ဘာတွေလဲဆိုပြီး သင့်ကို မေးခွန်းထုတ်မိစေမယ့် ထူးဆန်းတဲ့ အရာများ

မင်္ဂလာပါ။ Shwe Nyan Shin ပေ့ချ်မှကြိုဆိုလိုက်ပါတယ်။ တစ်ခါမှမမြင်ဖူး အသုံးမပြုဖူးတဲ့ ထူးဆန်းတဲ့အရာတစ်ခုကို ရှာတွေ့ဖူးပါသလား။ ကိုယ်မသိတဲ့ အရာတွေကိုရှာတွေ့ရတာက စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ အခုလည်း အသုံးပြုပုံကိုမသိတာကြောင့် အင်တာနက်ပေါ်ထိတင်ပြီး မေးမြန်းခဲ့ရတဲ့ ထူးထူးဆန်းဆန်းပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ (ဖော်ပြပါအကြောင်းအရာသည် Shwe Nyan Shin ပေ့ချ်မှ ကြိုဆိုလိုက်ပါတယ်။)

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

ရုတ်တရက်သာတွေ့လိုက်ရရင် အသုံးပြုပုံမသိနိုင်တဲ့ ပစ္စည်း။ တကယ်တော့ ဒီပစ္စည်းဟာ ဒိုးနတ်မုန့်နဲ့ ပိုင်မုန့်တို့အပေါ်မှာ အမှုန့်တွေဖြန်းတဲ့အခါမှာ သုံးတဲ့ပစ္စည်းပါတဲ့…

(၂)

ပစ္စည်းလေးရဲ့ အသုံးပြုပုံကို အရင်ဆုံးခန့်မှန်းကြည့်လိုက်ပါအုံး။ ချစ်စရာကောင်းတဲ့ ဒီခွက်လေးတွေက အသားလုံးပြုလုပ်တဲ့ခွက်လေးပါတဲ့(Shwe Nyan Shin)

(၃)

ရှေးလွန်ခဲ့တဲ့ နှစ်ရာစုနှစ်က အမျိုးသမီးတွေက သူတို့တွေရဲ့ ဆံပင်တွေကို ဒီအိုးထဲ ညှပ်သိမ်းထားပြီး ဆံပင်တွေစုဆောင်းမိတဲ့အခါ အဝတ်နဲ့ ခေါင်းအုံးစတာတွေကို ချုပ်လုပ်တာပဲဖြစ်ပါတယ်။

(၄)

အဘိုးရဲ့ပစ္စည်းတွေထဲက ရှာတွေ့ခဲ့တဲ့ ပစ္စည်းအကြောင်းမသိတာကြောင့် အင်တာနက်ပေါ်မှာ တင်မေးလိုက်တဲ့အခါမှာ ဝိုင်ပုလင်းတွေပိတ်တဲ့အခါ အသုံးပြုတဲ့အရာမှန်းသိခဲ့ရတယ်။ (Cele Guru)

(၅)

အမျိုးသားအင်္ကျီဝတ်ဆင်ရာမှာ ပိုပြီးစမတ်ကျစေဖို့အတွက် ခါးပတ်

(၆)

စားဖိုမှူးတွေ ဂျုံကိုဖြတ်တဲ့အခါမှာ အသုံးပြုတဲ့ ဒလိမ့်တုံးဓား (Shwe Nyan Shin)

(၇)

အုန်းခြစ်နဲ့ ရင်းနှီးပြီးသားသူတွေဆိုရင်တော့ သိလောက်မှာပါ။

(၈)

၂၀ရာစုနှစ်အစောပိုင်းတုန်းက လူကြီးလူကောင်းတွေက ဒီချိတ်ကို သူတို့ရဲ့အင်္ကျီတွေမှာ ချိတ်ဆွဲအသုံးပြုကြတာပဲဖြစ်ပါတယ်။(Shwe Nyan Shin)

(၉)

ကျပန်းဈေးတစ်ခုမှာ စိတ်ဝင်စားဖို့ကောင်းလို့ဝယ်လာခဲ့တဲ့ ဌက်ပုံစံပစ္စည်းလေးဟာ ၁၉ရာစုနှစ်တုန်းက ဆေးကုသခြင်းမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းဖြစ်နေတာပါ။

(၁၀)

ဇွန်းခရင်းဆက်လိုက်ထဲမှာ တွေ့တဲ့ဒီပစ္စည်းလေးရဲ့ အသုံးပြုပုံကတော့ ကလေးတွေသူတို့ရဲ့ အစားအစာလှီးဖြတ်တဲ့နေရာမှာ အသုံးပြုနိုင်ဖို့ပဲဖြစ်ပါတယ်။(Shwe Nyan Shin)

(၁၁)

သွားဆေးခန်းမှာသုံးတဲ့ပစ္စည်းလို့ထင်ရပေမယ့် စာအုပ်မှတ်တဲ့ပစ္စည်းလေးပါတဲ့

(၁၂)

ရေချိုးခန်းထဲရှာတွေ့တဲ့ဒီပစ္စည်းအကြောင်းကို မိန်းမကရှင်းပြမှပဲသိရတော့တယ်။ ဒီပစ္စည်းကတော့ ဆံပင်ဖြောင့်စက်ဝယ်တဲ့အခါမှာ တစ်ခါတည်း တွဲပါတဲ့ကာကွယ်ရေးအကာပဲဖြစ်ပါတယ်။(Shwe Nyan Shin)

(၁၃)

စပိန်ရိုးရာ ဝိုင်ထည့်တဲ့ခွက်လေး

(၁၄)

သစ်သားရဲ့အသုံးပြုပုံကတော့ ဝိုင်ပုလင်းအောက်ခြေခံတဲ့နေရာမှာအသုံးပြုတာပဲဖြစ်ပါတယ်။(Shwe Nyan Shin)

(၁၅)

ထူးဆန်းတဲ့အသွင်အပြင်နဲ့ဒီသော့ သော့အပိုလိုမျိုး သော့အိမ်တွေကိုဖွင့်နိုင်တဲ့သော့ပဲဖြစ်ပါတယ်။

(၁၆)

သစ်သားတုတ်ရဲ့ အသုံးပြုပုံကတော့ အဝတ်လျှော်ပြီးနောက် ပြောင်စင်အောင်အဝတ်ကိုရိုက်တဲ့နေရာမှာ သုံးတာပါ။ (Shwe Nyan Shin)

(၁၇)

ထိခိုက်ဒဏ်ရာရရှိပြီးနောက် ပြန်လည်သက်သာလာချိန်မှာကိုယ်လက်သန်မာဖို့အတွက် လေ့ကျင့်ခန်းတွေ ပြုလုပ်ရာမှာကိုင်တွယ်နိုင်အောင် ပြုလုပ်ထားတဲ့ပစ္စည်းပဲဖြစ်ပါတယ်။

(၁၈)

ဂူးဂဲလ်မှာတောင်ရှာမတွေ့တဲ့ ဒီကပ်ကြေးကတော့ ပီဇာဖြတ်တဲ့နေရာမှာ သုံးတာပါ။ (Shwe Nyan Shin)

(၁၉)

ပြောင်းဖူးမွှေးတွေကို သန့်စင်ပေးတဲ့ လက်ကိုင်

(၂၀)

ထူးဆန်းပုံစံလေးနဲ့ ဒီခွက်လေးကတော့ နံရံမှာချိတ်ထားလု့ိရတဲ့ ဆပ်ပြာခွက်လေးပဲဖြစ်ပါတယ်။(Shwe Nyan Shin)

(၂၁)

အဘွားကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေထဲက ပစ္စည်းတစ်ခုရဲ့ အသုံးပြုပုံကတော့ ဓားနဲ့ချွန်ထက်တဲ့အရာတွေ မတုံးသွားအောင် သွေးတဲ့ပစ္စည်းလေးပဲဖြစ်ပါတယ်။

(၂၂)

ကွန်ပြူတာနဲ့ချိတ်ဆက်ထားပြီး ဘာမှန်းမသိတဲ့ ဒီအရာကတော့ ဆီးသွားနှုန်းကိုတိုင်းတာတဲ့စက်ပါ။ (Shwe Nyan Shin)

(၂၃)

ရှေးဟောင်းလက်အနွေးပေးတဲ့ဘူးလေး

(၂၄)

အုန်းခြစ်တံလေး (Shwe Nyan Shin)

(၂၅)

ကော့တေးထဲက ချယ်ရီသီးကို ယူစားဖို့အတွက် အသုံးပြုတဲ့ ကော့တေးဇွန်း

(၂၆)

ဒါကတော့ ရေကြီးလေ့ရှိတဲ့နေရာမှာ  တံခါးအောက်ကနေ ရေမဝင်အောင် ကာထားတဲ့အရာပဲ ဖြစ်ပါတယ်

တစ်ခါတစ်လေကြရင် သဲအိတ်တွေလည်း ထားထားတတ်ကြပါသေးတယ်

(၂၇)

ဒိီလိုလုပ်ရတာက ပျားတွေကို ဖတ်ခေါ်တဲ့ သဘောဖြစ်ပြီး ပျားတွေလာတဲ့အခါကြရင် အိမ်က ပန်းပင်တွေအတွက် အထောက်အကူဖြစ်စေတာပဲ ဖြစ်ပါတယ်

(၂၈)

သဘော် ကွန်ဒိန်နာတွေကြီးတွေမှာ ခက်တဲ့ ဘော့ပဲ ဖြစ်ပါတယ်

(၂၉)

ဆွီဒင်က အိမ်သာတွေမှာ တွေ့ရတဲ့ ဒီအပေါက် ၃ ပေါက်ကတော့ ဆီးသွားဖို့အတွက် သီးသန့် ဖန်တီးပေးထားတာလို့ သိရပါတယ်

 

အခုဖော်ပြပေးတဲ့ပစ္စည်းတွေထဲမှာ မြင်တာနဲ့ အသုံးပြုပုံကိုတန်းသိတဲ့ပစ္စည်းတွေရှိလား ပရိသတ်တို့ရေ။ ကိုယ့်ဆီမှာရော ဒီလိုမျိုး အသုံးပြုပုံပြောရခက်တဲ့ ထူးဆန်းပစ္စည်းတွေရှိရင် ပြောပြပေးခဲ့ပါအုံး။

 

Written By Yoshi (Shwe Nyan Shin)
Ref:Brightside

 

  နဲ့