မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ကြိုဆိုလိုက်ပါတယ်။ဘ၀မှာ တစ်ခါတလေ ရုတ်တရက်ကြည့်လိုက်ရင် နားမလည်နိုင်တဲ့အရာတွေ နဲ့ကြုံတွေ့ခဲ့ကြဖူးမှာပါ။ဘေးက တစ်ယောက်ယောက်ကရှင်းပြတဲ့အခါမှာပဲ “အော် ဒီလိုလား”ဆိုပြီးသဘောပေါက်ကြတာမျိုး ကြုံမိမယ်ထင်ပါတယ်။ဒီတစ်ခါမှာလည်း ပရိတ်သတ်ကြီးတို့အတွက် သေချာအဖြေရှာပြီးမှ ရယ်မောရမဲ့ ဓာတ်ပုံလေးတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။ရှုစားပေးကြပါဦးခင်ဗျာ။
Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(၁)
ကားဒက်ရှ်ဘုတ်ပေါ်မှာ တင်ထားတဲ့ ဒီဇိုင်းက မှိုတောလေးတစ်ခုအလားပါပဲ။ဘယ်လို အိုင်ဒီယာပါလိမ့်။
(၂)
အဖိုးအိမ်ရှေ့မှာ တွေ့ရတဲ့ ကားပါကင်နေရာလေးများ။ဘာလို့ စောင်းစောင်းလေးတွေထည့်သွင်းထားတာပါလဲ။
(၃)
ကျွန်တော့်မိန်းမက သူ့ကို အနောက်ကကြည့်ရင် မသိသာပေမဲ့လည်း ဘေးတိုက်ကြည့်ချိန်မှာတော့ အမေးဇင်းပါပဲ။
(၄)
ကားနှစ်စီး ဘေးချင်းကပ်ရပ်ထားတာ မဟုတ်ပါဘူး။ တကယ်တော့ ကားအဖြူပေါ်မှာ ရိုက်နှိပ်ထားတဲ့ စတစ်ကာတစ်ခုသာ ဖြစ်ပါတယ်။
(၅)
အရောင်စုံ တူညီအောင် ဆက်ဖို့ မရအောင် ပြုလုပ်ထားတဲ့ ထူးခြားတဲ့ Rubik Cube တစ်တုံးပဲဖြစ်ပါတယ်။
(၆)
ဆရာမကိုနှုတ်ဆက်တဲ့ပွဲမှာ ပန်းစည်းနဲ့ အတွင်းခံ နဲ့မှားထည့်ပြီး လက်ဆောင်ပေးမိတဲ့အဖြစ်။အရောင်ချင်းကလည်းတူနေတာကိုး။
(၇)
အဖေဖြစ်သူ အိပ်ယာက နိုးလာချိန်မှာ သားလေးက အဲ့ဒီ့လိုပုံစံလေးနဲ့ အိပ်ပျော်နေတာကို တွေ့ရှိရပါတယ်။ခွေးလေးကို နေရာပေးထားပုံပေါ်ပါရဲ့။
(၈)
မိန်းကလေးတိုင်းက ဒစ်စနေက စင်ဒရဲလားတို့ စနှိုး၀ိုက်တို့လို မင်းသမီးလေးတွေကို ချစ်မြတ်နိုးကြပေမဲ့ ဒီကလေးလေးကတော့ စက်ရုပ် Vader ဆီကို ပြေးသွားခဲဲ့ပါတယ်။
(၉)
ထမင်းစားနေတဲ့ ကလေးငယ်ရဲ့ စိတ်ကူး။
(၁၀)
ကိုယ်တွေက ခပ်မြင့်မြင့်ပဲ။မနက်တိုင်းလမ်းလျှောက်ရင် ပါပီဟောင်သံကြားကြားနေရပေမဲ့ ဒီနေ့မှ အပေါ်ကို မော့ကြည့်မိတာပါ။
(၁၁)
တံခါးဖွင့်နည်းသင်နေတဲ့ မြောင်လေး။အထင်တော့မသေးစေချင်။
(၁၂)
အိမ်ကကြောင်လေး အပြင်ကပြန်လာတိုင်း စိုရွှဲနေရတဲ့ အကြောင်းအရင်းက ဒီမှာပါ။
(၁၃)
ဒီပေါ်တက်ထိုင်ရင် ဆူမှာလား။
(၁၄)
ဖင်ချင်းဆက် ကြောင်အမွှာတွေ မဟုတ်ပါဘူးနော်။အရောင်တူလို့ ရောနေတာပါ။
(၁၅)
ကျွန်တော့်ဖုန်းရဲ့ မှန်ကပ်ကို ခွာလိုက်တဲ့အချိန်မှာပေါ်လာတဲ့ ပုံကတော့ လက်ရာမြောက်ပန်းချီကားတစ်ချပ်နဲ့တောင် သွားတူနေခဲ့ပါတယ်။
(၁၆)
မိန်းမ၀ယ်ခိုင်းတဲ့ တန်ပွန်(အမျိုးသမီးလစဥ်သုံးပစ္စည်း) ကို နာမည်တူတဲ့ အခြားတန်ပွန်ဆပ်ပြာနဲ့ မှား၀ယ်ခဲ့မိတဲ့သူတစ်ယောက်။
(၁၇)
၃ချောင်းပူးထားတဲ့ တုတ်တစ်စည်းကို ဆယ်ဒေါ်လာနဲ့ အထူးလျှော့စေ◌ျးနဲ့ ရောင်းချပေးနေပါပြီ။
(၁၈)
ဒီဆန်တာကိုတော့ သစ်ပင်ပေါ်ချိတ်လို့ အဆင်မပြေလောက်ဘူးနဲ့တူတယ်။
(၁၉)
တစ်နာရီလောက် လှေလှော်ပြီးတိုင်းမှာ ခြေထောက်ယားယားနေရတဲ့အဖြေကို တွေ့ရှိခဲ့ရပါပြီ။
(၂၀)
ယုန်လေးမှာမျက်လုံး လေးလုံးရှိနေပါတယ်။သေချာကြည့်ကြည့်ပါဦး။
(၂၁)
အခန်းထောင့်နေရာကို ကျောက်ပြားနှစ်ခု ဆက်သွားလို့ရအောင် အသေးစိတ်ထွင်းပြီး ကပ်ပေးထားတဲ့သူကို ချီးကျူးစရာကောင်းလှပါတယ်။
(၂၂)
ပိုက်ဆံအတုတစ်ရွက် လက်ထဲကိုရောက်လာခဲ့တာဖြစ်ပါတယ်။အများကြီး စစ်ဆေးနေစရာမလိုပါဘူး။စာတန်းကိုက မှားနေခဲ့တာဖြစ်ပါတယ်။United States ဆိုတဲ့ စာလုံးက မှားနေတာဖြစ်ပါတယ်။
(၂၃)
ပရိတ်သတ်ကြီးတို့ ပုံထဲမှာ မြင်နေရတဲ့ ကြွေခွက်ကိုတော့ သားရေအိပ်တစ်ခု ရှုံ့တွနေတဲ့ ပုံစံ ပြုလုပ်ထားတာဖြစ်ပါတယ်။
(၂၄)
အဆောက်အဦမှာတပ်ထားတဲ့ ပြူတင်းပေါက်တွေကို အစစ်လို့မထင်လိုက်ပါနဲ့။တကယ်တော့ အတုတွေသာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတာကတော့ ကျွန်တော်ပြောပြမှာမဟုတ်ပါဘူး။ကျွန်တော်ကိုယ်တိုင်လည်း နားမလည်လို့ဖြစ်ပါတယ်။
(၂၅)
ကုလားအုတ်ပေါ်မှာ ကုလားအုတ်ဆင့်နေသလို အမြင်မှားစေပါတယ်။
(၂၆)
အနောက်က ကျောက်ခဲတုန်းကတော့ မသိရင် လေပေါ်ကို မြောက်နေတဲ့အတိုင်းပါပဲ။
(၂၇)
အခန်းပြူတင်းပေါက်နေ လှန်းမြင်နေရတဲ့ မြင်ကွင်းကအဲ့လိုပါတဲ့။ဘယ်လို အခန်းပါလိမ့်နော်။
(၂၈)
ခြေထောက်တွေအများကြီးနဲ့ ငှက်မလေးမဟုတ်ပါဘူး။တကယ်တော့ သူ့ရဲ့ကလေးတွေကို ဗိုက်အောက်မှာ ၀ှက်ထားတာပဲ ဖြစ်ပါတယ်။
ကဲ ပရိတ်သတ်ကြီးရော ခေါင်းမူးသွားကြပြီလားဗျာ။ပုံလေးတွေကို ကြည့်ရှုပြီး ရသတစ်စုံတစ်ခုရကြပါစေလို့ မျှော်လင့်မိပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျား။
Written by – Wai Yan