သင့်ကို စိတ်ကသိကအောက် ဖြစ်သွားစေမယ့် ဓာတ်ပုံ (၂၈) ပုံ

မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ ပုံမှန်မြင်တွေ့နေကျမဟုတ်ပဲ ထူးဆန်းတဲ့ ဓာတ်ပုံလေးတွေကို စုစည်းတင်ပြထားပါတယ်။တစ်ခါတစ်ရံမှာ လူသားတွေအနေနဲ့ ကပေါက်တိကပေါက်ချာ ဖြစ်ရပ်လေးတွေ အလွဲလေးတွေကို လုပ်မိတတ်ကြပါတယ်။ဒီလိုအလွဲလေးတွေကိုစုစည်းထားပြီးတော့တင်ဆက်ပေးလိုက်ရပါတယ်။ပရိတ်သတ်ကြီးကကြည့်ရှုပေးကြပါဦး။

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

အခန်းဖွဲ့စည်းထားပုံက တော်တော်ကပ်သီးကပ်နိုင်တာပဲနော်။

(၂)

ကားဒက်ရှ်ဘုတ်ပေါ်မှာ မြင်တွေ့ရတဲ့ ဆေးလိပ်တိုများ။လုပ်ရက်လိုက်လေခြင်း။

(၃)

ဒီနေ့ ကံဆိုးမလား ကံကောင်းမလား ဗေဒင်မေးနေစရာမလိုတော့ပါဘူး။

(၄)

အကျီရဲ့လက်တစ်ဖက်က နဲနဲများရှည်နေသလားလို့။

(၅)

သူတောင်ဆော်နဲ့ပါလား။

(၆)

ဒီပုံကတော့ နံရံမှာဆေးနဲ့ဆွဲထားတာသာ ဖြစ်ပေမဲ့ အရမ်းကို အသက်၀င်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

(၇)

ဒီလိုအံ၀င်ခွင်ကျဖြစ်ဖို့ဆိုတာ တော်ရုံစကေးနဲ့မရဘူး။

(၈)

မီးအလင်းရောင်ကို စုပြုံတိုး‌၀င်နေကြတဲ့ ပိုးဖလံကောင်အုပ်ကြီးတစ်အုပ်။

(၉)

Cos Play ကိုဆက်ကြိုက်ရတော့မလို မကြိုက်ရတော့မလိုတောင် ဖြစ်သွားစေပါတယ်။

(၁၀)

ကမ္ဘာကြီးပူနွေးမှု ပြသနာကိုတိုင်ပင်အဖြေရှာနေကြတဲ့ နိုင်ငံရေးသမားများဆိုတဲ့ နာမည်ပေးထားတဲ့ ဘာလင်နိုင်ငံက ရုပ်ထုများ။

(၁၁)

အာ၀ုရဲ့ဟောလိုး၀င်းပွဲတက်မဲ့ ဖက်ရှင်။

(၁၂)

Zootopia ကာတွန်းထဲက စလော့ကောင်လေးက ချစ်စရာကောင်းပေမဲ့ ဒီစလော့လေးကတော့ သင့်ကို ကိုက်စားတော့မလိုပါပဲ။

(၁၃)

မီးလောင်နေတဲ့ အ၀တ်လျှော်စက်တစ်လုံးကိုတွေ့ရစဉ်။

(၁၄)

လေ့လာရေးခရီးထွက်ဖို့ ဒီနေ့ကအဆင်ပြေတာသေချာရဲ့လား။

(၁၅)

အစမ်းသုံးတဲ့သူက သဲလွန်စချန်သွားပေးခဲ့သေးတာပါလား။

(၁၆)

ဖိနပ်ကပေးတဲ့ ကလဲ့စား။

(၁၇)

ကြံကြံဖန်ဖန်အိုင်ဒီယာနဲ့ အိမ်ပိုင်ရှင်ပါလားဗျာ။

(၁၈)

အိပ်ယာခင်းပေါ်မှာ ပင့်ကူလေးတွေလို့ထင်နေပေမဲ့ သေချာကြည့်ရင် ပန်းအိုးလေးတွေဆိုတာကို မြင်ကြရမှာဖြစ်ပါတယ်။

(၁၉)

ရှော့ပင်းထွက်ဖို့ ကောင်းလိုက်တဲ့ နေ့လေးပါလားကွယ်။

(၂၀)

ထပ်ခိုးလေးတစ်ခုမှာတွေ့ရှိရတဲ့ နကျယ်ကောင်အသိုက်လေးဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ ဖယ်ရှားပစ်ရတော့မှာပါပဲ။

(၂၁)

နောက်ထပ်အိုင်ဒီယာဆန်းဆန်းပြားပြားနဲ့နေရာတစ်နေရာပါပဲ။ခုံတန်းတွေရဲ့အပေါ်တည့်တည့်မှာ အပေါက်ဖောက်ထားလေတော့ ခုံတွေကမိုးရွာတိုင်း အမြဲတမ်းစိုစွတ်နေပါတယ်တဲ့။

(၂၂)

ဒီနေရာမှာ ဒီလိုမှန်အကြည်ကိုတပ်မှာ သေချာရဲ့လား။

(၂၃)

ဒီစာအုပ်လေးကတော့ အီးအက္ခရာပုံစံလေးဖော်ထားတာပါ။တစ်မျိုးဆန်းတဲ့ အိုင်ဒီယာပါပဲ။

(၂၄)

ဒီနေရာကတော့ ပြောင်းပြန်လည်ပတ်နေတာဖြစ်ပြီး သူ့မှာပါ၀င်တဲ့ နံပါတ်တွေကလည်း ပြောင်းပြန်ပါပဲ။

(၂၅)

ဒီဘီရိုလေးက အကျီထည့်ဖို့လား မီးပူတိုက်တဲ့‌ အောက်ခံဘုတ်ပြားတစ်ခုတည်းထည့်ဖို့အတွက်လား စဉ်းစားရမဲ့ ဒီဇိုင်းမျိုုးနဲ့ပါ။

(၂၆)

ဒီဟိုတယ်ခန်းက ရေချိုးခန်းလေးကတော့ ဘေးဘောင်တွေမထည့်သွင်းထားတဲ့အတွက် အပြင်ကို အမြဲတမ်းရေစင်နေမှာဖြစ်ပါတယ်။

(၂၇)

သူ့မျက်နှာကိုကြည့်လိုက်တာနဲ့တင်အဖြေပေါ်နေမှာပဲဖြစ်ပါတယ်။

(၂၈)

နောက်ထွက်မဲ့ကားရဲ့ အချိန်လေးကိုပဲ သိချင်တာပါ။

Written By – Wai Yan

  နဲ့