မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကမ္ဘာကြီးပေါ်မှာ အံ့အားသင့်စရာတွေအများကြီးရှိတယ်ဆိုတာကို လူတိုင်းတော့ လက်ခံကြမှာပါ။ ဒါပေမယ့် လက်တွေ့မြင်လိုက်ရတဲ့အခါမှာတော့ မယုံနိုင်စရာတွေကပိုများပါတယ်။ ကမ္ဘာကြီးပေါ်မှာ အံ့အားသင့်စရာတွေ မကုန်နိုင်ဘူးဆိုတာ သက်သေပြနေတဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်တယ်နော်။ (ဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်းဖြစ်ပါသည်)
Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(၁)
အပြေးပြိုင်ပွဲပြီးနောက်မှာ မြင်တွေ့ရတဲ့
အားကစားသမားတစ်ယောက်ရဲ့ ခြေထောက်။
(၂)
ကက်ဆိုဝယ်ရီ ဌက်ရဲ့ ခြေထောက်နဲ့လက်ကိုကြည့်လိုက်ကြပါ…
ဒါကို ဌက်လို့မပြောရင် ဒိုင်နိုစောနဲ့ တောင်အထင်မှားအုံးမယ်။
(၃)
လှပပြီး ထူးဆန်းတဲ့ မျက်လုံးလေးကို ကြောင်လေးက
ပိုင်ဆိုင်ထားပေးမယ့် သူ့မှာ အမြင်အာရုံ မရှိပါဘူး။
(၄)
သဲပေါ်ကို နားကျပ်ဘူးပြုတ်ကျပြီးနောက်မှာ သဲထဲမှာရှိတဲ့
သံစတွေအကုန်လုံး ဘူးမှာ ကပ်ပါလာခဲ့တာပါ။
(၅)
မယုံနိုင်လောက်အောင်
ကြီးမားလွန်းတဲ့ နေကြာပန်း
(၆)
ဒီလိပ်ပြာမျိုးရှိပါတယ်လို့ပြောရင် ယုံနိုင်မှာမဟုတ်ပေမယ့် လက်တွေ့တကယ်ရှိနေပါတယ်။ လိပ်ပြာရဲ့ တစ်ဘက်ခြမ်းက အမဖြစ်ပြီး တစ်ဘက်က အဖိုပါ။ တစ်ကောင်ထဲ ဖြစ်ပေမယ့် အရွယ်အစားကလည်း မတူပြန်ပါဘူး။
(၇)
သွေးထွက်နေတာနဲ့ တူတဲ့ မှိုတစ်မျိုးက ကြည့်လို့လည်းကောင်းသလို
ကြောက်ဖို့လည်းကောင်းလှပါတယ်။
(၈)
ကမာကောင်တွေထဲမှာ ပုလဲလုံးတွေ ဘယ်လိုမွေးလဲသိချင်ရင်တော့
ပုံလေးမှာ ကြည့်နိုင်ပါတယ်။
(၉)
မြောင်းအဖုံးကို ဖွင့်လိုက်ရာမှာ ရေခဲတွေက ခုလို
အံ့သြစရာကောင်းလောက်အောင်ကို ခဲနေတာပဲဖြစ်ပါတယ်
(၁၀)
ဖားရဲ့ မျက်လုံးက တစ်ခါမြင်ဖူးတာနဲ့
တစ်သက်မမေ့နိုင်လောက်အောင် ထူးဆန်းလွန်းပါတယ်။
(၁၁)
ဆီလီကွန်နဲ့လုပ်ထားတဲ့ ငါးအတုလို့ ထင်နိုင်ပေမယ့်
ရေထဲမှာ ရှင်သန်နေတဲ့ တကယ်ငါးအစစ်ဖြစ်ပါတယ်။
(၁၂)
ကြယ်ငါးချင်းတူပေမယ့် ပါဝင်တဲ့
လက်ချောင်းတွေကလည်း မတူပြန်ပါဘူး။
(၁၃)
ဂဏန်းလက်ကြီးက ဘယ်လောက်ကြီးလိုက်သလဲဆိုရင်…
လူတစ်ယောက်ရဲ့ လက်နဲ့ ယှဉ်ပြထားတာ
(၁၄)
အစိမ်းရောင်အပင်ငယ်တွေကြားထဲမှာ
ထူးထူးခြားခြားအဖြူတွေဖြစ်နေတဲ့ အပင်
(၁၅)
ပင်လယ်ဆူးကောင်တစ်ကောင်ရဲ့
အတွင်းထဲမှာ ဒီအတိုင်းပါတဲ့…
(၁၆)
တိုက်တစ်တိုက်ရဲ့ ၄လွှာအမြင့်ထိတောင်
မြင့်မားတဲ့ အပင်
(၁၇)
အီလက်ထရွန်မိုက်ခရိုစကုပ်နဲ့ လှမ်းကြည့်လိုက်တဲ့အခါမှာမြင်ရတဲ့
ပုရွက်ဆိတ်တစ်ကောင်ရဲ့ မျက်နှာဖြစ်ပါတယ်။
(၁၈)
နှင်းလုံးလေးလိုဖြစ်နေတဲ့
ပင်လယ်ဆားအတုံးလေး
(၁၉)
အကြွေစေ့နဲ့ နှိုင်းယှဉ်လိုက်ရင် တောင်သေးနေသေးတဲ့ ဒီအကောင်ငယ်လေးမှာ အရိုးဖွဲ့စည်းမှုလည်းရှိတယ်၊သွေးကြောနဲ့ ခန္ဓာကိုယ်အတွင်းပိုင်းအစိတ်အပိုင်းတွေအားလုံးရှိနေတယ်ဆိုတာကို စဉ်းစားကြည့်လိုက်ပါ။
(၂၀)
ခရုသင်းလို့ခေါ်တဲ့ ဒီခရုကတော့ အတွင်းကနေ
မျက်လုံးနဲ့ စိုက်ကြည့်နေခဲ့ပါတယ်
(၂၁)
တခြားသော သမင်တွေနဲ့ မတူဘဲ တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေတဲ့
အယ်လ်ဘိုင်နို သမင်လေး
(၂၂)
နှင်းတွေဖုံးနေတာတောင် လှလှပပ
ဖူးပွင့်နေတဲ့ ကျူးလစ်ပန်းအစု
(၂၃)
ဂူအတွင်းပိုင်းထဲမှာ သဘာဝအတိုင်းရေပန်းပုံစံမျိုး
ရေတွေကျဆင်းနေတာဖြစ်ပါတယ်။
(၂၄)
စပိုင်တစ်ယောက်အလား
ပုန်းနေတဲ့ မြွေတစ်ကောင်
(၂၅)
သဘာဝတရားကြီးက အိမ်မက်တစ်ခုအလား
သိပ်ကို လှပလွန်းလှပါတယ်။
(၂၆)
မြင်းရဲ့ မျက်လုံးကို အနီးကပ်ဓာတ်ပုံရိုက်ထားတာပါ။
မျက်လုံးထဲမှာ ပန်းချီဆွဲထားသလိုမျိုး လှပနေတာပါ။
(၂၇)
သစ်သားတုံးလေးတွေနဲ့ လမ်းခင်းထားတဲ့
ဖီလာဒယ်ဖီးယားလမ်း (Shwe Nyan Shin)
(၂၈)
ဘဏ်ထဲမှာရှိတဲ့ အလုံတိုက်ခန်းတစ်ခုကို ဖြိုလိုက်ရာမှာတော့ ခုလိုပဲ မြင်တွေ့ခဲ့ရပါတယ်။
ဘယ်လောက်ထိ ခိုင်ခံ့အောင် တည်ဆောက်ထားသလဲဆိုတာ ကြည့်လိုက်ပါတော့။
သွားကိုက်ရင် ခေါင်းကိုက်ရတဲ့ အကြောင်းရင်းကတော့ အာရုံကြောတွေ ဆက်စပ်နေလို့ပဲ ဖြစ်ပါတယ်
နောက်ပြီး ဥ◌ီးနှာက်က အိပ်နေတဲ့အချိန်မှာ ပိုပြီး အလုပ်လုပ်ပါတယ်
မသိသေးတဲ့ အရာတွေလည်းအများကြီးရှိသေးပါလားဆိုတာကို ဒီဓာတ်ပုံတွေက သက်သေပါပဲ။ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တယ်ဆိုရင် စာစုလေးကို မျှဝေသွားကြပါအုံးနော်။
Written By Yoshi (Shwe Nyan Shin)
Ref:Brightside