မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ဆံပင်ဟာ ဒုတိယမျက်နှာလို့ဆိုကြတဲ့အတိုင်းပဲ ကျွန်တော်တို့အားလုံးအတွက် ဆံပင်ပုံစံဟာအရမ်းကို အရေးကြီးပါတယ်။ဒါပေမဲ့ ကျွန်တော်တို့လူသားတွေတင်မကပဲ တိိရိစ္ဆာန်ကလေးတွေမှာလည်း ဆံပင်ပုံစံအလန်းတွေ ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။သူတို့လေးတွေရဲ့ ဆံပင်ဒီဇိုင်းလေးတွေဟာ လူတွေထက်တောင် ပိုပြီးစတိုင်ကျနေကာ ချစ်စရာကောင်းနေကြတာကို တွေ့ရှိရတာဖြစ်လို့ ပရိတ်သတ်ကြီးက ရှုစားပေးကြပါဦး။
Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(၁)
နင်ပြောတော့ Dryer နဲ့မှုတ်လိုက်ရင် ငါတို့အဇမ်းလှသွားကြမှာဆို။
(၂)
ကျွန်တော်ချောလားအမေ။
(၃)
သင့်အမေကိုယ်တိုင် သင့်ဆံပင်အား လက်စွမ်းပြညှပ်လိုက်သောအခါ
(၄)
နဂိုရှိတော့လည်း နဂိုင်းကထွက်သွားတာပါပဲ။
(၅)
ခုခေတ်ကောင်လေးတွေ အကုန်လုံး ဒီကေပဲညှပ်ကြတာကွ ငါပြောတာယုံစမ်းပါ။
(၆)
ဒီကောင်လေးတော့ ဆံပင်ညှပ်ဆရာ အသစ်လိုနေပြီထင်တယ်။
(၇)
ဒါကခွေးလား lion လားဟင်
(၈)
အမေကိုယ်တိုင် ညှပ်ပေးပြီးမှ ငါ့သားက ဒီဆံပင်နဲ့ အရမ်းလိုက်တာပဲလို့ ပြောလာသောအခါ။
(၉)
ဒီဆံပင်ညှပ်ဆိုင်ရဲ့ မန်နေဂျာနဲ့ စကားပြောလို့ရမလား။
(၁၀)
ဒီကေနဲ့ဆို ဆော်ကြည်ပြီလေ။
(၁၁)
ဟင်းသီးဟင်းရွက်များများစားရင် ဆံပင်လှတယ်ဆိုတာ တကယ်လားဟင်။
(၁၂)
ငါ့ဆံပင်ကို ဘယ်သူပဲညှပ်ညှပ် အဲ့လူနဲ့ ငါစာရင်းရှင်းရမယ်။
(၁၃)
ငါဘာမှတော့မမြင်ရဘူး ဒါပေမဲ့ ငါအရမ်းကြည့်ကောင်းနေတာတော့ သေချာသိပါတယ်။
(၁၄)
ဒီခေတ်မှာ အားလုံးဒီလို ကေအလန်းတွေပဲ ထားကြတော့တာ အမေရ။
(၁၅)
ဆံပင်ညှပ်တဲ့ အလုပ်ကိုစလုပ်တာ မကြာသေးလို့ ခွင့်လွှတ်ပါ။အလုပ်မထုတ်လိုက်ပါနဲ့နော်။
(၁၆)
ကြက်ဆိုရင် အာဖရိကန်ဆံပင်ကေ ထားလို့မရဘူးလို့ ဘယ်သူကပြောလဲ။
(၁၇)
မျက်နှာငယ်လေးကိုကြည့်ပါဦး ကွန်ဖီးဒန့်တွေပျောက်ဆုံးနေပြီလေ။
(၁၈)
ကျွန်တော်ပါ ခြေသုတ်ခုံ မဟုတ်ပါဘူး။
(၁၉)
ဗြူးတီးခေါင်းလျှော်ရည်ကြောင့် ခုလိုလှနေတာပါ။
(၂၀)
တကယ်တော့ အကောက်စတိုင်ကို သိပ်တော့ကြိုက်လှတယ်မဟုတ်ပါဘူး။
(၂၁)
မင်းအနားကို ဘယ်သူကပ်လာလဲ တစ်ချက်လောက် မျက်လုံးပင့်ကြည့်လိုက်ပါဦး။
(၂၂)
ဆံပင်က မိမိုက်နေတော့လည်း မျက်လုံးပေါ်မပေါ် ဂရုစိုက်နေစရာတောင်မလိုတော့ပါဘူး။
(၂၃)
ကိုယ်လှတာ ကိုယ်သိရင်ရပါပြီ။
(၂၄)
ဒီဆံပင်ကေကြောင့် ဘောလုံးနဲ့မှားပြီး အကန်ခံရပေါင်းများပါပြီ။
(၂၅)
ဒီမြင်းလေးဟာ မြင်းတွေထဲမှာတော့ ဆံပင်အလှဆုံးမြင်း ဖြစ်ပါလိမ့်မယ်။
(၂၆)
ကျောင်းကထွက်ပြီး ငါတို့အဖွဲ့ထဲ ၀င်လာခဲ့လိုက်တော့ကွာသားရီး။
(၂၇)
ပိုင်တံခွန် စတိုင်လေးကြိုက်လို့ ယုန်တံခွန်။
(၂၈)
ဆေးဆိုးရင်း ဆေးဘူးမှောက်ကျသွားသောအခါ။
(၂၉)
ကိုအာဇာနည် သီချင်းထဲက ဆံနွယ်လေးတွေ သံစဉ်တေးလိပ်ပြာဆိုတာ မီးကိုစောင်းဆိုထားတာပါ။
Written by – Wai Yan