တစ်ခါတလေ တိလေးတွေက အကျင့်မကောင်းတဲ့ အယုတ်တမာလေးတွေဖြစ်ကြောင်း ပြသနေတဲ့ ဓာတ်ပုံများ

မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ တိရစ္ဆာန်လေးတွေကို များသောအားဖြင့် လူတိုင်းလိုလိုကို ချစ်တတ်ကြပါတယ်။ သူတို့တွေရဲ့ အပြုအမူလေးတွေက လူသားတွေရဲ့ နှလုံးသားကို အရည်ပျော်သွားအောင် အမြဲ ပေးစွမ်းနိုင်ကြပါတယ်။ သူတို့ ဘယ်လောက်စိတ်ပုပ် နေပါစေ။ တစ်နည်းမဟုတ် တစ်နည်းနဲ့ ချစ်ဖို့ကောင်း အောင်နေတတ်ကြလွန်းတဲ့ ကောင်လေးတွေပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ စိတ်ပုပ်တဲ့ကောင်လေး တွေရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကို အတိအကျရိုက်ကူးထားနိုင်ခဲ့တဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ (ယခုအကြောင်းအရာသည် ရွှေဉာဏ်ရှင်ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါသည်)

(၁)

ကဲ..အိပ်ယာကို မြောင်က မောင်ပိုင်စီးထားလို့ မတရားခံနေရပါတယ်ဆိုတဲ့ အာဝုလေး တစ်ကောင်။

(၂)

တွဒ်တွဒ်လို့အော်ပြီး အမြဲ စိုးမိုးချယ်လှယ်သူ။

(၃)

မြောင်တွေက အလှမွေးအပင်လေးတွေကို လုံးဝကြည့်မရတာ ကမ္ဘာဦးအစကတည်းကလား မသိဘူးနော်။

(၄)

ရေကူးမှာဖြင့် အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် ကူးစမ်း..နားညီးတယ်။

(၅)

အညစ်အကြေး စွန့်ခွက်နဲ့ အရမ်းဝေးနေတယ်ဆိုတော့ တွေ့တဲ့နေရာ ပါချလိုက် အေးတာပဲ။

(၆)

မျောက်တစ်အုပ်ရဲ့ မွှေနှောက်မှုကြောင့် ရှော့ခ်ရသွားသူတစ်ဦး။

(၇)

တောင်းပန်ပါတယ်နော် ဒီခွက်ထဲကရေကို မင်းသောက်မလု့ိလား။

(၈)

တိုက်ရိုက်ခိုက်ရည် မြင့်လွန်းတဲ့ စပါတာ များလား။

(၉)

ငါ့ရဲ့အဖိုးတန်အစာလေး..လာလာ..ငါ့နားကိုလာ။

(၁၀)

ကျွမ်းကျင်လွန်းတဲ့ ခွေးထိန်းခွေးဆရာ။ နားမထောင်ရင် ပိတ်ထိုင်ပလိုက် အေးတာပဲ။

(၁၁)

“တောင်းပန်ပါတယ် ဒါပေမယ့် ငါတို့ထဲက တစ်ယောက်ပဲ ဒီအိမ်မှာနေနိုင်တယ်”

(၁၂)

ဒီနေ့ ေတာ့ မင်းရဲ့ Laptop ငါယူလိုက်မယ်.. မနက်ဖြန်ကျမှ မင်းလုပ်ချင်တာလုပ်။

(၁၃)

ငါဘာလုပ်လို့လဲ…ဘာများမှားနေလို့လဲ။

(၁၄)

“မင်းရောက်လာတာ အတော်ပဲ။ အခန်းကို သန့်ရှင်းရေးလုပ်ရမယ်။”

(၁၅)

ငြိမ်ငြိမ်နေလိုက်စမ်း..ငါ့ကို ဘာမှတ်နေလဲ။

(၁၆)

မသိရင်မှတ်ထားနော်..။ အဲဒါကို ငန်းတစ်ကောင်ရဲ့ စိတ္တဇ အနုပညာလို့ ခေါ်တယ်ကွဲ့။

(၁၇)

“ဟယ်လို ငါဆော့ချင်တယ်။ ဆော့ချင်တယ်ဟဲ့”

(၁၈)

ဒေါသထွက်နေတဲ့ ငန်းလိုက်တာက ခွေးလိုက်ဆွဲတာထက် ဆိုးတတ်ပါတယ်နော်။

(၁၉)

ကဲ အခုတော့ ဘာဂါက ဘယ်သူဖြစ်သွားလဲ သိပြီလား။

(၂၀)

ကျေးဇူးပြုပြီး ကုတ်ပေးပါလို့။

(၂၁)

မလှုပ်နဲ့နော် သိလား။ ငါအိပ်ရေးပျက်တော်မူမှာ စိုးလို့။

(၂၂)

သွားတိုက်တာ အပေါ်အောက်ဆွဲချပြီး တိုက်ရပါတယ် ဟူးမန်းမရယ်။

(၂၃)

သခင်ရေ..မြှောင်နဲ့ မျက်နှာချင်းဆိုင် စကားပြောဖို့လိုနေပြီနော်။

(၂၄)

ငါက ကူညီချင်ရုံသက်သက်ပါဟာ။

(၂၅)

ငယ်ကျွန်ကြီးရေ..အလုပ်ကို သေချာလုပ်စမ်းပါ။

(၂၆)

ကြည့်ပါ! Gandalf အသက်ရှင်နေသေးတယ်လို့ မင်းကိုပြောခဲ့ဖူးသားပဲ။

(၂၇)

လိုက်ရှုပ်နေတာမဟုတ်ဘူး။ ဟူးမန်းရဲ့ လက်တွေအေးနေမှာ စိုးလို့ အနွေးဓာတ်ပေးထားတာ။

(၂၈)

ဟေ့။ ဟေး! ကျွန်တော်ပျင်းတယ်။ သခင်က ဘာတွေလုပ်နေတာလဲ ဗျာ။

(၂၉)

ဒါက ငါ့နေရာ..။ မင်းအခုချက်ချင်း ဖယ်ပေးလိုက်ပါ။

(၃၀)

ကျွန်တော့ကိုပဲ ကြည့်လိုက်စမ်းပါနော်! အင်တာနက်ထက် ပိုစိတ်ဝင်စားဖို့ ကောင်းပါတယ်။
အခုဖော်ပြပေးခဲ့တာကတော့ ဗိုလ်ကျစိုးမိုးချင်စိတ် ပြင်းထန်လွန်းတဲ့ တိလေးတွေရဲ့ မလိုတမာ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ဘယ်ပုံလေးက ပရိသတ်ကြီးကို ပျော်ရွှင်စိတ်ကျေနပ်မှု ပေးစေသလဲ ဆိုတာလည်း ဝေမျှပေးခဲ့ပါ ဦးနော်။
Written By Elni
Ref;Brightside

 

  နဲ့