မပြီးဆုံးနိုင်သော ကံဆိုးခြင်းတွေကို ကြုံတွေ့ခဲ့ကြရသူများ

မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။နေ့စဥ်ဘ၀ကို ဖြတ်သန်းရာမှာ ကျွန်တော်တို့အားလုံး အလွဲလေးတွေ ကံဆိုးမှုလေးတွေကို တစ်ခါတလေမှာ ကြုံတတ်ကြရပါတယ်။အလွဲလေးတွေကို တစ်နေ့တာရဲ့အစ ဖြစ်တဲ့ မနက်စောစောမှာ ကြုံတွေ့ခဲ့ကြရပြီဆိုရင်တော့ တစ်နေကုန် အဆင်ပြေပြေဖြတ်သန်းနိုင်ဖို့ တော်တော်ခက်ခဲလေ့ရှိကြပါတယ်။ဘာပဲဖြစ်ဖြစ် သေးငယ်တဲ့ အလွဲလေးတွေဆိုရင်တော့ ကြီးကြီးမားမားပြသနာမရှိတတ်တာကြောင့် တော်သေးတယ်လို့ဆိုရမှာဖြစ်ပါတယ်။အောက်မှာဖော်ပြထားတဲ့ ပုံတွေမှာတော့ အလွဲသေးသေးလေးတွေကို ကြုံခဲ့ရသူများရဲ့ မှတ်တမ်းဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျား။ပရိတ်သတ်ကြီးက ရှုစားပေးကြပါဦး။

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

နောက်ဆို ဂျင်းဘောင်းဘီ ဒူးပြဲ၀တ်ပြီး လုံး၀အပြင်ထွက်တော့မှာ မဟုတ်ပါဘူး။

(၂)

ဒီမနက်တော့ ကံကောင်းပြီထင်ပါတယ်။နိုးနိုးကြားကြား အော်ပြီးထရတာပေါ့။

(၃)

ကျားမြီးသာ ဆွဲလိုက်ချင်ပါတော့တယ်။

(၄)

ကြော်ငြာနဲ့ လက်တွေ့နဲ့ ကွာခြားမှု။

(၅)

ကွတ်ကီး အထုပ် ၅၀ လောက်သယ်လာမိတာလေးကို မူးယစ်ရာဇာကို စစ်ဆေးသလို စစ်ခံနေရပါတော့တယ်။

(၆)

မင်းအမေတော့ ဆူတော့မှာပဲ။အသားကို ခြစ်မိရင်တောင် သည်းခံနိုင်တဲ့ အမေက အိုးကိုခြစ်မိရင်တော့ စစ်ခင်းပါတော့တယ်။

(၇)

အွန်လိုင်းကနေ မှာထားသော ပန်းပုံနှင့် တကယ်ရောက်လာသောပုံ။

(၈)

၀ယ်လာကတည်းက ကွန်ပြူတာကို တစ်ခါမှ မသန့်ရှင်းသောအခါ။

(၉)

မုန့်ကို ၃ပိုင်းပိုင်းပေးပါဟု ပြောလိုက်သောအခါ။

(၁၀)

ကြည့်ရတာ အိမ်ကခွေးလေးကို အိမ်မှာ တစ်ကောင်တည်း ထားလို့ အဆင်သင့်မဖြစ်သေးလောက်ပါဘူး။

(၁၁)

ကားသော့တစ်ချောင်း ကောက်ရထားပါတယ်။တာရာဖိုး ပြန်လျော်ပေးရင် သော့ပြန်ပေးမှာ ဖြစ်ပါတယ်။

(၁၂)

စက်ဘီး လက်ကိုင်ပေါ်ကို ပထမဦးဆုံး ဖင်ထောင်ကျဖူးခြင်း။

(၁၃)

၀က်အူလှည့် အသစ်တစ်ချောင်းလိုပါပြီ။

(၁၄)

လစာ ၃လစာ လောက်ရင်းပြီး ၀ယ်လိုက်သောတီဗီ အိမ်ရောက်လာသောအခါ။

(၁၅)

ကားဂိုဒေါင်ကို ညကတစ်ယောက်ယောက် ၀င်တိုက်သွားပုံပါပဲ။

(၁၆)

ကော်ဖီတည်ထားတာကိုတောင် မေ့သွားပါတယ်။

(၁၇)

မိုးသည်းကြီးမဲကြီး မရွာခင်ထိတော့ တကယ်ဂေါ်ခဲ့တာပါ။

(၁၈)

မင်းသားချေား ဇက်အက်ဖရွန်တောင် ကံဆိုးသေးတာပါပဲနော်။အဲ့လောက် ပြောင်နေမှတော့ ချော်လဲပြီပေါ့။

(၁၉)

စောစောစီးစီးတော့ ငတ်ပြီ။တကယ်တော့ ကော်ဖီအရမ်းသောက်ခြင်းက မကောင်းပါဘူးလေ။

(၂၀)

ကားသော့ နှစ်ချောင်းစလုံး ကားထဲမှာ ကျန်ခဲ့လို့ အကျပ်ရိုက်နေခဲ့တဲ့ အကြမ်းဖက်အဖွဲ့။

(၂၁)

ညီအစ်ကိုနှစ်ယောက်လုံးတစ်ချိန်တည်း တစ်ပြိုင်တည်း ပြိုင်တူ ထီပေါက်ကြတာဖြစ်ပါတယ်။

(၂၂)

ရေလမ်းကသွားရင် ပိုမြန်တာကို သိလို့ ရေငုပ်ပြီလေ။

(၂၃)

အမှတ်တရနေ့လေးမှာ စီးလာတဲ့ကား အမှတ်တမဲ့ မီးလောင်။

(၂၄)

ဒီလောက်ဆို ကံဆိုးပြီလား။

(၂၅)

ရှိသမျှရင်းပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်လိုက်ပြီး သီးလာသော ခရမ်းချဉ်သီးက ဒီအရွယ်ဆိုတော့။

(၂၆)

လှပတဲ့ ရှုခင်းကြည့်ချင်လို့ ၀ယ်လိုက်တဲ့ အခန်းသစ်လေးရဲ့ ရှေ့မှာ မြင်ရတဲ့ ပထမဆုံး မြင်ကွင်း။

(၂၇)

ဒီမိန်းကလေးကတော့ ဆံပင်ကို ဆေးဆိုးနေရင်း အခြောက်မြန်အောင်ဆိုပြီး ကြွပ်ကြွပ်အိပ်တစ်လုံးကို ခေါင်းမှာစွပ်လိုက်ချိန် အိပ်က စာလုံးတွေ ခေါင်းမှာ ရိုက်ပြီးသားဖြစ်သွားပါတယ်။

(၂၈)

အိမ်သော့ကို အခန်းတံခါးမှာ ချိတ်ထားဖို့လုပ်ပေမဲ့ ကြိုးက အထဲကို ညပ်ပြီး လော့ကျသွားခဲ့ချိန်မှာတော့။

(၂၉)

ပေါ့ရှ် ကားအရောင်းဆိုင်က ၀န်ထမ်းတစ်ဦးကတော့ ကားကို ရှေ့တိုးရင်း ရေထဲထိုးကျသွားပါတော့တယ်။အခုတော့ သူဟာ အလုပ်အကိုင်အဟောင်းတစ်ခု ထပ်တိုးသွားခဲ့ပါပြီ။

ဘယ်ကံဆိုးမှုလေးတွေက ပရိတ်သတ်ကြီးတို့ကို ရယ်မောစေပါသလဲဆိုတာ ပြောပြပေးသွားကြပါဦး။ကြည့်ရှုပေးမှုအတွက် ကျေးဇူးတင်ရှိပါတယ်ခင်ဗျား။

Written by – Wai Yan

  နဲ့