မေ့မရနိုင်အောင် ဖြစ်ခဲ့ရတဲ့ အခိုက်အတန့်တွေကို ကြုံတွေ့ ခဲ့ကြသူများရဲ့ မှတ်တမ်းဓာတ်ပုံများ

မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ထူးဆန်းတဲ့ဓာတ်ပုံလေးတွေကို တင်ဆက်ပေးနေကြဖြစ်တဲ့အတွက် ဒီတစ်ခေါက်မှာလည်း ဖြစ်တောင့်ဖြစ်ခဲအခိုက်အတန့်တွေကို မှတ်တမ်းတင််ထားခဲ့ကြတဲ့ ဓာတ်ပုံလေးတွေကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။နေ့စဉ်ဘ၀မှာ မြင်တွေ့နေကျ၊တွေ့ကြုံနေကျ မဟုတ်တဲ့ မြင်ကွင်းအထူးအဆန်းလေးတွေကို မိမိရရ ဓာတ်ပုံရိုက်ယူထားခဲ့ကြသူတွေကြောင့် ကျွန်တော်တို့အားလုံးပြန်လည်ခံစားလို့ရခဲ့တာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးလည်း ကြည့်ရှုခံစားပေးကြပါဦး။

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

ရန်လိုနေတဲ့ ရှဉ့်လေးတစ်ကောင်ကို အိမ်ခေါင်မိုးပေါ်မှာ မထင်မှတ်ပဲ တွေ့ရှိခဲ့တာဖြစ်ပါတယ်။မှားတာရှိရင် တောင်းပန်ပါတယ်သားရီးရာ။

(၂)

မျက်နှာဖုံးနှစ်ခုပုံစံပေါ်နေခဲ့တဲ့ သစ်ပင်နှစ်ပင်ပါ။ဒီမြင်ကွင်းလေးကိုတော့ ကနေဒါနိုင်ငံရဲ့ မြို့တစ်မြို့ဖြစ်တဲ့ ဗန်ကူဗာမြို့မှာတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

(၃)

မြေခွေးလေးတွေဟာ ကျင်းတူးပြီးနေတတ်ကြပေမဲ့လည်း သူတို့ရဲ့နေရာကို လူသူမသိအောင် လျှို့၀ှက်နိုင်လွန်းတဲ့ သတ္တ၀ါလေးတွေဖြစ်ပါတယ်။ဒါပေမဲ့ ဒီပုံထဲမှာတော့ ကျောင်း၀န်းထဲက နေရာတစ်နေရာမှာ တူးထားတဲ့မြေကျင်းလေးထဲကနေ ထွက်လာတဲ့ မြေခွေးလေးကို တိုက်ဆိုင်စွာ တွေ့ရှိခဲ့ရချိန်မှာ အမိအရမှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။

(၄)

အိမ်မွေးတိရိစ္ဆာန်ထိန်းသိမ်းသူလည်းဖြစ်ပြီး ဓာတ်ပုံဆရာတစ်ဦးလည်း ဖြစ်သူတစ်ဦးက ရိုက်ကူးပေးခဲ့တဲ့ စေ့စပ်ပွဲအမှတ်တရ ဓာတ်ပုံပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း မဂ်လာမောင်နှံတို့က အမှတ်တရအနေနဲ့ ဓာတ်ပုံအယ်လ်ဘမ်ထဲမှာ ထည့်သိမ်းခဲ့ကြပါတယ်တဲ့။

(၅)

ဒီတစ်ယောက်ကတော့ ခေသူမဟုတ်ပါပဲ။ဟိုတယ်ရဲ့ ရေချိုးခန်းထဲမှာ ဆပ်ပြာခွက်သုံးရမဲ့အစား ဆပ်ပြာတုံးကို ပု၀ါပေါ်မှာ တင်ပေးထားတဲ့အတွက် အဲ့ဒီ့ ဧည့်သည်ကတော့ မကျေနပ်ဖြစ်ခဲ့ပုံရပါတယ်။ဒါကြောင့် ချန်ထားခဲ့တဲ့စာလေးမှာတော့ “လျှောက်သွားနေခဲ့တာ နှစ်၂၀ ကျော်ရှိပြီ။ပု၀ါကို ဆပ်ပြာခွက်အနေနဲ့ သုံးရတာမျိုး တစ်ခါမှ မတွေ့ခဲ့ရဖူးဘူး ကျေးဇူးတင်ပါတယ်”ဆိုပြီး‌ ရေးသားသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း ကြင်နာတတ်တဲ့ စိတ်အခံကြောင့်နဲ့တူပါရဲ့ ၀န်ထမ်းအတွက် မုန့်ဖိုးလေးလည်းထားခဲ့ပါသေးတယ်။

(၆)

ပန်းခြံထဲမှာ လမ်းလျှောက်ရင်း ဒီသစ်ပင်နဲ့တွေ့ခဲ့ရင် အဆင်ပြေပါ့မလား ပရိတ်သတ်ကြီး။လမ်းလျှောက်ရင်း ထပြေးမိဖို့များပါတယ်။သူ့ပုံစံကိုကြည့်ပါဦး။

(၇)

မနက်ပိုင်းလမ်းလျှောက်ရင်း မြင်တွေ့ရတဲ့ မြင်ကွင်းလေးဖြစ်ပါတယ်။ဘီးတစ်ဘီးသာပါတဲ့ စက်ဘီးလေးတွေကိုစီးနင်းပြီး ဘက်စ်ကတ်ဘောကစားနေကြတဲ့ လူတစ်စုရဲ့ပုံက မြင်ရသူတို့ကို ပျော်ရွှင်ကြည်နူးစေမှာဖြစ်ပါတယ်။

(၈)

ဒီမှာလည်း ငှက်စိတ်တိုလေး တစ်ကောင်ပါပဲ။တစ်ကိုယ်လုံး ရေစိုနေတဲ့အတွက် မပျံသန်းနိုင်သေးပဲ သူ့ကိုသူခြောက်သွေ့အောင်လုပ်နေရင်း လမ်းပေါ်မှာ ထိုင်စောင့်နေတာဖြစ်ပါတယ်။သူ့ကိုကြည့်ရတာ တော်တော်ချစ်ဖို့ကောင်းနေပါတယ်။

(၉)

တစ်စုံတစ်ယောက်က ဒီကျောက်ခဲလေးကို ဖိုးပြုံးချိုလေးဖြစ်အောင်လုပ်ပြီး ကမ်းခြေမှာ ပစ်ချထားခဲ့တာ ဖြစ်ပါတယ်။ကောက်ရတဲ့သူအတွက်ကတော့ ၀မ်းသာပီတိဖြစ်စေမှာ ဖြစ်သလို မမေ့နိုင်စရာနေ့လေးတစ်နေ့ ဖြစ်သွားတော့မှာပါ။

(၁၀)

ပုံမှာမြင်ရတဲ့ကောင်လေးကတော့ သူကြွေနေတဲ့ကောင်မလေး နေတဲ့အခန်းနံရံကို ကျောက်စရစ်ခဲလေးတွေနဲ့ ပစ်ပေါက်နေခဲ့ပါတယ်။သူ့ကြိုးစားမှုကြောင့် အခန်းထဲက ကောင်မလေးက ထွက်လာခဲ့ပြီး သူ့ကိုအိမ်ထဲ ၀င်ခွင့်ပေးခဲ့ပါတယ်။တခါတလေမှာ နည်းလမ်းဟောင်းကြီးတွေကလည်း အသုံး၀င်နေတုန်းပါပဲနော်။ကြိုးစားကြည့်ကြပါဦး။

(၁၁)

လမ်းဘေးမှာထားရှိတဲ့ မီးငြှိမ်းသတ်ပေးတဲ့ ပိုက်လေးရဲ့ပုံလေးကတော့ တကယ်ကို ထူးဆန်းပြီး ချစ်စရာကောင်းနေပါတယ်။မင်းသမီးလေးတစ်ဦးက လက်လေးနှစ်ဖက်ကို ဆန့်တန်းထားတဲ့ ပုံစံလေးဖြစ်လို့နေပါတယ်။ဒီတိုင်းထားတာထက်စာရင်တော့ ဒီပုံစံလေးက ပိုပြီးအမြင်ဆန်းနေစေပါတယ်။

(၁၂)

ဒါမျိုးလေးတွေဟာ အရမ်းသိမ်းထားချင်စရာကောင်းတာပါပဲ။ကိုယ့်ဆီရောက်လာတဲ ပိုက်ဆံရဲ့ serial နံပါတ်က တစ်ဖြစ်နေတာပါ။တော်ရုံလူကတော့ ဂရုတစိုက်ကြည့်မိမှာ မဟုတ်ပေမဲ့ ဓာတ်ပုံရှင်ကတော ကံကောင်းစွာနဲ့ ကြည့်မိခဲ့ပါတယ်။

(၁၃)

ဖော့က်လန်း ကျွန်းစုတွေကို ခရီးထွက်တုန်းက တွေ့ခဲ့ရတဲ့ ပျော်ရွှင်နေတဲ့ ချာတိတ်လေးတစ်ကောင်ဖြစ်ပါတယ်။မြင်ရခဲလှတဲ့ ပင်လယ်ဖျံသတ္တ၀ါလေးဟာ သောင်ပြင်ပေါ်မှာ အေးအေးလူလူပဲ အနားယူနေခဲ့ပါတယ်။ပို့စ်တောင် ပေးထားသေးတဲ့ ပုံပါပဲ။

(၁၄)

ဇီးကွက်ကို ဒီလိုအနီးကပ်တစ်ခါမှ မမြင်ဖူးလို့ အပျော်ကြီးပျော်နေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့မြင်ရပုံဖြစ်ပါတယ်။တိချစ်သူများကတော့ အကုန်ကိုချစ်တော့တာပါပဲနော်။

(၁၅)

ဒီမှာလည်းကြည့်ပါဦး လူမှာတွယ်နေတဲ့ သန်းနဲ့ သူ့အပေါ်မှာ ထပ်ပြီးတွယ်ကပ်နေတဲ့ သန်းတစ်ကောင်ရဲ့ ပုံဖြစ်ပါတယ်။ဒီလို မိုက်ခရို စကုပ်နဲ့ချဲ့ကြည့်ဖို့ ဘယ်လိုအတွေးများရခဲ့ပါလိမ့်လို့ စဉ်းစားမိပါတယ်။

(၁၆)

ဟောဟော ကြည့်ကြပါဦး အိမ်ကိုဒီဇိုင်းဆွဲခဲ့သူရဲ့ အိုင်ဒီယာကတော့ ဆန်းပါဘိဗျာ။ဘေးပတ်လည်မှာ အပင်လေးတွေကိုပါ ဇောက်ထိုးလုပ်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။လူ့ဂွစာတွေ နေတဲ့ အိမ်ဖြစ်မယ်ထင်ပါတယ်။တကယ့်ကို wonder works ပါပဲ။

(၁၇)

ထူးဆန်းစွာ ရှားစောင်းပင်ရဲ့ ဘေးမှာ လာကပ်ပေါက်နေတဲ့ အပင်တစ်မျိုး။တွေ့ရမြင်ရတာတွေကတော့ အဆန်းတွေချည်းပါပဲနော်။

(၁၈)

ဆိုင်ကယ်ဦးထုပ်ထဲမှာမှ အသိုက်လာဆောက်ပြီး ဥပါ၀င်ဥထားတာ ဖြစ်ပါတယ်။တိရိစ္ဆာန်လေးတွေရဲ့ ဘ၀က သနားစရာ ဂရုဏာသက်စရာ ကောင်းနေပါတယ်။

(၁၉)

ပြောင်းပြန်ဖြစ်နေတဲ့ အမေရိကန်နိုင်ငံအလံကို ကိုင်ဆောင်ပြီး ဟစ်ကြွေးနေတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပါတယ်။အမှုမဲ့အမှတ်မဲ့ပဲလား ရည်ရွယ်ချက်ရှိရှိ ပြောင်းပြန်ကိုင်ထားတာလားဆိုတာကတော့ သူကိုယ်တိုင်ပဲသိမယ်ထင်ပါတယ်။

(၂၀)

ပန်းကန်ဆေးနေရင်းထွက်လာတဲ့ အမြုပ်လေးတွေကို စိတ်ကူးပေါက်ပြီး ကင်မရာနဲ့ ဆွဲရိုက်လိုက်တဲ့အခါမှာတော့ ဒီလိုဓာတ်ပုံလေး ရရှိခဲ့ပါတယ်။

(၂၁)

တင်ထားလိုက်တာ နတ်ပြည်ရောက်တော့မလားပါပဲ။နည်းများနည်းနေသေးလားမပြောတတ်ပါဘူး။

(၂၂)

တောင်ပေါ်က ကျောက်သားဆိုင်တွေပေါ်မှာ ပုံပေါ်နေတဲ့ သတ္တ၀ါကြီးတစ်ကောင်ရဲ့ ခြေရာဖြစ်ပါတယ်။ဒီခြေရာကြီးနဲ့ဆိုရင်တော့ ဒိုင်နိုဆောကြီးတွေတကယ်ရှိနေခဲ့တယ်ဆိုတာကို ယုံရတော့မှာပါပဲ။

(၂၃)

လှပလွန်းတဲ့ အရောင်အဆင်းရှိတဲ့ ငါးလေးတစ်ကောင်ရဲ့ ပြောင်းလဲလာမှု ဖြစ်စဉ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ကြီးလေလှလေပါပဲနော်။

(၂၄)

သေချာမကြည့်ရင်‌တော့ နားလည်နိုင်မှာမဟုတ်ပါဘူး။အမှန်တကယ်တော့ ဘက်စ်ကားတစ်စီးရဲ့ မှန်တွေကို ပြောင်လက်နေအောင် တိုက်ထားတဲ့အတွက် မှန်မှာပေါ်နေတဲ့ မြင်ကွင်းဖြစ်ပါတယ်။

(၂၅)

 

ဒါလေးကတော့ စိတ်မကောင်းစရာလေးတစ်ခုပါပဲ။မလေးရှားနိုင်ငံ ရေကြီးမှုဖြစ်တုန်းက ကျန်ခဲ့တဲ့ နေရာကွက်ကွက်ကလေးဖြစ်ပါတယ်။အဲ့ဒီ့နေရာမှာ ကျန်တဲ့လူအချို့နဲ့ တိရိစ္ဆာန်အချို့ကတော့ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ကျန်ရစ်ခဲ့ကြပါတယ်။ဘေးပတ်ပတ်လည်ကနေရာတွေ အားလုံးကတော့ရေဖုံးလွှမ်းခံခဲ့ရပါတယ်။

(၂၆)

မြင်တွေ့နေရတာကတော့ ဂျာမဏီနိုင်ငံမှာရှိတဲ့ ရေတံတားပဲဖြစ်ပါတယ်။တံတားပေါ်မှာသွားနေတဲ့ လှေတစ်စီးကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ရင်သပ်ရှုမောဖွယ်ကောင်းပြီးတော့ လှပတဲ့အရာတစ်ခုလည်းဖြစ်တာကြောင့်ဖော်ပြပေးလိုက်ရပါတယ်။

(၂၇)

နယူးယောက်မြို့ကို ကောင်းကင်ကင်မရာနဲ့ ရိုက်ကူးထားပုံပဲဖြစ်ပါတယ်။ဒီလိုကြည့်လိုက်ပြန်တော့ ကွန်ပြူတာက ဆားကစ်ဘုတ်လေးတွေနဲ့ တော်တော်လေးကို ဆင်တူနေတာ ဖြစ်ပါတယ်။

(၂၈)

ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဟာ ပျဉ်ချပ်ပေါ်ကနေရာတစ်နေရာထဲမှာပဲ နေ့စဉ်၀တ်ပြုဆုတောင်းတဲ့အတွက် နှစ်များစွာကြာတဲ့အခါမှာတော့ ခြေထောက်နင်းနေကျနေရာမှာ ချိုင့်ပြီးကျန်နေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ခိုင်မာလွန်းတဲ့ ဇွဲလုံ့လကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ကြည့်ရှုပေးခဲ့တဲ့အတွက် ပရိတ်သတ်ကြီးကို ကျေးဇူးတင်ရှိပါတယ်။ပုံလေးတွေကို ကြည့်ရှုပြီးကျေနပ်သဘောကျမယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။

Written by – Wai Yan

  နဲ့