မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။အရာရာတိုးတက်လာတဲ့ ခေတ်ကြီးကိုရောက်လာတဲ့အချိန်မှာတော့ အဟောင်းတွေက အသစ်ဖြစ်လာကြပြီဖြစ်ပြီး ဆန်းသစ်တီထွင်မှုတွေလည်း များပြားလာကြပါပြီ။ဒီတစ်ခေါက်မှာတော့ ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ ပစ္စည်းတွေရဲ့ အောချလောက်စရာ ဒီဇိုင်းတွေကို တင်ဆက်ပေးချင်ပါတယ်။တစ်ခါမြင်လိုက်ရုံနဲ့ မမေ့နိုင်ဖြစ်သွားစေမဲ့ ဒီဇိုင်းတွေကို တီထွင်ကြတဲ့ ဖန်တီးရှင်များရဲ့ အိုင်ဒီယာတွေကို ပရိတ်သတ်ကြီးအတွက် ယူဆောင်လာခဲ့ပါတယ်။ရှုစားပေးကြပါဦးခင်ဗျာ။
Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(၁)
ပန်းပင် အရောင်းဆိုင်မှာရှိတဲ့ အမျိုးသားအိမ်သာထဲက အပေါ့သွားတဲ့ ကြွေခွက်ဒီဇိုင်းအလန်းများ။သုံးရမှာအားနာစရာတောင်ကောင်းလှပါတယ်။
(၂)
ပန်းကန်ရဲ့ ကြွေသားမှာရိုက်နှိပ်ထားတဲံ့ Pattern ကြောင့် ပေါ်လာတဲ့ပုံလေး။သစ်လိုက်တဲ့ အိုင်ဒီယာပါပဲ။
(၃)
ချော်လဲနိုင်သည်ဆိုတဲ့ သတိပေးဆိုင်းကို ငှက်ပျောသီး ပုံစံနဲ့ ပြသထားတာဖြစ်ပါတယ်။ငှက်ပျောသီးကိုတက်နင်းရင်လည်း ချော်နိုင်တာပါပဲလေ။
(၄)
တကယ့်ကိုအသုံး၀င်တဲ့ တီထွင်မှုပါပဲ။ကျွန်တော်တို့အားလုံး စားသောက်ဆိုင်ရောက်ရင် အိပ်ကို ဘယ်နားတင်ရမှန်းမသိဖြစ်တတ်ပါတယ်။ဒီလိုလေးချိတ်ထားလို့ရတော့ စားသုံးသူတွေကို ဂရုစိုက်ရာလည်းရောက်ပါတယ်။ကိုရီးယားနိုင်ငံက စားသောက်ဆိုင်တစ်ခုဖြစ်ပါတယ်။
(၅)
ကားမှန်နဲ့ ရေသုတ်တံ ဒီဇိုင်းကြောင့် ဒီကားလေးက လူကြည့်အခံရဆုံးဖြစ်စေမှာပါ။
(၆)
စာကြည့်တိုက်မှာ ထိုင်ချင်တဲ့ အချိန်ယူထိုင်ပြီးရင် ပြန်ထည့်သိမ်းလို့ရတဲ့နေရာလေးပါ။ကြည့်လေ သဘောကျလေပါပဲ။
(၇)
သီချင်းခွေအရောင်းဆိုင်ရဲ့ ဆိုင်အပြင်ပန်းဒီဇိုင်းဖြစ်ပါတယ်။
(၈)
ရုပ်ရှင်ရုံပေါ်က ပိုစတာရဲ့ ဒီဇိုင်း။
(၉)
အခန်းထဲက အခြေအနေကို မြင်တွေ့ရစေမဲ့ တံခါးလက်ကိုင်ဘုဖြစ်ပါတယ်။
(၁၀)
မီးဖိုချောင်ကြမ်းပြင်မှာ ထားထားတဲ့ ရေအောက်မြင်ကွင်းလေးဖြစ်ပါတယ်။
(၁၁)
ဒေတာဘယ်လောက် သိုလှောင်ထားလဲဆိုတာကို ပြသပေးတဲ့ မမ်မိုရီစတစ်ပါ။
(၁၂)
ဂျင်ဆော့သူများအကြိုက် ဒမ်ဘဲလ်တုံးနဲ့ပုံစံတူ ရေဘူးလေး။
(၁၃)
ခြေထောက်တင်ဖို့ တမင်ကိုပြုလုပ်ပေးထားတာပါ။အားမနာနဲ့ တင်သာတင်။
(၁၄)
နေရာကျယ်ကျယ်၀န်း၀န်းမရှိပေမဲ့ ဆိုင်ပိုင်ရှင်က အိုင်ဒီယာကောင်းလွန်းသောအခါ။
(၁၅)
ရေပန်းလေးတွေနဲ့ ဆင်ယင်ထားတဲ့ ဂါ၀န်ဒီဇိုင်း။
(၁၆)
နံရံကပ်စင်လေးရဲ့ ဒီဇိုင်း။
(၁၇)
ရေဘူးအောက်ခြေက နေရာလေးကို အပေါ်ကို တွန့်ထားပြီးတော့ ရေခဲတောင်လေးတစ်ခုသဖွယ် ဖန်တီးထားတာပါ။ရေဘူးချင်းတူရင်တောင် ဒီရေဘူးလေးကိုပဲ ၀ယ်ချင်စိတ်ပေါ်စေတာ အသေအချာပါပဲ။
(၁၈)
စကိတ်မစီးရနေရာအဖြစ် ပြသထားတဲ့ အမှတ်အသားလေးရဲ့ ဒီဇိုင်းလေးကဆန်းလို့နေပါတယ်။
(၁၉)
မိမိရဲ့ လျို့၀ှက်နံပါတ်ကို နှိပ်နေစဉ်မှာ ကိုယ့်နောက်ကလူက မိမိရဲ့ လက်လှုပ်ရှားမှုကို ကြည့်ပြီးနှိပ်သွားတဲ့ နံပါတ်ကို မသိရစေအောင် နံပါတ်တွေကို အစဉ်လိုက်ဖြစ်အောင်မထားတာပဲဖြစ်ပါတယ်။အရမ်းမိုက်တဲ့ အိုင်ဒီယာတစ်ခုပါပဲ။
(၂၀)
ကြမ်းပြင်နဲ့တဆက်တည်း လုပ်ထားတဲ့ စားပွဲရဲ့ ဒီဇိုင်း။
(၂၁)
မိမိတို့ရဲ့ အချစ်တော်ကြောင်လေးတွေကို ဘယ်သွားသွား သက်သောင့်သက်သာနဲ့ ခေါ်သွားလို့ရမဲ့ ကျောပိုးအိပ်လေးပါ။တီထွင်သူကတော့ တိရိစ္ဆာန်အချစ်တော်ပဲ ဖြစ်နိုင်ပါတယ်။
(၂၂)
လက်ကိုင်ကွင်းလေးပါနေတဲ့ ရေဘူးလေးဖြစ်ပါတယ်။အရမ်း fascinating ဖြစ်ပါတယ်။
(၂၃)
ပလက်စတစ်ဘူးလေးတွေကို ပြန်လည်အသုံးပြုလို့ရတဲ့ အိုင်ဒီယာလေးဖြစ်ပါတယ်။
(၂၄)
ဆိုလာဘုတ်ပြားပေါ်ကို တပ်ထိုင်လို့ရတဲ့အပြင် နေရောင်ခြည်ကနေ အားသွင်းလို့လည်းရတဲ့ ခုံလေးဖြစ်ပါတယ်။
(၂၅)
သန့်စင်ခန်းသုံး စက္ကူလေးတွေကို ထားသိုထားတဲ့ ဒီဇိုင်းလေးက ချစ်စရာကောင်းနေပါတယ်။
(၂၆)
လူကူးမျဉ်းကြားကို 3Dimension နည်းပညာနဲ ရေးစွဲထားတာကြောင့် ယဉ်မောင်းသူတွေ အတင်းကာရော ဖြတ်မောင်းတော့မှာ မဟုတ်ပါဘူး။
(၂၇)
နေရာလွတ်အများကြီးပိုထွက်လာစေတဲ့ စားပွဲခုံဒီဇိုင်းလေးပါ။စားပွဲ၀ိုင်းကြီးနဲ့ ထိုင်ခုံလေးတွေကို အံ၀င်ခွင်ကျထားသိုနိုင်တာဖြစ်လို့ နေရာအများကြီး မလိုအပ်တော့ပါဘူး။
(၂၈)
မီးဖို၊လက်ဆေးဘေစင်နဲ့ ရေခဲသေတ္တာတို့ ပါရောနှောပါ၀င်နေတဲ့ ဖွဲ့စည်းမှုလေးဖြစ်ပါတယ်။
(၂၉)
ကမ္ဘာကျော် Apple ရဲ့ အရောင်းပြခန်းမှာ နားကြပ်လေးတွေကို ဒီလိုပုံစံလေးနဲ့ စီတန်းချိတ်ဆွဲထားပါတယ်။အရမ်းသစ်လွင်တဲ့ စိတ်ကူးလေးပါပဲ။
(၃၀)
အပြင်ပန်းကကြည့်ရင်တော့ ကောင်းဘွိုင်း ဦးထုပ်လေးဖြစ်ပေမဲ့ တကယ်တော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး ဦးထုပ်ဖြစ်ပါတယ်။လုပ်ငန်းခွင်ထဲမှာလည်း လန်းနိုင်ပါပြီ။
စိတ်ကူးစိတ်သန်းအဆန်းတွေနဲ့ တီထွင်မှု အဆန်းတွေကို ကြည့်ရှုခဲ့ကြရတဲ့အတွက် ပရိတ်သတ်ကြီး ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။အားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
Written by – Wai Yan