ဘာမှန်းမသိလို့ အင်တာနက်ပေါ်မှာ လူမေးများခဲ့တဲ့ ထူးဆန်းတဲ့ အရာများ

မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်မှ ကြိုဆိုလိုက်ပါတယ်။ကမ္ဘာကြီးပေါ်မှာ ထူးဆန်းပေ့ဆိုတဲ့ အရာတွေအများကြီးပါပဲ။ အဲ့ဒီထဲကမှ အဓိပ္ပါယ်ဖော်မရတဲ့ အရာတွေလည်း ရှိသလို တချို့ကတော့ နားလည်သူတွေရဲ့ ရှင်းပြချက်အရ သဘောပေါက်လွယ်တာတွေလည်းရှိပါတယ်။ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ထူးဆန်းအရာတွေကို ရှာဖွေတွေ့ရှိခဲ့တဲ့သူတွေဟာ သူတို့ကိုယ်တိုင်တောင် နားမလည်လို့ အင်တာနက်ပေါ်မှာ တကူးတက အဖြေရှာခဲ့ရတဲ့ အရာတွေပဲဖြစ်ပါတယ်။ စိတ်ဝင်စားရင် ဆက်လက်ပြီးတော့ ကြည့်ရှုလိုက်ကြပါအုံးနော်။ (ဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

ပန်းခြံထဲက သစ်ခေါင်းထဲမှာ ထည့်ထားတဲ့ ဒီအရာကတော့ ရှာဖွေးရေးကစားနည်းအတွက် ဖန်တီးထားတာဖြစ်ပါတယ်။ အတိအကျပြောပြရရင် ကမ္ဘာတစ်ဝန်းက ဝှက်ထားတဲ့အရာတွေကို GPS တွေ ဒါမှမဟုတ် တည်နေရာကိုသြဒိနိတ်တွေကို အသုံးပြုပြီး လိုက်ရှာကြရတာပဲဖြစ်ပါတယ်။ ခုပုံထဲက အရာကိုကြည့်ခြင်းအားဖြင့် အထဲမှာ ရှာတွေတဲ့လူတွေက သူတို့ရဲ့ နာမည်နဲ့ လက်မှတ်ထိုးပြီး ထည့်ထားပုံပေါ်နေပါတယ်။

(၂)

ရေဘဝဲလား အပင်ခြောက်တစ်ပင်လားလို့ မသဲကွဲတဲ့ဒီအရာဟာ တကယ်တော့ ကြယ်ငါးမျိုးစိတ်တစ်မျိုးဖြစ်တဲ့

ခရီနွိုက်ကောင်ပဲဖြစ်ပါတယ်။ (Shwe Nyan Shin)

(၃)

ပြင်သစ်အားကစားတစ်မျိုးမှာ အသုံးပြုတဲ့

သံလုံးဖြစ်ပါတယ်တဲ့..

(၄)

တူရကီခေါင်းလောင်းပုံစံ မီးသွေးဖိုတစ်ခုဖြစ်ပြီး အရှေ့အလယ်ပိုင်းက လှည့်လည်သွားလာနေကြတဲ့

လူမျိုးစုတွေ အစားအသောက်ချက်ပြုတ်ဖို့နဲ့ မီးအပူပေးဖို့အတွက် သုံးစွဲခဲ့ကြတာပဲဖြစ်ပါတယ်။

(၅)

နွားနို့ဘူးတွေမှာမြင်တွေ့ရတတ်တဲ့ ဒီချိုင့်ကွက်ကတော့ ဖိအားကို ထိန်းညှိပေးတာပဲဖြစ်ပါတယ်။

ပြောချင်တာက မတော်တဆ နွားနို့ဘူးက အောက်ကို ပြုတ်ကျသွားတဲ့အခါ နွားနို့ဘူးမကွဲသွားပဲ ဒီချိုင့်ကွက်က ဖောင်းတက်လာပဲ ဖြစ်ပါတယ်။ (Shwe Nyan Shin)

(၆)

ဒါကတော့ ပုံဖော်ထားတဲ့ ကျောက်ခဲတစ်မျိုးဖြစ်ပြီး အဲ့ဒီကျောက်ခဲပေါ်မှာ နံပါတ်စဉ်တွေရေးထိုးထားတာဖြစ်ပါတယ်။

ကျောက်တုံးတွေက ကမ်းရိုးတစ်လျှောက်မှာ လိုက်လံမြုပ်ထားလိုက်ပြီးနောက် ကမ်းရိုးအရွေ့ကို သိရဖို့အတွက် အချိန်တစ်ခုရောက်မှ သတ္တုခြေရာခံစက်နဲ့ ဘယ်နေရာကို ရောက်သွားလဲ ပြန်ရှာဖွေတာပဲဖြစ်ပါတယ်။ (Shwe Nyan Shin)

(၇)

စာတွေရေးထိုးထားတဲ့ ဒီငါးရုပ်လေးကိုတော့ ကံကောင်းစေတဲ့ သံငါးရုပ်လေးလို့ ခေါ်ကြပါတယ်။

တချို့ဒေသတွေမှာ သံဓာတ်ချို့တဲ့တာတွေကို ဖြေရှင်းဖို့အတွက် ဒီသံငါးရုပ်လေးကို ဟင်းရည်ထဲ ထည့်ပြုတ်ပြီး စားသုံးကြတာပဲဖြစ်ပါတယ်။

(၈)

တောင်ပေါ်က နှင်းခဲနဲ့နှင်းရည်တွေကို စီးဆင်းကျသွားအောင်ပြုလုပ်ထားတာဖြစ်ပြီး

ရည်ရွယ်ချက်ကတော့ တောင်တက်သူတွေကို လုံခြုံစေဖို့ဖြစ်ပါတယ်။ (Shwe Nyan Shin)

(၉)

ယစ်ပူဇော်ပသတဲ့အခါမှာ

လူသားတွေကို ထိုးတဲ့ ခက်ရင်းလို့ ဆိုပါတယ်။

(၁၀)

ရေချိုဒရမ်ငါးရဲ့ လည်ချောင်းထဲက သွားတွေပါ။

(Shwe Nyan Shin)

(၁၁)

အိပ်ရာထဲကမထနိုင်တဲ့ လူနာတွေအတွက်

အလွယ်တကူ သုံးနိုင်တဲ့ ဆီးခွက်ဖြစ်ပါတယ်။

(၁၂)

ကပ်ကြေးပုံစံက ထူးဆန်းနေလို့ ဘယ်နေရာမှာသုံးလို့ရလဲဆိုတဲ့ အဖြေကတော့ နာနတ်သီးမှာ ပါတဲ့

နာနတ်သီးမျက်လုံးလို့ခေါ်တဲ့ အချွန်အထက်နေရာတွေကို ဖောက်ညှပ်ပစ်ဖို့ သုံးပါတယ်။ (Shwe Nyan Shin)

(၁၃)

သစ်သားချောင်းတွေ၊မီးစာတွေ အစရှိသဖြင့် တစ်ကိုယ်ရေစာ သိုလှောင်ဖို့အတွက်

တည်ဆောက်ထားတာပဲဖြစ်ပါတယ်။

(၁၄)

စားပွဲခုံခြေထောက်နှစ်ခုမှ ချိတ်ဆွဲထားတဲ့ သွားရေကြိုးဟာ ကလေးတွေအတွက် ရည်ရွယ်ပြီး

သူတို့ရဲ့ခြေထောက်တွေကို အဲ့ဒီပေါ်တင်လို့ ရအောင်ပါ။ (Shwe Nyan Shin)

(၁၅)

အခုမြင်နေရတဲ့ အိုးလေးက တောဝက်မျှားဖို့အတွက်ထားထားတဲ့ အိုးလေးပဲဖြစ်ပါတယ်။

သစ်ပင်ရဲ့ အောက်ခြေမှာလာချည်ထားတဲ့ ဒီအိုးကို တောဝက်တွေက လာရောက်ပွတ်သပ်နေချိန် မုဆိုးက ချက်ကောင်းကို ပစ်ပြီး အမိဖမ်းလို့ရအောင် စီစဉ်ထားတာပါ။

(၁၆)

အခုမြင်နေရတဲ့ တားမြစ်ချက် သတိပေးဆိုင်းဘုတ်ဟာ ကြိုးကြာဌက်တွေပျံသန်းခွင့်မပြုတာမျိုး မဟုတ်ပါဘူး။

လာလည်တဲ့ဧည့်သည်တွေ ဓာတ်ပုံကောင်းကောင်းရိုက်နိုင်ဖို့အတွက် ဌက်တွေကို အဝေးပျံသွားအောင် ခြောက်လန့်နေတဲ့ ကိစ္စကို တားနိုင်ဖို့ဖြစ်ပါတယ်။

(၁၇)

အမြင်အာရုံဝေဝါးသူတွေအတွက် အထောက်အကူပြုပစ္စည်းလေးတစ်မျိုးဖြစ်ပြီး

ကိုယ်တိုင်ဖန်ခွက်ထဲ ရေလောင်းထည့်ရင် ပြည့်မပြည့်ကို သိရှိနိုင်မှာဖြစ်ပါတယ်။

(၁၈)

ကားအသစ်တွေကို မထုတ်လုပ်ခင် စမ်းသပ် မောင်းနှင်တဲ့အခါမှာ ကားဒီဇိုင်း ကာလာအရောင်တွေကို

အများသူတွေ မမြင်အောင် ခုလို ဖုံးကွယ်ထားရတာ ဖြစ်ပါတယ်။ (Shwe Nyan Shin)

(၁၉)

လွန်းထည်တွေကို ရက်လုပ်နိုင်တဲ့

စက်ပဲဖြစ်ပါတယ်။

(၂၀)

လက်ကိုင်နှစ်ခုတောင်ပါတဲ့ ကတ်ကြေးဟာ ကလေးငယ်တွေအတွက်လေ့ကျင့်ပေးဖို့ သီးသန့်လုပ်ထားတာမျိုးဖြစ်ပြီး

တစ်ဘက်ကို ကလေးကကိုင်၊တစ်ဖက်ကိုတော့လေ့ကျင့်ပေးတဲ့ လူကြီးက ကိုင်မှာပဲဖြစ်ပါတယ်။ (Shwe Nyan Shin)

(၂၁)

အနောက်နိုင်ငံက ဘိုးဘွားရိပ်သာမှာ တွေ့ရတဲ့ အရောင်သုံးရောင်ရေးထိုးတားတဲ့ ဒီနာရီကတော့ …

အသက်ကြီးဘိုးဘွားတွေကို အိပ်တဲ့အခါ ဘယ်၊ ညာ နဲ့ တည့်တည့်ကို ၂ နာရီခြားတစ်ကြိမ် ပြောင်းအိပ်ဖို့ သတိပေးထားတဲ့ နာရီပဲ ဖြစ်ပါတယ်။

(၂၂)

ကမ်းခြေမှာ တွေ့ခဲ့တဲ့ ဒီအရာကတော့ မက်ဂါလွန်ဒွန်လို့ခေါ်တဲ့

ဧရာမ ငါးမန်ကြီးရဲ့ သွားအပိုင်းအစ တစ်ခုဖြစ်ပါတယ်။

(၂၃)

မြင်သူတိုင်းကို ကြောက်လန့်သွားစေနိုင်တဲ့ ဒီအရုပ်ရဲ့ ရည်ရွယ်ချက်ကတော့

ပြတင်းပေါက်နားမှာ လာသောင်းကျန်းလေ့ရှိတဲ့ ဌက်ကိုခြောက်လန့်ဖို့ပါတဲ့

(၂၄)

အဝတ်ဘီရိုထဲမှာ ရှာတွေ့ခဲ့တဲ့ ဒီစက်သေးသေးလေးကတော့ အသံဖမ်းစက်ပဲဖြစ်ပါတယ်။

Wireless မဟုတ်တာကြောင့် အဲ့ဒီလူက မကြာခင်မှာပဲ ဒီပစ္စည်းကို ပြန်လာယူဖို့ရှိနေပါတယ်။ ဒါကြောင့် သတိထားဖို့ လိုအပ်ပါတယ်။

(၂၅)

ဒီအရာကိုကြည့်ပြီး တစ်မျိုးတွေးမိကြမှာ အမှန်ပါပဲ။

တကယ်တော့ အဲ့ဒါက ဆီးနှင်းထဲမှာ လမ်းလျှောက်ရင် မချော်လဲသွားအောင် ဖိနပ်မှာ စွပ်ပြီးတော့ အသုံးပြုရတာပဲ ဖြစ်ပါတယ်။

(၂၆)

ဒိန်းမတ်နိုင်ငံမှာ အတွေ့များတဲ့ ပြတင်းပေါက်က ဒီမှန်လေးကတော့

အပြင်မှာ ဘာဖြစ်ပျက်နေလဲဆိုတာကို အိမ်အတွင်းကနေ လှမ်းမြင်အောင် ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။

(၂၇)

ကင်းမွန်ငါးရဲ့ဥတွေက ဘယ်လိုပုံစံရှိလဲဆိုရင် ပုံထဲကအတိုင်းပါပဲ။

(Shwe Nyan Shin)

(၂၈)

သြစတေးလျနိုင်ငံမှာ အစားအသောက်လိုက်ပို့ပေးတဲ့

စက်ရုပ်တွေရှိနေပါပြီ။

(၂၈)

ဂျာမနီက အိမ်သာတွေမှာ တွေ့ရတတ်တဲ့ ဒီအရာကတော့ အရက်မူးတဲ့သူတွေအတွက် အံဖို့အတွက် စီစဉ်ပေးထားတာပဲဖြစ်ပါတယ်။

(၂၉)

ဒါကတော့ ရုတ်တရက်ကြည့်လိုက်ရင် ကြောင်သွားနိုင်ပါတယ်။ တကယ်တော့ အဲ့ဒါက နှင်းလူသားရုပ်ဖို့အတွက် ပစ္စည်းတွေပဲဖြစ်ပါတယ်။

(၃၀)

ဒီသံကြိုးကတော့ မိုးရွာရင် ရေစီးကျဖို့အတွက် ရေပိုက်အစား အသုံးပြုထားတာပဲဖြစ်ပါတယ်။

ဒီထူးဆန်းတဲ့အရာကကော ဘာအတွက် ဖြစ်မယ်ထင်ပါသလဲ

 

ဓာတ်ပုံလေးတွေကို ကြည့်ပြီးတော့ ပရိသတ်တွေရဲ့ ခံစားချက်ကိုလည်း သိချင်ပါတယ်နော်..ကောမန့်မှာ ကိုယ့်ရဲ့အမြင်တွေကိုလည်း မျှဝေသွားပါအုံး။

Written By Yoshi (Shwe Nyan Shin)
Ref:Brightside

  နဲ့