အထူးဆန်းဆုံးဆိုတဲ့ အရာတွေကို နဖူးတွေ့ ဒူးတွေ့ တွေ့ခဲ့ကြသူများ (ဓာတ်ပုံ ၂၅)

မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်မှ ကြိုဆိုပါတယ်။ လူသားတွေနေထိုင်ရာ ကမ္ဘာမြေကြီးပေါ်မှာ အဆန်းကြယ်ဆုံး ဆိုတဲ့ အရာတွေ များပြားစွာရှိပါတယ်။ ကံကောင်းလွန်းတဲ့ ရှားပါးလူတွေသာ အထူးဆန်းဆိုတဲ့အရာတွေ ကိုယ်တိုင် မြင်တွေ့ခွင့်ရသလို ကိုင်တွယ်ခွင့်ရနိုင်ပါတယ်။ ကိုယ်တိုင် လက်တွေ့မြင်တွေ့ကိုင်တွယ်ခွင့်ရခဲ့တာတွေကို ပြန်လည်ဝေမျှခဲ့သူတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ (ဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

ငါးမန်းသွားကို နှစ်ပေါင်းများစွာ ရှာဖွေနေသူတစ်ယောက် ကိုယ်တိုင်

ရှာဖွေတွေ့ရှိခဲ့တဲ့ မက်ဂလိုဒုန် ငါးမန်းမျိုးစိတ်ရဲ့ သွား

(၂)

တွေ့ရခဲတဲ့ အပြာရောင်ခြယ်

မက္ကဆီကန်ဖွတ်ပုတက်မျိုးစိတ် (Shwe Nyan Shin)

(၃)

လင်းနို့ပေါက်စလေးတွေကို မြင်ဖူးတဲ့ သူဆိုတာ

ရှားမယ်ထင်ပါတယ်။

(၄)

ပြည်ကြီးငါးတစ်ကောင် အရွယ်အစား ဘယ်လောက်ကြီးကြီးထိရှိမယ်လို့ စဉ်းစားဖူးပါသလဲ။

လူတစ်ယောက်ထက်တောင် ကြီးတဲ့ အရွယ်အစားရှိတဲ့ ပြည်ကြီးငါးတစ်ကောင်ကိုတော့ နယူးဇီလန်ရှိ ကမ်းခြေတစ်ခုမှာ ရှာတွေ့ခဲ့ပါတယ်။

(Shwe Nyan Shin)

(၅)

ငါးတစ်ကောင်က ပျံသန်းဖို့အတွက် အတောင်ပံပါတယ်လို့ ဓာတ်ပုံနဲ့တကွ ပြရင်တောင် ယုံပါ့မလား

ဒီဓာတ်ပုံဟာ ဖိုတိုရှော့ လုံးဝမဟုတ်ပါဘူး။

(၆)

ကယ်လီသီးယား ဂရိမှာ မထင်မှတ်ဘဲ တွေ့ရှိခဲ့တဲ့

ကင်းမွန်ငါးသေးသေးလေး

(Shwe Nyan Shin)

(၇)

ကြယ်ငါးပေါင်း သန်းတစ်ရာမှာတောင်

တစ်ကောင် ရှာတွေ့ဖို့ခက်ခဲတဲ့ ကြယ်ငါး

(၈)

မြင်ကွင်းတစ်ဘက်ခြမ်းကို ဖောက်မြင်နိုင်တဲ့ သစ်ရွက်…

သစ်ရွက်မှာရှိတဲ့ တစ်ရှူးတွေ ပျက်စီးသွားတဲ့အခါမှာတော့ သစ်ရွက်ရဲ့ အရောင်တွေအကုန်လုံး ပျောက်ကွယ်သွားပြီး မြင်ကွင်းတစ်ဘက်ခြမ်းကို ဖောက်မြင်နိုင်စွမ်းရှိတဲ့သစ်ရွက်ဖြစ်သွားတာပဲဖြစ်ပါတယ်။ (Shwe Nyan Shin)

(၉)

တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေပြီး

မြင်ရခဲတဲ့နယူးဇီလန်က ဖြူကောင်

(၁၀)

ဟာဝိုင်အီက ကမ်းခြေပေါ်ကို သောင်တင်လာခဲ့တဲ့ မှန်ဘောလုံး တစ်လုံး…

အရင်က လူတွေရဲ့ အလှဆင် ပစ္စည်းလေးတစ်ခုဖြစ်ပေမယ့် သဘာဝကြီးရဲ့ မှီခိုရာ အိမ်တစ်လုံးဖြစ်နေပါပြီ။

(Shwe Nyan Shin)

(၁၁)

သင်တစ်ခါမှ မမြင်ဖူးလောက်သေးတဲ့

အပြာရောင် ကျောက်ပုစွန်…

(၁၂)

မထင်မှတ်ဘဲ တွေ့ရှိခဲ့တဲ့ ဆင်ကြီးမျိုး မက်စတိုဒွန် ဆင်ကြီးရဲ့ သွား..

(Shwe Nyan Shin)

(၁၃)

လူရဲ့နွေးထွေးတဲ့ လက်လေးထဲမှာ အိမ်မွေးတိလေးလိုမျိုး

ဇိမ်ကျနေတဲ့ ဘဲတူဖျံတူအကောင်ပေါက်လေး

(၁၄)

ရှေးဟောင်းပစ္စည်းရောင်းချရာ ဆိုင်ကနေ တွေ့ရှိခဲ့ရတဲ့ ဧရာမ ပင်လယ်ခရုခွံ…

သူ့ရဲ့ အရောင်အဆင်းနဲ့ ထူးခြားမှုကြောင့် ရတနာတစ်ပါးလို သတ်မှတ်ခံထားရတဲ့ ပင်လယ်ခရုခွံဆိုလည်း မမှားပါဘူး။ (Shwe Nyan Shin)

(၁၅)

ပင်လယ်ခရုခွံထဲမှာ ခိုအောင်းနေကြတဲ့

ပြည်ကြီးငါးဥလေးများ

(၁၆)

ကားစတီယာရင်နဲ့ ယှဉ်လိုက်ရင် သူကတောင် အရွယ်အစားပိုကြီးချင်နေတဲ့ သစ်ရွက်ကြီး

(Shwe Nyan Shin)

(၁၇)

ကံကောင်းစေတဲ့ သစ်ရွက် အများစုဟာ ၄ရွက်ပဲ ပါပေမယ့် အခုရှာတွေ့ခဲ့တဲ့သူကတော့ သစ်ရွက် ၅ရွက်တောင်ပါတဲ့ သစ်ရွက်ကို တွေ့ခဲ့တာပါ။

အိုင်းရစ်လူမျိုးတို့ရဲ့ ယုံကြည်ချက်အရဆို သစ်ရွက်၅ရွက်ပါတဲ့ ကံကောင်းသစ်ရွက်ကို ရှာဖွေတွေ့ရှိခဲ့သူက ငွေရေးကြေးရေး အရအောင်မြင်စေနိုင်ပါတယ်တဲ့

(၁၈)

ဂစ်တာလက်ခတ်တံနဲ့ ပုံစံဆင်တူနေတဲ့ ကျောက်တုံးလေး…

တကယ်လို့ လက်ခတ်တံအဖြစ် သုံးမယ်ဆိုရင် သုံးလို့ရမယ်ထင်ပါတယ်။ (Shwe Nyan Shin)

(၁၉)

တခြား ကျောက်ပုစွန်တွေနဲ့ အရောင်မတူဘဲ အရောင်ဖျော့တော့နေရတာကသူ့ရဲ့ မျိုးရိုးဗီဇပြောင်းလဲမှု ဒါမှမဟုတ် ရောင်ခြယ်ပစ္စည်းနည်းတဲ့ အစားအစာရင်းမြစ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(၂၀)

ကြီးထွားပြီး သစ်သီးတစ်လုံးထဲကနေ အသီးငယ်နောက်ထပ်တစ်လုံးကို တွေ့ဖို့ ဆိုတာရှားပါးပါတယ်။

ဒီဓာတ်ပုံထဲမှာတော့ ကြီးထွားပြီး ရှောက်ချိုသီးတစ်လုံးထဲကနေ နောက်ထပ်ရှောက်ချိုသီးသေးလေးတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့တာပါ။

(Shwe Nyan Shin)

(၂၁)

လူ့နှလုံးပုံစံ မျိုးဖြစ်တည်နေတဲ့

ကျောက်တုံး

(၂၂)

ဒါက ကျောက်ခဲတစ်လုံးလား..ခရုခွံလိုမျိုးလား ဒါမှမဟုတ် ပင်လယ်ကျောက်ဖြစ်ရုပ်ကြွင်းလား..

တကယ်တော့ လက်ပေါ်တင်ထားတဲ့ အရာကို sea lily လို့ခေါ်ပြီး ကြယ်ငါးမျိုးနဲ့ ဆက်စပ်တဲ့ သက်ရှိတစ်မျိုးလည်းဖြစ်ပါတယ်။ (Shwe Nyan Shin)

(၂၃)

သစ်ခွပန်းပွင့် ပုံစံလိုမျိုး သီးနေတဲ့

ခြံထွက် စတော်ဘယ်ရီသီး

(၂၄)

အာကန်ဆက်ပြည်နယ်မှာရှာဖွေတွေ့ရှိခဲ့တဲ့

ဒေါ်လာ ၄သန်း တန်ကြေးရှိ လင်းကျောက်တုံး (Shwe Nyan Shin)

(၂၅)

နေ့တိုင်းမြင်တွေ့နေကျ ကြက်သွန်ဖြူတွေလို

အစိတ်အမွှာတွေ အများကြီ မပါလာဘဲ တစ်မွှာတည်း စုနေတဲ့ ကြက်သွန်ဖြူ

(၂၆)

သမင်ကိုတောင် သုတ်ချီဖို့ ကြိုးစားနေတဲ့ ဇီးကွက်

(၂၇)

ပြည်ကြီးငါးတစ်ကောင် အရွယ်အစား ဘယ်လောက်ကြီးကြီးထိရှိမယ်လို့ စဉ်းစားဖူးပါသလဲ။

လူတစ်ယောက်ထက်တောင် ကြီးတဲ့ အရွယ်အစားရှိတဲ့ ပြည်ကြီးငါးတစ်ကောင်ကိုတော့ နယူးဇီလန်ရှိ ကမ်းခြေတစ်ခုမှာ ရှာတွေ့ခဲ့ပါတယ်။

(Shwe Nyan Shin)

(၂၈)

သမင်လေးနဲ့ မြေခွေးတို့ ချစ်ခင်နေကြပုံကို ကင်မရာကနေ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်

ပရိသတ်တွေကိုယ်တိုင်ရော ရှာဖွေတွေ့ရှိထားတဲ့ သဘာဝရဲ့ ဆန်းကြယ်မှုတွေရှိပါသလား..

အားလုံးနဲ့ အတူတူ မျှဝေပေးခဲ့ပါအုံးနော်။

Written By Yoshi (Shwe Nyan Shin)
Ref:Brigtside

  နဲ့