မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ရုပ်ရှင်ဇာတ်ကား အမျိုးအစားတွေ ရှိပေမယ့်လည်း တချို့က တော့ ထိတ်လန့်သည်းဖိုဆိုတဲ့ အရာတွေကို ကြိုက်နှစ်သက်ကြပါတယ်။
ကြောက်နေရတဲ့ ဖီလင်ကိုကြောက်တာကြောင့် တမင်ကို ကြောက်စရာကောင်းတာတွေကို ရွေးကြည့်ကြလေ့ရှိပါတယ်။
ကြောက်စရာခံစားချက်ကို ပေးစွမ်းနိုင်ပြီး ထိတ်လန့်သည်းဖိုဖြစ်စေနိုင်တဲ့ ကြောက်စရာဓာတ်ပုံတွေကို ဖော်ပြပေးလိုက်တာမလို့ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံးနော်။
(ဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)
(၁)
ကြောက်စရာသရဲကားတွေထဲမှာတော့ ပင့်ကူမျှင်ထူထူထဲထဲကြီးတွေက အတော်လေးကို ကျောချမ်းစရာကောင်းလှပါတယ်။
တကယ်လို့ လူမရှိသူမရှိ အိမ်ကြီးထဲမှာ အခုလိုမျိုးနေရာကြီးကို ဖြတ်သန်းသွားလာရမယ်ဆိုရင် ကော သွားရဲကြလား
(၂)
မနက်ခင်းတစ်ခုမှာ အိပ်ရာက ရုတ်တရက်လန့်နိုးလာချိန် ပြတင်းပေါက်အပြင်ဘက်ကို အမှတ်မထင်ကြည့်လိုက်ရတဲ့အခါ
ဒီမြင်ကွင်းကို သာမြင်ရမယ်ဆိုရင်တော့..
(၃)
သွားတိုက်တံကို ဘာမှမဖြစ်သလို ယူပြီး သွားတိုက်ရဲလား
ပင့်ကူကြောက်တတ်သူတွေအတွက်တော့ ဒါက အိမ်မက်ဆိုးထက်တောင် ပိုဆိုးပါတယ်။
(၄)
မိုက်ခရိုဝေဗ့်ကို စူးစမ်းနေတဲ့
စပါးအုံးမြွေကြီး
(၅)
သောက်လက်စ ပိုက်ထဲမှာ ပင့်ကူက ဘယ်ကနေ ဘယ်လိုရောက်နေမှန်းမသိပါဘူး။
ပိုက်ကို လွှင့်ပစ်မယ့်အစား အအေးကိုပါ တစ်ခါတည်းလွှင့်ပစ်လိုက်တာ ကောင်းပါတယ်လေ
(၆)
စက်လှေကားတွေ စီးရင် လူတိုင်း တွေးတွေးပြီး ကြောက်တတ်တဲ့ အရာတစ်ခု…
ဘယ်တော့မဆို ဂရုစိုက်စီးသင့်ပါတယ်နော်။
(၇)
ဒီပုံကိုကြည့်ပြီး နောက်ဆို တွေ့ရာစမ်းချောင်းတွေ၊မြစ်ကမ်းတွေမှာ
ရေဆော့ဖို့ဆိုတာ စဉ်းစားရတော့မယ်။
(၈)
အပေါက်တွေအများကြီးကို ကြည့်လိုက်တာနဲ့ တင်
ရွံကြောက်တတ်သူတွေအတွက် အိမ်မက်ဆိုးတစ်ခုပါပဲ။
(၉)
ဒီဓာတ်ပုံကို ရိုက်တဲ့သူ
ဘာမှမဖြစ်လောက်ဖူးလို့ မျှော်လင့်ပါတယ်။
(၁၀)
အိမ်ရှေ့ကို ခပ်တည်တည်ပဲ လမ်းမှားပြီးရောက်ရှိလာတဲ့
ဦးချိုပြား သမင်ကြီးတစ်ကောင်
(၁၁)
ကားလိုက်စီးအုံးမလား
(၁၂)
ညဘက် တစ်ယောက်တည်း လူသူမရှိတဲ့ ဆေးရုံပျက်ကြီးတစ်ခုရှေ့ကနေ
အေးအေးဆေးဆေး ဖြတ်လျှောက်ရဲလား
(၁၃)
နံရံပေါ်မှာ ဆေးမှုတ်ရင်လည်း တခြားပုံတွေဆွဲကြပါ..
ညဘက်တစ်ယောက်တည်း အိမ်ပြန်နေပါတယ်ဆိုမှ ဒီပုံတွေက ကြောက်စရာကို ဖြစ်လို့..
(၁၄)
ရုတ်တရက် သာမြင်လိုက်ရင် နှလုံးသွေးဒိန်းကနဲ ဆောင့်တက်သွားစေနိုင်တဲ့ အရုပ်..
ကျောချမ်းစရာကြီး
(၁၅)
ဒီလိုမျိုးကြောက်စရာကောင်းတဲ့ ရိုက်ချက်တစ်ခုကိုတော့
စတိုးဆိုင်တစ်ခုရဲ့ စီစီတီဗီတစ်ခုက ဖမ်းမိခဲ့တာပဲဖြစ်ပါတယ်
(၁၆)
ဌက်တွေအများကြီး ကောင်းကင်ပေါ်မှ လေဆင်နှာမောင်းလို ပျံဝဲနေတာပါ။
ဒီလောက်ဌက်အုပ်ကြီးရဲ့တိုက်ခိုက်မှုကိုသာခံရမယ်ဆိုတော့ မသက်သာဘူး။
(၁၇)
တံခါး ဖွင့်တိုင်း ဧည့်သည့်ကို ကြိုပေးမယ့် ပင့်ကူကလည်း အဆင်သင့်ပါပဲ
ဧည့်သည်ကတော့ ဝင်ဝင်ချင်း လိပ်ပြာလွင့်အောင် အော်မိမှာပေါ့
(၁၈)
ပင့်ကူပုံစံနဲ့ တူနေတဲ့ အုန်းဂဏန်းအကြီးကြီးတစ်ကောင်ဖြစ်ပါတယ်။
ကမ်းခြေမှာ အပန်းဖြေနေတုန်း ရုတ်တရက် ဆိုသလို ကိုယ့်အနားကို ရောက်လာခဲ့ရင်…
(၁၉)
ဆံပင်ညှပ်ထားတဲ့ အပိုင်းအစကြီးက အမှိုက်ပုံးထဲက ထိုးထွက်နေတာပါ။
ဒါပေမယ့် ရုတ်တရက်ကြည့်လိုက်ရင်တော့ ကြောက်စရာကောင်းတဲ့ ခံစားချက်ကို ရစေမှာပါ။
(၂၀)
ဒီနက်ရှိုင်းပြီး မှောင်မိုက်တဲ့ တွင်းနက်ကြီးက သင့်ကို ဘယ်လိုခံစားရစေပါသလဲ။
ရေတွေကလည်း အထဲကို ဝင်တော့မယောင်ယောင်နဲ့ တော်တော်လေးကို စိတ်ညစ်ညူးစရာကောင်းတဲ့ မြင်ကွင်းမျိုးပဲ ဖြစ်ပါတယ်။
ဒီလို တွင်းထဲကို စူးစမ်းလေ့လာဖို့ စိတ်ဝင်စားပါသလား။
(၂၁)
မင်းသွားချင်တဲ့နေရာကို သွားဖို့ဒီစင်္ကြံကို လမ်းလျှောက်ဖို့လိုတယ်ဆိုပါစို့..။
သင်သွားမှာလား..။ အလင်းရောင်တွေကလည်း တစ်စ တစ်စနဲ့ မှိန်များသွားမယ်ဆိုရင်…
သေသေချာချာကြည့်ပြီး ခံစားကြည့်လိုက်ပါဦး။
(၂၂)
လှေကားအောက်ကို တဖြေးဖြေးချင်းဆင်းသွားတာနဲ့
လှေကားအဆင့်တိုင်းက အမှောင်ထုထဲကို လုံးလုံး ရောက်အောင် ပို့ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။
(၂၃)
အမှောင်ထုရှိတဲ့ဖက်ခြမ်းဆိုတာ နေ့အချိန်ဖြစ်ပါစေ အလွန်ကြောက်စရာ ကောင်းနိုင်တယ်ဆိုတာ
ဒီဓာတ်ပုံလေး ကြည့်တာနဲ့တင် သိနိုင်ပါတယ်။
(၂၄)
ရေထဲကိုကြည့်လိုက်ချိန် ဒီလိုပုံပေါ်လာခဲ့မယ်ဆိုရင်ရော…
ရေချိုးခန်းထဲက အုတ်ကန်ထဲကိုလည်း ညဖက်တွေမှာ မကြည့်ကြပါနဲ့နော်။
(၂၅)
ဘယ်လိုတွေတောင် ရှည်လျားနေတဲ့ ခွေးကြီးပါလိမ့်
သူ့ပုံစံနဲ့ အမူအရာကြောင့် ညဖက်များရုတ်တရက် တွေ့လိုက်ရရင် ခွေးသရဲလို့တောင် ထင်မှတ်မှားသွားစေနိုင်ပါတယ်။
သူဟောင်နေတဲ့ ပုံစံကလည်း သရဲကိုတွေ့လို့ ဇွတ်ထိုးဟောင်နေတဲ့ပုံစံမျိုးပါ။
(၂၆)
သူငယ်ချင်းနှစ်ယောက် ဓာတ်ပုံရိုက်နေတဲ့အချိန် အနောက်မှာ မဖိတ်ထားတဲ့ ရောက်လာတဲ့သူ
တမင်များ နောက်ထားကြတာလား မသိပါဘူးနော်။
ဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံတွေထဲက ဘယ်နံပါတ်က ကြောက်စရာအကောင်းဆုံးဖြစ်စေခဲ့မလဲ..ကိုယ့်ဘဝမှာကော ဘယ်လို အရာတွေကို အကြောက်တတ်ဆုံးလဲဆိုတာ ပြောပြပေးခဲ့ပါအုံးနော်.
Written By Yoshi(Shwe Nyan Shin)
Ref:Brightside