မြင်လိုက်တာနဲ့ ရယ်စရာကောင်းနေတဲ့ တိလေးတွေရဲ့ ရဲရဲတောက်အပြုအမူ ဓာတ်ပုံ(၂၉)ပုံ

မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ သင်ဟာတိလေးတွေကို ချစ်တတ်သူပါလား။ ဒါဆိုရင် တော့ အခုဖော်ပြပေးမယ့် ဓာတ်ပုံလေးတွေကို မြင်လိုက်တာနဲ့ ပြုံးပျော်ရယ်မောသွားစေမှာ အသေချာပါပဲ။ တိလေးတွေဟာ တစ်ခါတစ်လေမှာ မထင်မှတ်ထားတဲ့ အပြုအမူတွေနဲ့ လူတွေကို အံအားသင့်အောင် ဘယ်လုပ်တတ်ကြလဲဆိုတာကို အခုပဲ ကြည့်ရှုလိုက်ပါနော်။ (ယခုအကြောင်းအရာသည် ရွှေဉာဏ်ရှင်ပေ့ချ်မှ ရေးသား တင်ဆက်ထားခြင်း ဖြစ်ပါသည်)

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

လူသားတွေမရှိတဲ့အချိန်မှာ ခွေးလေးတွေက ဘာအကူအညီမှမလိုပဲ သူတို့ကိုယ်သူတို့ ရပ်တည်နိုင်တယ်ဆိုတာ တွေ့ပြီမဟုတ်ပါလား။ အချင်းချင် းဆုံးမ ထိန်းကျောင်းပြီး နေနေတာ သင်တို့တောင် မလိုအပ်တော့ပါဘူးနော်။

(၂)

ချစ်စရာကောင်းလိုက်တဲ့ ထိုင်နေပုံကြီး။

(၃)

မီးဖိုချောင်ဗီရိုပိတ်ဖို့ကို အတော်လေးခက်ခဲစေတဲ့ လုပ်ရပ်ပါပဲနော်။ သူ့ကိုပဲ အမြဲ သတိထားနေရတာပါပဲ။

(၄)

 

သခင်ပျောက်သွားလို့ တိုင်ချက်လာဖွင့်တဲ့ ကလေး…

(၅)

မျှော်တော်ယောင် ဝက်သိုးတစ်ကောင်၊ ခွေးအစား ဝက်သိုးတစ်ကောင်ကိုလည်း မွေးဖို့ သင်ရော စိတ်ကူးမိပါသလား။

(၆)

တစ်အိမ်လုံး ဘယ်သူမှ ရေချိုးခန်းထဲ ဝင်မရအောင်ကို လုပ်နေတဲ့ ရုပ်ပါနော်။ ခပ်တည်တည်နဲ့ ဘယ်သူ့ကို မှ ဖယ်မပေးခဲ့ပါဘူးတဲ့။

(၇)

ခေါင်းအုံးပျောက်ခြင်းရဲ့ လက်သည်တရားခံကို မိပါပြီ။ ကိုယ်တော်ချော အိပ်နေရာက မထမချင်း ခေါင်းအုံးကို မတွေ့ခဲ့ကြပါဘူး။

(၈)

ဒီနေ့ လူတွေစုံရဲ့လား Roll Call ခေါ်တော့မယ်နော်…မြောင်ပါမောက္ခ ခဏနေစာသင်မယ်။

(၉)

ဒီအော်ဂနိုက်ဇေးရှင်းနဲ့ အလုပ်လုပ်ချင်ပါသလား..ရုပ်ကြီးတွေကို ကြည့်လိုက်ပါဦး။

(၁၀)

မြောင်လေးတွေအတွက် တည်းခိုခန်း….။

(၁၁)

ဗုဒ္ဓေါ…ဟဲ့ ဘာကောင်… ရုံးခန်းထဲမှာ ထိုင်နေတုန်း ပြုတ်ကျလာတဲ့ ဇီးကွက်လေး။

(၁၂)

သူများကြောင်တွေက ငှက်လေးတွေနဲ့ ကြွက်တွေယူလာပေးပေမယ့် သူကတော့ သခင်အတွက် လက်ဖက်ခြောက်အိတ်တွေ လက်ဆောင်ပေးခဲ့တာပါ။

(၁၃)

ကြောင်နတ်သမီးကို မြင်ဖူးပြီလား..မမြင်ဖူးရင် ကြည့်လိုက်ပါဦး။

(၁၄)

“ရေချိုးနေတုန်း ရုတ်တရက် တွေ့မြင်လိုက်ရတာက… ”

(၁၅)

လေယာဉ်ပေါ်မှာ တစ်ယောက်ယောက် ဟောက်နေသံ တော်တော်ပြင်းလို့ ခုံကိုနည်းနည်းကန်ပြီး သတိ ပေးလိုက်တဲ့ အခါ..ဟောက်သံရပ်သွားပြီး သူကလှည့်ကြည့်ခဲ့ပါတယ်။

(၁၆)

ဟူးမန်းမတို့ ကောင်းကောင်းသတိထားပါ..မြောင် သက်တောင့်သက်သာ လေ့လာစောင့်ကြည့် နေပါတယ်နော်။

(၁၇)

မီးရှူးမီးပန်းကို ကြောက်လို့ ဆင်ဝင်အောက်က ကျောက်တုံးနောက်မှာ လာပုန်းနေတဲ့ ကလေးလေး..။

(၁၈)

အိပ်မက်တွေကို မခုခံနိုင်တဲ့အခါ…။ ဖြစ်သလို ဆက်အိပ်မှာပဲ ဆိုနေမှ…။

(၁၉)

သက်သောင့်သက်သာနဲ့ ငါ့လို အင်းအင်းပါနိုင်လား ဟျူမန်းတွေရေ..။

(၂၀)

နောက်ဆုံးတော့ ငါ့မစ်ရှင် အောင်မြင်ခဲ့ပြီလေ…။ သေချာကြည့်ပါ..သူ့ရုပ်ကိုက အဲဒီလိုရုပ်ပါပဲနော်။

(၂၁)

“အိမ်ပြန်ရောက်ရောက်ချင်း မြင်လိုက်ရတာက”

(၂၂)

အရမ်းကိုပင်ပန်းလို့ အိပ်ပျော်နေတဲ့ ခရီးသည်ကြီးပါနော်။

(၂၃)

ဒီမိတ်ဆွေကတော့ သေတောင် အဖြေကူမပြောပေးတဲ့ မိတ်ဆွေမျိုးပါနော်..မြောင့်ကို မနှိုးလိုက်ကြပါနဲ့ နော်..သူစာတွေကျက်ထားလို့ သိပ်ကိုအိပ်ရေးပျက်ထားတာ ထင်ပါတယ်လို့။

(၂၄)

ဘုရားဘုရား ..သေနေတာများလားကွယ်။ တကယ်တော့ မြှောင် အိပ်ပျော်နေတာပါတဲ့နော်။

(၂၅)

ဟျူးမန်းအတွက်လက်ဆောင် ဘာယူလာတာလဲ ပြောသွားပေး။

(၂၆)

အိုကောင်းပြီ..ငါအဆင်ပြေပါတယ်နော်။

(၂၇)

အွတ်ပ်… သားကောင်လိုက်ရင်း အရှိန်လွန်သွားတဲ့အခါ…။

(၂၈)

ခေါင်းမှာရေပုံးကြီးစွပ်ပြီး ဘာလုပ်တမ်း ကစားနေတာလဲဟင်။

(၂၉)

ကြည်းတပ်ရဲ့ တင့်ကားထဲမှာ ဘာရှိလဲ စပ်စုနေတဲ့ ရက်ကွန်းဝံလေးတစ်ကောင်ပါ။

ကဲ အခုဖော်ပြပေးခဲ့တာကတော့ တိလေးတွေရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဓာတ်ပုံလေးတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရော ဘယ်တိလေးရဲ့ ပုံကို ကြိုက်နှစ်သက်ပါသလဲ။ အိမ်မှာရော ဘယ်လိုတိလေးတွေ မွေးထားပါသလဲ။ ကောမန့်မှာ ဓာတ်ပုံလေးတွေ ဖလှယ်ကြရအောင်နော်။

Written By Elni
Ref;Brightside

  နဲ့