ကိုယ်စောင့်နတ်တွေ အိပ်ပျော်မနေခဲ့လို့သာ သီသီလေး ကံကောင်းခဲ့ရသူတွေရဲ့ မယုံနိုင်စရာ ဓာတ်ပုံ (၂၉) ပုံ

မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ ကိုယ်ရေးကိုယ်တာ ဒုက္ခအချို့ကြုံတွေ့နေရစဉ်အချိန် မှာ ကိုယ်စောင့်နတ်ကို တမ်းတဖူးပါသလား။ တကယ်ပါပဲ။ အခုဖော်ပြပေးမှာကတော့ ကံကောင်းလွန်းတယ်ဆို သူတွေထက် နှာတစ်ဖျားသာ ကံကောင်းခဲ့တဲ့ လူတွေရဲ့ ဓာတ်ပုံလေးတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ်။ သူတို့ရဲ့ သီသီကလေး ကံကောင်းမှုတွေကိုကြည့်ရတာ သူတို့ရဲ့ ကိုယ်စောင့်နတ်တွေက ဘယ်တော့မှ အိပ်မနေကြဘူး ထင်မိလောက်တဲ့ အထိပါပဲနော်။ ကဲ အခုပဲကြည့်လိုက်ကြရအောင်။ (ယခုအကြောင်းအရာမှာ ရွှေဉာဏ်ရှင် ပေ့ချ်က ရေးသား တင်ဆက်ထားခြင်း ဖြစ်ပါသည်)

(၁)

နောက်ထပ် စင်တီမီတာ အနည်းငယ်လေးသာ ရွှေ့ပြီးကျလာရင်တော့ ဆေးရုံကိုပဲ တန်းသွားရမှာ သေချာနေပါတယ်။

(၂)

အမလေး တော်ပါသေးရဲ့အရင်ဆုံးမြင်လိုက်ရတာ ကံကောင်းလှပါပြီ။ …ပိုက်ဆံလေးတွေ ဟက်ခံရတော့မလို့ သီသီလေးပဲ လိုတော့တာ ဖြစ်ပါတယ်။

(၃)

လူ့အသက်ကို ကယ်လိုက်တဲ့ အကြွေစေ့လေးတွေ…။ စစ်ပွဲအတွင်းက အဖိုးရဲ့ ရင်ဘတ်ကို သေနတ်မှန်တဲ့ အချိန် အိတ်ကပ်ထဲက အကြွေစေ့လေးတွေကြောင့် အဖိုးဟာ အသက်ရှင်ခဲ့ပါတယ်တဲ့နော်။

(၄)

ကံကောင်းလိုက်တဲ့ ကားပိုင်ရှင်ပါလားနော်။ တကယ့်ကို သီသီလေး ကပ်လွတ်သွားတာ ဘယ်လိုကံ ကောင်းမှုမျိုးပါလိမ့်နော်။

(၅)

အဲဒါကြောင့်ပြောတာ…လုပ်ငန်းခွင်ထဲမှာ ကာကွယ်ရေး မျက်မှန်ဘာကြောင့် တပ်သင့်သလဲဆိုတာ။ အခုေတာ့ မြင်ပြီမဟုတ်ပါလား။

(၆)

လေကာမှန်တွေ အလွယ်တကူ မကွဲတတ်တာပဲ ကံကောင်းနေလွန်းလှပါပြီ။

(၇)

ကံကောင်းလွန်းလို့ မြှောင်ကင်ဖြစ်တော့မလို့။ ဂက်စ်မီးဖိုတွေ မဖွင့်ခင် သေချာေလး စစ်ဆေးကြပါဦးဟယ်။

(၈)

လိမ့်ဆင်းလာတဲ့ ဧရာမကျောက်တုံးကြီးသာ လမ်းကြောင်းနည်းနည်းလေး လွဲခဲ့မယ်ဆိုရင်တော့…ဟူး မတွေးရဲစရာပါလား။

(၉)

သေချာတယ်။ သင်္ဘောပေါ်က ခရီးသည်တွေ အသက်တောင်ရဲရဲ ရှူရဲမှာ မဟုတ်ပါဘူး။

(၁၀)

ခြေထောက်ပေါ် ပြုတ်ကျတဲ့ လွှတစ်ခုရဲ့ ရှေ့ကနေ ကာပေးလိုက်တဲ့ ဆဲလ်ဖုန်းကြောင့် အလုပ်သမား တစ်ဦး ခြေထောက်ပြတ်မယ့် အန္တရာယ်ကနေ လွတ်မြောက်ခဲ့ရပါတယ်။

(၁၁)

ဒီမှာ တစ်ယောက်ကတော့ ခြေထောက်လိမ်း ခရင်မ်နဲ့ သွားတိုက်ခါနီးနေပါပြီနော်။

(၁၂)

ပျော့ပြောင်းတဲ့ ကောဇောကြီးပဲ ရှိတယ်ထင်ပြီး နင်းချလိုက်လို့ကတော့…

(၁၃)

အေးပါ..သိပ်ကို အရမ်းနီးစပ်နေပါပြီနော်..ဘာနဲ့ နီးစပ်နေလဲတော့ ပြောမနေတော့ပါဘူး။

(၁၄)

အသက်ကယ်ခဲ့တဲ့ ပိုက်ဆံအိတ်တစ်လုံးပါနော်။ ဒါကြောင့်ငွေကို ချစ်ကြပါဟယ်။ အကြွေတွေက အသက် ကယ်လိုက်၊ ပိုက်ဆံအိတ်တွေက အသက်ကယ်လိုက်နဲ့ သူတို့တွေက တော်တော် ကျေးဇူးတင်စရာ ကောင်းလွန်းပါတယ်နော်။

(၁၅)

သူ့တုံ့ပြန်မှုနဲ့ အရှိန်.. ကွက်တိပါပဲနော်။

(၁၆)

ဂေါက်သီးတွေကလည်း တကယ့်ကို အန္တရာယ်ရှိနိုင်ပါတယ်။ ဂေါက်သီးတွေကို သတိထားကြပါနော်။

(၁၇)

ကံကောင်းလွန်းတဲ့ ဟော်ကီကစားသမား တစ်ဦး။

(၁၈)

ကပ်တာပါ..တော်တော်လေးကို ကပ်တာပါလို့။

(၁၉)

သိပ်မဝင်ခင် အမြန်ဆွဲနှုတ်လိုက်ပါတော့။

(၂၀)

“အို ကံကောင်းလိုက်တဲ့ ငါလေးပါလား” ဖြစ်သွားတာ သေချာနေပါတယ်နော်။

(၂၁)

ခြေချောင်းကြားက ဖြတ်သွားတဲ့ သံချောင်းကြီး။

(၂၂)

အရှိန်ပြင်းမောင်းလို့ စီစီတီဗီက ဖတ်နေတုန်း ငှက်ကလေးတစ်ကောင်က ဖြတ်ပျံသွားတဲ့အခါ နံပတ်ပြားကို ဖုံးကွယ်ပြီးသား ဖြစ်သွားပါတယ်။ နောက်တစ်ဂိတ်မရောက်မချင်း ဆက်သာ မောင်းပေတော့နော်။

(၂၃)

အိမ်ပြုပြင်နေစဉ်အတွင်း ကြမ်းပြင်ထဲက တွေ့ခဲ့ရတဲ့ မီးခံသေတ္တာ။ ကဲ ကြမ်းပြင်တွေ လိုက်ခွာကြည့် လိုက်ရတော့မလား။

(၂၄)

ရေခဲမုန့် များများစားစား မရဘူးလို့ စိတ်မညစ်နဲ့ ။ ရေခဲမုန့်တစ်ခုမှာ ၂ ခွက်ပါတာ နည်းတဲ့ ကုသိုလ်လား။

(၂၅)

ဘယ်လိုထိထိ ပစ်မှတ်ကို ထိနေဖို့ပဲ လိုတာပါ။

(၂၆)

ကဲ..ငါးမန်းတစ်ကောင်က သူ့ကိုကိုက်ပေမယ့် ကံကောင်းလွန်းတဲ့အခါ..ငါကအရသာမရှိလို့များ သေချာမကိုက်နိုင်တာလားဆိုပြီးတောင် ရယ်နေခဲ့သူပါ။

(၂၇)

တစ်လက်မသာကွာတာပါနော်..တကယ့်လက်မတင်လေး။

(၂၈)

သင်တကယ်ကို ပျော်ပျော်နေရမယ့် အချိန်ပဲလေ။ သင့်လောက်ကံကောင်းတဲ့သူ ဘယ်မှာမှ မရှိတော့ဘူး။

(၂၉)

ရပ်ထားတဲ့ ကားနှစ်စီးလုံး ဘယ်လောက်ကံကောင်းလိုက်သလဲ။ ကဲကားပိုင်ရှင်တို့ သင်တို့ရဲ့ ကိုယ်စောင့် နတ်ကတော့ တကယ်မ စနေပါပြီ။ ကျေးဇူးတင်လိုက်ပါတော့နော်။

အခုဖော်ပြပေးခဲ့တာကတော့ တကယ့်ကို ပွတ်ကာသီကာ ကံကောင်းခဲ့တဲ့ အခိုက်အတန့်လေးတွေပဲ ဖြစ်ပါ တယ်။ ပရိသတ်ကြီးတို့ရော အဲဒီလို ကံကောင်းမှုမျိုး ကြုံတွေ့ခဲ့ဖူးပါသလား။ ကြုံတွေ့ခဲ့ဖူးရင် ကောမန့်မှာ ဝေမျှ ပေးခဲ့ပါဦးနော်။ အိပ်နေတဲ့ ကိုယ်စောင့်နတ်တွေကို တူတူ နှိုးလိုက်ကြပါစို့။

Written By Elni
Ref;Brightside

 

  နဲ့