မေတ္တာတရားဟာ တောရိုင်းတိရစ္ဆာန်တွေကိုတောင် မိတ်ဖွဲ့နိုင်ကြောင်း သက်သေပြနေတဲ့ ဓာတ်ပုံ (၂၉) ပုံ

မင်္ဂလာပါ။ ရွှေဉာဏ်ရှင် ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ လူသားတွေမှာ အမြဲပဲ ဒေါသ၊ မောဟတွေချည်းသာ ဖုံးလွှမ်း နေတတ်တာမျိုးတော့ မဟုတ်ပါဘူး။ အကောင်းအဆိုး ဒွန်တွဲတည်ရှိကြသလိုပဲ မေတ္တာတရား ကြီးမားသူတွေ လည်း တစ်ပုံတစ်ပင်ကြီး ရှိနေပါသေးတယ်။ တစ်ဦးနဲ့ တစ်ဦးပေါင်းသင်းဆက်ဆံကြတဲ့ အခါမှာ မေတ္တာတရား ကြီးမားသူတွေသာ အရာရာအောင်မြင်တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒီတော့ ဘယ် လောက်ကြီး မားရိုင်း စိုင်းတဲ့ သတ္တဝါတွေ ဖြစ်ပါစေ..မေတ္တာတရားအောက်မှာ အားလုံးက ပြိုဆင်းကျ သွားစမြဲဆိုတာကို အခုဖော်ပြ ပေးမယ့် ဓာတ်ပုံတွေက သက်သေပြနေတာပဲ ဖြစ်ပါတယ်။ (ယခုအကြောင်းအရာသည် ရွှေဉာဏ်ရှင် ပေ့ချ်မှ ရေးသား တင်ဆက်ထားခြင်း ဖြစ်ပါသည်)

(၁)

ဘယ်သူမဆို ပွေ့ဖက်မှုကို လိုလားတတ်ကြပါတယ်။ ချွဲနွဲ့နေတဲ့ ကလေးဆိုးကြီး။

(၂)

အင်းဆက်များ စုဝေးခြင်းဆိုတာ။

(၃)

နာမည်ကျော်တွေနဲ့ ဆယ်လ်ဖီရိုက်တာထက် ပိုပြီးကြီးကျယ်ခမ်းနားမှု။

(၄)

မေတ္တာတရားကို နားလည်သွားရင်တော့ အသားစားတဲ့ ကိုးတောင်ကျားကြီးပင်ဖြစ်စေ နူးညံ့တဲ့ စိတ်ဝိညာဉ် ရှိသော ဧရာမ ကြောင်တစ်ကောင်လောက်သာ ဖြစ်သွားတတ်ပါတယ်။

(၅)

မိတ်ကောင်း ဆွေကောင်းနှင့် တွေ့ဆုံခြင်းပါပဲ။

(၆)

ကြည့်ပြီးတာနဲ့ သင်အမြဲထာဝရ မြတ်နိုးရမယ့် အနမ်းတစ်ခုပုံရိပ်ပါ။

(၇)

ချစ်ခြင်းမေတ္တာကိုသာ ရှာဖွေနေသူကို ဘာမှကြောက်ရွံ့နေစရာ အကြောင်းမရှိပါ။

(၈)

တောရိုင်းတိရိစ္ဆာန်တွေ၊ တောတွင်း မျိုးနွယ်စုတွေနဲ့ ကြီးပြင်းလာတဲ့ Tippi နဲ့ တွေ့ဆုံပါ။

(၉)

တောရိုင်း တိရိစ္ဆာန်တွေနဲ့ မိတ်ဖွဲ့နည်းကို သူသိပါတယ်။

(၁၀)

ဘယ်လိုတွေတောင် အပြုံးတွေက တူညီနေရတာလဲနော်။

(၁၁)

လုကာကို ကျွဲရိုင်းလူသားလို့တောင် လူသိများနေကြတဲ့ အထိပါပဲ။

(၁၂)

လူတစ်ဦးနှင့် မြေခွေး ၃ ကောင်ရဲ့ ပုံရိပ်လေးကလည်း အင်တာနက်မှာ ရေပန်းစားလွန်းခဲ့တဲ့ ပုံလေးပဲ ဖြစ်ပါတယ်။

(၁၃)

လူတိုင်းဟာ ကိုယ်ချစ်တဲ့သူနဲ့တူတူ အနားယူဖို့ အချိန်တစ်ခုကတော့ လိုကို လိုအပ်ပါတယ်။

(၁၄)

တိရစ္ဆာန်တွေဟာ ကျွန်ုပ်တို့ကို ရန်သူများအဖြစ် မြင်နေရန်မလိုအပ်ပါ။

(၁၅)

Ashley နှင့်သူမအကြိုက်ဆုံးတွားသွားသတ္တဝါရဲ့ ဓာတ်ပုံပါ။

(၁၆)

 

ဘယ်သူကမှ ရန်လိုလွန်းတာမဟုတ်ဘူး။ ဒီလောက် ရန်လိုတတ်တဲ့ သိမ်းငှက်တောင် ချစ်ခြင်းမေတ္တာ အေးရိပ်မှာ ပျော်မွေ့နေခဲ့ပါတယ်နော်။

(၁၇)

ပထမဆုံး ထိတွေ့မှုကတော့ တုန့်ဆိုင်း တုန့်ဆိုင်း နိုင်ပေမယ့် နောက်တော့ အဆင်ပြေသွားခဲ့ပါတယ်တဲ့။

(၁၈)

ဒေါက်တာ Jane Goodall နှင့် သူ့ရဲ့ ချင်ပန်ဇီမျောက်ကလေး။

(၁၉)

လိပ်ကြီးမာဘယ်နဲ့ သူ့သခင်တို့ရဲ့ ချစ်ခြင်းမေတ္တာ။

(၂၀)

“ကျွန်တော်က ငှက်တစ်ကောင်မှ မဟုတ်တာ..ဒါပေမယ့် သခင့်နားမှာဆို ဘယ်လိုနေနေ အဆင်ပြေပါတယ်”

(၂၁)

သစ်ကုလားအုတ်ကြီးနဲ့ မင်းသမီးလေးရဲ့ ချစ်ခြင်းမေတ္တာ။

(၂၂)

ငြိမ်းချမ်းသော မိန်းကလေးနှင့် ချိုပြားဆတ်ကြီးတစ်ကောင်ရဲ့ ပုံရိပ်လေး။

(၂၃)

ကျားသစ်တစ်ကောင်နဲ့ လူသားတစ်ယောက်တို့ရဲ့ အေးမြတဲ့ အနမ်းတစ်ခု။

(၂၄)

ချစ်စရာကောင်းသော ကလေးလေးနှင့် ကျားသစ်ပေါက်ကလေးတို့က ငယ်စဉ်ကတည်းက သံယောဇဉ် တွယ်ခဲ့ကြပုံပါ။

(၂၅)

နှစ်ဦးသား ဘာတွေများ ပြောဆိုနေကြပါလိမ့်နော်။ ဝက်ဝံကြီးတစ်ကောင်နဲ့ ပြောဆိုဖု့ိ ဘာအကြောင်း အရာတွေများ ပြောဆိုဖို့ ရှိနေပါလိမ့်နော်။

(၂၆)

ကလေးဆန်ဆန် ချွဲနွဲ့နေတဲ့ ဝက်ဝံကြီးနဲ့ သည်းခံစွမ်းအပြည့်ရှိတဲ့ လူတစ်ယောက်ရဲ့ ပုံရိပ်လေးကလည်း ကြည့်တဲ့လူတွေကို ပြုံးမိစေမှာ သေချာပါတယ်။

(၂၇)

မျောက်တစ်ကောင်နဲ့ လူသားတစ်ယောက်ပါ။ မျောက်တွေကလည်း စွဲစွဲမြဲမြဲ ချစ်တတ်ပါတယ်နော်။

(၂၈)

ပုံလေးကိုကြည့်လိုက်ရရင် ဖြစ်ပေါ်သွားတဲ့ ခံစားချက်ကတော့ လျှို့ဝှက်ဆန်းကြယ်အမျိုးသမီး နှင့်သေးငယ်သောမြေခွေးဇာတ်ကား ရိုက်ကူးမှုလို့တောင် ထင်မိပါရဲ့နော်။

(၂၉)

ကျားတစ်ကောင်ကို နှစ်သိမ့်ပေးနေတဲ့ ဆရာတော်တစ်ပါးပဲ ဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ ပုံတွေကတော့ အန္တရာယ်ရှိတဲ့ တိရစ္ဆာန်များနှင့် လူသားတို့ရဲ့ ဆက်ဆံမှုအကြောင်းလေးပဲ ဖြစ်ပါတယ်။ သင်ရော အဲဒီလိုတိလေးတွေနဲ့ မိတ်ဖွဲ့ချင်ပါသလား။

Written by Elni
Ref;Brightside

 

  နဲ့