မင်္ဂလာပါ။
ရွှေညဏ်ရှင်ပေ့ချ်မှ ပြန်လည်ကြိုဆိုက်ပါတယ်။အချိန်ကိုက်ရိုက်ကူးထားမိတဲ့ ဓာတ်ပုံတွေအကြောင်းကို အရင်က ရွှေညဏ်ရှင်ပေ့ချ်မှာ ဖော်ပြဖူးတာကြောင့် ကြည့်ဖူးကြမှာပါ။
အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ အချိန်ကိုက်ရိုက်ကူးမိခဲ့တဲ့ ဓာတ်ပုံတွေလို့ ဆိုနိုင်သလို အချိန်ကောင်းမှာ ရိုက်ကူးမိခဲ့တာတွေလည်း ဖြစ်ပါတယ်။
မြင်သူတိုင်းကို ရှုပ်ထွေးသွားစေနိုင်တယ်လို့ ပြောတဲ့ ဒီဓာတ်ပုံလေးတွေကို ဆက်ကြည့်လိုက်ကြရအောင်နော်။
(ဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်းဖြစ်ပါသည်)
(၁)
ကြီးမားတဲ့ ရေလှိုင်းကြီးထဲက နေ လွတ်သွားအောင် စူပါဟီးရိုးဆန်ဆန် ဆိုင်ကယ်စီးပြီး ထွက်လာခဲ့တဲ့ မိသားစု…
သူတို့တော မသိဘူး..ဓာတ်ပုံကိုကြည့်ရတာ လှိုင်းစီးချင်စိတ်တွေတောင်ဖြစ်သွားတယ်။
(၂)
သူငယ်ချင်းအိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်အသစ်မွေးတယ် လိုက်ကြည့်မလားလို့ ခေါ်လို့ လိုက်လာခဲ့တာပါ…
အိမ်ထဲမရောက်ခင်အထိ ငါးလေးလား..ခွေးလေးလား..ကြောင်လေးလား..ယုန်လေးလား တွေးခဲ့ပေမယ့် အိမ်ထဲအရောက်မှာတော့ အခုလိုမြင်တွေ့လိုက်ရတော့တာပါပဲ။
(၃)
ဘယ်မှာလဲ လို့မေးလိုက်ရင် gym ရောက်နေတယ်ပဲ ဖြေနေကျ သူငယ်ချင်းတွေ
သူနဲ့ ဗလချင်းယှဉ်ကြမလားလို့..
(၄)
ခေါင်းပြတ်ကြီးလည်း ချစ်မှာပဲ ..ကြက်သီးထစရာကောင်းလွန်းတဲ့ ဒီဓာတ်ပုံက အမြင်အာရုံကို လှည့်စားထားတာပါ။
ဘယ်လိုလဲ ကောင်မလေးမှာ ခန္ဓာကိုယ်ရှိတယ်ဆိုတယ်လို့ မြင်ယောင်ကြည့်လို့ ရရဲ့လား..
(၅)
ကောင်မလေးတစ်ယောက်တည်း ရှိုးပွဲသွားမှာကို စိတ်မချလို့ လိုက်လာပေမယ့်
ဂိမ်းကိုလည်း စိတ်ချလက်ချ ပစ်ထားလိုက်လို့မရတဲ့အခါမှာ..
(၆)
ဆိုးဆိုးရွားရွား
(၇)
မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတာကို သူ့ခန္ဓာကိုယ်လေးနဲ့ မလိုက်တဲ့ နေရာကို
မရရအောင်တက်ပြီး သက်သေပြလိုက်တဲ့ ကြောင်သေးသေးလေး..
(၈)
ဘာမှလုပ်လို့မရမယ့်အတူတူ ထိုင်ပြီး လေပေါနေလိုက်ကြရအောင်
(၉)
ခွေးလေးကို စီးနေတဲ့ မျောက်လေးရဲ့ မျက်နှာအနေအထားကို ကြည့်လိုက်ရင်
အရှေ့က ထွက်ပြေးနေတဲ့ ဆိတ်လေးကို လိုက်ဖမ်းနေသလိုပါပဲ….
(၁၀)
မိုးကြီးလွန်းတော့ ရထားဘူတာမှာရေလျှံတဲ့အပြင်
ရထားလမ်းတွေကိုပါ ရေကျော်နေပါပြီ။
(၁၁)
အမျိုးကောင်းသားတိုင်း
မနာလိုဖြစ်သွားရမယ့် ဓာတ်ပုံတစ်ပုံ
(၁၂)
အလုပ်မကောင်းလို့ ပြောင်းလုပ်နေရပေမယ့် တကယ့်ဘဝအမှန်က ပင်လယ်ဓားပြဆိုတော့လည်း..
ကြည့်ပါလား သူ့မျက်လုံးတစ်ဖက်ကို လျှာလေးနဲ့ ပိတ်ထားတဲ့ ခွေးလေး
(၁၃)
အိမ်မပိုင်ရင် ဂေါ်လီမရိုက်နဲ့ဆိုတဲ့ အကြောင်းကို
အမျိုးသမီးထုကြီးမှ အမျိုးသားထုကြီးကို ပညာပေးပြနေပုံ
(၁၄)
အပြင်သွားတိုင်း လူတိုင်းရဲ့ အာရုံကို
ကိုယ်ကပဲ ဖမ်းစားချင်နေတဲ့အခါမှာတော့…
(၁၅)
ကြိုက်တဲ့ကောင်လာခဲ့..မိုက်ရင် ဖိုက်ပါမယ်လို့
လက်ဟန်ခြေဟန်နဲ့ ကြုံးဝါးနေတဲ့ သမီးလေး..
(၁၆)
နေပါအုံး..ဒါက ဘယ်လိုဖြစ်ရတာလဲ..
ပြီးတော့ အဲ့လိုဖြစ်အောင် ဘယ်သူက တက်ချိတ်ထားတာလဲ။
(၁၇)
မျက်နှာကို မမြင်လိုက်ရင်
လက်ပုံစံတူ လုပ်ထားတဲ့ ရုပ်တုကြီးလို့ ထင်မိမှာတကယ်ပါ။
(၁၈)
Animation ဇာတ်ကားထဲကလို အပြင်မှာ
တစ်ပုံစံတည်းတူအောင် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။
(၁၉)
လမ်းမပေါ်မှာ မုန့်စားတတ်ရင် အခုလို အလစ်ချောင်းပြီး
လုစားတတ်တဲ့ ကောင်လေးတွေလည်းရှိပါတယ်နော်..
(၂၀)
ပင်လယ်ကမ်းခြေ သွားချင်နေပေမယ့်
ကိုဗစ်ကြောင့် လော့ခ်ဒေါင်း ကာလဖြစ်နေတော့..
(၂၁)
အိမ်မှာတင် ဗိုလ်ကျတာ အားမရလို့
အပြင်သွားတာတောင် ဆရာကြီးလိုက်လုပ်နေတဲ့ မြောင်ပါ…
(၂၂)
ဖက်ရှင်ပြပွဲမှာ မော်ဒယ်တွေ ဝတ်ပြတာမှ ဝတ်ချင်တယ်ဆိုတဲ့ ပျိုမေတွေအတွက်
ဒီဇိုင်းအသစ်လေးနော်..ဝတ်ရဲရင် ဝယ်ကြပါအုံး
(၂၃)
ပေါင်မုန့်ရဲ့အရသာကို မြည်းကြည့်ပြီး
သဘောကျနေတဲ့ သမင်လေး
(၂၄)
ကာတွန်းကားတွေထဲမှာ မြေကြီးကော်စက်က သေးတယ်လေ…
အပြင်မှာ လက်တွေ့မြင်ရပြီဆိုတော့ သူငယ်ချင်းတွေကိုပါ ဖုန်းဆက်ခေါ်ပြီး ထိုင်ကြည့်ကြတာပေါ့
(၂၅)
သူငယ်ချင်း မင်းရောက်နေတဲ့ နိုင်ငံကရာသီဥတု က ဘယ်လိုနေလဲ…နေလို့ကောင်းလား..
ရာသီဥတုအခြေအနေကတော့ ပုံထဲသာကြည့်လိုက်ပါတော့..
(၂၆)
သူငယ်ချင်း ထင်လို့ လာနှုတ်ဆက်လိုက်တာပါ။
ဆောရီးနော် လူမှားသွားတယ်..
ဓာတ်ပုံတွေကို ကြည့်ပြီး ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို နားလည်လိုက်ကြရဲ့လား..ကိုယ့်ရဲ့ အမြင်လေးတွေကို ကောမန့်မှာ ပြန်လည်မျှဝေပေးခဲ့ကြပါအုံး
Written By Yoshi (Shwe Nyan Shin)
Ref:Brightside