မြို့ကြီးတိုင်းမှာရှိသင့်တဲ့ ခေတ်မီတိုးတက်တဲ့ ဒီဇိုင်းများ ဓာတ်ပုံ (၂၈)ပုံ

မင်္ဂလာပါ။Shwe Nyan Shin ပေ့ချ်မှ ကြိုဆိုလိုက်ပါတယ်။ လေ့လာချက်တွေအရအမေရိကန်တွေဟာ သူတို့ရဲ့ အများပြည်သူနေရာတွေမှာ ပိုပြီးအချိန်ကုန်လာကြပါတယ်။ လမ်းပေါ်မှာ အချိန်ကုန်လာရတာနဲ့အမျှ လူသွားလူလာများတဲ့ နေရာတွေမှာ ပိုပြီးအဆင်ပြေသက်သာစေဖို့အတွက် တီထွင်ဖန်တီးမှုတွေကို လိုအပ်လာပါတယ်။ ခေတ်မီတဲ့ ဖန်တီးမှုတွေက ဒေသခံတွေကို နေထိုင်ရအဆင်ပြေစေရုံသာမက ကမ္ဘာလှည့်ခရီးသည်တွေရဲ့ အာရုံကိုပါ ဖမ်းစားနိုင်ပါတယ်။ မြို့ကြီးတိုင်းမှာရှိသင့်တဲ့ ခေတ်မီတိုးတက်တဲ့ ဖန်တီးမှု ဒီဇိုင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ (ဖော်ပြပါအကြောင်းအရာသည် Shwe Nyan Shin ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

လမ်းမပေါ်မှာ နေထိုင်ရတဲ့ ခွေးလေးတွေအတွက် အစာကျွေးနိုင်မယ့် နေရာလေး

(၂)

ပန်းပွင့်ကြီးအောက်က ဖြတ်လျှောက်သွားလိုက်တာနဲ့ ပွင့်ဖတ်လေးတွေ ပွင့်လာပြီး လမ်းမီးအဖြစ် ထိုးပေးမှာပါ။ ညဘက်တွေ တစ်ယောက်တည်း အိမ်ပြန်ရတဲ့သူတွေအတွက် စိတ်လုံခြုံမှုရတာပေါ့ (Shwe Nyan Shin)

(၃)

လမ်းကူးဖို့အတွက် မီးပွိုင့်စောင့်နေရင်း မပျင်းရအောင် ပင်းပေါင် ကစားနည်းလေး ဖန်တီးထားရင်ကော

(၄)

အားသွင်းချင်တဲ့ ဘယ်အရာကိုမဆို အားသွင်းလို့ရမယ့် ပန်းခြံထဲက ဆိုလာသစ်ပင်ကြီး(Shwe Nyan Shin)

(၅)

လှေကားအစားထိုး လျှော

(၆)

အိမ်ကို အလှဆင်ရင်း ဌက်လေးတွေအတွက် နားခိုရာ မြို့ငယ်လေးတစ်မြို့အဖြစ် ဖန်တီးပေးထားတာပါ  (Shwe Nyan Shin)

(၇)

ရေတံခွန် ဒန်းလေးစီးပြီးတော့ လွတ်လပ်ပေါ့ပါးမှုကို ခံစားလိုက်ပါ။ ရေတံခွန်က ရေတွေအမြဲကျနေမှာဆိုပေမယ့် ဒန်းအနီးကပ်လာတာနဲ့ရေပိတ်သွားပြီး ပြန်ပွင့်မယ့် စနစ်ရှိပါတယ်..

(၈)

ရွှေ့လျားငွေထုတ်စက် (Shwe Nyan Shin)

(၉)

ဘယ်အမြင့်မဆို လမ်းလှမ်းမိနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်လေးနဲ့ တည်ဆောက်ထားတာပါ

(၁၀)

လူသွားလမ်းတွေချည်းပဲရှိတာ မတရားဘူးလေနော်..ဘဲလေးတွေအတွက်လည်း လျှောက်လမ်း ဖန်တီးပေးမှပေါ့ (Shwe Nyan Shin)

(၁၁)

ရုတ်တရက်ကြည့်လိုက်ရင် ဘတ်စ်ကားဂိတ်မှတ်တိုင်လို့တောင် ထင်ကြမှာမဟုတ်ဘူး။

(၁၂)

သင့်ရဲ့စက်ဘီးကို စိတ်ချလက်ချထားခဲ့လို့ရမယ့် တောကောင်လေးတွေရှိတဲ့ စက်ဘီးပါကင်(Shwe Nyan Shin)

(၁၃)

မလိုအပ်တော့တဲ့ ကြော်ညာဆိုင်းဘုတ်နေရာကြီးတွေကို ဒန်းစီးနိုင်မယ့် နေရာအဖြစ် ပြောင်းလဲလိုက်တာပါ။

(၁၄)

ကြောက်စရာ သတ္တဝါကြီးရဲ့ ခံတွင်းထဲမှာ ထိုင်ရဲရင် ခဏလောက်အနားယူလိုက်ကြပါဦး (Shwe Nyan Shin)

(၁၅)

မြို့လယ်ခေါင်မှာ သွားရင်လာရင်းမောပန်းလို့ အနားယူလို့ရမယ့်နေရာ

(၁၆)

ပန်းခြံထဲ ရောက်နေတုန်း မိုးရွာမှာလည်း စိတ်မပူပါနဲ့…ထီးမိုးပေမယ့် ထိုင်ခုံလေးတွေရှိတယ်လေ။ ပြသာနာတစ်ခုကတော့ ထီးထိုင်ခုံလေးတွေကို သူထက်ငါ အပြိုင်လုရမှာပေါ့ (Shwe Nyan Shin)

(၁၇)

စကိတ်တာတွေအတွက် ဖန်တီးပေးထားတဲ့ ဘတ်စ်ကားဂိတ်

(၁၈)

အသုံးပြုခြင်းမရှိတော့တဲ့ လှေကားတွေပေါ်မှာ ပြုလုပ်ပေးထားတဲ့ နေပူစာလှုံနိုင်တဲ့ ခုံတန်းလေးများ (Shwe Nyan Shin)

(၁၉)

မီးလင်းနေတဲ့စက်ဘီးလမ်း

(၂၀)

ပုံမှန်နဲ့မတူတဲ့ ပန်းစိုက်ခင်း(Shwe Nyan Shin)

(၂၁)

စွန့်ပစ်ပစ္စည်းတွေနဲ့ ပြန်လည်ပြုလုပ်ထားတဲ့ ပန်းခြံလေး

(၂၂)

ရည်ရွယ်ချက်မျိုးစုံနဲ့ တည်ဆောက်ထားတဲ့ အများပြည်သူ အပန်းဖြေနေရာလေး (Shwe Nyan Shin)

(၂၃)

ဆန်းသစ်ပြုလုပ်ထားတဲ့ ခုံတန်း

(၂၄)

မှန်တွေကြားထဲက ဖြတ်လျှောက်သွားရမယ့် အတွေ့အကြုံအသစ် (Shwe Nyan Shin)

(၂၅)

အလိုအလျောက် သန့်စင်စနစ်ထားပေးထားတဲ့ လမ်းမကြီး

(၂၆)

ခေတ်မှီမြို့ကြီးတွေမှာ ဝိုင်ဖိုင်ကလည်း မရှိမဖြစ် လိုအပ်တယ်မလား (Shwe Nyan Shin)

(၂၇)

ရေတွေစီးကျနေတဲ့ မိုးမျှော်တိုက်ကြီး

(၂၈)

လမ်းသွားလမ်းလာတွေ ဝင်ဖတ်လို့ရအောင် ပြုလုပ်ပေးထားတဲ့ စာကြည့်တိုက်နဲ့ နားနေရာ နေရာလေး (Shwe Nyan Shin)

ပရိသတ်တို့ရော ကိုယ့်ရဲ့ မြို့ကြီးမှာ ဘယ်လိုမျိုး ဆန်းသစ်တီထွင်မှုတွေရှိစေချင်သလဲ။ အပေါ်က ဖော်ပြပေးခဲ့တဲ့ တီထွင်မှုတွေကရော ကိုယ့်မြို့အတွက် အသုံးဝင်လောက်လား။ ပြောပြပေးခဲ့ကြပါအုံးနော်။

Written By Yoshi (Shwe Nyan Shin)
Ref:Brightside

  နဲ့