တစ်သက်မှာ တစ်ခါလောက်တော့ စမ်းဝတ်ကြည့်သင့်တဲ့ အကြမ်းဆုံးနဲ့ အဂွမ်းဆုံး ဖက်ရှင်များ

မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ် ကြိုဆိုပါတယ်။ တစ်ရက်ထက် တစ်ရက် အပြိုင်အဆိုင် ဖန်တီးကြရင်းနဲ့ ဖက်ရှင်လောကရဲ့ ရေစီးကြောင်းက ဘယ်သူမှ လိုက်မမှီနိုင်အောင်ကို ဖြစ်နေပါပြီ။ တော်ရုံတန်ရုံ ဝတ်စားချင်သူတွေအတွက်တော့ နားမလည်နိုင်တဲ့ ဖက်ရှင်စတိုင်တွေကလည်း ဖက်ရှင်လောကမှာ မှိုလိုပေါနေပါပြီ။ သာမန်လူတွေ မဝတ်ချင်ပေမယ့် ဖက်ရှင်လောကမှာ တော့ အဆန်းဆုံးနဲ့ အလန်းဆုံးဖြစ်ပါတယ်ဆိုတဲ့ ခပ်ကြောင်ကြောင်ဖက်ရှင်ဓာတ်ပုံတွေကဖော်ပြပေးလိုက်ပါတယ်။ (ဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

နေကာမျက်မှန် အသစ် … ဘယ်လောက် လန်းသလဲနော်

(၂)

ဒါကတော့ မင်မင်လည်း မရှင်းပြတတ်တော့ဘူး

ကိုယ့်ဟာကိုယ် ကြည့်ပြီး ရယ်လိုက်တော့

(၃)

နည်းနည်းလက်လွန်သွားပြီ အဲ့တာက

(Shwe Nyan Shin)

(၄)

သစ်ပင်က ထွက်တဲ့ အောက်စီဂျင်ကို အပြည့်အဝ ရှူချင်ရင်တော့

(၅)

ချော်လဲရင် ထိခိုက်မှုမရှိစေရအောင်

(၆)

ပါးစပ်လေးက ဟ ပေးထားတယ်

(၇)

ဘောင်းဘီနဲ့ ဖိနပ် တွဲရက်ကလေး

(၈)

အစားတစ်လိုင်းတွေအတွက် ပေါင်မုန့်တွေနဲ့ချည်းလုပ်ထားတဲ့ ဂါဝန်

(Shwe Nyan Shin)

(၉)

ရှန်ပိန် ဒီဇိုင်းပေါ့

(၁၀)

မနက်စာအဖြစ်စားကြလေ့ရှိတဲ့ ပေါင်မုန့်နဲ့ကြက်ဥကို

မှီးငြမ်းထားတဲ့ ဖက်ရှင်အိုင်ဒီယာ.. (Shwe Nyan Shin)

(၁၁)

စုံတွဲ ဖက်ရှင်လေး

(၁၂)

စက္ကူတွေခေါက်တတ်ရင် ဒီဇိုင်းဆန်းတဲ့ ဖက်ရှင်တွေကို

ကိုယ်တိုင် ဖန်တီးလို့ရပါတယ်။ (Shwe Nyan Shin)

(၁၃)

ဘောလုံးကြီးလိမ့်လာတာနဲ့ တူပေမယ့် ဝတ်ပြထားတဲ့

မော်ဒယ်ကတော့ ယုံကြည်မှုတော်တော်ရှိပုံပဲ

(၁၄)

မျက်နာများတဲ့ ဖက်ရှင်

(၁၅)

ဇစ်လူသားပဲဖြစ်ရမယ်…အသစ်ထွက်တဲ့ စူပါဟီးရိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဒီလိုစူပါဟီးရိုးကို ဘယ်နေရာမှာ အကူအညီတောင်းရပါ့မလဲ

(၁၆)

တစ်ရောင်တည်း ဝတ်တဲ့ ဖက်ရှင်တွေက မလုံလောက်ဘူးဆိုရင်

ကာလာစုံ မှိုဂါဝန်လည်းရှိပါသေးတယ်။ (Shwe Nyan Shin)

(၁၇)

သူမရဲ့ မျက်လုံးက ဘယ်ကို ကြည့်လို့ကြည့်နေမှန်း

မခန့်မှန်းနိုင်မယ့် ဖက်ရှင်

(၁၈)

ဖဲပြားအကြီးကြီးနဲ့တင် မနာလိုသူတွေကို

တောက်ချလို့ ရမယ့် အမိုက်စားဖက်ရှင်တစ်ခုပေါ့ (Shwe Nyan Shin)

(၁၉)

ပတ်ဝန်းကျင်မှာရှိသမျှ အရာတွေအားလုံးကို ဖက်ရှင်အဖြစ် ပြောင်းလဲနိုင်ပါတယ်။

ပူဖောင်းတွေကိုတောင်မှပေါ့

(၂၀)

အမွှေးပွပွလုံးလုံးလေးတွေကို

သဘောကျတတ်သူတွေအတွက် ဖက်ရှင်…. (Shwe Nyan Shin)

(၂၁)

တစ်ယောက်တည်း အလန်းစားဖက်ရှင် တွေဝတ်ရတာ ရိုးနေပြီဆိုတော့

နောက်တစ်ယောက်ကိုပါ ချီခေါ်ရင်း လန်းမယ်လေ

(၂၂)

ဆူးတွေနဲ့ တစ်ခေါင်းလုံး အပြည့်ဖက်ရှင်…ဝတ်တဲ့သူတော့ မသိဘူး…

ဘေးကနေကြည့်ရတာကတော့ ကြောက်စရာပဲ (Shwe Nyan Shin)

(၂၃)

ဘေ့စ်ဘောအားကစားသမားတွေ ရဲ့

ဝတ်စုံအထူကြီးတွေကိုတော့ဒီဇိုင်းနာက အေးဆေးပါတဲ့

(၂၄)

သူ့ရဲ့ ဖက်ရှင်ကို ကြည့်ရတာ

လန်းဆန်းမနေဘူးလား (Shwe Nyan Shin)

(၂၅)

ဒီဖက်ရှင်ကို ကြည့်ပြီးတော့

ဘယ်သူ့ကို သတိရလိုက်သလဲ…

(၂၆)

မိန်းကလေးဆန်ဆန် ပန်းရောင်လည်းဖြစ်ရမယ်….

အနွေးဓာတ်ရအောင်ခပ်ထူထူဝတ်စုံဆိုရင် ဒီဖက်ရှင်က ဘယ်လိုလဲ (Shwe Nyan Shin)

(၂၇)

အရပ်ပုလို့ ဆိုပြီး ဝိုင်းနှိမ်နေကြရင် ဒီလိုဖိနပ်မျိုး

စီးပြီးသူတို့ဘေး သွားရပ်ပြလိုက်ပါ။

(၂၈)

အိုခေလေ

(၂၉)

(၃၀)

ဘယ်ဖက်ရှင်က ပရိသတ်တွေအတွက် ခံစားချက် အသစ်အဆန်းတွေကို ရစေခဲ့သလဲ..

ကိုယ်တိုင်ရော ဘယ်လိုလေးတွေ ဝတ်ရတာ ကြိုက်နှစ်သက်သလဲဆိုတာကို ပြန်ပြောပေးခဲ့ကြပါအုံးနော်။

Written By Yoshi(Shwe Nyan Shin)
Ref:Brightside

  နဲ့