မင်္ဂလာပါ။ ရွှေညဏ်ရှင်ပေ့ချ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
တချို့သော ပစ္စည်းတွေဒါမှမဟုတ် လူတွေ ပြုမူနေတဲ့ အရာတွေက တကယ့်ကို ကြောင်တောင်တောင်နဲ့ အဓိပ္ပါယ်မရှိတာမျိုးတွေကို ကြုံတွေ့ဖူးကြမှာပါ။
အဲ့ဒီခါကျရင်တော့ လူတိုင်းရဲ့ စိတ်ထဲမှာ အဓိပ္ပါယ်မရှိလိုက်တာ ဆိုတဲ့ အတွေးမျိုး သေချာပေါက်တွေးမိကြမှာအမှန်ပါပဲ။
နေထိုင်ရာပတ်ဝန်းကျင်မှာလည်း အဓိပ္ပါယ်မရှိတဲ့ အရာတွေအများကြီးပါဆိုတဲ့
အကြောင်းကို သက်သေပြနေတဲ့ဓာတ်ပုံတွေကို ဖော်ပြပေးချင်ပါတယ်.
(ဖော်ပြပါအကြောင်းအရာသည် ရွှေညဏ်ရှင်ပေ့ချ်မှာ ဘာသာပြန်တင်ဆက်ထားခြင်းဖြစ်ပါသည်)
(၁)
မှန်မှန်ဖြေကြနော်..ကိုယ်တွေငယ်ငယ်တုန်းကလည်း သင်မယ့်ဘာသာရပ်ဖတ်စာအုပ်မပါလာရင် တခြားစာအုပ်ကို ခပ်တည်တည်နဲ့ ထိုင်ကြည့်ဖူးကြတယ်မလား..
သူလည်း အခုလိုပါပဲ လက်တော့ပ် ပုံစံတူ မုန့်ဖုတ်စက်ကို ယူလာတယ်တဲ့လေ..
(၂)
ပီကာချူးကလည်း ထင်မထားတာတွေ လုပ်တတ်တာပဲနော် ..
(၃)
သန့်စင်ခန်းက လူတိုင်းအတွက်လို့လည်း ဒီဘက်ဆိုင်းဘုတ်မှာ ရေးထားတယ်။
တံခါးဖွင့်မယ်ကြံပြန်တော့ ကာစတန်မာတွေပဲ ဝင်ရမှာတဲ့လား
(၄)
ဘော့စတွန်မြို့လမ်းမပေါ်မှာ လမ်းလျှောက်ရင်း ဒီမြင်ကွင်းကို တွေ့ခဲ့တာပါ။
လူတွေက လှည်းကို ဆွဲလာတာက မထူးဆန်းပေမယ့် အနောက်ကထိုင်စီးနေသူက ကြိုးကြီးကိုင်ထားပြီး
မြင်းလို ဝတ်ဆင်ထားတာကတော့ တကယ့်ကို အဓိပ္ပါယ်မရှိတာပါပဲ။
(၅)
ဦးလေးဖြစ်သူက သူ့ရဲ့ဆေးအိတ်ထဲကို ဆေးတွေအားလုံးထည့်ပြီး ဒီလိုသိမ်းတာပါ။
ဒါပေမယ့် သူသောက်ရမယ့် ဆေးအတွဲအစပ်တွေကျတော့ သူဘယ်လိုပြန်ရွေးထုတ်လဲ သိချင်ပါတယ်နော်။
(၆)
ပုံထဲမှာ လူဘယ်နယောက်ပါသလဲ ရှာကြည့်လိုက်ကြပါနော်..
(၇)
ရေဆိုးစွန့်ပစ်ဖို့အတွက် ပိုက်တွေဘာတွေ ဝယ်တာအပိုကုန်တယ်လို့ စဉ်းစားပြီး ကိုယ့်ဘာသာကိုယ် ကျောက်ပြားနဲ့
ရေဆင်းပေါက်လုပ်ထားတာပါ။ သေချာတာကတော့ ဒါက ပိုအလုပ်ရှုပ်မယ်ဆိုတာပါပဲ။
(၈)
ဒါတော့များသွားပြီ…စားစရာပန်းကန်မရှိရင်လည်း တစ်ခုခုတော့ ကြံစည်ပေါ့
ဘာကြောင့် ရှူးဖိနပ်ကိုမှရွေးရတာလဲ
(၉)
ဒါကိုကြည့်ပြီး ဘာပြောလို့ ပြောရမှန်း မသိတော့ပါဘူး။
(၁၀)
ကျွန်းသေးသေးလေးတစ်ခုပေါ်မှာ မိသားစုပေါင်းများစွာနေနေကြတာပါ။
ဒါပေမယ့် သူတို့အနေနဲ့ ဒီအတိုင်း ရေရှည်နေလို့ကောရရဲ့လား။
(၁၁)
ဖုန်းကို ပြန်ကောင်းလာစေဖို့အတွက် လျို့ဝှတ်နည်းလမ်းလား..
ဒါမှမဟုတ် အကောင်းအတိုင်းရှိနေတဲ့ ဖုန်းကို ချက်ချင်း ပျက်စီးသွားစေမယ့် နည်းလမ်းလား မသဲကွဲတော့ပါဘူး။
(၁၂)
ပူဖောင်းလေးတွေဖောက်လို့ရတဲ့ ပလက်စတစ်ပူဖောင်းအိတ်လေးတွေ မှာလိုက်တာကို အပေါ်ကနေ
ပလက်စတစ်ပူဖောင်းအိတ်လေး အုပ်ပြီးထည့်ပေးလိုက်တာဖြစ်ပါတယ်။
(၁၃)
ရေပိုက်ခေါင်း ၃ ခု ရှိနေလို့ ရေပူရေအေးတွေ များလားလို့ မတွေးလိုက်ပါနဲ့..
ဘယ်ပိုက်ခေါင်းကို ဖွင့်ဖွင့် ရေအေးတွေပဲ ထွက်လာမှာပါပဲ။
(၁၄)
အခန်းတစ်ခန်း သီးသန့်ထားပြီးမှ
ဘီယာဘူးခွံတွေကို သိမ်းထားရတယ်လို့ ..
(၁၅)
သန့်စင်ခန်းထဲက အပေါ့စွန့်လိုက်တဲ့အခါ ကျသွားမယ့် ပိုက်က အလန်းစားနော်..
ရေပိုက်တွေဘာတွေတောင်မဟုတ်ဘူး အအေးဘူးခွံနဲ့တဲ့လား…
(၁၆)
ရှင်ရဲ့ ခန္ဓာကိုယ် ပျော့ပျောင်းကြောင်းကို ပြချင်ရင် မနက်မှလာပြပါလား..
ညဘက်ကြီးလာပြတော့ ချီးကျူးရမလား..ထွက်ပဲပြေးရတော့မလားလို့။
(၁၇)
ကျောင်းမသွားချင်ရတဲ့ အကြောင်းပြချက်တွေထဲမှာ ဒါတွေလည်း ပါပါတယ်
သတိလက်လွတ်နိုင်လိုက်တာ တော်သေးတာပေါ့ ကလေးဘာမှမဖြစ်လို့။
(၁၈)
ဖန်တီးစရာ ဆပ်ပြာခဲပုံစံတွေအများကြီးရှိတဲ့ထဲကမှ ကလေးလက်ပုံစံမျိုးကိုမှ ဖန်တီးထားတာပါ။
ဆန်းဆန်းပြားပြား ကြိုက်တတ်ရင်တော့ ကွက်တိပါပဲ။
(၁၉)
ဂိုဒေါင်လေးက မဆိုးပါဘူး။
ဒါပေမယ့် ကားကို ဂိုဒေါင်ထဲရောက်အောင် ဘယ်လိုထည့်သိမ်းရမလဲဆိုတာတော့ တွေးရခက်ပြီ။
(၂၀)
ကြည့်ရတာ အစားကောင်းကောင်းတွေစားရမယ့်နေ့ကျမှ ဘောင်းဘီကျပ်ကျပ်ဝတ်လာမိတယ်ထင်တယ်။
သူဘယ်လောက်တောင်မှ အများကြီးစားချင်သလဲ မမေးပါနဲ့တော့ ချွတ်ထားတဲ့ ဘောင်းဘီက အသက်။
(၂၁)
ဒါက ဖုန်းပြောလို့ရတာလား..ဒါမှမဟုတ် ဂိမ်းဆော့ရတာလား။
နှစ်ခုလုံး တစ်ပြိုင်နက်တည်းလုပ်လို့ရတဲ့ ဟာလား။ သိတဲ့သူတွေရှင်းပြဖို့ လိုအပ်နေပါပြီ။
(၂၂)
သူငယ်ချင်းတွေနဲ့ သောက်ပြီး ပြန်လာရင် အဲ့ဒီအခန်းနားယောင်လို့တောင် မကပ်ရင် ကောင်းမယ်။
ဒါမှလည်း ခေါင်းကွဲတာတို့ဘာာတို့ ကြိုကာကွယ်ထားနိုင်မှာလေ။
(၂၃)
ဖက်ရှင်ပြပွဲမှာ မော်ဒယ်တွေ ဝတ်ပြတာမှ ဝတ်ချင်တယ်ဆိုတဲ့ ပျိုမေတွေအတွက်
ဒီဇိုင်းအသစ်လေးနော်..ဝတ်ရဲရင် ဝယ်ကြပါအုံး
(၂၄)
အကိုက စောင်ကြီးခေါင်းခြုံလို့ အိပ်ပျော်နေတာ..ညီမဖြစ်သူက မြင်တော့လည်း
စိတ်မကောင်းဖြစ်ပြီး အကို့ကို ကူညီပေးလိုက်တာပါ။
မျက်မှန်မပါရင် တော်ကြာအိမ်မက်ထဲမှာ မမြင်ရမှာစိုးလို့ စေတနာနဲ့ပါ။
(၂၅)
နေပါအုံး..ဒါက ဘယ်လိုဖြစ်ရတာလဲ..
ပြီးတော့ အဲ့လိုဖြစ်အောင် ဘယ်သူက တက်ချိတ်ထားတာလဲ။
(၂၆)
ရောမမြို့ရဲ့ ကောင်းကင်မှာ အခုလိုမျိုး များပြားလှတဲ့ ဌက်တွေအများကြီးက ဖြတ်ပြီးပျံသန်းသွားခဲ့ကြပါတယ်။
ဒီလောက်များပြားတဲ့ ဌက်တွေအများကြီးကို တစ်ချိန်တည်းတွေ့ရတယ်ဆိုတာ အတော်လေးကို ထူးဆန်းတာပါပဲ။
(၂၇)
အမေက ဈေးဝယ်ခိုင်းလိုက်ပေမယ့် လမ်းလျှောက်ဖို့ပျင်းနေတော့လည်း
ဒီနည်းလေးကို သုံးလိုက်တာပေါ့
(၂၈)
ထိုင်ခုံက ဘီးတွေကြောင့် ကြမ်းခင်းပျက်စီးသွားမှာကြောက်လို့ ကော်ဇောလေးခင်းပါဆိုတာကို
ပျင်းလို့ မခင်းချင်ပါဘူးဆိုပြီး ထိုင်ခုံဘီးတွေကို ခြေအိတ်စွပ်ပေးထားတာတဲ့။
ကမ္ဘာပေါ်မှာ အဓိပ္ပါယ်မရှိတဲ့ အရာအချို့ ကျန်ရှိနေသေးတယ်ဆိုတာ သက်သေပြနေတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး ခံစားရတဲ့ ပရိသတ်တို့ရဲ့ ခံစားချက်လေးတွေကို ပြောပြပေးခဲ့အုံးနော်။
Written By Yoshi (Shwe Nyan Shin)
Ref:Brightside