၂ ခါ ပြန်ကြည့်မှ နားလည်သဘောပေါက်မယ့် ဓာတ်ပုံ (၃၀) ပုံ

မင်္ဂလာပါ။  Shwe Nyan Shin Page မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ဓာတ်ပုံတွေကို မကြာခဏဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း မျက်လုံးကို ထူးထူးခြားခြားလှည့်စားနိုင်တဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးမှာပါ။ ဘယ်ဓာတ်ပုံက တကယ့်ကိုပဲ အမြင်အာရုံကို ဘယ်လို လှည့်စားနိုင်ခဲ့သလဲဆိုတာကို ကွန်းမန့်မှာ ပြောသွားကြပါအုံး။ အခုပဲကြည့်လိုက်ကြရအောင်။

Shwe Nyan Shin နဲ့ ပတ်သက်တဲ့ ဆိုက်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှု ထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာကသာ ရေရှည်အတွက် ကောင်းမွန်တဲ့ အရာဖြစ်တာကြောင့် သူတပါးအားထုတ်ပြီးသားတွေကို ကော်ပီလိုက်ကူးနေကြမယ်ဆိုရင်တော့ မိမိကိုယ်တိုင်ရော တပါးသူ တွေပါ ရေရှည်ရပ်တည်နိုင်ဖို့ လွယ်မှာ မဟုတ်တာကို သတိချပ်စေချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

ဒီရှဉ့်လေးကတော့ ရုတ်တရက်ကြည့်လိုက်ရင် ကားအသေးလေးထဲ ဝင်ဖို့ ကြိုးစားနေတဲ့ ပုံပေါ်နေပါတယ်။

(၂)

ဒီပုံကိုသေချာကြည့်မယ်ဆိုရင် စီးဆင်းနေတဲ့ ရေတွေက အခြားကမ္ဘာတစ်ခုထဲ သွားလို့ရတဲ့ ဝင်ပေါက်တစ်ခုနဲ့တောင် ဆင်တူနေပါတယ်။

(၃)

ဒါကလည်း ရုတ်တရက်ဆိုရင် ခွက်တွေ ၊ ပုံးတွေကို ပလပ်စတစ်စ တစ်ခုနဲ့ ဖုံးအုပ်ထားပုံပေါ်နေပါတယ်။ တကယ်တော့ အဲ့ဒါက ဆောင်းတွင်းမှာ ရေခဲနေတာပဲ ဖြစ်ပါတယ်။

(၄)

ဒီကန်စွန်းဥကတော့ ပင်လယ်ဖျံတစ်ကောင်နဲ့ တူမနေဘူးလားနော်။

(၅)

ဒီပုံထဲမှာ မြင်နေရတာက တကယ်တော့ တိရစ္ဆာန် နှစ်ကောင်မဟုတ်ပါဘူး။ တစ်ကောင်တည်း ဖြစ်ပါတယ်။

ပရိသတ်တို့ကကော ၂ ကောင် ထင်နေကြတယ်မလား။

(၆)

ဒီပုံကိုကြည့်ပြီး တော်တော်နဲ့ သဘောပေါက်မှာ မဟုတ်ပါဘူး။

ပုံထဲက အိမ် ၂ အိမ်ကတော့ တစ်ယောက်ကိုတစ်ယောက် မျက်စောင်းထိုးနေကြတဲ့ ပုံစံ ပေါ်နေပါတယ်။

(၇)

ကဲ.. ဒီပုံထဲမှာ ဘာတွေ ဖြစ်ပျက်နေကြသလဲနော်။ သေချာကြည့်ကြည့်လိုက်ပါ။

ပုံထဲမှာ မိချောင်း ၂ ကောင်နဲ့ လိပ် တစ်ကောင်ကို တွေ့ရပါလိမ့်မယ်။

(၈)

အမှန်အတိုင်းပြောနော်။ ပရိသတ်တို့အနေနဲ့ တကယ့် ပင်လယ်ဓါးပြသင်္ဘောလို့ ထင်သွားကြတယ်မလား။

တကယ်တော့ ကျောပိုးအိတ်နဲ့လူတစ်ယောက်က စွန်လေးတစ်ခုကို ဆွဲလာခဲ့တာပဲ ဖြစ်ပါတယ်။

(၉)

ဆီးနှင်းတောင်ကြီးကတော့ နေရောင်နဲ့ အရိပ်ကျမှုကြောင့် အမျိုးသမီးတစ်ယောက် လဲလျောင်းနေတဲ့ ပုံစံပေါ်နေပါတယ်။

(၁၀)

ဒီပုံကလည်း ဖိုတိုရှော့ လုပ်ထားတာ မဟုတ်ပါဘူး။

(၁၁)

ဒီထောပတ်သီး မီးကင်ခံထားရတဲ့ ပုံက နဂါးကြီးတစ်ကောင်ရဲ့ ဥ နဲ့ မတူဘူးလားနော်။

(၁၂)

ရုတ်တရက်ဆို မြင်းကြားတစ်ကောင်လို့ ထင်သွားတယ်မလား။ တကယ့်ကို လက်ရာပြောင်မြောက်လှတဲ့ တက်တူးပုံတစ်ခုပါလားနော်။

(၁၃)

ခုပုံတွေထဲမှာ စာရေးသူ အကြိုက်ဆုံးပုံကတော့ ဒီပုံလေးပဲ ဖြစ်ပါတယ်။

ကားတံခါး ရဲ့ လက်ကိုင်က ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် UFO ဂြိုလ်သားလေယာဉ်တစ်စင်းက မြေပြင်ကို ဆင်းသက်လာတဲ့ ပုံနဲ့ တူနေပါတယ်။

(၁၄)

သူကို့ ပထမဆုံး ကြောင်လို့ မမြင်ပဲ ပန်ဒါလေးတစ်ကောင်လို့ မြင်တဲ့ ပရိသတ်တွေ ရှိကြလား မသိဘူးနော်။

(၁၅)

ဒါက တကယ်တော့ လူသွားလမ်းတစ်ခု မဟုတ်ပါဘူး။

ချောင်းငယ်လေးတစ်ခုကို သစ်ရွက်တွေ ဖုံးအုပ်သွားတာကြောင့် လူသွားလမ်းတစ်ခုနဲ့ ဆင်တူနေတာပဲ ဖြစ်ပါတယ်။

(၁၆)

မြင်းပျံတစ်ကောင်မဟုတ်ပါဘူးနော်။ မြင်းစီးပြပွဲတစ်ခုက သာမန်မြင်းတစ်ကောင်သာ ဖြစ်ပါတယ်။

(၁၇)

စာရေးသူကိုယ်တိုင်လည်း နောက်က အမျိုးသမီးကို Star Wars ရုပ်ရှင်ကားထဲက ချူဘာကာ (Chewbacca) လို့ ထင်မိသွားပါတယ်။

တကယ်တော့ အဲ့ဒါက အမျိုးသမီးတစ်ယောက်ရဲ့ ဆံပင်သာဖြစ်ပါတယ်။

(၁၈)

ဒီရေခဲတုံးကြီးကတော့ လူတစ်ယောက်ရဲ့ မျက်နာနဲ့တောင် ဆင်တူနေပါတယ်။

(၁၉)

မသိရင်တော့ ခွေးခေါင်းရုပ်ထု တစ်ခုကို နံရံပေါ်မှာ ချိတ်ဆွဲထားတယ်လို့ ထင်ချင်စရာ ကောင်းပါတယ်။

တကယ်တော့ ခွေးလေးက အပေါ်ကို ခေါင်းမော့ကြည့်နေတာပဲ ဖြစ်ပါတယ်။

(၂၀)

ဒီပုံကကော ထူးခြားမနေဘူးလားနော်။ မသိရင်တော့ အခြား ကမ္ဘာတစ်ခုနဲ့ ချိတ်ဆက်နေတဲ့ပုံစံ ပေါ်နေပါတယ်။

(၂၁)

ကားမှန်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ ရေခဲမှုန် ရေခဲစတွေက ငှက်အများကြီး ပျံသန်းနေတဲ့ ပုံနဲ့ ဆင်တူနေပါတယ်။

(၂၂)

အမေရိကန် အလံက ဖန်ခွက်မှာ သူ့အလိုလို ပေါ်နေတာတော့ မဟုတ်ပါဘူး။

ပြတင်းပေါက်မှာ ချိတ်ထားတဲ့ အလံက ဖန်ခွက်ပေါ်ကို နေရောင်ထိုးကျရောက်နေတာပဲ ဖြစ်ပါတယ်။

(၂၃)

စားပွဲပေါ်က ကော်ဖီခွက်ရာက ပျော်ရွင်နေတဲ့ ခွေးတစ်ကောင်နဲ့ ဆင်တူမနေဘူးလားနော်။

(၂၄)

ရုတ်တရက်ဆို ခွေးတစ်ကောင်ကို မြင်ဖို့ဆိုတာ အရမ်းကို ခက်ခဲပါလိမ့်မယ်။

ဆီးနှင်းတွေနဲ့ အရောင်တူသွားခဲ့တဲ့ ခွေးကတော့ တကယ့်ကို ဆီးနှင်းကြားထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။

(၂၅)

ဒါကတော့ ပရိသတ်တို့ရဲ့ မျက်လုံးကို လှည့်စားထားတာပဲ ဖြစ်ပါတယ်။

ဘယ်လိုလဲ.. အထင်အမြင်မှားသွားကြတယ်မလား။

(၂၆)

အသားကင်လို့ ထင်ပြီး မှားစားမိရင်တော့ ငါးပါးမှောက်ပြီပဲ။

သေချာကြည့်လိုက်မှ ကော်ပတ်အစကြီး ဖြစ်နေတာမျိုး။

(၂၇)

အာကာသထဲကနေ ကမ္ဘာကို မြင်နေရသလိုပါပဲနော်.. တကယ်တော့ ကားခေါင်မိုးပေါ်မှာ နှင်းခဲလေး တွေကပ်နေတာပဲ ဖြစ်ပါတယ်။

(၂၈)

လေယာဉ်ပေါ်ကနေ အမှတ်မထင်ရိုက်ခဲ့မိတဲ့ ထူးခြားတဲ့ရှုထောင့်က ဓာတ်ပုံတစ်ပုံပါ။

(၂၉)

သူငယ်ချင်းကို ဓာတ်ပုံရိုက်ပေးနေတုန်း လက်တုန်သွားတဲ့ မတော်တဆမှုက မသိရင် သူ့ခန္ဓာကိုယ်က ဝိဉာဉ်ထွက်သွားသလိုလို

(၃၀)

စာကြည့်တိုက်ကိုသွားတုန်း အမှတ်မထင်ရိုက်ဖြစ်ခဲ့တာ…မသိရင်သရီးဒီရုပ်ရှင်လိုလို..

ပုံလေးတွေကို ကြည့်မိပြီးသဘောကျ နှစ်ခြိုက်မိမယ်လို့ ထင်မိပါတယ်။ ဘယ်ပုံလေးတွေက သင့်ကို နှစ်ခါ ကြည့်မိစေပါသလဲ…ရွှေဉာဏ်ရှင်ပရိသတ်ကြီး ပျော်ရွှင်အေးချမ်းကြပါစေနော်..။

Ref: Brightside

  နဲ့