တကယ့်လက်တွေ့မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ကျိန်းသေပေါက် မေးခွန်းထုတ်မိစေမည့်ပုံများ (၃၂ )ပုံ

မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်မှ ကြိုဆိုလိုက်ပါတယ်။

ကျွန်တော်တို့ရဲ့ အမြင်အာရုံဆိုတာကလည်း အခက်သားပါပဲ။ တစ်ခါတစ်လေမှာ လွယ်လွယ်ကူကူ ယုံကြည်လို့ရပေမဲ့လည်း တစ်ခါတစ်လေကျရင်တော့ အံဩဖွယ်ရာ အမြင်လွဲမှားမှုတွေကို မြင်ရတတ်ပါတယ်။ အခုတင်ဆက်ပေးတဲ့ ပုံလေးတွေကတော့ ကြည့်မိသူတိုင်းရဲ့ မျက်စိကို ခဏတော့ လည်သွားစေမဲ့ ပုံလေးများပဲ ဖြစ်ပါတယ်။ အတူတူ ကြည့်ကြရအောင်ပါ။

(၁)

သူ့ပါးစပ်ထဲက ထွက်နေတာက ​ဆေးလိပ်တော့မဟုတ်ဘူးနော် ပရိတ်သတ်ကြီး အနောက်က အမျိုးသမီးရဲ့လက်ပါ။

(၂)

ဒင်နာအတွက် အလန်းစားဝတ်လာကာမှ ဆိုဖာခုံနဲ့ လာတူနေတော့တယ်။

(၃)

အရိပ်လေးတွေက ဖြောင့်ဖြောင့်တန်းတန်းကို ခွေးလေးအပေါ်မှာ ကျရောက်နေပါတယ်။

(၄)

ပင့်ကူရဲ့အရိပ်ကျနေမှုက ထူးဆန်းနေတယ်မလား ပရိတ်သတ်ကြီး။

(၅)

လန်ဒန်မြို့က မြေအောက် ရထားဘူတာတစ်ခုက မှန်တစ်ခုကို ကြည့်မယ်ဆိုရင်တော့ ဒီလို ဇောက်ထိုးမိုးမျှော်ဖြစ်စေမှာ ဖြစ်ပါတယ်။

(၆)

ကောင်းကင်ဘုံက ကျလာသူတွေလို ခေါင်းပေါ်မှာ အဝိုင်းကွင်းလေးပေါ်နေသူတစ်ယောက်။ တကယ်တော့ ဆိုင်ထဲက မီးလုံးတစ်လုံးဖြစ်ပါတယ်။

(၇)

အိုး ဧရာမ ခွေးကြီး မြို့ထဲ ဝင်လာတာများလား။

(၈)

ဒီလိုပုံမျိုး မရိုက်ချင်ဘူးလား ပရိတ်သတ်ကြီး

(၉)

အာဝုလေးရဲ့ နားရွက်လေးတွေက ကြောင်နားရွက်နဲ့အတော်ကိုဆင်တူနေပါတယ်။ တကယ်တော့ ကြမ်းခင်းက ကြောင်နားရွက်လေးတွေက အာဝုလေးခေါင်းပေါ်မှာ လာကပ်နေတာပါပဲ။

(၁၀)

အဲ့လောက် ကြီးမားတဲ့ သစ်ကုလားအုတ်ကြီးလား။ တကယ်တော့ အမြင်လှည့်စားမှုနဲ့ ကင်မရာ ရိုက်ချက်ကြောင့်ပါပဲ။

(၁၁)

ခွေးလေးလား ဖြူကောင်လေးလား။

(၁၂)

သူတို့အားလုံး အရွယ်ရောက်လာကြပြီပဲနော်။ အာဝုကတော့ အကြီးဆုံးပါပဲ။

(၁၃)

ဒီပုံကို ဖြတ်ခနဲ ကြည့်လိုက်တာ ကလေးလား လူကြီးလား မသဲကွဲဘူးဖြစ်သွားခဲ့တာပါ။

(၁၄)

တကယ်တော့ ရော့ခ်ဂီတ ပွဲတစ်ပွဲ မဟုတ်ပါဘူး။ ဝါဂွမ်းခင်းထဲက ဝါဂွမ်းရိတ်တဲ့စက်ကြီးသာ ဖြစ်ပါတယ်။

(၁၅)

ဒါက ဘီလိုဘီလို ဖြစ်နေတာပါလိမ့်။ အမျိုးသားက စတော်ကင်တွေဘာတွေဝတ်ထားတာလား။

(၁၆)

ခုံကျိုးနေတယ်လို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ တကယ်တော့ ညှောင်မဲမဲ ကျော်သိန်းလေးပါ။

(၁၇)

အိုကေလား ကြမ်းခင်းက ခြေထောက်ပုံလေးက။

(၁၈)

တစ်လမ်းလုံး ရှေ့က အမျိုးသမီးက ငါ့ကို ဘာလို့ တောက်လျှောက်လှည့်ကြည့်လာတာလဲလို့ တွေးမိနေတာပါ။ သေချာကြည့်တော့မှ မဂ္ဂဇင်းထဲက လူပုံဖြစ်နေပါတယ်။

(၁၉)

ဒီလိုပုံမျိုးရအောင် ရိုက်ဖို့ကတော့ ခက်ပါလိမ့်မယ်။ ခြေထောက်ကိုဖောင်းကြွဖြစ်အောင် ဒီလိုလုပ်တတ်ကြလားဗျ။

(၂၀)

မျက်စိတွေ လည်နေပါတယ်ဆိုမှ ဒီခုံလေးတွေကရော ဘယ်လိုပုံစံ ထပ်ထားပြန်ပြီလဲ။

(၂၁)

ပင်ဂွင်းတစ်ပိုင်း အာဝုတစ်ပိုင်းပါနော်။

(၂၂)

ကြီးမားလှသော အသင်ကြောင်ကြီးခင်ဗျား။ ခုံပေါ်က နည်းနည်း ဖယ်ပေးတော်မူပါ။

(၂၃)

ရှဉ့်လေးတွေ အပင်ပေါ်မှာပဲ နေတယ်လို့ ဘယ်သူပြောလဲ။ အပင်မရှိလည်း ခပ်တည်တည်ပဲ နေတတ်ပါတယ်တဲ့ဗျာ။

(၂၄)

ဖင်ချင်းဆက် ကြောင်အမွှာမဟုတ်ပါဘူးနော်။ အရောင်တူနေတာပါ။

(၂၅)

ကလေးလေးက ကော်ဖီခွက်ကိုများ သေချာကိုင်ထားလားမှတ်တယ်။ တကယ်တော့ ဖေဖေ့လက်ပါ။

(၂၆)

ငယ်ငယ်က ဖတ်ရတဲ့တောင်လုံးကျော်ကာတွန်းထဲကလို ဧရာမ လူကြီးနဲ့တောင်တူနေပါသေးတယ်။

(၂၇)

ဒီအမျိုးသမီးက ကားထဲမှာ ထိုင်နေတာတော့ မဟုတ်ပါဘူး။ တီဗီကနေ အလင်းပြန်နေတာဖြစ်ပြီးတော့ တကယ်တော့သူမက တီဗီထဲက ပုံရိပ်သာဖြစ်ပါတယ်တဲ့ခင်ဗျာ။

(၂၈)

ရုတ်ခနဲ့ ကြည့်လိုက်ရင်တော့ ပင့်ကူအကြီးကြီး ကားမှာ ကပ်နေသလိုပါပဲ။

(၂၉)

စမီးက ထွားလွန်းနေတာလား ကျန်တဲ့လူတွေက ပိစိဖြစ်နေတာလားဟင်။

(၃၀)

ဈာန်နဲ့ ကြွဖို့ပြင်နေသော ကုလားထိုင်တစ်လုံး။

(၃၁)

ဝက်အူလှည့်နဲ့ပြန်လှည့်ပြီး တည့်ပေးရမလိုဖြစ်နေပါပြီ မြောင်လေးရေ။

(၃၂)

ခြေလက်များမပါပဲ လေပေါ်ပျံနိုင်သည်ဟု ထင်ရသော ဆိတ်တစ်ကောင်အားတွေ့ရှိ။ စတာပါ တကယ်တော့ သူ့ခြေထောက်လေးတွေက အမွှေးတွေအောက်မှာ ဖွက်ထားတဲ့ပုံပါပဲ။

 

  နဲ့