မှော်ဆန်လွန်းတဲ့ ရုပ်ရှင်တွေကို ဘယ်လိုဖန်တီးထားသလဲဆိုတာ ပြသနေတဲ့ ဓာတ်ပုံ(၃၀)

မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်မှ ကြိုဆိုလိုက်ပါတယ်။ ရုပ်ရှင်ချစ်သူတွေအတွက် နိုင်ငံတာက ထုတ်လုပ်သူ တွေဟာ တစ်မျိုးနဲ့ တစ်မျိုးမရိုးရအောင်ဆိုသလို စဉ်းစားတွေးခေါ်ပြီး ဇာတ်လမ်းကောင်းတွေကို ပို့ဆောင်ပေးနေကြပါ တယ်။ ဒီနေရာမှာ သူတို့တွေအားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေကလည်း တကယ့်ကိုပဲ အံ့မခမ်းဖြစ်လောက် တာကို တွေ့မြင်ရပါတယ်။ မိတ်ကပ်၊ CGI၊ အစိမ်းရောင်စခရင်တွေနဲ့ လှည့်ကွက်တွေကိုလည်း လှပအောင်၊ ယုတ္တိရှိအောင် ကြိုးစားကြလေ့ရှိပါတယ်။ အခုဖော်ပြမှာကတော့ နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေး တွေရဲ့ နောက်ကွယ်မှာ တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို တွေ့မြင်နိုင်မယ့် ဓာတ်ပုံများအကြောင်းပဲ ဖြစ်ပါတယ်။ ကဲ လေ့လာလိုက်ကြရအောင်နော်။( ယခုအကြောင်းအရာသည် ရွှေဉာဏ်ရှင်ပေ့ချ်မှ တင်ဆက်ထား ခြင်း ဖြစ်ပါသည်)

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

Mary Poppins Returns ဇာတ်ကားထဲက ရိုက်ကွင်းနောက်ကွယ်…။ စတူဒီယိုထဲမှာ ရိုက်ကူးထားတဲ့ စက်ဘီးစီးခန်းလေး ဖြစ်ပါတယ်။

(၂)

Bombshell ဇာတ်ကားအတွက် ချားလစ်သီရွန်ရဲ့ မျက်နှာကို ပြောင်းလဲရန် သူမရဲ့ နှာခေါင်းကို ပုံသွင်းခဲ့ကြပါသေးတယ်။

(၃)

127 Hours ဇာတ်ကားရဲ့ မြင်ကွင်းအများစုကို ချောက်ထဲမှာပဲ ရိုက်ခဲ့ကြရတာပါ။

(၄)

Gal Gadot ကတော့ Wonder Woman အဖြစ် သူမရဲ့ဝတ်စုံနဲ့ အတူ သရုပ်ဆောင်နေပုံဖြစ်ပါတယ်။

(၅)

ကာတွန်းအန်နီမေးရှင်း ရုပ်ရှင် Missing Link ရဲ့ ဇာတ်ကောင်အားလုံးကို ပလတ်စတစ်ဖြင့် စိတ်ရှည်လက် ရှည် အကျအနပြုလုပ်ထားတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(၆)

လူကြမ်းတွေလည်း အနားယူဖို့ လိုပါတယ်နော်။

(၇)

ပြီးတော့ သူတို့တွေက အသားညှပ်ပေါင်မုန့်တွေကိုလည်း ကြိုက်ပါတယ်။

(၈)

ဒါက Gravity ရုပ်ရှင်ရဲ့အဆုံးကို ဘယ်လိုရိုက်ခဲ့ရလဲဆိုတာကို ပြသနေတာပါ။

(၉)

Guy Ritchie ကတော့ Aladdin ရဲ့ သရုပ်ဆောင်တွေကို မနားမနေကြိုးစားသင်ကြား ပြသပေးနေခဲ့တာပါ။

(၁၀)

ခရစ်ပရက်တ်နဲ့ ဂျနီဖာ လောရန်တို့က Passengers ရုပ်ရှင်ကို ရိုက်ကူးထုတ်လုပ်မှု ပြုလုပ်နေစဉ်က ပုံ လေးပဲ ဖြစ်ပါတယ်။

(၁၁)

Terminator: Dark Fate – ဇာတ်ကားထဲက ကားပေါ်အမိုးပေါ်မှာ လူတစ်ယောက် ပျံဝဲနေတဲ့ ဇာတ်ဝင်ခန်း။

(၁၂)

First Man ဇာတ်ကားဟာလည်း ကင်မရာသမားများအတွက် လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ခဲ့ပါ ဘူးနော်။

(၁၃)

Korg ရဲ့ ရိုက်ကွင်းနောက်ကွယ်က ခြားနားချက်။

(၁၄)

Mission: Impossible 7 ထဲက ကားမောင်းနှင်မှု မြင်ကွင်းများကို ရိုက်ကူးစဉ်။

(၁၅)

Sean Gunn ကို ချစ်စရာ ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားနိုင်အောင် chroma နည်းပညာ အကူအညီဖြင့် ပြုလုပ်ခဲ့တာပါ။

(၁၆)

Bridgerton ရဲ့ ဇာတ်သိမ်းဟာ ရယ်စရာကောင်းပြီး ချစ်စရာကောင်းနေတာ အသေချာပါပဲ။

(၁၇)

ဆိုးရွားတဲ့ ရာသီဥတုကြောင့် ဒီသရုပ်ဆောင်များကို ရေခဲမုန့်စားခြင်းမှ ရှောင်ကြဉ်မယ်လို့ ထင်နေရင်တော့ သင်မှားပါလိမ့်နော်။

(၁၈)

His Dark Materials ရိုက်ကွင်း နောက်ကွယ်…။

(၁၉)

Pirates of the Caribbean ရှိ အပိုပစ္စည်းများသည် ရာသီဥတု အမျိုးအစားအားလုံးတွင် အလုပ်လုပ် နိုင်တာကြောင့် အဝတ်အစားတွေကို သန့်သန့်ရှင်းရှင်းထားဖို့ လိုပါတယ်။ ဒါကြောင့် ဖိနပ်တွေကို အစွပ်တွေ နဲ့ သေချာ ဝတ်ဆင်ထားဖို့ လိုပါလိမ့်မယ်နော်။

(၂၀)

 

The Crown ဇာတ်ကားရိုက်နေစဉ် Gillian Anderson နှင့် Olivia Colman တို့ရဲ့ ပျော်ပျော်ပါးပါး မြင် ကွင်းများ

(၂၁)

အန်ဒါဆန်ဟာ မာဂရက်သက်ချာ အဖြစ်သို့ ပြောင်းလဲသွားပါပြီ။ မင်းသမီးကတော့ ဒီဓာတ်ပုံများကို “ဆံပင်တုအတွက် စကားပုံတစ်ခု” လို့ အမည်ပေးထားခဲ့ပါတယ်။

(၂၂)

မာလီဖီးဆန့်ရဲ့ အတောင်ပံများကို ထုတ်လုပ်မှု နောက်ပိုင်းအဆင့်မှာမှ ထည့်သွင်းထားတာပါ။ ဇာတ်ကား ရိုက်ကူးနေစဉ်အတွင်း ကတော့ ဒီလိုပုံစံနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

(၂၃)

ပျံသန်းခြင်းရဲ့ အကျိုးသက်ရောက်မှုကို လှလှပပရရှိစေရန် အထူးဖန်တီးထားတဲ့ ကိရိယာကို အသုံးပြု ခဲ့ကြတာပါ။

(၂၄)

Captain America: The Winter Soldier – ဇာတ်ကားအတွက် ရဟတ်ယာဉ်အတုများ သုံးစွဲပြီး ရိုက်ကူး မှု ပြုလုပ်ခဲ့တဲ့ မြင်ကွင်း။

(၂၅)

The Mandalorian စီးရီးရဲ့ ရုပ်ရှင်ထဲမြင်ရပုံနဲ့ ရိုက်ကူးစဉ်က ပုံရိပ်ကို ယှဉ်တွဲလေ့လာ ကြည့်လိုက် ပါဦး။

(၂၆)

Doctor Strange ထုတ်လုပ်ရေးမှာ ဘာတွေဖြစ်မလဲဆိုတာ ဘယ်သူတွေသိနိုင်မလဲနော်။

(၂၇)

Mary Poppins Return ရဲ့ ဒဏ္ဍာရီ ပုံပြင်များ။

(၂၈)

Kingsman: The Golden Circle ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခန်းကို ရိုက်ကူးနေစဉ် ပုံရိပ်တစ်ခု။

(၂၉)

Jumanji: The Next level ဇာတ်ကားထဲက တကယ့် နောက်တစ်ဆင့်ကတော့ ဒီမြင်ကွင်းပဲ ဖြစ်ပါတယ်။

(၃၀)

Ghostbusters (2016) – ဇာတ်ကားအတွက် လက်တွေ့အပြင်ဖက် ရိုက်ကူးမှုကို မြင်တွေ့ရပုံ ဖြစ်ပါတယ်နော်။

အခုဖော်ပြပေးသွားခဲ့တာကတော့ ရုပ်ရှင်တွေရဲ့ မှော်ဆန်မှု နောက်ကွယ်က အမှန်တရားတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တို့ရော ဘယ်ဇာတ်ကားထဲက ဘယ်ဇာတ်ဝင်ခန်းကို ကြည့်ရှုဖူးပါသလဲ။ စိတ်ဝင်စားဆုံး ဇာတ်ကွက် တွေရှိရင်လဲ ကောမန့်မှာ ဝေမျှပေးခဲ့ပါဦးနော်။

Written by Elni
Ref;Brightside

 

  နဲ့