ရုရှားနိုင်ငံမှာသာ မြင်တွေ့ရမဲ့ ထူးခြားဆန်းပြားတဲ့ အရာများ

မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ရုရှားလူမျိုးတွေရဲ့ ကြံကြံဖန်ဖန် ပြုမူလုပ်ကိုင်ပုံများနဲ့ ရုရှားနိုင်ငံမှာသာ ရှိတဲ့ ထူးခြားတဲ့အကြောင်းအရာများကို ရှဲပေးသွားမှာပဲဖြစ်ပါတယ်။ရုရှားနိုင်ငံဟာ နေထိုင်သူလူဦးရေထူထပ်တာနဲ့ အညီ သူတို့လူမျိုးတွေရဲ့ ထူးဆန်းတဲ့ အမူအကျင့်တွေလည်း များစွာရှိကြပါတယ်။ကျွန်တော်တို့အားလုံးအတွက် ထူးဆန်းနေသည့်တိုင်အောင် ရုရှားလူမျိုးများအတွက်တော့ သမားရိုးကျကိစ္စများကဲ့သို့ပဲ နေထိုင်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ပရိတ်သတ်ကြီးက ဆက်လက်ရှုစားပေးကြပါဦး။

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

အရက်၊ဘီယာနဲ့ ဗော့ဒ်ကာတွေကို ကြိုက်နှစ်သက်ကြတဲ့ လူမျိုးများပီသစွာနဲ့ပဲ ၀ိုင်ပုလင်းတွေကိုအလေးပြုနေတဲ့ ရုရှားအမျိုးသားကြီးတစ်ဦးကိုတွေ့ရစဉ်။

(၂)

Weddingကဘယ်အချိန်ဆောင်ဆောင်ရတယ်။Battleကအချိန်နောက်ကျလို့မရဘူးဆိုတဲ့ ရုရှားမောင်နှံ။

(၃)

သူတို့ဘယ်ကို၀ယ်သွားကြမလို့ပါလိမ့်နော်။

(၄)

ရုရှားနိုင်ငံက ဘက်စကားတစ်ခုပေါ်မှာတွေ့ရတဲ့ စတစ်ကာရုပ်ပုံ။

(၅)

ရုရှားနိုင်ငံမှာ ပစ္စည်းပို့သူတွေကို အခုလို အာကာသ၀တ်စုံနဲ့လည်းတွေ့နိုင်မှာဖြစ်ပါတယ်။

(၆)

မိုးရေထဲမှာ အပျော်ကြီးပျော်နေကြတဲ့ စုံတွဲကိုကြည့်ကြပါဦး။

(၇)

မီးသေနတ်ကို ပိုင်နိုင်စွာ အသုံးပြုနေတဲ့ ရုရှားမိန်းမပျိုလေးတစ်ဦး။

(၈)

နဲနဲလေးခဲသွားတယ်ထင်ပါတယ်။

(၉)

ကျိုးနေတဲ့ အပင်ကိုကိုင်ပြီး အမှန်အကန်ပို့စ်ပေးနေသူ။

(၁၀)

ရုရှားနိုင်ငံက ခဲနေတဲ့ရေကန်တစ်ခုရဲ့ ရေခဲပြင်အသေးလေးပေါ်မှာ အေးအေးလူလူမတ်တပ်ရပ်နေလို့ရပါတယ်။

(၁၁)

ရုရှားလူမျိုးတွေကတော့ သူတို့ပျော်ပြီဆိုရင် ဘေးပတ်၀န်းကျင်ကို စိတ်ကူးထဲထည့်မနေတော့ပါဘူး။

(၁၂)

ရုရှားနိုင်ငံရဲ့ အထပ်မြင့်တိုက်တစ်ခုအပေါ်ကနေ နေပူစာလှုံနေတဲ့ အမျိုးသမီးတစ်ဦးကိုတွေ့ရစဉ်။

(၁၃)

အလှထားထားတဲ့ ခေါက်ဆွဲပြုတ်နဲ့ ကြက်ဉပြုတ်။တကယ်စားလို့တော့မရဘူးနော်။

(၁၄)

ပွဲမှာ ၀တ်ဆင်လာတဲ့ ကလေးတစ်ဦးရဲ့ အကျီပေါ်က စာလေးကတော့ တိုက်ဆိုင်စွာနဲ့ပဲ ဟာသဆန်လို့နေပါတယ်။

(၁၅)

ဇီးကွက်ဟာ ရုရှားနိုင်ငံမှာတော့ သာမန်အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ပဲ ဖြစ်ဖွယ်ရှိပါတယ်။

(၁၆)

လောကကြီးကို မကြည့်ချင်တော့ဘူး။

(၁၇)

အိုး တော်တော်ခဲနေတာပဲနော်။

(၁၈)

Wine ခွက်ကိုလက်မှာကိုင်ရင်း အေးအေးလူလူ လမ်းလျှောက်ထွက်နေတဲ့အမျိုးသမီးတစ်ဦးကို ရုရှားနိုင်ငံရဲ့လမ်းမတစ်ခုပေါ်မှာ တွေ့ရစဉ်။

(၁၉)

ဖက်ရှင်ရှေ့ဆောင်တစ်ဦးကို ငှက်ကူးမျဉ်းကြား အဲမှားလို့ လူကူးမျဉ်းကြားပေါ်မှာတွေ့ရစဉ်။

(၂၀)

အကြောင်းသိချင်ရင် အတွင်းကိုမြင်အောင်ကြည့်ပါ။

(၂၁)

ရုရှားနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဗော့ဒ်ကာပြတိုက်ပဲဖြစ်ပါတယ်။ဗော့ဒ်ကာကို ကြိုက်နှစ်သက်တဲ့လူမျိုးတွေပီပီ ပြတိုက်ပါဖွင့်လှစ်ထားရှိထားတာကိုမြင်တွေ့ရမှာပါ။

(၂၂)

ရုရှားနိုင်ငံရဲ့ နာမည်ကျော်တဲ့အရာတွေထဲက တစ်ခုကတော့ အမွှာ၀န်ထမ်းများက ၀န်ဆောင်မှုပေးတဲ့စားတော်ဆက်ပဲဖြစ်ပါတယ်။ဒီဆိုင်မှာဆိုရင် သင်အလိုရှိတဲ့ မှာယူမှုများအားလုံးကို အမွှာ၀န်ထမ်းများက ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

(၂၃)

ဒါကတော့ ရုရှားလူမျိုးတွေ နှစ်ခြိုက်စွာသောက်သုံးလေ့ရှိကြတဲ့ Tree Juice ပဲဖြစ်ပါတယ်။သစ်ပင်ထဲကထွက်ရှိလာတဲ့ သစ်ခေါက်ရည်ကို ခွက်များနဲ့ ခံယူပြီး သောက်သုံးလေ့ရှိကြပါတယ်။ကျန်းမာရေးအတွက် ကောင်းစေတယ်လို့လည်း သိရပါတယ်။

(၂၄)

ကနေသော သစ်ပင်များလို့ ပြောရလောက်အောင် ဖြစ်တည်နေကြတဲ့ သစ်ပင်များကိုမြင်တွေ့ရမှာပါ။ဒါလည်း ရုရှားနိုင်ငံမှာတည်ရှိတာပဲဖြစ်ပါတယ်။

(၂၅)

ဒါကတော့ ဘာသာပေါင်းစုံ ဘုရားကျောင်းပဲဖြစ်ပါတယ်။သင်ဟာ ခရစ်ယာန်၊မူဆလင်၊ဟိန္ဒူ မည်သည့်ဘာသာ၀င်ဖြစ်ပါစေ ဒီဘုရားကျောင်းမှာတော့ ၀တ်ပြုဆုတောင်းမှုတွေ ကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။

(၂၆)

ရုရှားနိုင်ငံမှာတော့ ပိုလာ၀က်၀ံတွေနဲ့ လမ်းလျှောက်ထွက်နေတာကို မကြာခဏမြင်တွေ့ရမှာဖြစ်ပါတယ်။

(၂၇)

 

ရုရှားနိုင်ငံမှာရှိတဲ့ ကျန်းမာရေးပြတိုက်ပဲဖြစ်ပါတယ်။ကလေးငယ်တွေအတွက် အဓိကရည်ရွယ်ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်များတဲ့ မိဘတွေအနေနဲ့ ၄င်းတို့ရဲ့ ကလေးငယ်တွေကို ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အလေ့အထလေးတွေကို အိမ်မှာသင်ပြပေးဖို့မအားလပ်တဲ့အခါ ဒီနေရာမှာစုံစုံလင်လင်ပြသလို့ရအောင် စီမံထားရှိတယ်လို့ သိရပါတယ်။

(၂၈)

ရုရှားနိုင်ငံမှာတော့ ကလေးယူဖို့အစီအစဉ်ရှိတဲ့ မိဘတွေအတွက် တရား၀င်အားလပ်ရက်ရယူနိုင်တာဖြစ်ပါတယ်။၀န်ထမ်းတွေအနေနဲ့ မီးဖွားခွင့်အပြင် ကလေးယူခွင့်အနေနဲ့ အားလပ်ရက်တစ်ရက် ခံစားခွင့်ရှိတဲ့အခွင့်အရေးကို ရုရှားအစိုးရကပေးအပ်ထားပါတယ်။

Written By- Wai Yan

  နဲ့