မြင်လိုက်တာနဲ့ ရယ်ချင်စိတ်ပေါက်သွားမယ့် ဒီဇိုင်နာတို့ရဲ့ အကွန့်လွန် လက်ရာ ဓာတ်ပုံ (၃၀)

မင်္ဂလာပါ။ ရွှေဉာဏ်ရှင် ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ လူသားတိုင်းဟာ အမှားနဲ့ မကင်းကြပါဘူး။ ဒီဆိုရိုးအတိုင်း ပါပဲ။ တကယ့်ကို အမှားနဲ့ မကင်းတဲ့ လူသားတွေလည်း အများကြီးပါ။ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ပညာရှင်တွေကလည်း အမှားကင်းဖို့ ကြိုးစားရင်းနဲ့ကို မှားယွင်းမှုတွေက သူတို့ဆီကိုတည့်တည့်လာနေတဲ့အခါ မှာတော့ ဒီလိုမြင်လိုက်တာနဲ့ ရယ်ချင်စရာကောင်းနေတဲ့ ဒီဇိုင်းလက်ရာတွေ ထွက်ရှိလာတော့တာပဲ ဖြစ်ပါ တယ်။ ကဲဘယ်လက်ရာတွေကို သဘောကျ နှစ်ခြိုက်လဲဆိုတာကို ကြည့်ရှုလိုက်ကြရအောင်နော်။ (ယခု အကြောင်းအရာသည် ရွှေဉာဏ်ရှင် ပေ့ချ်မှ ရေးသား တင်ဆက်ထားခြင်း ဖြစ်ပါသည်)

(၁)

ဒေါ်နယ့် ပါးစပ်ထဲ အီးပါထည့်ရင် ဘယ်လိုနေမလဲ။

(၂)

ဒီချစ်စရာမကောင်းတဲ့ အရုပ်ကြီးကို ဘာကြောင့် ဒီလောက်ကြီးကြီး လုပ်ထားမှန်း မသိဘူးလို့ ဆိုပါတယ်။ ပုံမှန်ကလေးတစ်ယောက်ဟာ ဒီအရုပ်ရဲ့ ဖိနပ်ဆိုဒ်လောက်သာ ရှိတယ်လို့လဲ ဆိုပါတယ်။

(၃)

“ဒီရေချိုးခန်းနဲ့ ပတ်သက်တဲ့ အရာအားလုံးဟာ မှားနေပါတယ်”။ ဘာတွေမှားနေလဲ ရှာတွေ့ကြရဲ့လား။

(၄)

အေးအေး..နယူးယောက်က လန်ဒန်နဲ့ တူမှန်း အခုမှပဲ သိပါတော့တယ်။

(၅)

ယိုရှီဟာ ဒီအရောင်ဟုတ်လို့လား။ လက်တစ်ဖက်ကရော ဘယ်ပျောက်နေတာလဲ။

(၆)

ပါပါး ပစ်ဆိုရင် ဒီလိုဒီဇိုင်းလေးပါတဲ့နော်။

(၇)

ကယ်ကြပါဦး…ဘယ်ခလုတ်ကို နှိပ်ရမှာလဲလို့။

(၈)

စားသောက်ဆိုင်က သံချေးတက်နေတဲ့ ရေကန်။ လုပ်တာတော့ အန်းတစ် ဒီဇိုင်းပဲ။ ရွံစရာ ဖြစ်သွားတာတော့ မတတ်နိုင်ပါဘူး။

(၉)

သေချာတွက်ချက်ပြီး လုပ်ကိုင်ကြပါဦးဟယ်။ စကေးတွေက တိကျချက်။

(၁၀)

ဒါကဘာလဲ..ဖိနပ်လား၊ ဘောင်းဘီလား။ ဘယ်လိုတီထွင်မှု မျိုးပါလိမ့်နော်။

(၁၁)

တကယ်ပါ..တကယ်ပါ..ဒီလောက်စူးတဲ့ ပလတ်စတစ်မြက်တုနဲ့ ဘယ်သူက တစ်နေကုန်စီးနိုင်မလဲ..နားကိုမလည်တော့ပါဘူး။

(၁၂)

ဒါကရော.. ဘယ်လို သစ်ကုလားအုတ် မျိုးလဲ။

(၁၃)

ညစ်ပတ်နေတဲ့ ရေဆိုးမြောင်းထဲ ရောက်သွားပုံရတဲ့ ဒီပလတ်စတစ်ခရင်းကို ဘယ်သူ့အိုင်ဒီယာနဲ့ တီထွင်ထားပါလိမ့်နော်။

(၁၄)

လှေကားတွေ အများကြီးရှိတဲ့ ဒီရေချိုးခန်း…သွားလည်ကြည့်ချင် စိတ်တောင် ပေါက်မိပါရဲ့။

(၁၅)

အေးဘယ်နေရာမှာ ထိုင်စီးရမလဲ..ဒီလောက်ကျဉ်းကျဉ်းလေး လုပ်ထားမှတော့ စွန့်ပစ်ခံရတာတောင် နည်းသေး။

(၁၆)

ကဲ ကြည့်ကြပါဦး။ အစိမ်းရောင် လူသန်ကြီးလား…လင်းနို့လူသားလား။ ဘယ်လိုဆက်စပ်သွားတာ ပါလိမ့်နော်။

(၁၇)

ဂုံး ဖျော်ရည်တဲ့..တစ်စိလေးမှ စမ်းသပ်ချင်စရာတောင် မကောင်းပါဘူးနော်။

(၁၈)

ခပ်မိုက်မိုက် ဖိနပ်တစ်ရံ…ဒီလို ဒီဇိုင်းလေးဆို ဝယ်စီးချင်နေကြပြီ မဟုတ်လား။

(၁၉)

ဒီဝတ်စုံကို ဘယ်လိုမြင်လဲ။ လိုက်ဖက်ညီတယ်လို့ ထင်ကြလား။

(၂၀)

ခြေအိတ်ဖိနပ်… ဖိနပ်ခြေအိတ်..

(၂၁)

နှာခေါင်းနဲ့ ဖုန်းသုံးဖို့ မျှော်လင့်မိတယ်ဆိုရင် အပြေးဝယ်လိုက်ပါ။

(၂၂)

ပေါင်မုန့်ထဲမှာ ပါစတာ ထည့်ဖုတ်လို့ ရတယ်ဆိုတာ အခုမှပဲ သိလိုက်ရတာပါ။

(၂၃)

အိမ်သာတက်ရင်း ဝိတ်ချိန်ကြမယ်။

(၂၄)

ထွင်တာ ထွင်တာဆိုတာ..တွေးလဲ တွေးတတ်ကြတယ်နော်။

(၂၅)

တကယ်ပါဟယ်…ဖုန်းအသုံးပြုသူတွေအတွက် တကယ့်ကို အမေးဇင်းဖြစ်စေတဲ့ တီထွင်မှုပါပဲ။

(၂၆)

တကယ်သိချင်နေတာပါ….။ အင်တာနက်မှာ ဘယ်လိုအနံ့မျိုးရှိလဲဆိုတာ။

(၂၇)

ဘယ်လို ဆက်ဆီဒိုင်ဘာလဲ။

(၂၈)

မီနီယံလေးတွေကို ချစ်ရင် ဝယ်လိုက်ကြပါတော့နော်။

(၂၉)

 

ခလေးလေးအတွက်လား ဟမ်းစတားအတွက် ထုတ်တာလား။

(၃၀)

မိကျောင်းသားရေ မစစ်ဘူးလို့ လာမငြင်းနဲ့ ..ဒီမှာ အကောင်လိုက်စီးထားတာကို ရှှိုး..။

ကဲ ဒီလိုဒီဇိုင်းဆန်းပစ္စည်းလေးတွေ ဝယ်ယူဖူးပါသလား။ ပုံလေးတွေ အမှတ်တရ သိမ်းထားတာရှိရင် ဝေမျှပေးခဲ့ ပါဦး။ ပြီးတော့ ဘယ်လို ဒီဇိုင်းတွေကို ပိုင်ဆိုင်ချင်နေမိပြီလဲဆိုတာ နံပတ်လေးနဲ့ ပြောသွားပေးဦးနော်။

Written by Elni
Ref; Brightside

 

  နဲ့