ဖန်တီးတီထွင်မှု အလန်းစားတွေကို ပြသခဲ့သူများရဲ့ ဓာတ်ပုံ (၂၈) ပုံ

မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ဓာတ်ပုံအလန်းစားများ၊အထူးအဆန်း တွေ့ရှိမှုများကို ကြည့်ရတာ ကြိုက်နှစ်သက်ကြတဲ့ ပရိတ်သတ်များအတွက် ဒီတစ်ခါမှာလည်း ကောင်းနိုးရာရာလေးတွေကို ယူဆောင်လာခဲ့ပါတယ်။မမြင်ဖူးသေးတဲ့အရာတွေကို တအံ့တသြတွေ့ရှိရမှာ ဖြစ်လို့ ပရိတ်သတ်ကြီးအနေနဲ့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

ကြောက်စရာကောင်းတဲ့ ၀တ္ထုစာအုပ်ရဲ့ အဖုံး။

(၂)

ဗိုက်ကင်းငှက်ပုံစံတူ မီတင်ခန်း။

(၃)

လှပစွာ စီထပ်လို့ရတဲ့ ပန်းကန်လုံးလေးများ။

(၄)

နားကြပ်တင်တဲ့ စင်လေးက ကနေတဲ့ချစ်စရာကြောင်လေးပါ။

(၅)

ဓာတုဗေဒ ဘာသာရပ်အတွက် အဆင်ပြေအောင် စာရွက်ပေါ်မှာ ခြောက်မြောင့်ပုံ အကွက်လေးတွေ ထည့်ပေးထားတဲ့ စာအုပ်။

(၆)

ရေမြင်းတစ်၀က်ပေါ်နေဟန် စားပွဲခုံ။

(၇)

ကြိုက်နှစ်သက်ရာ ပုံစံပြောင်းလို့ရတဲ့ မီးအိမ်လေး။

(၈)

လေမပါ၀င်တဲ့ ကားတာယာ။

(၉)

ရေမွှေးဘူးလေးတွေကို ထည့်တဲ့ အိုင်ဒီယာလေးက ချစ်စရာပါပဲ။

(၁၀)

ခေါက်သိမ်းလို့ရတဲ့ အကင်အိုး။နေရာကိုသက်သာစေမှာလည်းဖြစ်ပါတယ်။

(၁၁)

ကြိုးလေးကိုဆွဲပြီး ပုံစံနှစ်မျိုးပြောင်းလို့ရတဲ့ မီးအိမ်အလုံးလေးဖြစ်ပါတယ်။

(၁၂)

ရှည်လျားတဲ့ ခုံတန်းရှည်တစ်ခုဖြစ်ပါတယ်။

(၁၃)

ခွေးခြေရာလေးတွေနဲ့ ပြသထားတဲ့ ဖဲချပ်လေးတွေ။

(၁၄)

သဲနာရီကို ပြောင်းပြန်လှန်လိုက်ချိန်မှာ ကျန်ခဲ့တဲ့ နောက်ဆုံးအမှုန်လေးတွေကို အမိအရ ရိုက်ကူးထားမှု။

(၁၅)

ကော်ဖီစီးကျတဲ့အခါ ကြမ်းပြင်ပေါ်ကို မကျအောင် ဒီဇိုင်းထွင်ပြုလုပ်ထားတဲ့ ခွက်ဒီဇိုင်းဖြစ်ပါတယ်။

(၁၆)

အခွံမာသီးအထုပ်လေးကို ချစ်စရာရှဥ့်ကောင်လေးနဲ့ ထုပ်ပိုးထားတဲ့ ဒီဇိုင်းလေး။

(၁၇)

အဖိုးအိုတစ်ယောက် လက်နောက်ပစ်ထားတဲ့ ပုံစံနဲ့တူတဲ့ နာရီဘိုးအေဖြစ်ပါတယ်။

(၁၈)

ခွက်ကိုကြည့်လိုက်တာနဲ့ ပါ၀င်ပမာဏ ဘယ်လောက်ရှိတယ်ဆိုတာကို သိဖို့ တီထွင်ထားတဲ့ ခွက်လေးတွေဖြစ်ပါတယ်။

(၁၉)

အိပ်ထဲမှာပါ၀င်တဲ့ အလေးချိန်ကို ပြသပေးမဲ့ display ပါ၀င်တဲ့ အိပ်ဖြစ်ပါတယ်။

(၂၀)

ဒီvisiting card လေးကတော့ အဆန်းပါပဲ။နာမည်၊၀က်ဘ်ဆိုဒ်၊အင်စတာဂရမ် အကောင့်နဲ့ အီးမေးလ်တို့ကိုပါ တစ်ပါတည်းဖော်ပြထားတဲ့ ဒီဇိုင်လေးက ဆန်းနေပါတယ်။

(၂၁)

သင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေအတွက် ရည်ရွယ်ပြုလုပ်ထားတဲ့ ရေချိုးခန်းဖြစ်ပါတယ်။

(၂၂)

သောရ် မင်းသားရဲ့ လက်ဆွဲတော် လက်နက်ဖြစ်တဲ့ တူပုံစံပြုလုပ်ထားတဲ့ လက်သမားပစ္စည်းထည့်တဲ့ဘူး၊

(၂၃)

မထိုင်ချင်တဲ့အချိန်မှာ ကြမ်းပြင်နဲ့တပြေးညီ ထိုးထည့်ထားနိုင်တဲ့ ကုလားထိုင်။

(၂၄)

သီချင်းရေးချိန်မှာ သီးသန့်အသုံးပြုနိုင်တဲ့ လက်နှိပ်စက်ဖြစ်ပါတယ်။

(၂၅)

ကာတွန်းဇာတ်ကောင်လေးဖြစ်တဲ့ Groot နဲ့ပုံစံတူ ပန်းအိုးလေးဖြစ်ပါတယ်။

(၂၆)

သစ်လုံးကိုခွဲပြီး တီထွင်ထားတဲ့ မီးအိမ်လေး။

(၂၇)

Gym ဆော့မဲ့သူများကို အားပေးနေတဲ့ အကျီဖြစ်ပါတယ်။ရေးထားတဲ့ စာကတော့ ချွေးထွက်လာရင် ပေါ်လာစေမှာ ဖြစ်ပြီး မင်းအခုအိမ်ပြန်နိုင်ပါပြီတဲ့။

(၂၈)

သင့်နံရံကွာကျနေတယ်လို့ ထင်ရစေပြီး အနောက်မှာရှိနေတဲ့ အရာတစ်ခုခုရှိနေသေးသလို မြင်ရစေမဲ့ အခန်းထောင့်က မီးရောင်။

အဆုံးထိကြည့်ရှုပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်ပရိတ်သတ်ကြီးခင်ဗျား။ဘယ်ဓာတ်ပုံလေးတွေက ပရိတ်သတ်ကြီးအမြင်ကို ဆန်းစေခဲ့လဲဆိုတာကိုလည်း ပြောပြပေးသွားကြပါဦးနော်။

Written by – Wai Yan

 

  နဲ့