ကွန်ပြူတာအထူးပြုလုပ်ချက်တွေပါနေတယ်လို့ ထင်မှတ်ရလောက်အောင် ရင်သပ်ရှုမောဖြစ်ရတဲ့ သဘာ၀ဓာတ်ပုံ(၂၈)ပုံ

မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးတို့ ကြည့်ရှုခံစားဖို့ အသက်ရှုမှားသွားစေတဲ့အထိ ဖြစ်သွားစေမဲ့ မြင်ကွင်းလေးမျာပဲ ဖြစ်ပါတယ်။လှပတဲ့ ရိုက်ချက်လေးများကို ပြောင်မြောက်တဲ့ ဓာတ်ပုံပညာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ရင်သပ်ရှုမောစရာကောင်းတဲ့ ဓာတ်ပုံလေးတွေကိုရရှိခဲ့ပါတော့တယ်။ကွန်ပြူတာအထူးပြုလုပ်ချက်တွေ မပါ၀င်ပေမဲ့လည်း သဘာ၀အတိုင်းရိုက်ယူထားတဲ့ ဓာတ်ပုံတွေလို့ မယုံကြည်နိုင်လောက်အောင် ကြည့်ရှုရကျိုးနပ်စေမှာပဲ ဖြစ်ပါတယ်။ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ။

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

ဆင်ကို၀ယ်ပြီးမှ ဆင်အသုံးပြုနည်း လမ်းညွှန်ကိုဖတ်နေခြင်း။

(၂)

အာကာသကြီးရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

(၃)

နယူးယောက်နဲ့ အမေရိကန် နှစ်နိုင်ငံကြားက နယ်နိမိတ်လေးဖြစ်ပါတယ်။

(၄)

နိုင်ငံတကာ အာကာသစခန်းမှ အာကာသယဉ်မှုးက ကမ်းခြေမှာ ဓာတ်ပုံရိုက်ရင် ခြေထောက်ကို ဘယ်လိုထားရမလဲဆိုတာကို သင်ပေးနေတာဖြစ်ပါတယ်။

(၅)

တစ်ယောက်ယောက်ကတော့ ဒုက္ခနဲ့လှလှတွေ့ပါပြီ။

(၆)

တကယ့်ကို မြင်ရခဲတဲ့ ကြီးမားလှတဲ့ ကားပါကင်တစ်ခုရဲ့ အပေါ်စီးကပုံ ဖြစ်ပါတယ်။

(၇)

ဘယ်ဘက်ကို ရွေးရမှန်းမသိသောအခါ။

(၈)

ယူကေနိုင်ငံရဲ့ တော်၀င်ရေတပ် ဂုဏ်ပြုအခမ်းအနားပဲ ဖြစ်ပါတယ်။

(၉)

တောင်တွေကြားထဲကနေ နေထွက်လာပုံပဲဖြစ်ပါတယ်။

(၁၀)

စပိန်နိုင်ငံ လန်ဇာရိုတီမှာရှိတဲ့ ရေအောက် ကျောက်ရုပ်ထု ပြတိုက်ဖြစ်ပါတယ်။

(၁၁)

ဂျပန်နိုင်ငံမှာရှိတဲ့ ဖူဂျီတောင်ရဲ့ အရိပ်ဖြစ်ပါတယ်။ဒီအရိပ်ဟာ ၂၄ကီလိုမီတာ ရှည်လျားတာဖြစ်ပါတယ်။

(၁၂)

အန္တာတိကတိုက်မှာ ရေနွေးပူကို ပက်လိုက်မယ်ဆိုရင် ပုံထဲကလိုမျိုး ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။

(၁၃)

ဂျပန်နိုင်ငံ အွန်တာကီ တောင်မှာရှိတဲ့ ဘုရားကျောင်းတစ်ခုကို မီးတောင်ပေါက်ကွဲရာမှ ပြာများဖုံးလွှမ်းသွားပြီးနောက် တွေ့ရပုံဖြစ်ပါတယ်။

(၁၄)

နှင်းခဲများကျတဲ့ညပြီးနောက် နောက်တစ်နေ့မနက်ဖြစ်ပါတယ်။

(၁၅)

အမဲရောင်များကတော့ အရိပ်တွေဖြစ်ပြီးတော့ အဖြူရောင်များကသာ ကုလားအုတ်များဖြစ်ပါတယ်။

(၁၆)

ကနေဒါနိုင်ငံမှာ သိမ်းငှက်တစ်ကောင်က ရေမျက်နှာပြင်အပေါ်ကနေ ကပ်ပြီးပျံသန်းနေစဉ် ရိုက်ကူးထားတဲ့ပုံဖြစ်ပါတယ်။

(၁၇)

မြောက်ကိုရီးယားနိုင်ငံရဲ့ နှစ်၁၀၀ ပြည့်အထိမ်းအမှတ်ပွဲဖြစ်ပါတယ်။

(၁၈)

နယ်သာလန် နိုင်ငံမှာရှိတဲ့ လှပတဲ့လမ်းတစ်နေရာဖြစ်ပါတယ်။

(၁၉)

ရေခဲပြင်ပေါ်ကနေပြီးတော့ အောက်ခြေကို ဖလက်ရှ်မီးနဲ့ ထိုးနေတဲ့ လူတစ်ဦးကို မြင်တွေ့ရမှာဖြစ်ပါတယ်။

(၂၀)

လူတစ်ဦး အိပ်ပျော်နေဟန် တိမ်စိုင်တစ်ခု ဖြစ်ပါတယ်။

(၂၁)

ရေပုံးထဲကိုထည့်ထားတဲ့ ကျောက်ပုဇွန်တစ်ကောင်ပုံဖြစ်ပေမဲ့ အမှတ်တမဲ့ကြည့်လိုက်ရင် ကမ္ဘာလုံးကြီးပေါ်ကို ရောက်နေတဲ့ ကျောက်ပုဇွန်တစ်ကောင်ကို မြင်တွေ့ရသလို ထင်ရစေပါတယ်။

(၂၂)

ရေအောက်ထဲမှာ မြင်တွေ့ရတဲ့ ချယ်ရီသီး။

(၂၃)

ကမ္ဘာ့၀င်ရိုးရဲ့ တစ်ဖက်တစ်ချပ်။

(၂၄)

ပျံသန်းနိုင်တဲ့ငါးများလား။

(၂၅)

တစ်စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံ နောက်ကျသွားရင်တောင် မရနိုင်တော့တဲ့ပုံ။

(၂၆)

ဒီဓာတ်ပုံဟာ နှစ်ပုံမဟုတ်ပါဘူး။တစ်ပုံတည်းသာဖြစ်ပါတယ်။

(၂၇)

ဂျုံခင်းနဲ့ကပ်လျှက်ရှိနေပေမဲ့ သီးခြားဖြစ်နေတဲ့ လာဗင်ဒါ ပန်းခင်း။

(၂၈)

နေထွက်လာပုံအဆင့်ဆင့်ကို ပြောင်မြောက်တဲ့ ဓာတ်ပုံပညာနဲ ပေါင်းစပ်လိုက်တဲ့အခါ။

ပရိတ်သတ်ကြီးအနေနဲ့ ဘယ်မြင်ကွင်းတွေကို အနှစ်သက်ဆုံးဖြစ်ခဲ့သလဲဆိုတာကိုလဲ ပြောပြပေးသွားကြပါဦးနော်။ကြည့်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

Written by – Wai Yan

  နဲ့