အိမ်မှာမွေးထားတဲ့ တိလေးတွေအတွက် ဘာမဆို လုပ်ပေးကြတဲ့သူတို့ရဲ့ ကြည်နူးစရာဓာတ်ပုံများ

မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

အိမ်မှာမွေးထားတဲ့ အိမ်မွေးတိလေးတွေဟာ မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းလို့ ဆိုရရင်မမှားပါဘူး။

အမြဲတမ်းအနားမှာရှိပေးတဲ့ သူတို့လေးတွေအတွက် လူတွေကလည်း အကောင်းဆုံးဆိုတဲ့ အရာတွေကို ပြန်လည်ပေးသင့်ပါတယ်။

အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ အိမ်မှာမွေးထားတဲ့ အဖော်တိလေးတွေအတွက် အကောင်းဆုံးတွေဖြစ်အောင် ဘာမဆိုလုပ်ပေးကြတဲ့ သခင်တွေပဲဖြစ်ပါတယ်။

(ဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ တင်ဆက်ထားခြင်းဖြစ်ပါသည်)

(၁)

သူ့အတွက် တကူးတက အရုပ်လက်ဆောင်လေး ဝယ်လာတာ အရမ်းမှန်သွားပြီလေ..

ကြည့်ပါအုံး သူအရုပ်လေးကို ဘယ်လောက်တောင်ချစ်နေလိုက်သလဲ။

(၂)

သခင်ရော ဝုတ်ဝုတ်ရော မိုးရာသီကို မုန်းပေမယ့် အိမ်ပြင်ထွက်ပြီး

ကျန်းမာရေးလမ်းလျှောက်ရမယ့် အချိန်ဖြစ်နေတော့လည်း (Shwe Nyan Shin)

(၃)

ဝုတ်ဝုတ်တစ်ကောင် ဒီနေ့စိတ်မကြည်ဘူးလေ…

ဒါနဲ့ပဲ သူ့အတွက် ရေနွေးအိတ်လေး အနားမှာထားပေးလိုက်တာ အဲ့က အနွေးဓာတ်လေးနဲ့ သူစိတ်ချလက်ချပဲအိပ်နေရှာတယ်။

(၄)

မွေးရာပါ နားရွက်မပါလာတဲ့ ယုန်လေးအတွက်

သခင်ရဲ့ ချစ်စရာအကောင်းဆုံးလက်ဆောင်လေး… (Shwe Nyan Shin)

(၅)

ဝုတ်ဝုတ် လှေကားတက်ရတာခက်နေလို့ သခင်က လှေကားထစ် အပိုလေး ထပ်လုပ်ပေးတယ်လေ..

အဲ့ဒါကြောင့် ခုနောက်ပိုင်း လွယ်လွယ်ကူကူဖြစ်သွားတာ။

(၆)

ဒုက္ခရောက်နေတဲ့ ခွေးလေးကို ကယ်ဆယ်ပြီး မွေးထားတာဖြစ်လို့ သူလေးရဲ့ မွေးနေ့ကို မသိပါဘူး။ ဒါပေမယ့် သူ့အတွက်မွေးနေ့ပွဲလည်းကျင်းပသင့်ပါတယ်။

ဒါနဲ့ပဲ အဖေ့မွေးနေ့မှာ အဖေ့အတွက်ရော သူ့အတွက်ပါ မွေးနေ့တစ်ခါတည်း ကျင်းပပေးလိုက်တာပါ။

(၇)

ဝုတ်ဝုတ်က အိမ်ပြင်မှာ မိုးကြိုးတွေပစ် မိုးတွေကြီးရင် ကြောက်တတ်တယ်လေ… (Shwe Nyan Shin)

ဒါနဲ့ သခင်က ယူကျူ့ကနေ တိလေးတွေ မိုးကြိုးမုန်တိုင်းတွေကို မကြောက်ဘဲ စိတ်ပေါ့ပါးသွားစေမယ့် သီချင်းလေးရှာပေးပြီး နားထောင်ခိုင်းထားပါတယ်။

သခင်ရဲ့ headphone ကလည်းဝုတ်ဝုတ်နဲ့ ကွက်တိဆိုတော့ အဆင်ပြေတာပေါ့

(၈)

ကြောင်တွေကို အပြင်မထွက်စေချင်ပေမယ့်လည်း သူတို့လေးတွေကအရမ်းထွက်ချင်နေတော့

နှစ်ဦးနှစ်ဖက်အဆင်ပြေစေမယ့် နည်းလမ်းလေးနဲ့ ဖြေရှင်းလိုက်တယ်လေ…

ဒီတော့ သူတို့လည်းအပြင်ထွက်ရတယ်..

ကိုယ်တွေလည်း စိတ်ချရတာပေါ့။ (Shwe Nyan Shin)

(၉)

ဝုတ်ဝုတ်အတွက် သီးသန့်အိမ်လေးအဖြစ်

သခင်က စီစဉ်ပေးထားတာလေ.

(၁၀)

ကိုယ်က နေရာစုံလျှောက်သွားရပေမယ့်

ခွေးမွေးထားတော့ သူ့အတွက်လည်း စဉ်းစားထားရတာပေါ့။

(၁၁)

အိမ်မှာမွေးထားတဲ့ ဌက်ထီးလေးအတွက် အဖော်ရအောင် အမတစ်ကောင် ထပ်ဝယ်လာတာလေ

သူတို့က သိပ်ကိုချစ်ပြနေတယ်။

(၁၂)

ကားနောက်မှာ လိုက်စီးရင် ခွေးလေးရဲ့ မျက်လုံးတွေ ခြောက်သွေ့ပြီး

အမှုန်အမွှားတွေနဲ့ ထိခိုက်မှာစိုးလို့ မျက်မှန်လေးတပ်ပြီးခေါ်လာပေးတာပါ။

(၁၃)

ဝုတ်ဝုတ်က ကဲချင်နေတာ….သခင်က အသက်အန္တရာယ်လုံခြုံဖို့ ကားစီးရင် ခါးပတ်စီးရတယ်ဆိုပြီး ပတ်ပေးထားတယ်လေ..

သူလုပ်ရာချင်ရာလုပ်ပြီးမှ ဝုတ်ဝုတ်ကို ပြုံးကြည့်နေတယ်။ (Shwe Nyan Shin)

(၁၄)

အိမ်ကကြောင်လေးအတွက် အနွေးဓာတ်ပေးတဲ့ ဖျာလေး ဝယ်ပေးထားတာ

သူ့အတွက် အရမ်းအဆင်ပြေနေပုံပဲ။

(၁၅)

နားရွက်မရှိတဲ့ ခွေးမလေးအတွက် အကောင်းဆုံးလက်ဆောင်ပါပဲ။

သူနဲ့ ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲ။

(၁၆)

ခန္ဓာကိုယ်နာကျင်ကိုက်ခဲတတ်တဲ့ ခွေးလေးအတွက်

နွေးထွေးစေဖို့ စောင်လေး ဝယ်ပေးထားတဲ့ သခင်။

(၁၇)

ချစ်သူဟောင်းနဲ့ လမ်းခွဲလိုက်တာ ၂နှစ်ကြာနေပြီဖြစ်ပေမယ့်

သူကတော့ ကျွန်မရဲ့ ခွေးလေးမွေးနေ့ရောက်တိုင်း အမှတ်တရ မွေးနေ့ကတ်လေးတွေ ပို့ပေးနေတုန်းပါပဲ။

(၁၈)

အိမ်မှာတစ်ကောင်တည်းနေရတာ ကြောက်တတ်တဲ့ ခွေးလေးမလို့

အပြင်သွားတိုင်း သူလေးကို အခုလို ခေါ်ပြီး အပြင်သွားရတာပါ (Shwe Nyan Shin)

(၁၉)

ဘယ်ဘက်ကဓာတ်ပုံကတော့ သူ့ကို မွေးစားမယ့်သူမရှိသေးလို့ မှိုင်တွေနေတဲ့ ရုပ်လေးဖြစ်ပြီး

နောက်ထပ်တစ်ပုံကတော့ သူ့ကိုချစ်ခြင်းမေတ္တာတွေအပြည့်ပေးလို့ ပျော်ရွှင်နေတဲ့ ဓာတ်ပုံလေးပဲဖြစ်ပါတယ်။

(၂၀)

ဂိတ်တံခါး အသစ်လဲလိုက်တာကြောင့် ခွေးအနေနဲ့ အိမ်အပြင်ကို မမြင်ရရင် ပျင်းနေမှာစိုးလို့

ပိုင်ရှင်ကတော့ ခွေးလေးအပြင်ကို ကြည့်ရဖို့ မှန်တံခါးအပေါက်လေး ဖောက်ပေးထားတာပဲ ဖြစ်ပါတယ်။

(၂၁)

ဒီအာဝုကတော့ သူ့ကိုယ်သူ ကြီးလို့ကြီးမှန်းမသိပဲ ကလေးပေါကြီးလုပ်နေတာကြောင့်

သူ့သခင်ကတော့ သူသွားလေရာကို ခေါ်သွားနေရတုန်းပဲ ဖြစ်ပါတယ်။

(၂၂)


မိုးရေ စိုသွားမှာစိုးလို့ ခွေးလေ ၂ ကောင်အတွက် မိုးကာအင်္ကျီကို

အလုပ်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်က စိတ်ရှည်လက်ရှည်နဲ့ ပြင်ဆင်ပေးနေတာပဲ ဖြစ်ပါတယ်။

(၂၃)

ဒါကလည်း အိမ်က ခွေးလေးမပျင်ရအောင် ခြံတံခါးပေါက်မှာ

အပေါက် သုံး ပေါက် ဖောက်ပေးထားတာပဲ ဖြစ်ပါတယ်။

(၂၄)

မြောက်လေး နွေးသွားအောင်လို့ ရင်ဘတ်ထဲမှာ ထည့်ပြီးတော့

ပွေ့ပိုက်ထားပေးတာပဲ ဖြစ်ပါတယ်။

(၂၅)

အများသုံးအိမ်သာမှာ တွေ့ခဲ့တဲ့ ချစ်စရာ အာဝုလေး ။

ဘယ်လိုတောင် ချစ်ဖို့ ကောင်းနေလဲ မသိဘူးနော်။

 

တိလေးအတွက် အကောင်းဆုံးလုပ်ပေးထားတဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးခဲ့တာပါ။

ပရိသတ်တွေရဲ့ ရင်ကို အလှုပ်ခတ်နိုင်ခဲ့ဆုံး ဓာတ်ပုံလေးက ဘာလေးဖြစ်မလဲ။ ပြန်လည်ပြောပြပေးခဲ့ကြပါအုံးနော်။

Writtenn By Yoshi (Shwe Nyan Shin)

Ref:Brightside

  နဲ့