မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
တစ်ခါတည်းကြည့်ရုံနဲ့ သဘောမပေါက်နိုင်တဲ့ ဓာတ်ပုံတွေကိုကြည့်ရင်း အဖြေရှာရတာကလည်း စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။
ဒါကြောင့်လည်း ဒီလိုဓာတ်ပုံတွေဖြစ်လာအောင်တောင် တမင်ဖန်တီးကြသေးတာပဲဖြစ်ပါတယ်။
တကယ်လို့ အမြင်အာရုံကို ရှုပ်ထွေးသွားအောင် လှည့်စားနိုင်တဲ့ ဓာတ်ပုံတွေကို ကြည့်ရတာ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဖော်ပြပေးထားတဲ့ ပုံလေးတွေကို ကြည့်ရှုလိုက်ကြပါအုံး
(ဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)
(၁)
ဘောင်းဘီတို ဝတ်ထားတဲ့ ကောင်မလေးက ခြေသလုံးမွှေးတွေများလိုက်တာလို့ တွေးမိလိုက်ပေမယ့်
တကယ်တမ်းလက်တွေ့မှာတော့ ကောင်မလေးရဲ့ခြေထောက် မဟုတ်ဘဲ ကောင်လေးရဲ့ လက်ဖြစ်နေခဲ့တာပါ။
(၂)
ပို့စ့်တွေအပီအပြင်ပေးနေလို့ ကင်မရာချိန်ရိုက်နေတာများလား…
ရုတ်တရက် ကြည့်လိုက်ရင် တစ်ရှူးဘူးက ကင်မရာနဲ့တူနေတာပါ။
(၃)
သူ့မျက်နှာနဲ့ ကိုယ်ဝန်ဆောင် ခန္ဓာကိုယ်
လိုက်ဖက်သားပဲ
(၄)
ပေါက်ပေါက်ဆုပ်တွေဆိုပြီး စားချင်စိတ်ပေါ်လာစေတဲ့
ဒီအရာကတော့ ကျောက်တုံးတွေပါတဲ့
(၅)
မွေးကာစ ကလေးလေးရဲ့ ဆံပင်သန်စွမ်းမှုကို ကြည့်လိုက်ပါအုံး..
ကလေးအဖေက အဲဗစ်စ် ပရက်စလေ ဖြစ်မယ်ထင်တယ်နော်
(၆)
တိရစ္ဆာန်တွေတင် ပတ်ဝန်းကျင်နဲ့ လိုက်အောင် ကိုယ်ယောင်ဖျောက်တတ်တာမဟုတ်ပါဘူး။
လူတွေလည်း ပတ်ဝန်းကျင်နဲ့ ကိုက်ညီအောင် ကိုယ်ယောင်ဖျောက်တတ်ပါတယ်နော်။
(၇)
ကောင်မလေးရဲ့ ဓာတ်ပုံမှာ တစ်ခြမ်းက ဆံပင်အကောက်အမည်းရောင်ဖြစ်နေပြီး
တစ်ဖက်မှာတော့ တိုင်ကြောင့် ရွှေဝါရောင် ဆံပင်အဖြောင့်လေးလို့ အထင်မှားစရာဖြစ်သွားခဲ့ပါတယ်။
(၈)
အဲ့ဒီနေရာမှာ လှေကားရှိတယ်ဆိုတာကိုသာ မသိထားခဲ့ရင်လည်း
ရဲကြီးကို ဧရာမလူကြီးလို့ ထင်သွားကြမှာပါပဲ။
(၉)
ရှော့ပင်းမောတစ်ခုက သန့်စင်ခန်းထဲကို ဝင်ဝင်ချင်းပဲ တံခါးတွေကကြည့်ရတာ ညစ်ပတ်လွန်းလို့ သန့်ရှင်းရေးတွေမလုပ်ကြဘူးထင်ထားတာ..
အနားရောက်မှာပဲ ဒါက ဒီဇိုင်းသက်သက်ဆိုတာကို သိလိုက်ရတယ်။
(၁၀)
ဘောင်းဘီပြောက်ကျားဝတ်ထားရင်
ဘယ်အချိန်မဆို ကိုယ်ယောင်ဖျောက်လို့ရတာ တွေ့တယ်မလား။
(၁၁)
မြင်းမျက်နှာဖုံး တပ်ထားသလားဆိုရလောက်အောင် အရမ်းကို ပြီပြင်လွန်းနေတယ်
ဘယ်နှခါကြည့်ကြည့် မျက်လုံးအမြင်မရှင်းတာအမှန်ပါပဲ။
(၁၂)
လူတွေ တက်လာတာကို မြင်မှပဲ လှေကားကို အပေါ်ဟိုးအမြင့်ကနေ
စီးမိုးရိုက်ထားတဲ့ ဓာတ်ပုံဆိုတာကို သဘောပေါက်တော့တယ်။
(၁၃)
လက်လေးကို ကိုင်ထားပေး ကြောက်လို့ပါ…
တိုက်ဆိုင်ချက်ကတော့ ကိုယ့်ဘာသာကိုယ် အင်္ကျီလက်ခေါက်တင်နေပေမယ့် လက်ကို ကိုင်ထားပေးသလိုဖြစ်သွားတာပါပဲ။
(၁၄)
ကင်မရာရှုထောင့်ကြောင့် အန်စတာဒမ်မြို့က တြိဂံပုံစံ အဆောက်အဦးကြီးက 2D အဆောက်အဦးနဲ့တူသွားခဲ့ပါတယ်။
ဒီဘက်ကနေဆိုရင် ပရိသတ်တို့ ပိုပြီး သဘောပေါက်လောက်ပါပြီ။
(၁၅)
ရုပ်လေးက ချစ်ဖို့ကောင်းနေတော့လည်း
အရုပ်မခန္ဓာကိုယ် လောက်ပဲ ရှိလည်း လှတာပဲ ကလေးက…
(၁၆)
တကယ်တမ်း လက်တွေ့မှာတော့ အိမ်က စောင်းနေတာမဟုတ်ဘဲ ကားတွေက ကုန်းဆင်းလျှောတစ်ခုမှာ ရပ်ထားလို့ပဲဖြစ်ပါတယ်။
ဘေးအိမ်ကိုကြည့်ရင် သိသာပါတယ်။
(၁၇)
အဆိုတော်ရဲ့ အဝတ်က အစက ရှည်ကျနေပြီး ရုတ်တရက် ကြည့်လိုက်တော့
ခြေထောက်သုံးချောင်းပိုင်ရှင် ဖြစ်သွားတာပါပဲ။
(၁၈)
နှာခေါင်းချင်းဆက်သွားကြတော့ ကောင်မလေးရဲ့နှာခေါင်းက
အရှည်ကြီးလိုလိုဖြစ်သွားတာပါ။
(၁၉)
မော်ဒယ်တွေလို ခြေထောက်သွယ်သွယ်လျလျလေးကို
ပိုင်ဆိုင်ထားတဲ့ ခွေးလေးပါပေါ့..
(၂၀)
ကောင်မလေးရဲ့ သရုပ်မှန်ကို ဖော်ထုပ်လိုက်တဲ့ အရိပ်ပါ..
ဓာတ်ပုံရိုက်ရင် သတိထားနော်..တော်ကြာ အပြင်မှာ လှနေပေမယ့် အရိပ်ထဲကျ အခုလိုဖြစ်သွားရင် မကောင်းဘူး။
(၂၁)
ချီမြှောက်ထားတဲ့ ခန္ဓာကိုယ်ရဲ့ ပိုင်ရှင်ကို
ကိုယ်တိုင်သာရှာကြည့်လိုက်နော်…
(၂၂)
ရေပိုက်ကို သာမန်နဲ့မတူအောင် ဒီဇိုင်းဆန်းလိုက်တော့
ရေတွေထွက်ကျလို့ လျှံနေတဲ့ ရေပိုင်တစ်ခုနဲ့ တူသွားတာပဲဖြစ်ပါတယ်။
(၂၃)
ကော်ဖီကနေ ကျန်ခဲ့တဲ့ အစွန်းအထင်းက
ဘာကောင်လေးနဲ့ တူနေသလဲ
(၂၄)
ဒီပုံက ကြည့်ရတာ ဖိုတိုရှော့မလုပ်တတ်တဲ့သူ လုပ်ထားသလိုနဲ့ တူမနေဘူးလားနော်။
တကယ်တော့ ဒါက အပြင်မှာ တကယ်ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးပါ
(၂၅)
အရည်ပျော်ပြီး
ဖတ်တီးပုတ်ဖြစ်နေတဲ့ ကြောင်များလား
ဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံတွေကို နားလည်ဖို့ ဘယ်နခေါက်များကြည့်လိုက်ရလဲ..တစ်ခေါက်တည်းနဲ့တင် နားလည်လိုက်တယ်ဆိုရင်တော့ တော်တော်လေးမျက်စိလျင်တယ်ဆိုရမှာပါပဲ။ကြည့်ခဲ့ရင်းနဲ့ သဘောကျခဲ့တဲ့ ဓာတ်ပုံလေးတွေရှိရင် ပြန်ပြောပြခဲ့ပါအုံးနော်။
Written By Yoshi(Shwe Nyan Shin)
Ref:Brightside