မျက်လုံးထဲမှာ စွဲထင်ကျန်ရစ်ခဲ့စေမယ့် သင့်အမြင်အာရုံကို လှည့်စားထားတဲ့ ဓာတ်ပုံ (၂၇) ပုံ

မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဓာတ်ပုံတွေမှာ ရယ်စရာ၊ငိုစရာ၊ကြည်နူးစရာ စသဖြင့် ရသတွေပါဝင်လေ့ရှိပါတယ်။ တစ်ခါတစ်လေကျရင် ဓာတ်ပုံတွေက သင့်ရဲ့ အမြင်အာရုံကို လှည့်စားနိုင်ပြီး တမျိုးတဖုံတောင်မြင်စေနိုင်ပါတယ်။

အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေက သင့်အနေနဲ့ အပြင်မှာ တစ်ခါမှမမြင်ဖူးလောက်သေးမယ့် ဓာတ်ပုံတွေပဲဖြစ်ပါတယ်။ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံးနော်။ (ယခုဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်းဖြစ်ပါသည်)

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

ပုံထဲက အမျိုးသားက အောက်ကိုကိုင်းလိုက်တဲ့အခါမှာ သူ့ရဲ့ ဝမ်းဗိုက်အဆီတွေက

လူတစ်ယောက်ကို ဘေးဘက်ခြမ်းကနေ လှမ်းမြင်နေရသလို နှာခေါင်း၊မေးစေ့နဲ့ ပါးစပ်ပုံပေါ်နေတာပါ။

(၂)

ထိုင်ခုံလေးက သူ့ဘာသာသူ ကျုံ့ကျုံ့လေးထိုင်နေသလိုပဲနော်..

ကြည့်ပါလား ခြေထောက်လေးတောင်ပါသေးတယ်။

(၃)

မိုးပြာရောင် ဦးထုပ်က ဘယ်လိုလေးလည်းသိချင်ရင် ဓာတ်ပုံထဲမှာ ကြည့်လိုက်ပါတော့…

မိုးပြာရောင်ချင်းရောနေတော့ ခေါင်းပါတစ်ဝက်လောက်ပျောက်သွားရော..

(၄)

ပေါက်ပေါက်ရှာရှာ ရေပန်းကို ဖွင့်လိုက်ရင် နှာရည်ယိုတဲ့ ဒီဇိုင်းမျိုး ဖန်တီးထားတာတဲ့..

လိုချင်သွားပြီလား ပရိသတ်တို့ရေ။

(၅)

ဒီကော်ဂီခွေးလေးက သူ့သူငယ်ချင်းကို ကိုက်စားဖို့ လုပ်နေတာ မဟုတ်ပါဘူး။

စိတ်မပူလိုက်ပါနဲ့နော်။

(၆)

ရုတ်တရက် ကြည့်လိုက်တာ ကိုယ့်ခေါင်းကို ဖြုတ်ပြီး ကိုင်ထားတဲ့ ကြောင်များလားလို့..

မဟုတ်ပါဘူးနော်။

(၈)

ခွေးရဲ့ နားရွက်ပုံစံ က နောက်ထပ် ခွေးလေးနှစ်ကောင်ရဲ့ခေါင်းသေးသေးလေးတွေကို မြင်နေရသလိုမျိုးနော်…

(၉)

ရေပြင်ထဲမှာ ထင်နေတဲ့ ခြေထောက်အရိပ်လေးတွေက တိုတိုလေးတွေဆိုတော့

စစ်သားတွေကို ကြည့်ရတာ လူပုလေးဖြစ်နေပါတယ်.

(၁၀)

ခေါင်းတုံးထားပြီး နေပူထဲ လျှောက်သွားတာကိုး

ဒီလိုဖြစ်ပြီပေါ့..

(၁၂)

ဝါး ရှည်လိုက်တဲ့ မုတ်ဆိတ်မွှေးနဲ့ နှုတ်ခမ်းမွှေးတွေပါလား..မဟုတ်သေးပါဘူး..

ထိုအမျိုးသားရဲ့ ခန္ဓာကိုယ်ရှေ့တည့်တည့်မှာ ဆံပင်ရှည်ရှည်နဲ့ အမျိုးသမီးတစ်ယောက်ရှိနေသေးပါတယ်။

(၁၃)

ဟယ်ရီပေါ်တာကားထဲက မှော်ကျောင်းတော်ကြီးထဲကို မျက်စိလည် ရောက်သွားတာလားလို့..

ပုံစံတူမနေဘူးလား..

(၁၄)

အခုမြင်နေရတာက ရေနွေးငွေ့ဘွိုင်လာလား ဒါမှမဟုတ်

ပိုးတုံးလုံးကောင်လေးများလား…

(၁၅)

သရဲတွေအများအကြီး ဝတ်စုံဖြူတွေနဲ့ လာစုဝေးနေတာမဟုတ်ရပါဘူးနော်..

သေချာကြည့်လိုက်ပါအုံး..တကယ်တော့ ဘောလုံးပွဲကို လာရောက်အားပေးတဲ့ ပရိသတ်တွေက အလံဖြူတွေကို ကိုင်ထားတာပါနော်။

(၁၆)

ဒီပျားဘောလုံးတွေက

တစ်ခုခုတော့ မှားမနေဘူးလား..

(၁၇)

အိမ်ရှေ့မှာစောင်ခါပြီးလှန်းနေတဲ့ အမေ့ကို ဓာတ်ပုံလှမ်းရိုက်တာ

အခုလိုမျိုးကြောက်စရာကောင်းတဲ့ ဓာတ်ပုံထွက်လာတာပါပဲ။

(၁၈)

သစ်သားတံခါးကို ရုပ်ကြွသွားအောင်

ဘယ်လိုတောင် ဖန်တီးလိုက်ရတာတုန်း

(၁၉)

ဒီဓာတ်ပုံကိုကြည့်ပြီး ဘာကို သတိရသွားလဲ?

Star Wars ရဲ့ ပရိသတ်တွေသာ နားလည်မယ့် ဓာတ်ပုံပါ။

(၂၀)

ဟင်းချက်နေတဲ့ ကြောင်လေးလို့ ထင်သွားတယ်မလား

သူ့ရဲ့မျက်နှာပေးလေးနဲ့ကကွက်တိပဲ။

(၂၁)

တကယ်တော့ ကောင်မလေးမှာ ဒီလောက်ခြေထောက်တွေအများကြီးရှိမနေပါဘူး။

အမြင်အာရုံကို လှည့်စားနိုင်တဲ့ ရှုထောင့်ကနေ လှမ်းကြည့်လိုက်တော့ မဝေခွဲနိုင်ဖြစ်သွားတာပါ။

(၂၂)

အချစ်ဆိုတာ ဘယ်နေရာမှာမဆို ရှိနိုင်တယ်။

အခုမြင်ပြီလား..နွားကြီးရဲ့ခေါင်းက အကွက်လေးတွေကို သေချာကြည့်ပါနော်..

စုံတွဲတစ်တွဲ အနမ်းပေးတော့မယ့် မြင်ကွင်းလေးဖြစ်ပါတယ်။

(၂၃)

ရုတ်တရက်ကြည့်လိုက်ရင် ဒီဓာတ်ပုံထဲက ကောင်လေးက ပူးကောင်များလားလို့ ထင်မိနိုင်ပါတယ်။

တကယ်တော့ ဒီကောင်လေးက နှင်းတွေ ဖုံးလွှမ်းနေတဲ့ ခွေးလေးသာဖြစ်ပါတယ်။

(၂၄)

ဒီအပင်ရဲ့ ပုံစံက လေထဲ ပျံနေတဲ့ သရဲလိုပဲနော်..

ညဘက်အမှောင်ထဲမှာသာ အဲ့ဘက်ရောက်ရင် ကြောက်စရာကောင်းမှာ သေချာတယ်။

(၂၅)

ဓာတ်ပုံရိုက်နေစဉ် ကင်မရာနားရောက်လာခဲ့တဲ့ နှံကောင်ဟာ

အမြင်လှည့်စားမှုကြောင့် ကောင်းကင်ပေါ်ကနေ ပျံလာတဲ့ နှံကောင်အကြီးကြီးနဲ့ တူနေပါတယ်။

(၂၆)

လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းလားလို့ ရုတ်တရက် ထင်လိုက်တာ…

သေချာကြည့်မှ ခွေးရဲ့ အရောင် အနက်နဲ့ ဘောင်းဘီ အနက်နဲ့ ကွက်တိဖြစ်သွားတာကိုး..

(၂၇)

ကားလမ်းမကြီးက အလယ်မှာ တံတားတစ်ခုရှိနေပါသေးတယ်။

ရှုထောင့်ကောင်းကောင်းကနေ ရိုက်လိုက်တော့ ကားလမ်းမကြီးက ရင်ထိတ်စရာလမ်းမကြီး ဖြစ်သွားတာပေါ့

 

ဓာတ်ပုံလေးတွေကို ကြည့်ပြီး ဒီလိုလေးတွေလည်းရှိသေးပါလားလို့ သဘောပေါက်သွားမယ်ထင်ပါတယ်။

အဲ့ဒီလို အသိမျိုး ပေးစွမ်းနိုင်ခဲ့တဲ့ ဓာတ်ပုံရှိရင်လည်း ပြန်ပြောပြပေးခဲ့အုံးနော်။

Written By Yoshi(Shwe Nyan Shin)
Ref:Brightside

  နဲ့