားစုမယ်…အဆင်သင့်ပြင် ၁..၂..၃ ရားးးးးစ်

ကြောင်လေးက ဘောလုံးကို ဖောက်ဖို့ပြင်နေတာကို ရိုက်ကူးမိခဲ့တဲ့ ဓာတ်ပုံ..

မော်ဒယ်ကြောင်လေးက လည်း မာန်ပါလွန်းပါတယ်။

(၁၃)

လက်ညှိုးလေးထိုးပြပြီး ဆယ်လ်ဖီဆွဲမလို့ ကို ဒင်းက လာကိုက်တယ်လေ..

အံမယ် တော်သေးတယ်။

ပုံကြည်ကြည်ကောင်းကောင်းလေးလည်းရလိုက်သားပဲ

(၁၄)

ကြွပ်ကြွပ်အိတ် ထဲက ကြက်သွန်နီတို့ ခရမ်းချဉ်တို့ ထွက်ကျလာတာကို အောက်မပြုတ်ကျခင် အချိန်ပိုင်းလေးမှာ ရိုက်မိခဲ့တာပါ။

(၁၅)

ပုံကိုကြည့်ရုံနဲ့ တင် နာကျင်မှုကို ထပ်တူခံစားလိုက်ရမယ့် အသက်အဝင်ဆုံး ဓာတ်ပုံ

(၁၆)

လေပေါ်ပျံနေတဲ့ ငါးနဲ့ ရေကူးနေတဲ့ ဌက် ..

ဒီလိုမျိုး ပြောင်းပြန်ဖြစ်နေတဲ့ ဓာတ်ပုံကို မြင်ရခဲနော်။

(၁၇)

အမျိုးသမီးတစ်ယောက် ရေထဲကို ပြုတ်မကျခင် စက္ကန့်ပိုင်းအလို..

သူမကိုကြည့်ရတာလဲ ပြုတ်ကျတော့မှာကို မသိသလိုပဲနော်။

(၁၈)

လက်ထဲကနေ အတင်းရုန်းထွက်နေတဲ့ ငါးလေး…

သူပြန်လွတ်သွားလောက်မယ်ထင်လား ပရိသတ်တို့ရေ

(၁၉)

ဆပ်ပြာပူဖောင်းလေးနဲ့ ဆော့နေတဲ့ ချစ်စရာခွေးကလေး..

ဓာတ်ပုံကတော့ ခွေးလေးရဲ့ နှုတ်သီးလက်ချက်နဲ့ ပူဖောင်းလေး မဖောက်ခင် ကွက်တိရိုက်မိခဲ့တဲ့ ပုံပေါ့

(၂၀)

မျက်နှာအမူအရာတွေ၊ခွက်ထဲက ကော့တေး ဖိတ်ကျသွားတာတွေ ..

တကယ့်ကို အချိန်ကွက်တိရိုက်ကူးမိခဲ့တဲ့ အမှတ်တရ ဓာတ်ပုံ တစ်ပုံ

(၂၁)

စက္ကန့်ပိုင်းလေးမှာတင် ဖြစ်ပျက်သွားမယ့် အရာကို ကြိုခန့်မှန်းလို့ရတဲ့ဓာတ်ပုံ.. ဌက်လေးကို သနားလိုက်တာ

(၂၂)

လက်ကို ကိုက်တော့မယ်..

(၂၃)

ရေဘူးပြောင်းပြန်သောက်မိပြီ

(၂၄)

နာဖို့သာ ပြင်ထားတော့

(၂၅)

ခေါင်းတော်တော်နာသွားကြမှာပဲ

(၂၆)

ပြီးမှာ ဖုန်းပျောက်တယ်ဆိုပြီး လိုက်ရှာရတော့မယ်

(၂၇)

အိုးးးး တော်တော်နာသွားမှာပဲ

(၂၈)

တော်တော်နောက်တဲ့ နွား

(၂၉)

ကွက်တိပဲ ရိုက်ချက်ကတော့

(၃၀)

တကယ့်ကို ဝမ်းနည်းစရာ အဖြစ်အပျက် မဖြစ်ခင် ရိုက်ကူးမိထားတဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်

 

ပရိသတ်တို့မှာလည်း အချိန်ကိုက်ရိုက်ကူးမိခဲ့တဲ့ ရှားပါးဓာတ်ပုံတွေ ရှိရင် မျှဝေခဲ့ပါအုံးနော်။ ဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ ပရိသတ်တွေအကြိုက်ဆုံး ဓာတ်ပုံရှိရင် ပြန်ပြောပြခဲ့ပါအုံး

Ref:Brightside

  နဲ့