သင့်ကို ပြုံးရုံတင်မဟုတ်ပဲ ၀ါးလုံးကွဲရယ်မောရစေမဲ့ ဓာတ်ပုံ(၂၈)ပုံ

မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အချိန်ကိုက်အမိအရ ရိုက်ကူးခဲ့မိတဲ့ ဟာသဓာတ်ပုံလေးတွေကို စုစည်းပေးထားပါတယ်။နေ့စဉ်ဘ၀မှာ အလွဲလေးတွေ ဟာသဖြစ်ရပ်လေးတွေကို ကြုံတွေ့တတ်ကြပေမဲ့ မှတ်တမ်းအဖြစ်ယူထားနိုင်ဖို့ဆိုတာကတော့ မလွယ်လှပါဘူး။ဒါကြောင့်မို့ ပရိတ်သတ်ကြီးအတွက် ဘ၀အမောတွေပြေစေဖို့အတွက် ၀ါးလုံးကွဲရယ်မောရစေမဲ့ ဓာတ်ပုံလေးတွေကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

ဂျုံနဲ့လုပ်ထားတဲ့ ဂိမ်းကာရိုက်တာ သန်ကောင်လေးကို ကြည့်ရမှာလား အောက်ကခြေသည်းကို ကြည့်ရမှာလား။ရှည်တာတော့ တူတူပါပဲ။

(၂)

ကားထဲမှာလူမရှိဘူးထင်လို့ တစ်ပုံလောက် ရှော့ကြည့်တာပါ။

(၃)

ဒါမျိုးကတော့ ဘယ်နောက်ကျကျန်ခဲ့လို့ ဖြစ်ပါ့မလဲ။

(၄)

ငါ့နောက်မှာ ကြောင်ရောက်နေပြီ ဟုတ်တယ်မလား။ပြေးရတော့မှာပေါ့။

(၅)

ဒီကလေးလေးက ချစ်စရာကောင်းလွန်းလို့ ကိုက်လိုက်မယ်ကွာ။

(၆)

ဓာတ်ပုံရိုက်နေပြီဆို ရောက်တဲ့နေရာက အမီပြေးလာမှာပါ။

(၇)

ဓာတ်ပုံကောင်းတစ်ပုံရဖို့ လွယ်တာတော့မဟုတ်ဘူးနော်။

(၈)

တွိုင်းစတိုရီ ထဲကမင်းသား၀ူဒီနဲ့တွဲရိုက်နေတုန်းမှာ အနောက်မှာပေါ်လာခဲ့တဲ့ အယ်လ်မိုလေး။

(၉)

သူငယ်ချင်းတွေနဲ့ ပါ၀ါရိန်းဂျားပုံ စုရိုက်နေကြတုန်းမှာ ပါ၀င်ခဲ့ကြတဲ့ ရဲသားကြီးများဖြစ်ပါတယ်။

(၁၀)

ဒီကလေးကြည့်ရတာ တော်တော်ပျင်းနေပုံပါပဲ။ဟိုးအနောက်က ကလေးကိုသေချာကြည့်ကြည့်ပါဦး။

(၁၁)

ဘဲလေးအကကျင့်ရတဲ့အခါ ဒီလိုအီစလံ ‌ေ၀တာမျိုးလည်း ခံစားကြရပါတယ်။ကြည့်ရတာတော့ မသက်သာလောက်ပါဘူး။

(၁၂)

မဂ်လာဆောင်မှာကြဲတဲ့ ပန်းစည်းကိုဖမ်းမိလို့ ပျော်နေတဲ့ ကောင်မလေးနဲ့ ဘေးက ချစ်သူကောင်လေးရဲ့ reaction တွေက ရယ်စရာကောင်းနေခဲ့ပါတယ်။

(၁၃)

သားရီးရေ တစ်ပုံလောက်ဆွဲလိုက်ကြမယ်လေ။

(၁၄)

စားကောင်းခြင်းမစားရအောင် အရှေ့မှာ လာမရိုကြပါနဲ့ဟဲ့။

(၁၅)

တိုက်ဆိုင်စွာ လက်ထပ်ခွင့်တောင်းနေကြတဲ့ စုံတွဲနှစ်တွဲကို တွေ့ရတာဖြစ်ပါတယ်။FA တွေမုမု

(၁၆)

ခုန်တာတော့ အရှေ့ကတစ်ယောက်လို အပေါ်ကိုခုန်တာပါပဲ။အခန့်မသင့်တဲ့ နောက်ကတစ်ယောက်ကတော့ ပါးစပ်ထဲကသွားတွေ ဘုရားဖူးလှည့်ကုန်ပါတော့တယ်။

(၁၇)

၉၁၁ ကလား လိပ်ပြာတစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံနေရလို့ အမြန်လာပေးပါရှင့်။

(၁၈)

အောင်မငီး ပြုတ်ကျပဟ။

(၁၉)

ကိုယ်တွေပါမှ ဓာတ်ပုံက ပြည့်စုံသွားမှာမို့ ကူညီတာပါ။

(၂၀)

ဂေါ့သမ်မြို့ကြီးကို ကာကွယ်နေရင်းနဲ့ ဓာတ်ပုံရိုက်ချင်လာလို့ ပို့စ်လာပေးခဲ့တဲ့ လင်းနို့လူသား။

(၂၁)

မင်းဆံပင်ပုံကြီးက ငါ့လောက်လည်းမလန်းဘူးကွာ ဗက်ဟက်ဟက်။

(၂၂)

အိမ်ကယောက်ျား၀တ်တဲ့ အနွေးထည်နဲ့ ချွတ်စွပ်တူနေလို့ အံ့အားသင့်နေတဲ့ အမျိုးသမီးတစ်ဦး။တူတယ် တူတယ်။

(၂၃)

သမီးရေ နင့်အကိုနှစ်ယောက်ဘယ်ရောက်နေပါလိမ့်။အကိုနှစ်ယောက်ကတော့ ဟိုးအနောက်မှာပါ။

(၂၄)

စိတ်အေးလက်အေးရှိလွန်းတဲ့သူတစ်ဦးကို စိတ်တိုတတ်လွန်းသောလူများနှင့်အတူ တွေ့ရစဉ်။

(၂၅)

ပင့်ကူတစ်ကောင်နဲ့ ဓာတ်ပုံသုံးပုံ ပုံပြင်။

(၂၆)

စင်ပေါ်တင်ထားတဲ့ မှန်လေးထဲမှာ ပေါ်နေတဲ့ သူမရဲ့မျက်နှာက ပိုမိုလှပလို့နေပါတယ်။

(၂၇)

မိသားစုတိုင်း ဒီလိုဓာတ်ပုံလေးတစ်ပုံတော့ ရိုက်ကိုရိုက်ထားသင့်ပါတယ်။

(၂၈)

သားသားခေါင်းပေါ်မှာ ရောက်နေတဲ့ ပါပီလေးတစ်ကောင်။

ကြည့်ရှုပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ဘ၀အမောတွေပြေပျောက်သွားစေမယ်လို့လည်း မျှော်လင့်မိပါတယ်။

Written by – Wai Yan

  နဲ့