သဘာဝတရားကြီးရဲ့ ရှေ့မှောက်မှာ ဒူးထောက်ခဲ့ရတဲ့ ကမ္ဘာမြေကြီးရဲ့ ဓာတ်ပုံများ

မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်မှ ကြိုဆိုပါတယ်။

ခေတ်မှီဖွံဖြိုးတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ နည်းပညာက သိပ်ကို အင်အားကြီးလိမ့်မယ်လို့ လူတိုင်း သတ်မှတ်ထားကြတာပါ။

တကယ်တော့ လူသားတွေ တီထွင်ဖန်တီးထားတဲ့ အရာမှန်သမျှဟာ သဘာဝတရားကြီးရဲ့ အင်အားနဲ့ ယှဉ်လိုက်ရင် ပမွှားသာသာပဲရှိတော့ပါတယ်။

ဘယ်လိုအရာပဲဖြစ်ပါစေ အချိန်တန်လာရင် သဘာဝတရားကြီးရဲ့ လက်အောက်မှာ

ဒူးထောက်ရတယ်ဆိုတာကို သက်သေပြနေတဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

(ဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)

(၁)

ကမ်းခြေရဲ့ တိုက်စားမှုကို ရေရှည်ခံရပြီးနောက်မှာတော့

ပျက်စီးနေပြီဖြစ်တဲ့ အဆောက်အဦးဟောင်းတစ်ခု

(၂)

ဘယ်လောက်ပဲ ခေတ်မှီတိုးတက်နေတဲ့ အရာဖြစ်ပါစေ…

သဘာဝတရားက ဝါးမြိုသွားပါလိမ့်မယ်။

(Shwe Nyan Shin)

(၃)

တောင်ကြားဖြတ်မီးရထား လမ်းကြီးဟာ ခုတော့ ဘယ်ရထားမှ ဖြတ်သန်းသွားလာခြင်းမရှိတော့သလို

အစိမ်းရောင်ရှိတဲ့ သဘာဝကြီးက ကျူးကျော်ဝင်ရောက်နေပါပြီ။

(၄)

“STOP”ဆိုင်းဘုတ်ကြီးတောင်မှ သဘာဝတရားကြီးကို

မရပ်တန့်ပစ်နိုင်ခဲ့ပါဘူး။ (Shwe Nyan Shin)

(၅)

အထီးကျန်စွာတည်ရှိနေတဲ့ ကျေးလက်အိမ်ကလေးတောင် သဘာဝတရားနဲ့ ရောပြွန်းနေတော့

စိတ်ကူးယဉ်ဆန်တဲ့ နေရာလေးဖြစ်နေပါတယ်။

(၆)

ဘယ်လိုပဲဖြစ်ဖြစ် သဘာဝတရားကြီးက အမြဲနိုင်မှာပါပဲ။

(Shwe Nyan Shin)

(၇)

သူ့ရဲ့ပုံစံကြောင့်သာ ရှူးဖိနပ်လို့မှတ်မိနိင်ပေမယ့် အစိမ်းရောင်သဘာဝကြီးက

ကျူးကျော်ထားလို့ ဘယ်သူမှ ယူချင်လောက်တော့မှာမဟုတ်ပါဘူး။

(၈)

လူတွေရဲ့ တီထွင်မှုက ခဏတာပဲ ခံနိုင်ပြီး သဘာတရားကြီးကတော့

အမြဲတမ်း ရှိနေနိုင်ပါလိမ့်မယ်။ (Shwe Nyan Shin)

(၉)

တစ်ချိန်က လူတွေ တည်ဆောက်ခဲ့တဲ့ အဆောက်အဦးနေရာတွေက

သဘာဝတရားရဲ့ပိုင်ဆိုင်မှုပါပဲ။

(၁၀)

မြင်ရတာနဲ့တင် သဘာဝတရားကြီးဆီက

ထိတ်လန့်မှုကို ခံစားရပါတယ်။

(Shwe Nyan Shin)

(၁၁)

အဆုံးသတ်မှာတော့ သဘာဝတရားကသာ

အနိုင်ရရှိစမြဲပါပဲ။

(၁၂)

သဘာဝတရားကြီးဆီက လွတ်မြောက်ဖို့ လမ်းရှာနေတာလား…

မဖြစ်နိုင်ဘူးထင်တယ်နော်။ (Shwe Nyan Shin)

(၁၃)

နောက်ထပ်သက်သေပြချက်တစ်ခုက ခိုင်ခန့်လှတဲ့ အုတ်ခဲတွေ ကွန်ကရစ်တွေတောင်မှ

သဘာဝတရားကို ဒူးထောက်အရှုံးပေးရပါလိမ့်မယ်။

(၁၄)

ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် သဘာဝတရားကြီး အမှီလိုက်နိုင်ပါလိမ့်မယ်။

(Shwe Nyan Shin)

(၁၅)

ကားပါကင် ဆိုင်းဘုတ်တောင် သစ်ပင်ကြီးရဲ့

ဝါးမျိုခြင်းကို ခံလိုက်ရပါပြီ။

(၁၆)

အလယ်မှာ မြင်နေရတဲ့ မျဉ်းကြောင်းအဝါကို ကြည့်ခြင်းဖြင့်

ဒီနေရာကြီးက အရင်က ဘယ်လိုနေရာမျိုးဖြစ်ခဲ့မယ်ဆိုတာ သိနိုင်ပါတယ်။ (Shwe Nyan Shin)

(၁၇)

သဘာဝတရားက အမြဲတမ်း ပြန်လည်သိမ်းပိုက်တယ်ဆိုလို့ ကြောက်မသွားပါနဲ့အုံး..

သဘာဝတရားကြီးက ကိုယ်ပိုင်အလှတရား အပြည့်နဲ့ပါ။

(၁၈)

သေချာပေါက် စွန့်ပစ်ထားတာ ကြာပြီဖြစ်တဲ့ အဆောက်အဦးကြီးဖြစ်ပေမယ့်

ခုချိန်မှာတော့ သဘာဝတရားကြီးနဲ့ ယှဉ်တွဲနေပါပြီ.

(Shwe Nyan Shin)

(၁၉)

အဆောက်အဦးဟောင်းကြီးတစ်ခုအနေနဲ့ သဘာဝတရားကြီးရဲ့

သိမ်းပိုက်မှုကို လွန်ဆန်ပိုင်ခွင့်မရှိပါဘူး။

(၂၀)

ဘယ်လို အတားအဆီးတွေရှိနေပါစေ…

သဘာဝတရားအတွက် အနှောင့်အယှက် ရှိမနေပါဘူး။

(Shwe Nyan Shin)

(၂၁)

ထိတ်လန့်ဖွယ်လည်းကောင်းသလို သဘာဝတရားရဲ့လှပမှုကိုပါ

တစ်ခါတည်း ခံစားမိစေတဲ့ စွန့်ပစ်ခံနေရာတစ်ခု

(၂၂)

အဆောက်အဦးတွေရဲ့ ပုံစံက ဘယ်လိုပဲ ဆန်းသစ်နေပါစေ…

သဘာဝတရားကြီးကို ဒူးထောက် အရှုံးပေးလိုက်ရတာပါပဲ။ (Shwe Nyan Shin)

(၂၃)

ရေအောက်ထဲမှာ ရှာဖွေတွေ့ရှိခဲ့တဲ့

ရှေးဟောင်းရုပ်တုကြီး

(၂၄)

လူနေထိုင်ခြင်းမရှိတော့ဘဲ စွန့်ပစ်ထားခြင်းခံရတဲ့ အိမ်တစ်လုံး

(Shwe Nyan Shin)

(၂၅)

သဘာဝတရားကြီးရဲ့ အင်အားကြီးမှုက ဘယ်လောက်အထိ ရှိတယ်ဆိုတာ

ဒီဓာတ်ပုံက သက်သေပါပဲ။

(၂၆)

သဘာဝတရားကြီးကြောင့် အသက်ဆုံးရှုံးသွားရတဲ့ သနားစရာတိများ

(၂၇)

သံဇကာလည်း မတားဆီးနိုင်ဘူး

(၂၈)

သစ်ပင်အမြစ်အောက်မှာ ပျောက်ဆုံးခဲ့ရတဲ့ ဘုရားကျောင်းဟောင်း

 

အခုဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံတွေဟာဆိုရင် တစ်ချိန်က လူသားတွေ ပိုင်ဆိုင်ခဲ့ပေမယ့် ခုချိန်မှာတော့ သဘာဝတရားကြီးဆီမှာ ပြန်လည်ပေးအပ်လိုက်ရတဲ့ အရာတွေပဲဖြစ်ပါတယ်။ ခုချိန်မှာ ပရိသတ်တွေရဲ့ မျက်စိရှေ့မှာ မြင်နေရတဲ့ အရာတွေအားလုံးဟာ တစ်ချိန်မှာ သဘာဝတရားကြီးရဲ့ လက်အောက် ပြန်ရောက်ရှိသွားမယ်ဆိုတာကို လက်ခံပါသလား..ကိုယ့်ရဲ့ အတွေးအမြင်ကို ပြောပြပေးခဲ့ပါအုံးနော်။

Wriiten By Yoshi (Shwe Nyan Shin)
Ref:Brightside

  နဲ့