ရီရမလား၊ ငိုရမလား မသိအောင် ချစ်စရာကောင်းတဲ့ အလွဲတွေကို ကျူးလွန်ခဲ့ကြသူများ

မင်္ဂလာပါ။ ရွှေဉာဏ်ရှင် ပေ့ချ်မှ ကြိုဆိုလိုက်ပါတယ်။ ချစ်စရာကောင်းတဲ့ ခါချာပူရီကို ဖုတ်ဖို့ကြိုးစားခဲ့ပေမယ့် တူးခြစ်သွားတဲ့ ပေါင်မုန့်တစ်လုံးသာ ရရှိသွားခဲ့သူတွေ၊ နှလုံးသားပုံစံ စက်ဘီးမီးသီးကို ဝယ်လာပြီး စက်ဘီးမှာ တပ်လိုက်ကာမှ အရမ်းကို ရယ်စရာကောင်းတဲ့ ပေါက်တတ်ကရပုံပေါက်သွားတာမျိုးကအစ အလွဲတွေလုပ်ခဲ့ ကြမိတဲ့ လူတွေရှိနေပါတယ်။ သူတို့ရဲ့ အလွဲတွေက ချစ်စရာ၊ ရယ်စရာကောင်းလွန်းနေတာကြောင့် ပြေးပြီး တောင်မှ ပွေ့ဖက်နှစ်သိမ့်လောက်ချင်စရာတောင် ကောင်းနေခဲ့ပါတယ်။ ဒါကြောင့် ဒီလူတွေရဲ့ ချစ်စရာအလွဲ ပုံတွေကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။ (ယခု အကြောင်းအရာသည် ရွှေဉာဏ်ရှင် ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်း ဖြစ်ပါသည်)

(၁)

လုပ်တာကတော့ လှလှလေးပုံသွင်းလိုက်တာပဲ။ ဖြစ်သွားတဲ့ပုံကတော့ အခုပုံမှာ မြင်နေရတဲ့ အတိုင်းပါပဲ။ အကြာကြီးကြိုးစားပြီးမှ ထင်သလို ဖြစ်မလာခဲ့လို့ အော်ဟစ်ငိုယိုနေပါပြီတဲ့နော်။

(၂)

ငါ့ခွေးလေးရဲ့ မျက်လုံးတဝိုက်က အမွှေးလေးတွေကို ညှပ်ပေးပါလို့ ပြောလိုက်တာကို လုပ်ပေးလိုက်တာက အသက် ၈၀လောက် ထိပ်ပြောင်တဲ့နေတဲ့ ရုပ်လုပ်ပေးလိုက်တာတဲ့လား။ ပြန်လျော်ပေး။

(၃)

ကားနဲ့ စွပ်ပြုတ်ချက်တာဆိုပြီး ရေခဲသေတ္တာထဲက ဟာတွေအကုန်လုံးကို ရောထည့်လိုက်တဲ့ ကလေးတစ်ယောက် သင့်အိမ်မှာ ရှိတဲ့အခါ….။

(၄)

ဆံပင်ညှပ်ဆရာက ဒီလိုလုပ်ပေးလိုက်တဲ့အခါ…ချော်ညှပ်မိတာ မှတ်လား။ မညာနဲ့။ ငိုနေပါပြီနော်။

(၅)

ချယ်ရီခရင်မ်ချိစ်ကို ကျစ်ဆံမြီး ၂ ခုပုံ အလိမ်လေးလုပ်တာပါ…ဒါပေမယ့် ဟောလိုဝင်းအတွက် လုပ်နေတာလားလို့ လူတိုင်းမေးနေကြတာ ဘာကြောင့်ပါလိမ့်။

(၆)

ကျောင်းက ဓာတ်ပုံတောင်းလို့ လှချင်ဇောနဲ့ မိဘပြန်မလာခင် ကိုယ့်ဖာသာ ဆံပင်ညှပ်ထားတဲ့ ကလေးလေးတစ်ယောက်ရဲ့ လက်ရာ။

(၇)

ဆိုးတာက ဆံပင်နီဆိုးတာပါ။ ဒီလိုဘာကြောင့် ဖြစ်သွားတာလဲဆိုတာတော့ ရှင်းပြပေးကြပါဦး။

(၈)

ဆံပင်ညှပ်လိုက်တဲ့ ရလဒ်ကတော့….

(၉)

ယူကျုကကြည့်တဲ့ အတိုင်းလိုက်ညှပ်ပေးထားတာလေ။ ဘယ်လိုလဲ လက်ရာတွေကို ခိုက်နေပြီမှတ်လား။

(၁၀)

ဒီတောင်ပံပေါက်စိကွေး ရှစ်ခုအတွက် ၁၉ဒေါ်လာ ပေးခဲ့ရသူတစ်ယောက်ရဲ့ ကြေကွဲခန်း။

(၁၁)

ဗီတာမင်တွေ အရည်ပျော်အခဲတုံး ဖြစ်သွားခဲ့တော့ ဘယ်လိုလုပ်ရမှာတုန်း။ ကိုက်စားရမှာလား။ ဖဲစားရမှာလား။ ကတ္တားနဲ့ ချိန်စားရမှာလား။

(၁၂)

Pepperoni ပီဇာကို လုပ်ထားပြီး မီးဖိုထဲမှာ ၅ နာရီ ထားခဲ့မိသူတစ်ယောက်ရဲ့ ကြေကွဲခန်းက…

(၁၃)

ပြင်သစ် macarons လုပ်တာလေ။ တူတယ်မှတ်လား။

(၁၄)

ဖြစ်ဖူးတယ်တော့ လုပ်လိုက်။ ဆတ်ကနဲ ဆွဲရင်ပြတ်သွားမယ် ထင်ပြီး ထင်သလို မဖြစ်လာတဲ့အခါ…။

(၁၅)

ကားမတော်တဆမှု ဖြစ်တယ်။ လူလေးယောက်လုံး အန္တရာယ်ကင်းတယ်ဆိုလို့ ကြိတ်ဝမ်းသာသွားတဲ့ အာမခံ ကုမ္ပဏီက ကားကို မြင်လိုက်တဲ့အခါ။

(၁၆)

ဓာတ်ပုံရိုက်ပေးဖို့ အကူညီတောင်းရင် လူကို သေချာကြည့်တောင်းပါနော်…။

(၁၇)

ခွေးပုံလှလှလေး အဖေရိုက်ထားပေးမယ်ဆိုလို့ ယုံကြည်မိသောအခါ…။

(၁၈)

“စက်ဘီးအတွက် ဒီချစ်စရာကောင်းတဲ့ နှလုံးပုံစံ နောက်မီးကို ငါဝယ်ခဲ့တယ်” ဆိုတဲ့ လူတစ်ယောက်ရဲ့ အူတက်လောက်စရာ အလွဲကတော့ဖြင့်။

(၁၉)

ခါချာပူရီ လုပ်ကြည့်တယ်။ မျှော်လင့်ချက်နှင့် လက်တွေ့ဘဝကတော့ အမြဲတမ်း တူနေတာမှ မဟုတ်တာနော်။ မရယ်ကြေး။

(၂၀)

ဟက် ပါးလွှာ..ထိရှ..။

(၂၁)

အေးပေါ့..စာအုပ်အတွက် ဝယ်ထားတာလေ။ လူအတွက်မှ မဟုတ်ပဲ။

(၂၂)

အင်းပါ..ငှက်ပျောသီး ငါးလုံးပါ…။ လိုက်မရေတွက် ကြည့်နဲ့နော်။

(၂၃)

ရင်သားကင်ဆာ သတိပြုမိစေဖို့ ပန်းရောင်လေးနဲ့ အသိပညာပေးဖို့ လုပ်ခဲ့ပေမယ့် ထွက်လာခဲ့တဲ့ အရောင်က…။

(၂၄)

ဂရုစိုက်နော်။ မြင်လိုက်ရတဲ့ အရာတိုင်းကို တစ်ထစ်ချ မယုံလိုက်ပါနဲ့။ ထောင်ချောက်လည်း ဖြစ်သွားနိုင်ပါတယ်။

(၂၅)

ဘယ်လောက်တောင်များ ကံဆိုးလိုက်တဲ့ ခွေးပါလားနော်။

(၂၆)

အေးအေး ရေခဲချောင်းကို ပြောင်းပြန်ကိုင်စားနေလိုက်…။

(၂၇)

တစ်ရှူးတွေကို ဆွဲထုတ်လိုက်ရတာ အဆင်ပြေနေတာတော့ မဟုတ်ပါဘူးနော်။

(၂၈)

တူရကီလေကြောင်းလိုင်းဆိုတာ အကောင်းဆုံးရွေးချယ်မှုမဟုတ်ပေ….အာ့လိုကြီး ခံစားသွားရတာပါနော်။ ကြည့်လဲ ကြော်ငြာကြပါဦးအေ။

(၂၉)

ဟိုဟာလေ…. စာအုပ်ထဲမှာ အသံဖိုင်ဖွင့် နားထောင်နည်းလေး ပြောပြပေးခဲ့ပါလားလို့။

(၃၀)

Ice Lollies ကတော့ တကယ့် ငယ်ဘဝကို ပြန်ရောက်သွားသလိုပါပဲတဲ့နော်။

ကဲ ဘယ်ပုံတွေကို သဘောကျနေပြီလဲ။ ပရိသတ်တို့မှာရော အဲဒီလို အလွဲပုံလေးတွေများ ရှိပါသလား။ ပြန်လည်ဝေမျှပြီး တူတူရယ်မောကြရအောင် ဖိတ်ခေါ်ပါတယ်နော်။

Written By Elni
Ref;Brightside

 

  နဲ့