စိတ်မဆိုးတတ်သူတွေတောင် စိတ်ဆိုးဒေါသထွက်သွားနိုင်မယ့် ဓာတ်ပုံ (၂၇) ပုံ

မင်္ဂလာပါ။ Shwe Nyan Shin ပေ့ချ်မှ ကြိုဆိုလိုက်ပါတယ်။

လူတစ်ချို့ဟာ ဆိုးရွားတဲ့အခြေအနေမှာတောင် စိတ်ကိုတည်ငြိမ်အောင်ထားနိုင်ပြီး ကျော်လွှားနိုင်ကြပါတယ်။

အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ ကြည့်နေရင်းနဲ့ တည်ငြိမ်နေတဲ့စိတ်ကနေ ချက်ချင်းပြောင်းလဲသွားနိုင်ပြီး စိတ်မဆိုးတတ်သူတွေတောင် စိတ်ဆိုးဒေါသထွက်သွားနိုင်မယ့် အပြုအမူတွေပဲဖြစ်ပါတယ်။

(ဖော်ပြပါအကြောင်းအရာသည် Shwe Nyan Shin ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)

(၁)

ကားရေဆေးတယ်ဆိုတာ ဒီလောက်အသေးစိတ်ကြီးတော့ လုပ်စရာမလိုဘူးထင်တာပဲ။ အခုတော့ ကားပိုင်ရှင်သွေးတက်နေလောက်ပြီ။

(၂)

ဒေါ်လာ ၆သန်းလောက်ထိသုံးပြီး ကျောင်းပြုပြင်ရေးကို ပြန်လုပ်ခဲ့ကြပေမယ့် အိမ်သာသုံးတစ်ရှူးကိုတော့ တစ်ဖက်ကိုဖော်မြင်ရတဲ့အထိ အရည်အသွေးညံ့တာကိုပဲ ထားထားတဲ့ စာသင်ကျောင်း (Shwe Nyan Shin)

(၃)

နံဘေးထိုင်ခုံမှာ ဖြစ်ဖြစ် နောက်မှာဖြစ်ဖြစ် ထိုင်တဲ့ သူက အချိုးလုံးဝမပြေဘဲ တစ်ကိုယ်စာအတွက်သာ ကြည့်တတ်သူဆိုရင်တော့ ခရီးစဉ်တစ်လျှောက်လုံး စိတ်အနှောင့်အယှက်ဖြစ်ရမှာ အသေအချာပါပဲ။

(၄)

သေချာကြည့်ကြည့်ရင် စိတ်မကျေမနပ်ဖြစ်စေမယ့် မပြည့်စုံမှုတစ်ခုရှိတယ်နော်…တွေ့ကြရဲ့လား (Shwe Nyan Shin)

(၅)

ဒီလိုစည်းကမ်းမရှိတဲ့လုပ်ရပ်တွေ မကြာခဏလုပ်နေကြရင် လူအဖွဲ့အစည်းဆိုတာကြီး ပြိုကွဲလွယ်မှာပါပဲ

(၆)

ကိုယ်သုံးနေတဲ့စာအုပ်သာ အခုလိုဖြစ်မယ်ဆိုရင် စိတ်ပျက်စရာကြီးနော်။ (Shwe Nyan Shin)

(၇)

ဂူးဂဲလ် မြေပုံကိုသာ အားကိုးပြီးတော့ သွားရမယ်ဆိုရင် ငါးပါးမှောက်မှာအသေအချာ

(၈)

ဒီလိုအရာတွေကို ဘယ်သူမုန်းသေးလဲ (Shwe Nyan Shin)

(၉)

အဝေးပြေးလမ်းမပေါ်မှာ အခုလို ကြုံတွေ့ရမယ်ဆိုရင်

(၁၀)

လျှပ်စစ်အင်ဂျင်နီယာနဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာတို့က အချင်းချင်းမတည့်ကြသောအခါ (Shwe Nyan Shin)

(၁၁)

နေ့စဉ်အလုပ်လုပ်ဖို့အတွက် ဒီလိုကွန်ပြူတာမျိုးနဲ့သာဆိုရင် စိတ်ရှည်တဲ့သူမျိုးမှပဲရမယ်။ စိတ်မရှည်တဲ့သူတွေကတော့ ကွန်ပြူတာကိုကြည့်ရင်း ရိုက်ခွဲချင်စိတ်ပေါ်လာလောက်တယ်။

(၁၂)

စားသောက်ဆိုင်တစ်ခုမှာ ကပ်သီးကပ်သပ်ထားထားတဲ့ ဆပ်ပြာစက် (Shwe Nyan Shin)

(၁၃)

ကိုယ်လုပ်ပြီးသွားရင် နေရာတစ်ကျ ပြန်ထားတတ်တဲ့အကျင့်မရှိသူတွေကြောင့် စိတ်ညစ်ရတတ်တယ်။

(၁၄)

လွန်ခဲ့တဲ့ ၁၀နှစ်ကတည်းက တယုတယဆောက်ခဲ့ရတဲ့ လီဂိုအိမ်လေး မတော်တဆ လှေကားအောက်ကို ပြုတ်ကျပြီး ပျက်စီးသွားသောအခါ (Shwe Nyan Shin)

(၁၅)

အံဆွဲကိုထုတ်လို့မရအောင် ပိတ်ထားမှာတော့ အံဆွဲက အပိုဖြစ်ပြီပေါ့

(၁၆)

တစ်ခါတစ်လေ သော့တွေရောထားရင် အခုလိုမျိုး စိတ်ပျက်စရာအခြေအနေကို ကြုံဖူးကြမှာပေါ့ (Shwe Nyan Shin)

(၁၇)

ရုပ်ရှင်ရုံအတွင်းမှာလည်း ကမ္ဘာမြေပေါ်ရောက်မလာသင့်တဲ့ စည်းကမ်းမရှိတဲ့ လူတွေ ရှိပါသေးတယ်။

(၁၈)

ပီဇာစားချင်စိတ်ကို ချက်ချင်းပျောက်သွားစေမယ့် ပီဇာ (Shwe Nyan Shin)

(၁၉)

ဒီခုံတန်းလျားပေါ်က အမျိုးသမီးရဲ့ လုပ်ရပ်ကတော့ တကယ့်ကို နှာခေါင်းရှုံ့စရာပါပဲ။ သူမဟာ လူတွေရှော့မှာပဲ သူမရဲ့ ခြေထောက်ကိုလှန်ကာ ဆပ်ပြာတွေနဲ့ ပွတ်တိုက်ပြီး ခြေသလုံးမွှေးတွေ ရိတ်နေခဲ့ပါတယ်။

(၂၀)

အအေးဘူးက နာမည်ကို ဖတ်ကြည့်ပြီး အနည်းဆုံးတော့ ဘယ်သူထားခဲ့တာလဲဆိုတာကို သိရတာပေါ့ (Shwe Nyan Shin)

(၂၁)

အခုလိုမျိုး စည်းကမ်းမရှိ ကားရပ်သူတွေကိုတော့ မကြာခဏကြုံတွေ့ကြရမှာပါ။

(၂၂)

ကိုယ့်အနီးအနားမှာ အခုလိုမျိုး ဖုန်းလာပြောမယ်ဆိုရင်… (Shwe Nyan Shin)

(၂၃)

မနက်တိုင်းစောစောအိပ်ရာထရတဲ့ အကြောင်းပြချက်

(၂၄)

ခဲတံချွန်ရင်းနဲ့လည်း စိတ်မကျေနပ်စရာတွေ ကြုံတွေ့ရနိုင်ပါတယ်။ (Shwe Nyan Shin)

(၂၅)

၁၂ချောင်းပါတဲ့မြေဖြူချင်းအတူတူပဲကို ဆိုင်ကွာတာနဲ့ ဈေးက အကွာကြီးကွာသွားတာပဲ

(၂၆)

ဒီအမျိုးသမီးကြီးထိုင်နေပုံကတော့ သက်တောင့်သက်သာရှိမယ့်ပုံပေါ်ပေမယ့် သူမထိုင်နေတာက ရောင်းချနေတဲ့ ပေါင်မုန့်တွေပေါ်မှာပဲ ဖြစ်ပါတယ်။ ဒီလို စည်းကမ်းမရှိထိုင်နေတာ ဘယ်လောက်အထိ စိတ်ပျက်ဖို့ ကောင်းသလဲနော်။

(၂၇)

ခုပြောပြမှာကတော့ ဈေးဝယ်တွေရဲ့ စိတ်ပျက်စရာ ကောင်းတဲ့ လုပ်ရပ်မဟုတ်ပဲ စူပါမားကတ် ဝန်ထမ်းတစ်ယောက်ရဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

(၂၈)

ခုပြောပြမယ့် ကလေးအမေကတော့ သူ့ကလေးကို အရေးပေါ် ဒိုင်ပါ လဲပေးဖို့ လိုလာတဲ့အခါမှာ စတိုးဆိုင်ထဲက သပ်သပ်ရပ်ရပ် စီစီရီရီ ခေါက်ထားတဲ့ အင်္ကျ ီတွေပေါ်မှာ တင်ပြီးတော့ လဲခဲ့တာပဲ ဖြစ်ပါတယ်။ ကလေးအမေက အံ့သြဒေါသထွက်နေတာကတော့ သူ့ကို ခုလို ဓာတ်ပုံရိုက်လိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။

 

 

 

 

 

 

ပရိသတ်တို့သာ အခုလိုအခြေအနေတွေကို ကြုံတွေ့ရမယ်ဆိုရင် စိတ်တည်တည်ငြိမ်ငြိမ်ရှိနေပါ့မလား။ စိတ်ဆိုးဒေါသထွက်နေမလားဆိုတာကိုလည်း ပြန်ပြောပေးခဲ့ကြပါအုံးနော်။

Written By Yoshi (Shwe Nyan Shin)
Ref:Brightside

  နဲ့