အသက်ဝင်သွားအောင် အသေးစိတ် ပြင်ဆင်ခဲ့ကြတဲ့ နာမည်ကျော်ရုပ်ရှင်ကားတွေရဲ့ နောက်ကွယ်ကပုံရိပ်များ

မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ CGI လို့ခေါ်တဲ့ အထူးဖန်တီးပြုလုပ်ချက်တွေ ခေတ်မစားခင်အချိန်တုန်းက သဘာဝလွန်ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးဖို့အတွက် ကြိုတင်ပြင်ဆင်မှုအကြီးစားတွေကို ပြုလုပ်ရပါတယ်။ CGI တွေအဆင့်မြင့်လာတာနဲ့ အမျှ ရုပ်ရှင်ဖန်တီးသူတွေအတွက် အရင်ထက် ပိုလွယ်ကူ လာတာအမှန်ဖြစ်ပေမယ့် တစ်ချို့သောရုပ်ရှင်ဖန်တီးသူတွေကတော့ အချိန်ပေးပြီး ကိုယ်တိုင် ဖန်တီးပြုလုပ်နေကြတုန်းပါပဲ။ ကိုယ်တိုင် ဖန်တီးထားတာဖြစ်တာကြောင့် CGI ပြုလုပ်ချက်တွေထက်ပိုပြီး ရုပ်ရှင်ဇာတ်ကားတွေကို ပိုအသက်ဝင်စေတာပဲဖြစ်ပါတယ်။ သူတို့ရဲ့ နည်းပညာတွေနဲ့ အချိန်သေချာပေးပြီး တည်ဆောက်မှုတွေကို ကြည့်ပြီး ရုပ်ရှင်ချစ်သူတွေလည်း သဘောကျကြမှာ အသေအချာပါပဲ..စိတ်ဝင်စားရင်တော့ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံးနော်။ (ယခုဖော်ပြပါ အကြောင်းအရာမှာ ရွှေညဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်း ဖြစ်ပါသည်)

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁) Star Wars: The Empire Strikes Back

အခုချိန်ထိ Star Wars ရဲ့ မူရင်းရုပ်ရှင် ၃ကားဟာ ကြည့်ရှုအားပေးသူ ပရိသတ်တွေအများကြီးနဲ့ အအောင်မြင်ဆုံး ရုပ်ရှင်တွေဖြစ်နေရတဲ့ အကြောင်းအရင်းကတော့ အထူးဖန်တီးပြုလုပ်ချက်တွေကို လုံးဝမသုံးခဲ့ဘဲ တကယ့်အစစ်တွေကို သာဖန်တီးရိုက်ကူးခဲ့တာကြောင့် ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ သုံးစွဲခဲ့တဲ့ အရာတွေအားလုံးကို ကွန်ပြူတာနဲ့ ဖန်တီးပြုလုပ်ထားတာမျိုးမဟုတ်ဘဲ တကယ် ဖန်တီးတည်ဆောက်ခဲ့တာက လေးစားစရာအချက်ပါပဲ။

ထုတ်လုပ်ရေးအသင်းဟာ ရုပ်ရှင်အတွက်လိုအပ်တဲ့ ဖန်တီးပြုလုပ်မှု ၆၀ခန့်နဲ့ လန်ဒန်မြို့မှာရှိတဲ့ အဲလ်စထရီး စတူဒီယိုမှာ ရိုက်ကူး ခဲ့ကြတာလို့ သိရပါတယ်။ ရုပ်ရှင်ကားကို ဖန်တီးပြုလုပ်ဖို့အတွက် ကုန်ကျစရိတ်ကတော့ အမေရိကန် ဒေါ်လာ ၁၈ သန်းကုန်ကျခဲ့ပေမယ့် ရုပ်ရှင်ကားထွက်ရှိပြီးနောက်မှာတော့ Box Office ဝင်ငွေ ဒေါ်လာ သန်းပေါင်း ၅၅၀ ကို ရရှိခဲ့ပါတယ်။

(၂) Titanic

သမိုင်းဝင်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး အခုချိန်ထိတိုင် ပရိသတ်ရင်ထဲ စွဲညိနေဆဲ ဖြစ်တဲ့ Titanic ဟာ ၂၀ရာစုနှစ်က ရိုက်ကူးသမျှ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ကုန်ကျစရိတ် အမြင့်ဆုံး ဇာတ်ကားဖြစ်ခဲ့ပါတယ်။

ကုန်ကျစရိတ်ရဲ့ အများစုကိုတော့ Titanic သင်္ဘောကြီးနဲ့ အရွယ်အစားတူပြီး အနီးစပ်ဆုံး ပုံစံတူ သင်္ဘောတစ်စီး တည်ဆောက်ဖို့အတွက် အသုံးပြုခဲ့ရပါတယ်။ Titanic ဇာတ်ကားကိုရိုက်ကူးဖို့အတွက် ကုန်ကျစရိတ်ကတော့ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကုန်ကျခဲ့လို့ ဆိုပါတယ်။

(၃) The Matrix Reloaded

Matrix ရုပ်ရှင် နောက်ထပ်တစ်ကားဖြစ်တဲ့ The Matrix Reloaded ကိုကြည့်ဖူးသူ ပရိသတ်တိုင်း မှတ်မိနေမယ့် ဇာတ်ဝင်ခန်းတစ်ခန်းရှိပါတယ်။ ကားလမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ကားတွေကြားထဲမှာ အပြန်အလှန်တိုက်ခိုက်ရင်း လိုက်ကြတဲ့ သဲထိတ်ရင်ဖို စွန့်စားခန်း အပိုင်းလေးဖြစ်ပါတယ်။ အပျက်အစီးများကြားကနေ ကားနဲ့လိုက်တဲ့ ဇာတ်ဝင်ခန်းကိုအလွဲအချော်မရှိ ရိုက်ကူးနိုင်တယ်ဆိုတာ ရုပ်ရှင် ရိုက်ကူးတဲ့ သမိုင်းမှာ အခက်ခဲဆုံးပါပဲ။ ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့အတွက် ရုပ်ရှင်ထုတ်လုပ်ရေးအသင်းဟာ ကယ်လီဖိုးနီးယား ပြည်နယ် အဲလ်လာမီဒါမှာ ရှည်လျားတဲ့ အဝေးပြေးကားလမ်းမအတုကို ဖန်တီးခဲ့တာပါ။ ဇာတ်ဝင်ခန်းကို အောင်မြင်စွာ ရိုက်ကူးပြီးနောက်မှာတော့ ဒီလမ်းမကြီးကို ဖျက်ဆီးပစ်လိုက်ကြပါတယ်။

(၄) The Lord of the Rings: The Two Towers

The Lord of the Rings ရုပ်ရှင်၃ကားဟာလည်း သူ့ခေတ်သူ့အခါမှာ အအောင်မြင်ဆုံး ရုပ်ရှင်တွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ ပါဝင်သမျှကို CGI မသုံးဘဲ ကိုယ်တိုင် ဖန်တီးပြုလုပ်ဖို့အတွက် ဖန်တီးသူတွေဟာ ရက်ပေါင်း ၁၀၀၀ ကို အသုံးပြုခဲ့ရပါတယ်။

ဒါတင်မကသေးဘဲ ထုတ်လုပ်ရေးအတွက် တာဝန်ရှိတဲ့ Weta Workshop ကလည်း ဇာတ်ကောင် ပုံစံတူ အရုပ်ကြီးတွေ စုစုပေါင်း ၇၂ ရုပ်အပြင် ၁း၄ စကေးရှိတဲ့ Helm’s Deep ပုံစံကိုပါ ဖန်တီးပေးခဲ့ရပါတယ်။

(၅) The Hobbit: An Unexpected Journey

The Lord of the Rings နောက်ဆက်တွဲ ရုပ်ရှင် ဖြစ်တဲ့ The Hobbit ရုပ်ရှင်ရိုက်ကွင်းကိုလည်း ၈ဧက ကျယ်ဝန်းတဲ့ နေရာမှာ ဖန်တီး ပြုလုပ်မှု ၁၀၀ ကျော်နဲ့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရိုက်ကူးစရိတ် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် ကုန်ကျခဲ့တဲ့ ဒီဇာတ်ကားဟာ ၁ဘီလီယံ ကျော် အမြတ်ငွေ ပြန်ရတဲ့ အထိအောင်မြင်ခဲ့ပါတယ်။

(၆) 2001: A Space Odyssey

နာမည်ကျော်ရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ စတန်လေကူဘရစ်ရဲ့ ဂန္တဝင်လက်ရာဖြစ်တဲ့ 2001: A Space Odyssey ဟာ ကွန်ပြူတာအထူးဖန်တီးပြုလုပ်ချက်တွေ မရှိသေးတဲ့ ခေတ်ကာလမှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖူးတဲ့ သူတွေသာဆိုရင် ဒီအချက်ကို သိသွားကြတဲ့အခါမှာ တော်တော်လေး အံ့အားသင့်သွားလောက်မယ်ထင်ပါတယ်။

ရုပ်ရှင်ထဲမှာ ပါဝင်တဲ့ အထူးဖန်တီးမှုတွေကို ကြည့်ရှုပြီးတဲ့နောက်မှာ ဖန်တီး ပြုလုပ်သူတွေကို အထင်ကြီးလေးစားသွားကြမှာလည်း အသေအချာပါပဲ။ ကွန်ပြူတာ အထူးဖန်တီးပြုလုပ်ချက်တွေကို မသုံးဘဲနဲ့ ဒီလိုရိုက်ချက်တွေကို ရရှိဖို့အတွက် slit-scan shots လို့ခေါ်တဲ့ ရုပ်သေ ရုပ်ရှင်ပေါင်းစပ်ဖန်တီးခြင်းပညာရပ်ကို စတန်လေကူဘရစ် နဲ့ အဖွဲ့သားတွေက လေ့လာခဲ့ကြရပါတယ်။ ပရိသတ်တွေ သဘောကျခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းမှာဆိုရင် မြေပြင် ဆွဲအားမရှိဘဲ ဘေးဘက်နံရံတွေမှာ ပတ်ပြေးနေတဲ့ ပုံစံ ကိုရရှိဖို့အတွက် ထောင့်ပေါင်းစုံကိုလှည့်ပတ်လို့ရတဲ့ ကင်မရာတွေနဲ့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

(၇) Ghostbusters

အများအားဖြင့် အထူးပြုလုပ်ချက်တွေကို စွန့်စားခန်းနဲ့ သဲထိတ်ရင်ဖို ဇာတ်ကားတွေမှာပဲ အသုံးများပေမယ့် Ghostbustersကတော့ အထူးဖန်တီးမှုတွေနဲ့ ရိုက်ကူးထားတဲ့ ပထမဆုံး ဟာသရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကို ဖန်တီးပြုလုပ်ရာမှာ အရေးကြီးဖန်တီးပြုလုပ်သူဖြစ်တဲ့ ဂျွန်ဒက်ကူရယ်ဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့် အော်စကာဆုဇကာတင်စာရင်းမှာ ၁၁ကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့ပါသေးတယ်။ ဂျွန်ဒက်ကူရယ် အနေနဲ့ ရုပ်ရှင်အတွက် လိုအပ်တဲ့ ပုံစံငယ်အဆောက်အဦးများနဲ့ Marshmallow Man အရွယ်အစားကြီးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။

(၈) Independence Day

Independence Day ရုပ်ရှင်ဇာတ်ကားဟာ ဒီဂျစ်တယ်ခေတ်ကို တွန်းလှန်ပြီး ရိုက်ကူးနိုင်ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရာမှာ ကွန်ပြူတာအထူးပြုလုပ်ချက်တွေကို လုံးဝ(လုံးဝ) အသုံးမပြုခဲ့ဘဲ ရုပ်ရှင် ရဲ့ ၉၅ ရာခိုင်နှုန်းကို လှုပ်ရှားမှုထိန်းချုပ်နိုင်တဲ့ ကင်မရာများနဲ့ ပုံစံတူအရုပ်ငယ်များနဲ့ ရိုက်ကူးခဲ့တာပါ။

အိမ်ဖြူတော်ကြီးကို ဖြိုခွဲဖျက်ဆီးလိုက်တဲ့ ဇာတ်ဝင်ခန်းအတွက်ဆိုရင် ၅ပေနဲ့ ၁၅ပေ အမြင့်ရှိတဲ့ အိမ်ဖြူတော်ပုံစံတူနဲ့ ဖန်တီးရိုက်ကူးခဲ့တာပါ။

(၉) Back to the Future Part III

အမေရိကန် ရုပ်ရှင်ဒါရိုက်တာ ရောဘက်ဇယ်မက်ကစ်ရဲ့ ဖန်တီးမှုဖြစ်တဲ့ Back to the Future ရုပ်ရှင်ဇာတ်ကားဟာ ရုပ်ရှင်ချစ်သူတိုင်း ကြိုက်နှစ်သက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကား နာမည်ကျော်ရတဲ့ အကြောင်းအရင်းတစ်ခုကတော့ ၈၀ခုနှစ်၊၅၀ခုနှစ်၊နဲ့ ၂၀၀၀ ခုနှစ် စသဖြင့် မတူညီတဲ့ အချိန်ကာလအပိုင်းအခြား ၃ခုကို ဖန်တီးရိုက်ကူးနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

(၁၀) Escape From New York

ကမ္ဘာပျက်ခါနီးအခြေအနေကို သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်ကားအဖြစ် ဖန်တီးထားတဲ့ Escape From New York ကလည်း အအောင်မြင်ဆုံးခုနှစ်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာတော့ နယူးရောက် မြို့ကြိး မီးလောင်ပျက်စီးနေတဲ့ ပုံရိပ်တွေ၊ အဆင့်တန်းမြင့် မန်ဟက်တန် ကျွန်းဆွယ်ကို လုံခြုံရေးအမြင့်ဆုံး ထောင်ကြီး အဖြစ် ပြောင်းလဲလိုက်တာ စတဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ဝင်ခန်းတွေအများကြီးကို ကြည့်ရှုနိုင်ပါတယ်။

ဒိဇာတ်ကားထဲမှာ ပါဝင်ခဲ့တဲ့ အရာတွေနဲ့ နယူးရောက်မြို့ ပုံတူရရှိဖို့အတွက် ပုံစံတူ အရုပ်တွေအများကြီးကို ဖန်တီးရိုက်ကူးခဲ့ရတာပဲဖြစ်ပါတယ်။

(၁၁) Jaws

ကြောက်မက်ဖွယ်အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ စတီဗင်စပီးလ်ဘာ့ဂ်ရဲ့ Jaws ရုပ်ရှင်ဇာတ်ကားအောင်မြင်မှုနောက်ကွယ်မှာ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ အဲ့ဒီထဲကတစ်ချက်ကတော့ ဧရာမငါးမန်းစက်ရုံကြီးကို ဖန်တီးရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးနေစဉ်အချိန်အတွင်းမှာ ငါးမန်းစက်ရုပ်ကို အဖွဲ့သားတွေက သံယောစဉ်တောင်ဖြစ်သွားကြလို့ ငါးမန်း စက်ရုပ်ကို ဘရုစ်လို့ အမည်ပေးခဲ့ကြပါတယ်။ ဘရုစ် က ရုပ်ရှင်ဇာတ်ကားထွက်ရှိပြီးနောက်မှာ နာမည်ကြီးသွားခဲ့ပြီ ကိုယ်ပိုင် ဖေ့ဘုတ်စာမျက်နှာတောင်ရှိပါတယ်။

(၁၂) Lost in Space

၂၀၁၈ ခုနှစ်မှာ Netflixဟာ ၁၉၆၈ ခုနှစ်က တီဗီစီးရီးကို ပြန်လည်အသက်သွင်းပြီး Lost in Space ကို ပြသခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင် ၁၉၉၈ ခုနှစ်မှာလည်း မူရင်းစီးရီးကို အခြေခံပြီး ရုပ်ရှင်ဇာတ်ကားအသစ်ကိုလည်းဖန်တီးခဲ့ကြပါသေးတယ်။ ရုပ်ရှင်ဇာတ်ကားဟာ အထူးရိုက်ကူးချက်တွေကြောင့် စီးပွားရေးအရ အောင်မြင်တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပေမယ့်လည်း လူအများရဲ့ စံနှုန်းအမြင်မှာတော့ အနုတ်ဆန်တဲ့ တုန့်ပြန်ချက်တွေကို ရရှိခဲ့ပါတယ်။

(၁၃) Pirates of the Caribbean: Dead Men Tell No Tales

Pirates of the Caribbean ရုပ်ရှင်ကားတွေဟာ မယုံကြည်နိုင်စရာရိုက်ချက်အလန်းစားတွေနဲ့ ကြည့်ရှုသူပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်လေ့ရှိပါတယ်။ Dead Men Tell No Tales ဟာလည်း ပရိသတ်အားပေးမှု အမြင့်ဆုံးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်ကူးဖို့အတွက် သင်္ဘောတည်ဆောက်မှုတွေကိုပါ ပြုလုပ်ခဲ့တယ်ဆိုတာသိသွားခဲ့ရင် ဇာတ်ကား ရဲ့ အောင်မြင်မှုကို အံ့သြနေတော့မှာတောင် မဟုတ်တော့ပါဘူး။

(၁၄) Godzilla

၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Godzillaရုပ်ရှင်ဇာတ်ကားဟာဆိုရင် အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးတည်ဆောက်မှုတွေကို ပေါင်းစပ်လိုက်ရင် အလွန်ကောင်းမွန်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရရှိနိုင်တယ်ဆိုတဲ့ သက်သေပါပဲ။ ရုပ်ရှင်ရိုက်ကူးဖို့အတွက် ပေ ၂၀ နီးပါးရှည်လျားတဲ့ နယူးယေက်ရှိမိုးမျှော်တိုက်ပုံစံတူတွေကို အခု၂၀ခန့် ဖန်တီးပြုလုပ်ခဲ့ရတာပဲဖြစ်ပါတယ်။

(၁၅) Blade Runner 2049

ဒယ်နိစ့်ဗေနက် ရိုက်ကူးထားတဲ့ Blade Runner 2049 ဟာ ရစ်ဒ်လေစကော့ရဲ့ မူရင်းရုပ်ရှင်ဖြစ်တဲ့ Blade Runnerရဲ့ နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာဆိုရင် သရုပ်ဆောင်တွေရဲ့ အနုပညာတွေတင်အံ့မခန်းဖြစ်ရတာမဟုတ်ဘဲ အထူးပြုလုပ်ချက်တွေကလည်း အံ့မခန်းကောင်းမွန်ခဲ့တာဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်တဲ့ အရာအများစုကို CGI နဲ့ ဖန်တီးပြုလုပ်တာမဟုတ်ဘဲ ကိုယ်တိုင်တီထွင်ဖန်တီးမှုတွေနဲ့ပါ ရိုက်ကူးပုံဖော်ခဲ့တာပါ။ မြို့ပုံစံ တည်ဆောက်တဲ့အခါမှာ တကယ့်အစစ်နဲ့တူစေဖို့အတွက် ၁း၄၈ စကေးရှိတဲ့ အဆောက်အဦးတွေကို ၃၇ခုလောက်ဖန်တီးခဲ့ရပါတယ်။

(၁၆) The Lord of the Rings

(၁၇) GoldenEye

(၁၈) The Grand Budapest Hotel

(၁၉) Inception

(၂၀) Batman (1999)

(၂၁)

(၂၂) Para Norman

(၂၃) Indiana Jones

(၂၄) Superman

(၂၅) Harry Potter

ကျွန်တော်တို့တွေ တမေ့တမောကြည့်ရှုခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားတွေရဲ့ နောက်ကွယ်မှာ ဒီလို ဖန်တီးမှုတွေက အမြဲတမ်းရှိနေပါတယ်။ ပရိသတ်တွေအနေနဲ့ CGI နဲ့ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့ ကိုယ်တိုင်တီထွင်ထားတဲ့ ပုံစံတူအရုပ်များ၊ရိုက်ချက်များနဲ့ ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကား စတဲ့နှစ်ခုမှာ ဘယ်ဟာကို အကြိုက်ဆုံးဖြစ်မလဲဆိုတာ မျှဝေခဲ့ကြပါအုံးနော်။

Written By Yoshi (Shwe Nyan Shin)
ref:Brightside

  နဲ့