မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အရာတွေကို လက်တွေ့လုပ်ပြခဲ့ကြသူများ (ဓာတ်ပုံ ၂၆ ပုံ)

မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်မှ ကြိုဆိုပါတယ်။

အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ ပြသာနာများကို အလွယ်တကူ ဖြေရှင်းနိုင်လို့ ဆန်းကြယ်တယ်လို့ ဆိုကြပါတယ်။

အမျိုးသားတွေအနေနဲ့ ပြသာနာတွေကို ကြုံတွေ့လာရတဲ့အခါမှာ သူတို့ရဲ့ဦးနှောက်ထဲမှာ ဘယ်လိုတွေ တွေးကြံနေလဲဆိုတာကိုတော့ ခန့်မှန်းရခက်ပါတယ်။

ပုံမှန်အားဖြင့် အမျိုးသားတွေ တွေးတတ်တဲ့ အတွေးတွေကို အမျိုးသမီးတွေအနေနဲ့ ခန့်မှန်းရခက်သလို ပြသာနာတွေကို ဖြေရှင်းလိုက်တဲ့ နည်းလမ်းတွေကလည်း အံ့အားသင့်ဖွယ်ကောင်းတတ်ပါသေးတယ်။

အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ မဖြစ်နိုင်ဘူးထင်တဲ့အရာတွေကို လက်တွေ့ဖြေရှင်းနိုင်ခဲ့ကြတဲ့ အမျိုးသားတွေပဲဖြစ်ပါတယ်။

Shwe Nyan Shin နဲ့ ပတ်သတ်တဲ့ ဆိုဒ်တွေက ကော်ပီယူရေးနေကြသူများ …  IA လောကသားအချင်းချင်း နားလည်မှုထားတဲ့အနေနဲ့ Ethic တော့ ထားပေးကြလို့ တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်ရေးတာက ရေရှည်အတွက် ကောင်းတဲ့အရာဖြစ်တာကြောင့် လူတိုင်းက အကုန် ကော်ပီလိုက်ကူးနေကြမယ်ဆိုရင် အသစ်ရေးသူတွေ တဖြည်းဖြည်း နည်းပါးသွားမှာ စိုးရိမ်တဲ့ သဘောနဲ့ တောင်းဆိုရတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

(၁)

ကားဘယ်လောက်သေးပါစေနော်…ကိုယ်တွေက အတုံးဆက်တဲ့ ဂိမ်းတွေ ကစားလာတာ။

ကားပေါ်မှာ ပစ္စည်းတွေအများကြီး ဘယ်လိုဆန့်အောင် တင်ရမလဲဆိုတာ ကို ကျွမ်းကျင်ပြီးသားပဲ

(၂)

မင်းတို့သာ လှေကားအောက်ခြေကို သေချာကိုင်ထားပေး…

ဒီလောက်ကတော့ ငါလုပ်နိုင်ပါတယ်။ (Shwe Nyan Shin)

(၃)

လုံခြုံရေးသည်သာ ပထမလေ…ဆိုင်းဘုတ်ကိုသယ်သွားရင်းနဲ့

ပညာပေးရာလည်း ကျတာပေါ့

(၄)

အသစ်ဝယ်လိုက်တဲ့ ကုတင်က အရမ်းမြင့်နေတာကြောင့် ဘေးက စားပွဲခုံက အရမ်းနိမ့်သွားခဲ့ပါတယ်။

ဒါပေမယ့် ညဏ်ကောင်းတဲ့အဖေကတော့ စားပွဲခုံကို အမြင့်ရောက်သွားအောင် နံရံမှာ ကပ်ထားလိုက်ပါတယ်။ (Shwe Nyan Shin)

(၅)

လုပ်ငန်းခွင် ရောက်ပြီးမှ လုံခြုံရေး ဦးထုပ်က အိမ်မှာကျန်ခဲ့မှန်းကို သတိရသွားတဲ့အခါမှာတော့…

ဒါပေမယ့် အကြံတွေ ရှိနေသေးပါတယ်။

(၆)

မရရအောင် သယ်နိုင်တာတော့ မဆိုးဘူးပေါ့နော်..နောက်ကလိုက်မယ့်

ကားတွေကို အန္တရာယ်ကင်းကြောင်း အာမခံပေးနိုင်လားလို့.. (Shwe Nyan Shin)

(၇)

ယောကျာ်းလေးတွေကပဲ လှေကားတွေကို

နည်းအမျိုးမျိုးနဲ့ အသုံးပြုတတ်တာများလား

(၈)

သူတို့ဘာလို့ ဒီလိုလုပ်ရပ်လုပ်ရတာလဲဆိုတာ

ကိုယ်တိုင်ရှင်းပြမှပဲ နားလည်နိုင်ပါတော့မယ် (Shwe Nyan Shin)

(၉)

မျက်လုံးထိခိုက်နိုင်တဲ့ အလုပ်ကို လုပ်နေပေမယ့်

မျက်စိမှိတ်ထားလိုက်ရင် လုံခြုံတယ်လို့ သူထင်နေပုံရတယ်။

(၁၀)

စတန့်ပြကွက် အကြီးစားကို လုပ်ပြနေတဲ့ တွမ်ခရုစ်တို့တောင်

သူ့ကို မြင်ရင် ဖျားသွားကြလိမ့်မယ်။ (Shwe Nyan Shin)

(၁၁)

အနည်းဆုံးသော ခြေချောင်းလေးတွေ

လုံခြုံသွားမှာပေါ့လေ..

(၁၂)

ရုံးခန်းက ကြမ်းပြင်ပျက်စီးနေလို့ ကတ်ထူးပြားနဲ့ ပိတ်လိုက်ပြီး တိပ်ကပ်ပေးထားလိုက်တယ်လေ။

ဘာပဲဖြစ်ဖြစ် ပြန်ကောင်းသွားတာပဲမလား (Shwe Nyan Shin)

(၁၃)

သူတို့ နှစ်ယောက်ကြားထဲက အချင်းချင်း .ယုံကြည်မှု ဘယ်လောက်ရှိသလဲဆိုတာကို

မေးစရာတောင် မလိုတော့ပါဘူး။

(၁၄)

ပုံစံခွက်ထဲက ဖောက်ထွက်စဉ်းစားတတ်ရမယ်ဆိုလို့ပါ…

ဖောက်ထွက်စရာပုံစံခွက်မရှိလို့ ကတ်ထူးဘူးကိုဖောက်ပြီး မြင်အောင်ကြည့်တယ်လေ (Shwe Nyan Shin)

(၁၅)

သွားဆရာဝန်တစ်ယောက်

ကားဘက်မှန်ပြုတ်သွားတဲ့အခါမှာ ဖြေရှင်းနည်း

(၁၆)

ခပ်ကြောင်ကြောင်တော့နိုင်နေပေမယ့်လည်း

သူ့အတွက်တော့ တကယ်အလုပ်ဖြစ်တဲ့ နည်းလမ်းတစ်ခုပါ။ (Shwe Nyan Shin)

(၁၇)

ခြေသည်းလက်သည်းညှပ်ပေးရင် အရမ်းရုန်းတဲ့ အာဝုလေးတွေအတွက် ဖြေရှင်းနည်းအသစ်…

အသုံးဝင်မဝင်ကတော့ ပုံထဲမှာတင် လက်တွေ့မြင်နိုင်ပါတယ်။

(၁၈)

အမျိုးသားတွေဟာ ပျော်ရွှင်ရဖို့အတွက်ဆိုရင်လည်း

အကြံညဏ်ကောင်းတွေ ထွက်ကြလေ့ရှိတဲ့သူတွေပါ။ (Shwe Nyan Shin)

(၁၉)

ကိုယ်ခုတ်လှဲမယ့် အပင်ကိုမှ အမှီယူထားပြီး ခုတ်ဖို့ ကြိုးစားနေတာဆိုတော့

ဘယ်လိုမှ အခြေအနေ မကောင်းဘူးနော်.

(၂၀)

အိမ်ပေါ်ကနေ မိန်းမနှင်ချခံရတဲ့အခါမှာ

တိတ်တိတ်လေးအိမ်ထဲ ပြန်ဝင်ချင်ရင်တော့ ဒီနည်းလမ်းကို သုံးပါ။

(၂၁)

ဒီလောက်အထိ သတ္တိရှိရှိ ဓာတ်တိုင်ပေါ် ဆင့်တက်ရတာ

သူတို့က လျှပ်စစ်အင်ဂျင်နီယာတွေ မဟုတ်ဘဲ ဆက်ကပ်ပညာရှင်တွေပဲဖြစ်ရမယ်..

(၂၂)

ခေါင်မိုးပေါ်မှာလှေကားက အချိန်မရွေးပြုတ်ကျသွားနိုင်တယ်ဆိုတာကို သူမေ့နေပုံပဲ။

(၂၃)

အဆင်ပြေအောင် သယ်လိုက်တယ်ဆိုပေမယ့် အန္တရာယ်ကြီးလွန်းလှပါတယ်နော်…

အကွေ့ရောက်ရင် သူဘယ်လိုလုပ်မလဲဆိုတာ သိချင်နေမိတယ်။

(၂၄)

သူ ဒီဆိုင်းဘုတ်အပေါ်ကို ဘယ်လိုတက်သွားတာလဲ အရမ်းသိချင်နေပါပြီ…

ပြီးရင်ကော ခြေချော်လက်ချော်မရှိဘဲ ပြန်ဆင်းလာနိုင်ပါ့မလား..

(၂၅)

တစ်ယောက်ယောက်ကသာ မသိလို့ တံခါးကိုတွန်းမိရင်

ဘာဖြစ်မယ်ထင်လဲ…

(၂၆)

ဘယ်လောက်ခက်ခဲတဲ့အရာဖြစ်ပါစေ…

အကြံထုတ်တတ်ဖို့ပဲ လိုတယ်။

 

Written By Yoshi(Shwe Nyan Shin)
Ref:Brightside

  နဲ့