ဘယ်လိုအတွေးနဲ့ ဖန်တီးလိုက်မှန်းမသိတဲ့ ဒီဇိုင်နာတွေရဲ့ ခပ်ကြောင်ကြောင် တီထွင်မှုများ

မင်္ဂလာပါ။ ရွှေဉာဏ်ရှင်ပေ့ချ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်။

တီထွင်ဖန်တီးနိုင်သူတိုင်း အကောင်းမွန်းဆုံးလုပ်နိုင်တာမဟုတ်ပါဘူး။

အထူးသဖြင့် အတွေးချော်သွားတဲ့ အခါမျိုးတွေမှာပေါ့။

အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေဟာဆိုရင် ဘာစိတ်ကူးနဲ့များ ဒီလိုလုပ်လိုက်ပါလိမ့်လို့ စဉ်းစားတောင်မရဖြစ်စေမယ့်

ခပ်ကြောင်ကြောင် တီထွင်ဖန်တီးမှုတွေဖြစ်ပါတယ်နော်။

(ယခုဖော်ပြပါ အကြောင်းအရာမှာ ရွှေဉာဏ်ရှင်ပေ့ချ်မှ တင်ဆက်ထားခြင်း ဖြစ်ပါသည်)

(၁)

မိန်းကလေးဆန်ဆန် ဝတ်စုံလေးဖြစ်အောင် ပန်းပွင့်အဆင်ကြီးကို သုံးပြီး ချုပ်လုပ်ထားတာဆိုပေမယ့် …

ဒီလိုကြီးကျတော့လည်း လူကြားထဲ ထွက်ပြီးသွားလာလို့ ဘယ်ကောင်းပါ့မလဲနော်။

(၂)

ဒီဝတ်စုံလည်း ဘာထူးလို့လဲဟင်…

တခြားသော ဒီဇိုင်းပုံစံတွေ ဖန်တီးလို့ရရဲ့သားနဲ့ ဘာကြောင့် ဒီနေရာကိုမှ ကွက်ပြီး ဖန်တီးချုပ်လုပ်ထားလဲ စဉ်းစားမရဘူး။

(၃)

မကြောက်တတ်တဲ့ ကလေးတွေအတွက်ပဲ သီးသန့်ဆင်ပေးထားတဲ့လျှောပေါ့..

လုံခြုံမှုမရှိတဲ့ လျှောတည်ဆောက်ပုံကြောင့် ဘယ်မိဘက စိတ်ချလက်ချ ကစားဖို့ ခွင့်ပြုနိုင်မလဲ။

(၄)

ဒီလှေကားကို ဘာရည်ရွယ်ချက်နဲ့ များ ဆောက်ခဲ့တာပါလိမ့်..

အပျင်းပြေ လမ်းတက်လျှောက်လို့ ရအောင် ထင်ပါတယ်လေ..

ဒါပေမယ့် သုံးစွဲသူက ညဏ်သုံးတတ်ရင်တော့ တခြားလုပ်ဖို့အတွက် အသုံးဝင်လောက်မှာပါ။

(၅)

ဘောင်းဘီမှာ မိုးမျှော်တာဝါပုံစံ ဒီဇိုင်းမျိုး အလှဆင်ပေးထားတာဖြစ်ပေမယ့် …

ဝတ်ကြည့်လိုက်တဲ့အခါမှာတော့ ကြည့်လို့ မသင့်တော်တဲ့ နေရာကိုမှ ကွက်တိကျနေတယ်လေ။

(၆)

အိမ်သာသုံး တစ်ရှူးကို အိမ်သာနဲ့များ နံရံခြားပြီးထားထားရတယ်လို့..

ကိစ္စပြီးရင်တော့ ထယူဖို့အတွက် စီစဉ်ထားတာများလား။

(၇)

သူများနဲ့မတူအောင် ဖန်တီးချင်တဲ့ စိတ်ကို သဘောကျပါရဲ့..

ထွက်လာတဲ့ နောက်ဆုံးရလဒ်ကတော့ အဆင်မပြေလှဘူး။

(၈)

တံခါးကိုမှန်ချပ်နဲ့ကာထားတာဖြစ်လို့ အိမ်လာတဲ့ ဧည့်သည့်ဘယ်သူလဲဆိုတာ တန်းသိနိုင်ပေမယ့် လူချောင်းတဲ့ အပေါက်လေးပါ အဓိပ္ပါယ်မရှိဘဲ တပ်ပေးထားတာပါ။

တစ်ခုတော့ရှိတာပေါ့ ။ မှန်ချပ်ကိုလိုက်ကာ ကာထားတဲ့ အချိန်မှာတော့ ဒီအပေါက်လေးက အသုံးဝင်လောက်ပါတယ်။

(၉)

တစ်ခုခုဖြစ်ရင် မီးသတ်ပိုက်အဆင်သင့်ဖြစ်အောင် လုပ်ပေးထားတာ စိတ်ပူစရာမရှိပါဘူး။

နေပါအုံး..

လှေကားလက်ရန်းကြီးနဲ့ အပေါက်ကိုပိတ်ထားလိုက်တော့ ငါတို့က အရေးပေါ်လိုလာရင် ဘယ်လိုလုပ်ကြမလဲ။

(၁၀)

လှေကားကို သူစိမ်းတွေ အလွယ်တကူ တက်လို့မရအောင် ခြံတံခါးတပ်ဆင်ပေးထားတာပါ။

ဒါပေမယ့် ဘေးကလွတ်နေတဲ့ အပေါက်ကနေ အေးဆေးဝင်လို့ရတယ်ဆိုတာကို ခြံခတ်တဲ့သူမေ့သွားတာနေမှာပါ။

(၁၁)

ဘောလုံးအားကစားကို ဝိုင်းဝန်းအားပေးနေတဲ့ လူအုပ်ကြီး ပုံစံမျိုး အင်္ကျီ ဒီဇိုင်းကို ဖန်တီးပေးထားတာပါ။ တစ်ခုပါပဲ..

နေရာအထားအသိုတွေ လွဲနေတော့ ကြိုးဆွဲချ သတ်သေလို့ ခြေထောက်ကြီး တန်းလန်းဖြစ်နေတာကို အောက်က လူအုပ်ကြီးက လုပ်လိုက်စမ်းပါလို့ ဝိုင်းဝန်းအားပေးနေတဲ့ ပုံမျိုး ပေါ်လွင်သွားခဲ့ပါတယ်။

စိတ်ခွန်အားလိုအပ်နေတဲ့သူတွေသာ ဒီအင်္ကျီ ဒီဇိုင်းကို ကြည့်မိရင် စိတ်ဓာတ်တောင်ကျသွားလောက်တယ်။

(၁၂)

အမလေး လန့်တောင်သွားတယ်။  ဒါကတော့ ဖန်တီးသူရဲ့ အမှားမဟုတ်တော့ဘူး။

ဝတ်ဆင်တဲ့ သူက ဖက်ရှင်အမြင်မရှိတယ်ပဲပြောရမှာပေါ့…

ဒီလိုမျိုး အသားကပ်တွေဆိုတာာ အပေါ်ကနေ အနည်းဆုံးတော့ နောက်တစ်ထပ်လောက်တော့ တွဲဖက်ဝတ်ဆင်သင့်တာလေ..

ပရိသတ်တွေလည်း အခုလိုမျိူးမဖြစ်ရအောင် အဝတ်အစားရွေးချယ်ရာမှာ သတိထားကြပါနော်။

(၁၃)

ဘတ်စ်ကားမှတ်တိုင် ဆောက်ပေးပါပြောလို့ ဆောက်ပေးလိုက်တာလေ..

သူတို့ကလည်း နေရာအတိအကျ မပြောသေးတော့ ကျွန်တော်လည်း စိတ်လောပြီးဆောက်ပေးလိုက်တာ။

ဆောက်ပြီးမှပဲ သိတယ်။ အဲ့ဒီနေရာက ကားပါကင်နေရာတဲ့။ ကဲ…ကောင်းရော။

(၁၄)

အသဲပုံ ဒီဇိုင်းမျိုးဖန်တီးထားပေမယ့်လည်း ဘာကြောင့်မှန်းမသိ တစ်စုံတစ်ခုနဲ့ သွားတူနေခဲ့ပါတယ်။

တစ်စုံတစ်ခုက ဘာလဲဆိုတာ ပရိသတ်တွေကိုယ်တိုင်လည်း ခန့်မှန်းမိကြမယ်ထင်ပါတယ်နော်။

(၁၅)

ကားမှာ ကြော်ညာကပ်ပေးတဲ့ သူရယ်..ရှင် သိပ်ရက်စက်တာပဲ။

ကလေးရဲ့ မျက်လုံးနေရာမှာ အချက်ပြမီး ကွက်တိဖြစ်သွားရတယ်လို့နော်။

(၁၆)

တစ်ဆိတ်လောက် တောင်းဆိုလို့ရမလားခင်ဗျာ..

အဲ့နှစ်ခုကို နည်းနည်းလေးခြားပေးစေချင်ပါတယ်။ ဒီလောက်ကြီးနီးနေမှတော့ ရှက်တတ်တယ်ဗျ

(၁၇)

ဘယ်လိုအကြောင်းကြောင့် ဒီခြံတံခါးကို တပ်ဆင်ထားလဲမသိပေမယ့် …

တော်တော်လေး အဓိပ္ပါယ်မရှိတာပါနော်။

(၁၈)

ဒီအသားကပ် ဘောင်းဘီကို ချုပ်လုပ်ဖန်တီးသူရဲ့ ဒီဇိုင်းအကြံညဏ်ကိုတော့ လိုက်မမှီတော့ပါဘူး။

မိန်းကလေးတွေ ဝတ်ပြီး အပြင်မထွက်ဖို့ သတိပေးချင်တယ်နော်။

(၁၉)

ဌက်ပျောသီး ထည့်သိမ်းလို့ရတဲ့ ခွက်ကို ဖန်တီးတဲ့ ကုမ္ပဏီအနေနဲ့ …

အခု ဌက်ပျောသီး ထည့်မရတဲ့ ပြသာနာကို ဘယ်လိုဖြေရှင်းပေးမလဲ သိချင်ပါတယ်။

(၂၀)

ဟုတ်ပါတယ် ပုံထဲမှာမြင်နေရတဲ့ တံခါးက လေပေါ်ပျံတက်နိုင်တဲ့သူတွေ အဝင်အထွက်လုပ်လို့ရအောင် ဖောက်လုပ်ပေးထားတာပါ။

အောက်ကဓာတ်လှေကားကိုတော့ မပျံတတ်သူတွေ သုံးပေါ့နော်။

(၂၁)

အိမ်သာသုံးရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်ရင်းရင်းနှီးနှီးစကားစမြည် ပြောလို့ရအောင် …

တံခါးကို အပြည့် မတပ်ပေးထားတာနေမှာပါလေ။

(၂၂)

ကားနောက်ဘက်မှာ မှန်လည်းမရှိဘဲ နဲ့ ဘာကြောင့်များ မှန်သုတ်တံကို တပ်ထားရတာလဲ..

ဘာလဲ ဖုန်သုတ်ဖို့လား

(၂၃)

ရပ်လိုက် လမ်းဘေးကနေ ကပ်မသွားနဲ့ …လမ်းမပေါ်က သွားလို့များ ပြောချင်နေတာများလား..

သူက လမ်းမပေါ်ကို ပိတ်ထားတာမဟုတ်တော့ အဲ့ဒီလို အဓိပ္ပါယ်ပဲဖြစ်မှာပါလေ

(၂၄)

အိမ်ဆောက်လုပ်ဖို့အတွက် အကောင်းဆုံး အင်ဂျင်နီယာ တစ်ယောက်လိုအပ်နေရင်တော့

ပုံထဲတည်ဆောက်မှုကို လုပ်ထားတဲ့ အင်ဂျင်နီယာကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

(၂၅)

သတင်းစာထဲမှာ ပါလာခဲ့တဲ့ ကြော်ညာအလွဲလေးတစ်ခုပါ။

ဝက်ဘ်ဆိုက်ထဲကို ဝင်ရောက်လေ့လာဖို့အတွက် လင့်ခ်ချပေးထားပေမယ့် လင့်ခ်ကြီးက ရှည်လျားလွန်းတဲ့အပြင် ဒီတိုင်းကော်ပီကူးဖို့ကလည်း မဖြစ်နိုင်ဘူးလေ။.

(၂၆)

ရီဒူးရှေးဟောင်းလမ်းမကြီးကို ဘယ်လမ်းသွားရမလဲဆိုတာ လမ်းညွှန် ဆိုင်းဘုတ် ဖတ်တတ်သူတာ ပြောပြပေးသွားပါတော့..

ဒီမှာတော့ ဘယ်ဘက်ကို သွားသွား ရီဒူးရှေးဟောင်းလမ်းမကြီးကို ရောက်မယ်ဆိုလို တိုင်ပတ်နေပြီ။

(၂၇)

လေထိုးရုပ်ထဲ  လေမှုတ်ထည့်ဖို့အပေါက်ကို အဲ့ဒီနေရာမှာ ဘာလို့ထားရတာတုန်း..

မထားသင့်မှန်းအသိသာကြီးနော်…

(၂၈)

ဒီမှာလည်း ဘာထူးလို့တုန်း …

ကလေးကစားစရာအရုပ်ကို ဘာများထင်နေကြတာလဲ မသိဘူးနော်။

(၂၉)

ဆဲလ်ဖီရိုက်တံကို ဘယ်လိုအသုံးပြုရမယ်မှန်း လူတိုင်းသိပါတယ်။

ကြော်ညာကိုကြည့်ပြီးမှပဲ မျက်စိတွေပါ လည်သွားတော့တယ်။

(၃၀)

ကြည့်ရတာ နံရံကပ်တီဗီကလည်း ရှက်တတ်တယ်ထင်ပါတယ်။

အဲ့ဒါကြောင့်ချောင်ကပ်နေတာထင်ပါရဲ့နော်။

(၃၁)

အဲ့ဒီလောက်ကြီးစိုက်ကြည့်နေတော့ ယောကျာ်းလေးလည်းရှက်တတ်တယ်နော်။

(၃၂)

ခွာများ ခွာလိုက်ရင် ဘာပုံထွက်လာမလဲ သိချင်လိုက်တာ။

(၃၃)

အိမ်မှာ ဘေစင်အလှဆင်ဖို့ဆိုရင် …

ဒီလို ဒီဇိုင်းကာလာကိုတော့ ယောင်ပြီးတောင် မရွေးလိုက်ပါနဲ့။

(၃၄)

သေချာတယ်…ဒီအရုပ်က သွားဆေးခန်းမှာ ထားထားတဲ့ အရုပ်ပဲဖြစ်ရမယ်။

(၃၅)

ကျားစက်ရုပ်ပုံမျိုး ဆက်လိုက်ရင် အမြှီးအဖြစ် အချောင်းလေးကို သတ်မှတ်ပေးလို့ရပါတယ်။

ဒါပေမယ့် အောက် ပုံကျ ဘာရည်ရွယ်ချက်တုန်း ရှင်းပြကြပါအုံး

 

တကယ့်ကို လွဲတာမှ တော်တော်လေး လွဲနေတဲ့ တီထွင်ဖန်တီးမှုတွေပဲနော်။

တစ်ခုလောက်လက်ဆောင်ပေးချင်တယ်ဆိုရင် ဘာလေးများ ယူချင်ကြတုန်း ပရိသတ်တို့ရေ

Written By Yoshi (Shwe Nyan Shin)

Ref:Brightside

  နဲ့