မင်္ဂလာပါ။Shwe Nyan Shin ပေ့ချ်မှ ကြိုဆိုလိုက်ပါတယ်။ ကမ္ဘာမြေကြီးဟာ ဆန်းကြယ်မှုတွေ ပြည့်စုံနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ မှော်ဆန်လှတဲ့နေရာတွေလည်း အစုံရှိသလို မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ ထူးဆန်းနေရာတွေလည်း တည်ရှိပါတယ်။ အခုဖော်ပြပေးမယ့် နေရာတွေကတော့ အနည်းဆုံးတစ်ခေါက်တော့ သွားကိုသွားရောက်သင့်တဲ့ စာရင်းဝင်နေရာတွေဖြစ်တာကြောင့် ဖော်ပြပေးလိုက်ပါတယ်။ (ဖော်ပြပါအကြောင်းအရာသည် Shwe Nyan Shin ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)
Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(၁)
ဂျပန်နိုင်ငံမှာဆိုရင် ပန်းတွေပွင့်လန်းတဲ့ ရာသီဥတုမှာတော့ သိပ်ကိုလှပတာကြောင့် ခါဝါချီ ဖူဂျီ၊ရယ်လ်နို၊အီစုဂျီရာမ စတဲ့ ပန်းခြံတွေကိုတော့ မဖြစ်မနေ သွားရောက်လည်ပတ်သင့်ပါတယ်။
(၂)
လွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော်ထဲက ရှေးဟောင်းနည်းလမ်းတွေနဲ့ တည်ဆောက်ထားတဲ့ တောင်အမေရိက ပီရူးက ကောင်းကင်မြို့တော်လေးMachu Picchu…ရင်သပ်ရှုမောဖွယ်ရာတွေနဲ့ ပြည့်စုံပြီး တခြားကမ္ဘာတစ်ခုကို အလည်ရောက်ရှိနေသလို ခံစားရမှာပါ။ (Shwe Nyan Shin)
(၃)
ကန်ရာနိုင်ငံ တိရစ္ဆာန်ဥယျာဉ်ကို အလည်အပတ်သွားရောက်ပြီး သစ်ကုလားအုတ်တွေကိုလည်း အစာကျွေးကြည့်ဖို့ မမေ့နဲ့နော်။
(၄)
ကနေဒါတောင်တန်းတွေကြားထဲက ကြည်လင်နေတဲ့ ကျောက်တုံးလိုတောက်ပြောင်နေတဲ့ မိုရင်းရေကန် (Shwe Nyan Shin)
(၅)
တရုတ်နိုင်ငံ ယွမ်ယန်းမှာရှိတဲ့ ရောင်စုံစပါးခင်းတွေကို ကြည့်ရှုလိုက်ရရုံနဲ့တင် လူဖြစ်ရကျိုးနပ်တယ် ဆိုရမလား
(၆)
လူတိုင်းရဲ့အိမ်မက်တစ်ခုဖြစ်တဲ့ မြောက်ပိုင်းအလင်းတန်း….သင့်ရဲ့ အသက်ရှုသံတွေကို ခေတ္တမျှရပ်တန့်သွားစေနိုင်တဲ့ ဆန်းကြယ်မှုတစ်ခုပေါ့ (Shwe Nyan Shin)
(၇)
ဟာဝိုင်အီက နတ်ပြည်သွားတဲ့ လှေကားလေးကိုရော မတက်ချင်ကြဘူးလား
(၈)
အိုင်းလန်းရှိ ရေခဲဂူတွေကြားထဲမှာ ကိုယ့်အသံရဲ့ အက်ခိုးသံကို ပြန်နားထောင်ကြည့်ဖို့လည်း ကြိုးစားကြည့်သင့်ပါတယ်။ (Shwe Nyan Shin)
(၉)
ဖီဂျီကျွန်းရှိ အပြာရောင် ရှုခင်း
(၁၀)
သေမင်းရေကန်လို့တင်စားထားရတဲ့ ကမ္ဘာ့အန္တရာယ်အကြီးဆုံး ရေတံခွန်အစွန်းမှာ ရေကူးကြည့်ဖို့ အစီအစဉ်ရှိကြလား (Shwe Nyan Shin)
(၁၁)
ငြိမ်းချမ်းမှုတွေကို ခံစားရနိုင်မယ့် ကမ္ဘောဒီယားနိုင်ငံရှိ အန်ကောဝတ်ဘုရားကျောင်း
(၁၂)
ဆွစ်ဇာလန်နိုင်ငံ ဆက်စွန်ရှိ မယုံနိုင်စရာ ဘက်စတီတံတားက စိတ်လှုပ်ရှားဖွယ်ရာတွေ နှစ်သက်သူတွေအတွက် အိမ်မက်တစ်ခုပါပဲ။ (Shwe Nyan Shin)
(၁၃)
ခရိုအေးရှားနိုင်ငံက Plitvice Lakes ရေတံခွန်ကိုသွားရောက်ပြီး အေးချမ်းပြီးစိုစွတ်တဲ့ အရသာကို ခံစားရင်း အနားမယူချင်ကြဘူးလား
(၁၄)
ဂီဇာမြို့ကိုရောက်ဖြစ်ရင်တော့ ကြီးကျယ်တဲ့ ပိရမစ်တွေကို လေ့လာရင်း ကုလားအုတ်စီးဖို့လည်း မမေ့နဲ့နော်. (Shwe Nyan Shin)
(၁၅)
မြောက်ပိုင်းသဘာဝအလှကိုခံစားရင်း Kizhi’s wooden lace ရဲ့အလှကိုပါ တွဲဖက်ခံစားနိုင်ပါတယ်။
(၁၆)
စတုံးဟန့်ချ် ကျောက်တုံးကြီးရဲ့ မှော်ဆန်မှုကိုရော အပြင်မှာ လက်တွေ့မလေ့လာချင်ကြဘူးလား (Shwe Nyan Shin)
(၁၇)
အလယ်ပိုင်းရာစုနှစ်အငွေ့အသက်တွေကို ခံစားချင်ရင် အသွားသင့်ဆုံးနေရာ စပိန်နိုင်ငံက အယ်လ်ဘာရေဆင်။ အဲ့ဒီနေရာကိုသာ ရောက်သွားလို့ကတော့ သင်ဟ ၂၁ရာစုနှစ်မှာနေထိုင်နေသူတစ်ယောက်ဆိုတာကို မေ့သွားပါလိမ့်မယ်။
(၁၈)
ရှေးဆန်တဲ့ ကျောက်တုံးအိမ်တွေမှာ တည်းခိုရင်း မိုးပျံပူဖောင်းတွေကို စီးလို့ရမယ့် ခပတ်ဒိုရှား (Shwe Nyan Shin)
(၁၉)
မျက်စိတစ်ဆုံးရှိပန်းခင်းကြီးကို ကြည့်ချင်တယ်ဆိုရင်တော့ ပရိုဗင့်ပြည်နယ်ကို သွားလည်မယ့် အကြံကအကောင်းဆုံးပါပဲ။
(၂၀)
ပေါ်တူဂီက နတ်ဘုံနတ်နန်းအမျှ ခမ်းနားလှတဲ့ Azores (Shwe Nyan Shin)
(၂၁)
မန်ဒက်စကားက ထူးဆန်းတဲ့အသွင်အပြင်နဲ့ ဘောင်ဘက်ပင်တွေကြားထဲ လမ်းလျှောက်ကြမလား
(၂၂)
ကောင်းကင်ထဲမှာ ခဏလောက် လွင့်မြောသွားသလို ခံစားရမှာသေချာတဲ့ ဘိုလီးဗီးယားက Salar de Uyuni (Shwe Nyan Shin)
(၂၃)
အမေရိကန်ချိုင့်ဝှမ်းအတွင်းက မာရှီ(ရန်) မြင်ကွင်း
(၂၄)
အနီးစပ်ဆုံး သွားလို့အဆင်ပြေမယ့် ထိုင်းနိုင်ငံက ရေးလေးကမ်းခြေ (Shwe Nyan Shin)
(၂၅)
ကြီးကျယ်ခမ်းနားတဲ့ အလှတရားနဲ့ ရေပူစမ်း၊တောင်ကုန်းလေးတွေနဲ့ ဝက်ဝံလေးတွေကိုပါ တွေ့ရအုံးမယ့် ရုရှားနိုင်ငံ ကမ်ချာကန်
(၂၆)
အိန္ဒိယနိုင်ငံက ကာဂျာရာဟို အထိမ်းအမှတ်အဆောက်အဦးကြီးထဲမှာလည်း များစွာသော ရုပ်တုတွေကို လေ့လာနိုင်ပါတယ်။ (Shwe Nyan Shin)
(၂၇)
ဗီးနစ်မြို့လေးကတော့ အထူးတလည်ညွန်နေစရာမလိုအောင် လူတိုင်းသဘောကျကြတဲ့ နေရာလေးတစ်ခုပဲ မဟုတ်လား
(၂၈)
ငရဲကြီးကိုးထပ်လို့တောင် တင်စားလို့ရမယ့် ထူးဆန်းတဲ့ရေတွင်းကြီး.. (Shwe Nyan Shin)
(၂၉)
အန္တာတိကတိုက်ရဲ့ ခမ်းနားတဲ့ ရေခဲပြင်ကို ထိတွေ့နိုင်မယ့်အခွင့်အရေး
(၃၀)
သြစတေးလျကျွန်းဆွယ်တစ်လျှောက်ရှိ သန္တာကျောက်တန်းနဲ့အတူရောင်စုံလှပတဲ့အလှတရား (Shwe Nyan Shin)
(၃၁)
ဘရာဇီးလ်က Lençóis Maranhenses ကိုကော သွားမလှည်ချင်ကြဘူးလား
(၃၂)
ဟာဝိုင်ရီက လူလုပ်လှိုင်းပေါ်မှာလည်း ရေလှိုင်းစီးလို့ရပါတယ်နော်
ဖော်ပြပေးခဲ့သမျှနေရာတွေကတော့ အကုန်လုံးကိုသွားချင်စရာတွေကြီးပဲနော်။ အနည်းဆုံးတစ်နေရာလောက်ပဲဖြစ်ဖြစ်သွားရမယ်ဆိုရင် ဘယ်နေရာလေးကို အသွားချင်ဆုံးလဲဆိုတာကို ပြောပြပေးခဲ့ကြပါအုံး
Written By Yoshi (Shwe Nyan Shin)
Ref:Brightside