မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်က ပြန်လည်ကြိုဆိုလိုက်ပါတယ်။
သင့်အနေနဲ့ နေ့စဉ်မြင်တွေ့နေကျ အရာတွေကို ပျင်းရိနေပြီ၊ဖြစ်ချင်တာတွေ မဖြစ်နိုင်တော့ဘူးလို့ ထင်နေရင်
ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာတွေအများကြီးရှိနေသေးတယ်ဆိုတာပြန်သတိရသင့်ပါတယ်။
ကမ္ဘာပေါ်က အရာတွေအကြောင်းကို လူတွေသိတာ အနည်းငယ်ပဲရှိသေးတာကို သက်ပြေနေတဲ့ ဓာတ်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်။
(ဖော်ပြပါ အကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှ ဘာသာပြန်တင်ဆက်ထားခြင်းဖြစ်ပါသည်)
(၁)
ပုံထဲမှာ မြင်နေရတာက သစ်ကိုင်းခြောက်လေးထောင်နေရတာလည်းမဟုတ်ပါဘူးနော်။
တကယ်တော့ ကောင်းကင်ပေါ်ကို လွှတ်တင်လိုက်တဲ့ အာကာသယာဉ်ကို ဓာတ်ပုံလှမ်းရိုက်ထားတာပါ။
(၂)
ဒီဖဲချပ်ပေါ်မှာ စိန်တုံးတွေကို
အင်္ဂလိပ်ဂဏန်းနံပါတ် 8 ပုံစံအတိုင်း ပုံဖော်ထားတာပါ
(၃)
ပုံထဲမှာ ကြယ်ငါးရဲ့ အရောင်အသွေးနဲ့ ပုံစံက
စိတ်ကူးယဉ်ဇာတ်ကားတွေထဲက အာကာသယာဉ်နဲ့တောင် တူနေသလိုပဲ။
(၄)
မြက်ခင်းပြင်ကို မိုးကြိုးပစ်ပြီးတဲ့နောက်
မြက်ခင်းပြင်ပေါ်မှာ အခုလိုပေါ်လာခဲ့တာပါပဲ။
(၅)
ကောင်းကင်ပေါ်မှာပေါ်နေတဲ့ ရောင်စုံသက်တန့်က
ဝက်ဝံပုံစံမျိုးပေါ်နေတာပါ။
(၆)
အဲလက်စ်မိုသီးရီယမ်လို့ ခေါ်တဲ့ ယူနီကွန်းကောင်ပဲဖြစ်ပါတယ်။
ဒီအကောင်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၉၀၀၀ လောက်က တည်ရှိခဲ့တဲ့ အကောင်တွေပါ။
(၇)
ဗာဂျီးနီးယားမှာရှိတဲ့ ရွာလေးတစ်ရွာမှာ
သမ္မတပုံတူအရုပ်ကြီးတွေကို အခုလိုမျိုးစွန့်ပစ်ထားတယ်လို့ သိရပါတယ်။
(၈)
ကော်ဖီဝိုင်းလေးတွေကို နေရောင်က လာထိုးနေတာကြောင့် အရိပ်ကျနေတာဖြစ်ပြီး
မသိရင် ကြည့်လို့ကောင်းတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။
(၉)
ပြတင်းပေါက်က အပြင်ကနေရောင်က အိမ်ထဲအထိ လာထင်ဟပ်နေတာပါ။
အရမ်းလှတာပဲ။
(၁၀)
ခဲတံကျိုးသွားတဲ့ ပုံစံလေးက
တမင်တကာ ပုံဖော်ထားသလိုကိုဖြစ်နေတာနော်
(၁၁)
ကောင်းကင်ပေါ်ကနေ လေယာဉ်ဆင်းသက်တဲ့အချိန်မှာ
ကောင်းကင်ကလည်း မြူတွေအုပ်ဆိုင်းနေတော့ ကြည့်ရတာ တမျိုးလေးဖြစ်နေတာပါ။
(၁၂)
ကာဇက်စတန်နိုင်ငံ အက်စတနာမှာရှိတဲ့
သိပ်ကို လှပတဲ့ ပန်းခြံမြင်ကွင်း
(၁၃)
ပန်းပွင့်လေးကို နေထိုးလို့အရိပ်ကျတာက
အရိပ်ထဲမှာတော့ ပွင့်နေတဲ့ပန်းလေးလိုပါပဲ။
(၁၄)
သစ်ငုတ်တိုကို အပေါ်ကနေ လှမ်းကြည့်လိုက်တာ
သဘာဝရဲ့ မျက်လုံးပုံစံလေးဖြစ်နေတာပါ။
(၁၅)
မုန်တိုင်းနဲ့ သက်တန့်ဆိုတာကို ဘယ်လိုမှ တွဲဖက်မမြင်ကြပေမယ့်
ဒီဓာတ်ပုံမှာတော့ နှစ်ခုလုံး တစ်ပြိုင်နက်တည်းဖြစ်ပေါ်နေတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။
(၁၆)
အတောင်ပံပေါ်မှာ စနစ်တကျ ဆေးခြယ်ထားသလို
အစက်လေး ၆ စက် ပေါ်နေတဲ့ ပိုးဖလံကောင်လေး…
(၁၇)
ဖိုတိုရှော့လုံးဝမဟုတ်ဘဲ အမေဇုန်တောအုပ်ကြီးထဲမှာရှိတဲ့ သစ်ပင်ပေါ်မှာ
လိပ်ပြာတွေ အများကြီးတကယ်နားနေတာကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။
(၁၈)
နော်ဝေးနိုင်ငံ စဗဲ့ဘက်မှာတကယ်ရှိနေတဲ့ ဝေလငါးကြီးများ…
လက်တွေ့အပြင်မှာသာ မြင်လိုက်ရရင် ပုံထဲကလိုမျိုး သူတို့ကို မော့ကြည့်ရဲပါ့မလား..
(၁၉)
မယုံနိုင်စရာ အဆင့်ဆင့်ထပ်ထားပြီး
တည်တည်ငြိမ်ငြိမ်လေးဖြစ်နေခဲ့တဲ့ ကျောက်တုံးလေးတွေ
(၂၀)
အိမ်သုတ်ဆေးကို အရောင်တစ်ပြေးတည်းဖြစ်သွားအောင်
မမွှေရသေးခင် ဒီလိုပုံစံလေးပေါ်နေတာပါ။
(၂၁)
ရေခဲမုန့်ခွက်လေးလိုလို သကြားလုံးလေးလိုလို နဲ့
ဖန်စီဆန်နေတဲ့ ခရုခွံပိုင်ဆိုင်ထားတဲ့ ခရုလေး
(၂၂)
ကားနောက်ဘက်မီးသီးက ထူးထူးဆန်းဆန်း
အခုလိုမျိုး ကြောက်စရာကောင်းတဲ့ပုံစံမျိုးပြောင်းသွားခဲ့တာပါ။
(၂၃)
သစ်ပင်ရဲ့ ပင်စည်က ဖြောင့်ဖြောင့်မတ်မတ်မရှိဘဲ
ကြည့်လိုက်ရင် ဘာလို့ အလယ်မှာ ကွဲထွက်နေပါလိမ့်..
(၂၄)
မျက်တောင်မွှေးရဲ့ တစ်ဝက်လောက်က ထူးထူးဆန်းဆန်းပဲ
အဖြူရောင်တစ်ဝက်ပြောင်းနေခဲ့တာပါ။
(၂၅)
ကားပေါ်မှာရေခဲနေတာက ပုံစံအဆန်းလေးနော်…
(၂၆)
လေယာဉ်ပေါ်မှာထိုင်နေတဲ့ခရီးသည်တွေရဲ့ အင်္ကျီအရောင်က
လေယာဉ်နံရံပေါ်မှာ လှလှပပလေး အရိပ်ထင်နေတာဖြစ်ပါတယ်။
(၂၇)
သစ်ပင်လေးက သူအဆင်ပြေကြောင်း Ok ဆိုတဲ့ ပုံစံမျိုးလေးဖြစ်နေတာပါ။
ကမ္ဘာပေါ်မှာ ထူးဆန်းတဲ့အရာတွေအများကြီးနဲ့ မမြင်ဖူးသေးတာရှိသေးကြောင်းကို ဒီဓာတ်ပုံလေးတွေက သက်သေပြခဲ့တာပဲဖြစ်ပါတယ်။
ပရိသတ်တွေတစ်ခါမှ မမြင်ဖူးဘဲ အံ့အားသင့်ခဲ့ရတဲ့ ဓာတ်ပုံလေးတွေရှိရင် ပြန်လည်မျှဝေခဲ့ပါအုံးနော်
Written By Yoshi(Shwe Nyan Shin)
Ref:Brightside