မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။တိုက်ဆိုင်မှုဆိုတဲ့ အရာဟာအတော့်ကို ထူးဆန်းတဲ့အရာပဲဖြစ်ပါတယ်။ဒါပေမဲ့ လောကကြီးမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် တိုက်ဆိုင်လွန်းနေတဲ့ အရာတွေကလည်း ရှိနေကြပါတယ်။ဒီတစ်ခေါက် ပရိတ်သတ်ကြီးအတွက် ဖော်ပြထားတဲ့ ပုံတွေကိုကြည့်လိုက်ရင်တော့ တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းတဲ့ တိုက်ဆိုင်မှုတွေကို ပါးစပ်အဟောင်းသားနဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။
Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(၁)
ဒီကျားလျှာပင် လေးက ဒိုင်နိုဆောတစ်ကောင်နဲ့တော်တော်ကို တူလွန်းနေပါတယ်။
(၂)
ဒီအမျိုးသမီးကြီးနှစ်ဦးကို ရထားတစ်စီးထဲမှာ အခုလိုမယုံနိုင်စရာ ၀တ်စားဆင်ယင်မှုတွေနဲ့အတူ တူညီစွာတွေ့မြင်ရတာပဲဖြစ်ပါတယ်။
(၃)
ဒီအဘိုးအိုနှစ်ဦးကအမြွာတွေလား။ဒါမှမဟုတ် တိုက်ဆိုင်မှုပဲလား။
(၄)
ပန်းသီးနှစ်လုံးကို တစ်လုံးတည်းအဖြစ် တွေ့ရစဉ်။
(၅)
နှစ်စီးပေါင်းမှ အရောင်တစ်ရောင်ဖြစ်မဲ့ ကားနှစ်စီးကို တိုက်ဆိုင်စွာပဲ အတူတကွမြင်ရတာဖြစ်ပါတယ်။
(၆)
ပါတီဆိုတာ များလေကောင်းလေပါပဲ။
(၇)
တိုက်အိမ်ရဲ့ ရှေ့နံရံပေါ်မှာ ကွန်ပြူတာက ပွိုင့်တာလေးကိုပါ မြင်ရမှာဖြစ်ပါတယ်။တခါတလေ ကျွန်တော်တို့အားလုံးဟာ game တစ်ခုထဲကိုရောက်နေကြတယ်ဆိုတဲ့ အချက်ကို လက်ခံရမဲ့ ပုံပါပဲ။
(၈)
ဒီဖိနပ်လေးနှစ်ဖက်ကတော့ အကူအညီလိုနေတဲ့ပုံပါပဲ။
(၉)
ဒါကရော တိုက်ဆိုင်မှုပဲလား လုပ်ယူထားတာများဖြစ်နေမလား။
(၁၀)
သူအဲ့ဒီ့ထဲကို ဘယ်လိုရောက်နေလဲဆိုတာကိုတော့ စဉ်းစားမနေတော့ပါဘူး။
(၁၁)
မင်းလည်းဘိုကေ ငါလည်းဘိုကေဆိုသလို တူလွန်းနေတဲ့ ကြောင်နှစ်ကောင်ကို မြင်တွေ့ရတာဖြစ်ပါတယ်။
(၁၂)
ဒီအမျိုးသမီးကြီးနှစ်ဦးကိုလည်း ကြည့်ပါဦး။ချိန်းထားရင်တောင်လွဲဦးမှာပါပဲ။
(၁၃)
ဒီစက်ဘီးရဲ့နောက်ဘီးက ကောင်းနေတာလား ခွင်နေတာလား ဒါမှမဟုတ် ကျွန်တော်တို့ပဲ အမြင်မှားနေတာများလားဗျာ။
(၁၄)
သစ်ပင်များကြားမှာ ညပ်ပြီးဖြစ်ပေါ်နေတဲ့ ရေခဲပြင်များကို မြင်တွေ့ရမှာဖြစ်ပါတယ်။
(၁၅)
အမျိုးသမီးတစ်ဦးထဲက ခုံလေးခုံကို ယူထိုင်ထားသလိုပါပဲ။
(၁၆)
ကိုမောင်မောင်အေး ဦးဇာဂနာနဲ့ ဆရာစံဇာဏီဘိုတို့ ၃ဦးတို့အား ပြိုင်တူတွေ့ရစဉ်။
(၁၇)
ဒါကတော့ စူပါမားကတ်မှာ မြင်ရတဲ့ တိုက်ဆိုင်မှုတစ်ခုဖြစ်ပါတယ်။
(၁၈)
ဒီဂျစ်တယ်နဲ့ ပုံဖော်ထားသလို ဖြစ်နေပေမဲ့ထင်ထားသလို မဟုတ်ပဲ လက်နဲ့ပဲ ထွင်းထုထားတာဖြစ်ပါတယ်။
(၁၉)
ကဲ တိုက်ဆိုင်ချက်ကတော့ ပြောကိုမပြောချင်တော့ပါဘူး။
(၂၀)
ဒီမှာလည်းနောက်တစ်ခုပါပဲ ဘက်စ်ကားတစ်စီးပေါ်မှာ အတူမြင်ရတဲ့ ဆံပင်ပုံစံတူ အမျိုးသမီးလေးဦးဖြစ်ပါတယ်။
(၂၁)
Matrix ထဲကလိုပါပဲ။သူနဲ့ပုံစံတူဖြစ်တဲ့ အမျိုးသမီးရဲ့ဓာတ်ပုံပါ၀င်တဲ့ သတင်းစာကိုဖတ်ရှုနေတဲ့ သတင်းစာထဲက အမျိုးသမီးဖြစ်ပါတယ်။
(၂၂)
မှန်တစ်ချပ်လား ဒါမှမဟုတ် မြောင်တို့အုပ်စုပဲလား။
(၂၃)
မျက်စိလည်သွားစေမဲ့ အတက်အဆင်းလှေကား ဖြစ်ပါတယ်။
(၂၄)
ဒါလည်း ရထားပေါ်မှာဘေးချင်းကပ်ထိုင်နေကြတဲ့ ချွတ်စွပ်တူတဲ့ အမျိုးသားနှစ်ဦးပဲဖြစ်ပါတယ်။
(၂၅)
အမျိုးသမီးနှစ်ယောက်ရဲ့ တိုက်ဆိုင်ချက်ကတော့ ကမ်းကုန်ပါပဲ။
(၂၆)
ဆံပင်အရောင်တူ၊အကျီကာလာတူ အမျိုးသမီးသုံးဦးကို တန်းစီပြီးတွေ့ရစဉ်။
(၂၇)
ဒီရေချိုးကန်လေးကို ကြည့်ရတာ ရေကိုမကြိုက်တဲ့ပုံပါပဲ။
(၂၈)
ရုတ်တရက်ကြည့်ရန် ပြောင်းဖူးတစ်ဖူးလို့ ထင်စရာရှိပေမဲ့ တကယ်တမ်းတော့ သွားတွေပဲဖြစ်ပါတယ်။
Written By – Wai Yan