သဘာဝတရားကြီးကနေ မတူညီဘဲ ထူးခြားတဲ့ လက်ဆောင်ပေးအပ်ခြင်းခံခဲ့ရသူတို့ရဲ့ ဓာတ်ပုံများ (၂၈)ပုံ

မင်္ဂလာပါ။ Shwe Nyan Shin ပေ့ချ်မှ ကြိုဆိုလိုက်ပါတယ်။ ကမ္ဘာပေါ်တွင် သန်းနဲ့ချီသော နေထိုင်သူများရှိကြပါတယ်။ ထိုလူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ကွာခြားမှုအနည်းငယ်တော့ ရှိတတ်ကြတာပါပဲ။ ဒါပေမယ့် သဘာဝတရားကြီးကနေ ဘယ်သူနဲ့မှ မတူညီဘဲ ထူးခြားတဲ့ လက်ဆောင်ပေးအပ်ခြင်းခံရတဲ့သူတွေလည်းရှိနိုင်ပါသေးတယ်။ အယောက်တစ်ရာမှာ တစ်ယောက် ရှာတွေ့ခဲတဲ့ ထူးထူးဆန်းဆန်းသွင်ပြင်နဲ့ လူတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ (ဖော်ပြပါအကြောင်းအရာသည်Shwe Nyan Shinပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)

(၁)

နှစ်ရောင်စပ် ရှားပါး မျက်လုံးပိုင်ရှင်လေး

(၂)

ဘယ်ဘက်ဆံပင်နဲ့ မျက်ခုံးမွှေးစတာတွေက ဆွတ်ဆွတ်ဖြူနေပြီး ကျန်တစ်ဖက်ကတော့ ပုံမှန်အတိုင်း ဖြစ်နေခဲ့တဲ့ မိန်းကလေး (Shwe Nyan Shin)

(၃)

ရေစိုချိန်ကြာတာကြောင့် တခြားသော လက်ချောင်းတွေ ပဲကြီးရေတွန့်နေချိန် လက်ညိုးရဲ့ တစ်ဝက်တိတိကတော့ ပုံမှန်အတိုင်းပါပဲ

(၄)

ဘယ်ဘက်မျက်လုံးအမြင်အာရုံမကောင်းသူကိုဓာတ်ပုံရိုက်လိုက်ချိန်မှာ ခုလိုမြင်တွေ့ရတာပဲဖြစ်ပါတယ်။ သူ့ရဲ့ ဘယ်ဘက်မျက်လုံးက မီးကို မတုန့်ပြန်ပါဘူး။(Shwe Nyan Shin)

(၅)

အသည်းပုံသေးသေးလေးက မျက်လုံးထဲမှာ မွေးရာပါ ပါလာတယ်ဆိုတာ သဘာဝရဲ့ လက်ဆောင်တစ်ခုပဲ

(၆)

ရာသီဥတု အေးခဲနေချိန်မှာ Raynaud’s disease ရောဂါရှင်ရဲ့ လက်တုန့်ပြန်မှု(Shwe Nyan Shin)

(၇)

မျက်လုံးထဲမှာရော လက်မှာရော ရှိနေတဲ့ တြိဂံ ပုံစံ မှည့်

(၈)

ရှားပါးမြင်ရခဲတဲ့ တစ်မူထူးခြားတဲ့ လက်ပိုင်ရှင် (Shwe Nyan Shin)

(၉)

လူမျိုးမတူတဲ့ လူတွေက မွေးဖွားလာတဲ့အခါမှာ အများအားဖြင့် တစ်မူထူးတဲ့ ရုပ်ရည်တွေကို မြင်တွေ့ရနိုင်ပါတယ်။

(၁၀)

လက် ၆ချောင်း ပိုင်ရှင်(Shwe Nyan Shin)

(၁၁)

သေချာကြည့်လေ ထူးဆန်းလေလေဖြစ်မယ့် မျက်လုံးပိုင်ရှင်

(၁၂)

ဆောင်းရာသီနဲ့ နွေရာသီမှာ တောင်အခြေအနေမတူတဲ့ လက် (Shwe Nyan Shin)

(၁၃)

အညိုရောင်မျက်ဝန်းထဲမှာ ပိုပြီးနက်မှောင်တဲ့ အရောင်နဲ့ အမှတ်အသားလေးရှိနေတယ်

(၁၄)

လက်ချောင်းအပိုပိုင်ရှင် (Shwe Nyan Shin)

(၁၅)

သွေးကြောလေးက HI တဲ့

(၁၆)

မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် မတူညီတဲ့လက်ပုံစံ (Shwe Nyan Shin)

(၁၇)

ဂျူပီတာဂြိုလ်ပုံစံ တက်တူးပေါ်မှာ ရှိနေတဲ့ အမှတ်ဟာ ဂျူပီတာရဲ့ အနီရောင်အစက်အပျောက်ကို ကိုယ်စားပြုနေတယ်

(၁၈)

မျိုးရိုးဗီဇကြောင့် ခြေမနဲ့ ကျန်ခြေထောက်အကြား ကွက်လပ်အကျယ်ကြီးဖြစ်နေတဲ့ ဖေဖေနဲ့ကလေးလေး (Shwe Nyan Shin)

(၁၉)

အံ့အားသင့်စရာလက်ချောင်းအရှည်ကြီးတွေ

(၂၀)

မျက်တောင်မွှေးတစ်ဖက်ခြမ်းနဲ့ ဆံပင်တစ်ဖက်ခြမ်းတို့က အဖြူရောင်ဖြစ်နေတယ် (Shwe Nyan Shin)

(၂၁)

မျက်ကြည်လွှာအစားထိုးမှုပြုလုပ်ပြီးကာစ ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

(၂၂)

လက်ကောက်ဝတ်ပေါ်က တစ်မူထူးခြားတဲ့ သွေးကြောပုံစံ ((Shwe Nyan Shin)

(၂၃)

မျက်လုံးထဲမှာ မွေးရာပါ အမှတ်ပါလာသူ

(၂၄)

ဂြိုလ်သားနားရွက်လေးနဲ့ ဘေဘီလေး (Shwe Nyan Shin)

(၂၅)

မွေးရာပါ ဆက်နေတဲ့ ခြေထောက်ပိုင်ရှင်က သူ့ရဲ့ ခြေထောက်မှာ ခုလို ပုံစံ တက်တူးထိုးထားတာပါ

(၂၆)

သူ့လိုမျိုး အပေါ်ဘက်ကို လက်ကို လှန်နိုင်ကြလား(Shwe Nyan Shin)

(၂၇)

အများနဲ့မတူဘဲ ကြီးမားနေတဲ့ ခြေထောက်ပိုင်ရှင်

(၂၈)

တစ်ပင်တည်း ကွက်ပြီး ရှည်လျားနေတဲ့ မျက်ခုံးမွှေး (Shwe Nyan Shin)

ပရိသတ်တို့မှာရော သဘာဝက ထူးထူးခြားခြားပေးထားတဲ့ လက်ဆောင်လေးတွေ ရှိကြလား။ ကိုယ့်ဆီမှာရော ဘယ်လိုမျိုး မတူထူးခြားတဲ့ အသွင်အပြင်ရှိလဲဆိုတာကို ပြောပြပေးခဲ့ကြပါအုံး။

Written By Yoshi(Shwe Nyan Shin)
Ref:Brightside

  နဲ့