RS တွေသာ ကိုယ်ချင်းစားနိုင်မယ့် အူတက်စရာ အလွဲများ

မင်္ဂလာပါ။ ရွှေဉာဏ်ရှင် ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ Relationship တစ်ခုကို ခိုင်မြဲစွာနဲ့ ကြာရှည်တည်ဆောက်နိုင် ဖို့ ဆိုတာ တော်တော်လေးကို မလွယ်ကူတဲ့ ကိစ္စတစ်ရပ်ပါ။ နားလည်မှုတွေ၊ သည်းခံခွင့်လွှတ်မှုတွေ၊ လေးလေး နက်နက်တွေးတောရချိန်တွေလည်းရှိတတ်ပါတယ်။ ဒီထဲမှာမှ ပျော်စရာကောင်းတဲ့ အချိန်တွေလည်းရှိတတ် သလို ချစ်စရာကောင်းတဲ့ အလွဲလေးတွေလည်း ရှိတတ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ RSတွေသာကိုယ် ချင်းစာနိုင်မယ့် အူတက်စရာအလွဲတွေအကြောင်းပဲ ဖြစ်ပါတယ်။(ယခုအကြောင်းအရာသည် ရွှေဉာဏ်ရှင် ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါသည်။

(၁)

လေယာဉ်Delay ဖြစ်လို့ ၁၂နာရီလောက် စောင့်ဆိုင်းနေရစဉ်မှာ ကျွန်မချစ်သူ ပျောက်သွားခဲ့ပါတယ်။ လိုက်ရှာလို့တွေ့တဲ့ အခါမှာတော့ သူက ကလေးလေးတွေနဲ့ တူတူ အခန်းထဲမှာ ကာတွန်းကားကြည့်နေခဲ့ ပါတယ်။ ဘယ်လောက်တောင် ရိုးသားလိုက်တဲ့ ကျွန်မရဲ့ချစ်သူပါလဲ..။

(၂)

ကျွန်တော့်ဇနီးရဲ့ အိုင်ဒီယာကောင်းမွန်နေမှုကြီး…..။ ကြည့်လိုက်ကြပါဦး…သူ့သကြားလုံးတွေ ခိုးစားမှာစိုး လို့ ဖွက်ထားတဲ့နေရာကို။

(၃)

အနည်းဆုံးတော့ ငါ့ရည်းစားဘာလို့ ရေခဏခဏချိုးလဲဆိုတဲ့ အကြောင်းရင်းကို တွက်ဆထားမိနေပါပြီ။

(၄)

ကဲ..အဝတ်စင်တွေနားမှာ ကျွန်တော့်အမျိုးသမီးကို ရှာတွေ့ပါတယ်။ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး ငိုနေလို့ မေးကြည့်တော့ သူအပြင်ထွက်ရင် ဝတ်စရာ ဘာမှ မရှိဘူးလို့ ပြောပါတယ်။ သင်တို့ရော ဘယ်လိုထင်ပါသလဲ။

(၅)

ယောကျာ်းက မွေးနေ့လက်ဆောင် ရဲတိုက်တစ်လုံးပေးခဲ့ပါတယ်။ ဒါပေမယ့် ထူးခြားတာကတော့ တကယ့်ရဲတိုက်မဟုတ်ခဲ့ပါဘူး။ စောင်တွေနဲ့ တည်ဆောက်ထားတဲ့ စောင်ရဲတိုက် ဖြစ်နေလို့ပါပဲ။

(၆)

 

ကောင်မလေးကို တကယ်ချစ်တဲ့အခါ ….. ဒီလိုအီမိုဂျိတွေ ထားကို ထားမိမှာ အသေချာပါပဲ။

(၇)

ဒါလင်ရေ…ကိုယ် မင်းအတွက် Sexy ကျတဲ့ဝတ်စုံတစ်စုံ ချုပ်ထားတယ်ဆိုလို့ ဝတ်ပြလို့ ပြောလိုက်တဲ့ အခါ….ဒါက ဘယ်လိုပုံမျိုးပါလဲ။

(၈)

ဟုတ်ပါတယ်..တကယ်ပါ..ကျွန်မယောကျာ်း ကလေးထိန်းနေတာပါ။

(၉)

ငါ့မိန်းမရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့လိုက်ပါပြီ။ သူသိပ်ကြိုက်တဲ့အရာတွေ ကျွန်တော့်ကို မကျွေးချင်လို့ အမြဲပဲ ဖွက်စား နေခဲ့တယ်ဆိုတာကိုပါပဲ။

(၁၀)

ကျွန်မရဲ့ ခင်ပွန်းသည်က ဒီခြေသုတ်ဖုံမှာ ဒီစာတွေရေးဖို့ စက်ချုပ်သမားကို အမိန့်ပေးခဲ့ပါတယ်။ ဘာစာတွေများပါလိမ့်နော်။

(၁၁)

ကဲကဲ မိန်းမက မေးလာပြီ။ ပထမဆုံး ကလေးမွေးဖွားဖို့ ဘယ်လိုပြင်ဆင်ထားလဲဆိုလို့ ပြင်ဆင်ထားတာ ပြခဲ့တာပါတဲ့ နော်။

(၁၂)

အချစ်ရဲ့ စွမ်းအားတွေကိုလည်း ကြည့်လိုက်ပါဦး။ အမြင့်ကြောက်တဲ့ ကောင်မလေးတစ်ယောက်က ချစ်သူနဲ့ တူတူသွားရတဲ့ အချိန်မှာ ဒါပြဿနာမဟုတ်ဘူးဆိုပြီး လိုက်လာခဲ့ပေမယ့် အပေါ်ရောက်တဲ့ အခါ….

(၁၃)

ခင်ပွန်းဖြစ်သူရဲ့ အလုပ်ခွင်ကို ရုတ်တရက်လိုက်သွားမိတဲ့အခါ တွေ့လိုက်ရတဲ့ ပုံစံက….

(၁၄)

ရေခဲမုန့်ထရပ်ကားကို ငါတို့လွတ်သွားတဲ့အခါ ချစ်သူရဲ့စိတ်ဓာတ်ကျမှု အဆင့်ဆင့်က….

(၁၅)

အခြောက်ခံစက်ပျက်နေတဲ့ အခါ။ ဉာဏ်ကောင်းလွန်းတဲ့ သူမလေး။

(၁၆)

အခန်းက အရမ်းလင်းတယ်လေနော်…ဒါလေးနဲ့ဆိုတော့ အဆင်ပြေတာပေါ့။

(၁၇)

ဖုန်စုပ်စက် ခဏခဏပျက်လို့ အမြဲပဲ ရန်လုပ်နေတဲ့ ချစ်သူလေးအတွက် အဖြေကဒီမှာပါ။

(၁၈)

ဆွဲသီးထဲထည့်ဖို့ ချစ်သူပုံမရှိသေးလို့ သူ့ပုံလေးကို ဆွဲထားတာပါ။ ဘယ်လောက်တော်လိုက်တဲ့ ငါလေးပါလဲ။

(၁၉)

မွေးနေ့ပါတီကို ချစ်သူနဲ့အရာရာတူအောင် ဆုံးဖြတ်ထားတဲ့ ကောင်မလေးတစ်ယောက်..။

(၂၀)

ရလာမယ့် အကျိုးဆက်တွေကို သေသေချာချာ မစဉ်းစားမိတဲ့အခါ…

(၂၁)

ခေါင်းစည်းကွင်းတစ်ခုကို အမှတ်မထင်ရှာတွေ့ခဲ့တဲ့ ဇနီးသည်ရဲ့ ရာဇသံ။

(၂၂)

ယောကျာ်းရေ..အဝတ်လေးကူလျှော်ပေးပါလား ဆိုတာကို..အကွန့်တက်လိုက်ပုံက။

(၂၃)

 

စပါဂတ်တီကို မီးဖိုပေါ်တင်ပေးဆိုလို့ တင်ပေးထားတဲ့ဟာကို..

(၂၄)

အရပ်ရှည်တဲ့ ချစ်သူကို ရေချိုးခန်းမှန်လေး ချိတ်ပေးပါလို့ ပြောမိပါတယ်။ သူ့အရပ်နဲ့ တိုင်းပြီး ချိတ်ပေး လိုက်ပုံက..နင်ရွဲ့များ နေသလား ဟမ်။

(၂၅)

မုန့်နှစ်လေးမွှေပေးမလား မေးမိပါတယ်။ မီးဖိုထဲက ထူးဆန်းတဲ့ အသံကိုကြားလိုက်ရလို့ ပြေးကြည့်လိုက်တဲ့ အခါ။

(၂၆)

အေး ဘီယာမသောက်သင့်ဘူးဆို..ဒါဘီယာမှ မဟုတ်တာပဲ အေးလေနော်။

(၂၇)

သူ့ကို ရေခဲသေတ္တာ သန့်ရှင်းရေးလုပ်ခိုင်းတဲ့အခါ

(၂၈)

ဝလာလို့ စိတ်မကောင်းဖြစ်နေတဲ့ ဇနီးသည်ကို ပေးခဲ့တဲ့ စာလေးတစ်စောင်။

(၂၉)

ချစ်သူအတွက် ခရစ္စမတ်လက်ဆောင်။ သူလေး အရမ်းများ ပျော်သွားမလားမသိဘူးနော်။

ကဲ..ဒါကတော့ RSတွေရဲ့ ချစ်စရာအလွဲလေးတွေပဲ ဖြစ်ပါတယ်။ သူငယ်ချင်းတို့မှာရော ဒီလိုချစ်ဖို့ကောင်းတဲ့ RSလေးတွေ ချိတ်ထားကြပြီးပြီလား။ ကောမန့်လေးတွေ ပြောပေးသွားကြပါဦး။ အားလုံးပဲ ရွှေလက်တွဲလို့ ပြုံးပျော် နိုင်ကြပါစေနော်။

Written by Elni
Ref; Brightside

  နဲ့