မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်မှ ကြိုဆိုလိုက်ပါတယ်။
ပုံမှန်တွေ့နေကျ အရာတွေထဲက ကွဲထွက်နေတဲ့ အရာတွေကို အပြင်မှာမမြင်ဖူးဘဲနဲ့တော့ ဘယ်သူမှ မယုံလောက်ပါဘူး။
ဒါပေမယ့် ရှာတွေ့လာတဲ့အခါမှာတော့ အံ့သြစရာတွေက တကယ်ရှိနေတယ်ဆိုတာကိုလက်ခံရမှာပါ။
သာမန် မြင်နေကျ အရာတွေဖြစ်ပေမယ့် မတူဘဲ ကွဲထွက်နေလို့ မယုံနိုင်ဖြစ်သွားစေမယ့်ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
(ဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)
(၁)
ခဲတံတစ်ချောင်းရဲ့ ထိပ်ပိုင်းမှာ မျိုးစေ့တွေ ထည့်ပေးထားတာဖြစ်ပြီး ဒီမျိုးစေ့တွေကို စိုက်ပျိုးလိုက်ရင်လည်း တကယ့်အပင်တွေထွက်လာအုံးမှာလို့ ဆိုပါတယ်။
ခဲတံတစ်ချောင်းမှာ မျိုးစေ့တွေ ထည့်ပေးထားတယ်ဆိုတာကတော့ မယုံနိုင်စရာပါပဲ။
(၂)
တံတားအောက်ခြေက ရေခဲတွေကို ဖြတ်ပေးလိုက်သလို ဖြစ်နေတာကြောင့် ရေခဲပြင်ကြီးက
အခုလိုပုံစံမျိုးပေါ်နေတာပါ။ (Shwe Nyan Shin)
(၃)
အဆိုးဆုံး ရာသီဥတု က ဘယ်လောက်အထိ ပူနိုင်သလဲ….
အခုလိုမျိုး ကားတာယာပါ အရည်ပျော်ကျတဲ့ အပူချိန်ဆိုရင်တော့ အတော်လေးကို နေရထိုင်ရခက်မှာပဲနော်။
(၄)
ပီဇာထည့်တဲ့ စက္ကူဘူးတွေက ပုံသေ ထောင့်ချိုး ဘူးလေးတွေပါ..
ဒီပီဇာဆိုင်ကတော့ ပီဇာဘူးကို အဝိုင်းလေးလုပ်ထားတာပဲဖြစ်ပါတယ်။ (Shwe Nyan Shin)
(၅)
ထူးထူးဆန်းဆန်း သစ်ရွက် အရောင်မညီဖြစ်ခြင်းက
တစ်မျိုးလေးတောင်လှနေပါသေးတယ်။
(၆)
ကြောင်လေးပေါ်မှာပဲ နောက်ထပ်ကြောင်တစ်ကောင်ရှိနေပါသေးတယ်။
သူ့ရဲ့ အမွှေးပုံလေးက ကြောင်ပုံစံလေးဖြစ်နေလို့ပဲဖြစ်ပါတယ်။ (Shwe Nyan Shin)
(၇)
နှင်းတွေကို လမ်းကြောင်းကနေ
ဖယ်ရှားပေးတဲ့ ရထား
(၈)
စားပွဲခုံနှစ်ခု က စားသုံးသူနှစ်ယောက်ဟာ မှာယူတဲ့ ပွဲအရေအတွက်မတူညီပေမယ့် အစားအသောက်တွေရော ကုန်ကျစရိတ်အထိပါ တိုက်တိုက်ဆိုင်ဆိုင်ကို သွားတူနေတာဖြစ်ပါတယ်။
သူတို့နှစ်ယောက်မတူတာကတော့ အတူတူမစားတာပဲရှိပါတယ်။ (Shwe Nyan Shin)
(၉)
တကယ်လို့ သင့်အနေနဲ့ အလက်စကာမှာရှိတဲ့ ရေခဲပြင်ကို အပေါက်လေးဖောက်ကြည့်လိုက်မယ်ဆိုရင်
မီသိန်းပူဖောင်းလေးတွေပေါက်ထွက်သွားပြီးမီးတောက်အနည်းငယ် တောက်လာတတ်ပါတယ်။
(၁၀)
ဟီးရိုရှိးမားပေါက်ကွဲမှုဖြစ်စဉ်မှာလည်း ရှင်သန်ခဲ့သလို အခုချိန်ထိလည်း
ရှင်သန်နေဆဲဖြစ်တဲ့ နှစ်ပေါင်း ၄၀၀ကျော် သက်တမ်း ဘွန်ဆိုင်းပင်ကြီး (Shwe Nyan Shin)
(၁၁)
စည်းခြားထားတဲ့ အတန်းတွေ မရှိတာတောင်မှ
စည်းကမ်းရှိရှိ တန်းစီးရပ်နေကြတဲ့ လူအုပ်ကြီး
(၁၂)
ဒီလောက်ကြီးတဲ့ ခြင်္သေ့ရုပ်တုကြီးကို ရရှိဖို့အတွက် သစ်ပင်တစ်ပင်ထဲကိုပဲ အသုံးချခဲ့တာပါ။
စုစုပေါင်း အယောက် ၂၀လောက်က ၃နှစ်ကျော်ကြာအောင် အချိန်ယူခဲ့ရပါတယ်။ (Shwe Nyan Shin)
(၁၃)
Alabama မှာကြွေကျခဲ့တဲ့ မိုးသီးတွေရဲ့ ပုံရိပ်ဖြစ်ပါတယ်။
ဘယ်လောက်များကြီးလဲဆိုရင် လူကြီးတစ်ယောက်ရဲ့ လက်သီးဆုပ်အရွယ်တွေ ဖြစ်ပါတယ်။
မတော်တဆများ လူကိုတည့်တည့်မှန်ရင် ခေါင်းကွဲပြီး ဒဏ်ရာရလောက်ပါရဲ့။
(၁၄)
လေတိုက်လို့ ဖြစ်လာတဲ့ နှင်းခဲလိပ်လေးများ။ ထူးထူးခြားခြား လေတိုက်ရာ လမ်းကြောင်းမှာရှိတဲ့ နှင်းလေးတွေက မုန့်လိပ်လေးတွေလိုမျိုး ဖြစ်သွားနိုင်တာကိုလည်း သိလိုက်ရပါတယ်။
ဘယ်လောက်ပြင်းထန်တဲ့ လေတိုက်နှုန်း မို့လို့ပါလဲနော်။
(၁၅)
ဆွစ်ဇာလန်နိုင်ငံမှာတွေ့ခဲ့တဲ့
နှင်းရေခဲ အကြီး
(၁၆)
ကောင်းကင်အမြင့်တစ်နေရာကနေ လှမ်းတွေ့နိုင်တဲ့
နိုင်အာဂရာရေတံခွန် (Shwe Nyan Shin)
(၁၇)
ပုံထဲက အရိုးစုကြီးကို အာရုံကြောစနစ်နဲ့ပတ်သတ်ပြီး ပထမဆုံးလေ့လာခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့ နာမည်ကတော့ ဟာရစ်ဖြစ်ပြီး ဒရက်ဆယ်ဆေးပညာတက္ကသိုလ်မှာ အောက်ခြေဝန်ထမ်းတစ်ယောက်ပါ။
သူမဟာသေဆုံးပြီးနောက် သူမရဲ့ ခန္ဓာကိုယ်ကို ဆေးသိပ္ပံပညာရှင်တွေလေ့လာလို့ရအောင် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။
(၁၈)
အရွက်စားပိုးမွှားလေးတွေက သစ်ရွက်ကို တဖြည်းဖြည်းချင်းစားသွားပြီးနောက်
သစ်ရွက်က အရိုးပဲကျန်တော့တာဖြစ်ပါတယ်။ (Shwe Nyan Shin)
(၁၉)
နော်ဝေးက နှစ်ပေါင်း ၉၀၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့
ဘုရားကျောင်းကြီး
(၂၀)
မွေ့ရာကြီးအထဲမှာ ထည့်သိမ်းထားတဲ့
ဒေါ်လာသန်း၂၀ (Shwe Nyan Shin)
(၂၁)
ကနုတ်ပန်းတွေလိုလို ပန်းချီဆွဲထားတာလိုလိုနဲ့.. တကယ်က ဂေါ်ဖီထုပ်ကိုလှီးထားတာပါ။
အနုပညာဆိုတာ သဘာဝအတိုင်းလည်း ရှိနေတတ်ပါတယ်။
(၂၂)
ဘယ်လိုဌက်မှာများ မျက်တောင်ကော့ကော့ရှည်ရှည်ပါတာ မြင်ဖူးလဲနော်….
အခုလိုမျိုး မျက်တောင်ကော့ကော့ရှည်ရှည်နဲ့ သိပ်လှနေတဲ့ ဌက်ကတော့ အတွင်းရေးမှူးဌက်ဖြစ်ပါတယ်။ (Shwe Nyan Shin)
(၂၃)
ဘရာဇီးမှာ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်မှာခွေးလေးကပါ
သူ့ရဲ့ သခင်နဲ့အတူ အမိန့်ကို နာခံပေးခဲ့တာပါ။
(၂၄)
husky မျိုးရိုးနဲ့ pug မျိုးရိုးတို့ ပေါင်းလိုက်ရင်
ဘယ်လိုရုပ်မျိုးလေးထွက်လာမလဲဆိုတာ… (Shwe Nyan Shin)
(၂၅)
ပူဖောင်းထုပ်ပိုးအိတ်လေးတွေကို ဖောက်ရတာ လူတိုင်းကြိုက်လောက်မှာပါ။
တကယ်လို့ ပူဖောင်းလေးတွေက အသဲပုံ ပုံစံလေးဆိုရင်ရော ဖောက်ရက်ပါ့မလား
(၂၆)
ပုံမှန်အရွယ်အစားရှိတဲ့ လိမ္မော်သီးထဲကနေ ရှာတွေ့ခဲ့တဲ့ လိမ္မော်သီးပုစိလေး…
ဘယ်လောက်သေးလဲဆိုတာကို ငွေအကြွေစေ့လေးနဲ့ နှိုင်းယှဉ်ပြထားပါတယ်။ (Shwe Nyan Shin)
(၂၇)
အရီဇိုးနားရဲ့ နွေရာသီရဲ့ ပူပြင်းချက်ကတော့
ပုံကိုပဲ ကြည့်လိုက်ပါတော့
(၂၈)
ကားလေကာမှန်ပေါ်မှာ ပေါ်နေတဲ့
သစ်ပင်ပုံစံ ရေခဲလေး (Shwe Nyan Shin)
(၂၉)
၃နှစ်သားအရွယ်ကနေ စတင်ပြီး တယောသင်ခဲ့သူဟာ သူ့ကိုင်ခဲ့တဲ့
တယောအရွယ်အစားအမျိုးမျိုးကို ပြသထားတာဖြစ်ပါတယ်။
မျက်စိရှေ့မှာတွေ့နေရတာတောင် ယုံနိုင်စရာမကောင်းတဲ့ ဓာတ်ပုံတွေကိုဖော်ပြပေးခဲ့တာပါ။
ပရိသတ်တွေရော ဒီဓာတ်ပုံတွေကိုကြည့်ပြီးတော့ မယုံပါဘူးဆိုတဲ့ သူတွေရောရှိလား
Written By Yoshi (Shwe Nyan Shin)
Ref:Brightside