မင်္ဂလာပါ။ သင်္ကေတရဲ့ ရွှေဉာဏ်ရှင်ပေ့ချ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ သဘာဝလွန်ဖြစ်ရပ်တွေ ရှိတယ်ဆိုတာကို အယုံအကြည်ရှိကြပါသလား ပရိသတ်ကြီးတို့ရေ။
ပြန်ပြီးတောင် ရှင်းပြလို့မရအောင် ကြောက်ရွံဖို့ ကောင်းတဲ့ အဖြစ်အပျက်တွေကိုကော ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးကြပါသလား။ ကြက်သီးထချင်စရာ ကောင်းပါတယ်ဆိုတဲ့ ကျောချမ်းစရာအဖြစ်အပျက်တွေကို မှ သဘောကျပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် ရုတ်တရက် ကြည့်လိုက်ရုံနှင့်တင် ကြောက်ရွံသွားစေမယ့် ဓာတ်ပုံတွေကို ဖော်ပြပေးချင်ပါတယ်။ ဓာတ်ပုံတွေကို ကြည့်လိုက်ရုံနှင့်တင် ကျောချမ်းစရာကောင်းတဲ့ ထိတ်လန့်သည်းဖို ရုပ်ရှင် တစ်ကားကို ကြည့်လိုက်ရသလို ခံစားရစေမှာအသေအချာပါပဲ….တကယ် ခေါင်းမွှေးထောင်တဲ့ အထိကြောက်ဖို့ ကောင်းမကောင်းကတော့ ဆက်လက်ပြီးတော့ ခံစားကြည်ရှုလိုက်ကြပါဦးနော် ။
Shwe Nyan Shin နဲ့ ပတ်သက်တဲ့ ဆိုက်တွေက ကော်ပီယူရေးနေကြသူများ … IA လောကသားအချင်းချင်း နားလည်မှု ထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာကသာ ရေရှည်အတွက် ကောင်းမွန်တဲ့ အရာဖြစ်တာကြောင့် သူတပါးအားထုတ်ပြီးသားတွေကို ကော်ပီလိုက်ကူးနေကြမယ်ဆိုရင်တော့ မိမိကိုယ်တိုင်ရော တပါးသူ တွေပါ ရေရှည်ရပ်တည်နိုင်ဖို့ လွယ်မှာ မဟုတ်တာကို သတိချပ်စေချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
(၁)
၁၉၈၆ ခုနှစ်မှာဖြစ်ခဲ့တဲ့ ချာနိုဘိုင်း နျူကလီးယား စက်ရုံ မတော်တဆမှုကြောင့် ပရီပီယက် မြို့ကနေ ထွက်ခွာခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ကမှ ပရီပီယက်မြို့က ကျွန်တော့်ရဲ့ တိုက်ခန်းဟောင်းကို ပြန်သွားခဲ့တဲ့ အချိန်မှာတော့ ၁၉၈၅ ခုနှစ်တုန်းက အခန်းပုံစံနှင့် တစ်ပုံစံတည်းတူတဲ့နေရာမှာ အဖေက ကျွန်တော့်ကို ချီထားတဲ့ အဖြူ အမည်း ပန်းချီပုံတစ်ပုံကို ရှာတွေ့ခဲ့ပါတယ်။
(၂)
ရေထဲမှာ ဘာတွေကို တွေ့လိုက်ရပါသလဲ။ တကယ်တော့ မိသားစုလို့ ထင်ရတဲ့ရုပ်တု အစုလိုက် ရေထဲမှာ နစ်မြုပ်နေတာကို ကျောချမ်းဖွယ် တွေ့နေရတာဖြစ်ပါတယ်။
(၃)
တံခါးပိတ်မလို့ကို အဲဒီနေရာမှာ တိုက်တိုက်ဆိုင်ဆိုင် ပင့်ကူကြီးဝင်နေတာဆိုတော့ ကြက်သီးထဖို့ ကောင်းလိုက်တာ.
(၄)
အမေက ဈေးသွားဝယ်ခိုင်းလိုက်တာပါ။ ဈေးဆိုင်နားရောက်တော့ ရှေ့တောင် ဆက်မတိုးရဲတော့ဘူး။
ကြည့်ပါဦး.. ဆိုင်ရှေ့ မရောက်ခင်မှာ ကျီးအုပ်ကြီးက အသက်ရှုတောင် မှားလောက်ပါတယ်။
(၅)
မနက် ၃နာရီလောက် တိုက်အောက်ဆင်းမလို့ ထွက်လာတုန်းမြင်လိုက်ရတာက…
(၆)
အပေါက်ထဲက မျက်လုံးတစ်စုံက ကိုယ့်ကို စိုက်ကြည့်နေတယ်လို့ မခံစားကြရဘူးလား။
(၇)
ကျွန်တော်က ပန်းခြံတစ်ခုမှာ အလုပ်လုပ်တဲ့သူပါ။ ဒီအတိုင်းပဲ မသုံးဘဲ ပစ်ထားတဲ့ အဆောက်အဦ ဟောင်းတွေထဲ လိုက်ရှာဖွေ ကြည့်လိုက်တာ ဒီမြင်ကွင်းတွေ့တော့ နှလုံးရပ်သွားမတတ်ပါပဲ။
(၈)
ဒီဓာတ်ပုံံက ပစ်ထားတဲ့ သင်္ဘောပျက်တစ်စင်းပေါ်မှာ ရိုက်ကူးမိတဲ့ ဓာတ်ပုံ တစ်ပုံပါ။ သင်္ဘောပေါ်မှာ လည်း လူတစ်ယောက်မှ မပါလာတာကြောင့် ရဲတွေကလည်း သင်္ဘောနှင့်ပတ်သတ်ပြီး သဲလွန်စ တစ်စုံတစ် ရာကို တောင်မရရှိခဲ့ကြပါဘူး။
သင်္ဘောပေါ်ကနေ ဆင်းမယ်ဆိုရင်လည်း CCTV ကနေ မှတ်တမ်း တင်ထားမိမှာပါ။ ဒီလို သင်္ဘောပျက်ကြီးပေါ်မှာ လက်ထဲမှာ ပုဆိန်ကိုင်ထားတဲ့ လူတစ်ယောက်က ဘာလို့ CCTV ကင်မရာ ကို ခိုးကြောင် ခိုးဝှက်နှင့် ခိုးကြည့်နေရတာပါလိမ့်။
(၉)
ချီလီမြို့မှာရှိတဲ့ မီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံပါတဲ့….နတ်ဆိုးတစ်ကောင် နိုးထလာတာလို့ တောင် ထင်မှတ်မှားရပါတယ်။
ပုံကို ကြည့်လိုက်တော့ ပရိသတ်တွေ ဘာမြင်ပါသလည်း ဓာတ်တိုင်ကြီးလား..ဒါမှမဟုတ် မြင်လိုက်ရုံနှင့် ထွက်ပြေးချင်စိတ်ပေါက်သွားမယ့် မြင်ကွင်းတစ်ခုလား။
(၁၀)
သေချာကြည့်ကြည့်ပါ… ပလက်ဖောင်းပေါ်မှာ အရိပ်တစ်ခုက ထိုင်နေတာပါ။ ခန္ဓာကိုယ်ပုံစံ အတိအကျ အရိပ်ပေါ်နေပေမယ့် တကယ့်လူတစ်ယောက်ထိုင်နေတာတော့ မဟုတ်ပါဘူး။
(၁၁)
၁၉၅၀ ခုနှစ်ဝန်းကျင်က စစ်တပ် အဆောက်အဦးဖြစ်ခဲ့တဲ့ အိမ်မှာနေနေတဲ့ မိသားစု ကြုံခဲ့ရတဲ့ ထိတ်လန့်စရာ အဖြစ်အပျက်ပေါ့…
၂လသား အရွယ်ကလေးကို စောင့်ကြည့်နေတဲ့ ဖန်သားပြင်ထက်ကနေ ရီသံကြားမိလို့ ကြည့်မိတဲ့အခါမှာတော့ ကလေးရဲ့ မျက်လုံးတွေက ကြောက်စရာကောင်းနေတာကို သဲထိပ်ရင်ဖို တွေ့မြင်ခဲ့ရပါတယ်။
(၁၂)
ကျွန်မယောကျ်ား အလုပ်သွားနေတဲ့ လမ်းမပေါ်မှာ ရိုက်ခဲ့မိတဲ့ သည်းထိပ်ရင်ဖို မြင်ကွင်း
(၁၃)
တောလမ်းထဲက ကားဖြတ်မောင်းနေတုန်း မျက်လုံးကို ရုတ်တရက် ဝင်လာခဲ့တဲ့ ကြောက်စရာအကောင်း ဆုံးသော မြင်ကွင်းတစ်ခု။
(၁၄)
အိမ်မှာ တစ်ယောက်တည်း ရှိနေတုန်း အိမ်ပတ်ဝန်းကျင်မှာ ဓာတ်ပုံ မရိုက်ကြနဲ့နော်။ ဒီဓာတ်ပုံထဲက လိုမျိုးကြောက်စရာကောင်းတဲ့ လူတွေရဲ့ ပုံရိပ်တွေ ပါလာတတ်ပါတယ်။
(၁၅)
ကားထဲမှာ အိပ်ပျော်သွားပြီး နိုးလာတဲ့အချိန်မှာ ကားနောက်ပြတင်းပေါက်မှာ ဒီလိုမျိုး မြင်တွေ့ လိုက်ရတာပါ။
ဒီလောက်ထိ ကြောက်တတ်တဲ့ လူမဟုတ်ပေမယ့် တစ်ယောက်ယောက် က အိပ်နေတုန်း လာစောင့်ကြည့်နေတယ်လို့ ခံစားရလို့ နောက်တစ်ခါဆို ကားထဲမှာ မအိပ်ဖြစ်လောက်တော့ပါဘူးတဲ့ …
(၁၆)
ည၂နာရီ ရုတ်တရက် အိပ်ရာနိုးလာချိန်မှာ ပြတင်းပေါက်ကနေ တွေ့လိုက်ရတဲ့ ကျောချမ်းစရာ မြင်ကွင်းတစ်ခုပါ။
(၁၇)
ကိုယ့်အိမ်ရဲ့ ချောင်တစ်နေရာမှာ ဒီလိုမျိုး ကြောက်ဖက်ဖွယ်ရာ ပင့်ကူတွေ အပြည့်နှင့် မြင်ကွင်းကို မြင်လိုက်ရင် သူ့လိုမျိုး ဓာတ်ပုံရိုက်မလား၊ ဒါမှမဟုတ် ထွက်ပြေးကြမလား။
(၁၈)
ကလေးလေးက ချစ်စရာလေးနော်..ဒါပေမယ့် အနောက်ကိုလည်း ကြည့်လိုက်ကြပါဦး အနောက်က မျက်လုံးတွေနှင့် အရိပ်မည်းကြီးကတော့ ကြောက်စရာကြီးနော်…
(၁၉)
ကောင်မလေး သုံးယောက်လုံးက ကင်မရာကို ကြည့်နေခဲ့ကြပေမယ့် မှန်ထဲမှာတော့ ကောင်မလေး တစ်ယောက်က မှန်ဘက်ကို ကြည့်နေခဲ့တာပါ။
(၂၀)
မြွေနဂါးပင် သေဆုံးသွားတဲ့ပုံစံ (Shwe Nyan Shin)
(၂၁)
Vivarium ရုပ်ရှင်ကို အမှတ်ရသွားစေမယ့် ဓာတ်ပုံ
(၂၂)
မြင်ကွင်းကျယ်ပမ်နိုရာ ရိုက်နေချိန် နှာချေမိလိုက်တာ…ခုလို ကြောက်ဖို့ကောင်းတဲ့ ဓာတ်ပုံတွေရလာတာပါပဲ (Shwe Nyan Shin)
(၂၃)
သဲလွန်စတောင် မရှိဘဲ လူတွေပျောက်ဆုံးနေရတာကို ဖော်ပြပေးနေတဲ့ မြေပုံ
(၂၄)
လူသူအရောက်ပေါက်နည်းတဲ့ တောအုပ်ကြီးအလယ်က အားပေးထားတဲ့ စာစောင်လေး (Shwe Nyan Shin)
(၂၅)
ကမ္ဘာပေါ်မှာ အကြီးဆုံး သိမ်းဌက်
(၂၆)
ဆိုဖာအဆင်ကိုသေချာကြည့်ရင် ထိတ်လန့်ဖွယ်ရာကို မြင်တွေ့ရမှာပါ။ (Shwe Nyan Shin)
(၂၇)
လူ့အရေပြားအောက်ခြေနဲ့ အပေါ်ယံအလွှာတို့ပုံကို ပြုလုပ်ထားတဲ့ ကိတ်မုန့်…စားချင်ကြလား
(၂၈)
စိတ်အေးလက်ဆေးနဲ့ ဒီလမ်းကို တစ်ယောက်တည်း ဖြတ်သွားနိုင်ပါ့မလား(Shwe Nyan Shin)
(၂၉)
ဖြစ်နိုင်ရင် အိမ်ပြတင်းပေါက်နဲ့ နီးတဲ့နေရာမှာ နှင်းရုပ်တုတွေ မလုပ်ကြပါနဲ့လား
(၃၀)
ရေဘဝဲပုံစံ စွန်..မသိတဲ့သူတွေသာ ရုတ်တရက်မြင်လိုက်ရင် တော်တော်လန့်သွားမှာ(Shwe Nyan Shin)
သည်းထိပ်ရင်ဖို ကြိုက်တဲ့ ရွှေဉာဏ်ရှင်ပရိသတ်တို့ရေ…။ ဒီပုံရိပ်တွေက ပရိသတ်တို့ကို သည်းထိပ်ရင်ဖို ခံစားမှုကို ပေးစွမ်းနိုင်ရဲ့လားဆိုတာကို ဝေမျှပေးသွားခဲ့ပါဦးနော်။ ပရိသတ်များအားလုံး ကျန်းမာရွှင်လန်းကြပါစေ။